backup og meta

ဇီကာ ဗိုင်းရပ်စ် ဟာ ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဇီကာ ဗိုင်းရပ်စ် ဟာ ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။

    ဇီကာဗိုင်းရပ်စ် ဟာသူ့အကြောင်းသေချာမလေ့လာရသေးခင်မှာပဲအလျင်အမြနပျံ့နှံ့နေပါပြီ။

    ဇီကာဗိုင်းရပ်စ်ဟာလိင်မှတစ်ဆင့် ကူးစက်တတ်ပါတယ်။

    အကာအကွယ် မပါပဲလိင်ဆက်ဆံတာကြောင့် ပထမဆုံးအမျိုးသမီးကနေအမျိုးသားထံကူးစက်တဲ့ အခြေအနေကိုနယူးယောက်မြို့မှာဇူလိုင်လ ၂၀၁၆ က တွေ့ရှိခဲ့ပါတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ အခုအချိန်အထိ ကျွမ်းကျင်သူတွေဟာလိင်ဆက်ဆံမှုနဲ့ ခြင်ကိုက်မှုတို့ကြောင့် ဇီကာဗိုင်းရပ်စ်ကူးစက်မှုတွေကိုပဲသတိထားမိနေပါသေးတယ်။

    CDC က နယူးယောက်မြို့မှာတွေ့ခဲ့တဲ့ အမျိုးသမီးကနေအမျိုးသားဆီလိင်ဆက်ဆံမှုမှ ကူးစက်တဲ့ဇီကာဗိုင်းရပ်စ်ရောဂါပိုးဟာပထမဆုံးသက်သေအထောက်အထားနဲ့ ပြနိုင်တဲ့ အမျိုးသမီးကလိင်ဆက်ဆံဖက်ကိုကူးစက်နိုင်တဲ့ (ဇီကာဗိုင်းရပ်စ်ရဲ့ လိင်မှတစ်ဆင့် ကူးစက်နိုင်တယ်ဆိုတဲ့)ကိစ္စတစ်ခုဖြစ်ပါတယ်။ ထိုဖြစ်ရပ်ကြောင့် ဇီကာဗိုင်းရပ်စ်ဟာလိင်ဆက်ဆံရာကနေကူးစက်နိုင်တယ်ဆိုတဲ့ဗဟုသုတတစ်ခုထပ်တိုးရရှိလိုက်ပါတယ် လို့ပြောပါတယ်။

    ပထမဆုံးရောဂါအမြောက်အမြား ပြန့်ပွားခြင်းကို ၂၀၀၇ မှာတောင်ပစိဖိတ်မှာရှိတဲ့ ‘ရတ’် ကျွန်းမှာတွေ့ရှိခဲ့ပါတယ်။ အခုချိန်အထိလဲရောဂါပြန့်ပွားခြင်းကိုခံစားနေရတဲ့ နိုင်ငံအများအပြားရှိပါသေးတယ်။

    ဇီကာဗိုင်းရပ်စ် ပြန့်ပွားမှုနှုန်း မြင့်တက်လာတာဟာမွေးကင်းစကလေးတွေ ခေါင်းသေးခြင်းနဲ့ Guillain-Barré syndrome (အာရုံကြောထိခိုက်မှုကြောင့်ချိနဲ့လာသောရောဂါ)တို့ များပြားလာတာနဲ့ တူညီပါတယ်။ ဒါကို ၁၉၄၇ မှာ Uganda က မျောက်တွေမှာပထမဆုံးတွေ့ရှိခဲ့ပြီးလူတွေမှာတော့ ၁၉၅၂မှာ တွေ့ရှိခဲ့ပါတယ်။

    ဇီကာဗိုင်းရပ်စ် ပိုးကူးစက်မှုမှ ကာကွယ်ခြင်း

    ဇီကာဗိုင်းရပ်စ် ဟာမွေးကင်းစကလေးတွေမှာဦးနှောက်နဲ့ ဦးခေါင်းရိုးပုံမမှန်ခြင်း (ခေါင်းသေးခြင်း)အပါအဝင် မွေးရာပါချို့ယွင်းမှုတွေကို ဖြစ်စေတတ်ပါတယ်။

    CDC ရဲ့ နောက်ဆုံးအကြံဉာဏ်ကတော့ – လွန်ခဲ့တဲ့ နှစ်ပတ်ကနယူးယောက်မြို့မှာတွေ့ရှိခဲ့တဲ့ အမျိုးသမီးကနေသူနဲ့ လိင်ဆက်ဆံတဲ့ အမျိုးသားကိုဇီကာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ရလဒ်ကြောင့် အရင်တုံးကပြောခဲ့တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကိုကာကွယ်ဖို့ အကြံဉာဏ်ကိုများစွာထပ်မံကျယ်ပြန့်စေခဲ့ပါတယ်။ အခုတော့ သူကဇီကာဗိုင်းရပ်စ် ရောဂါ ကူးစက်မှုကိုလျှော့ချချင်တဲ့ အမျိုးသားရောအမျိုးသမီးရောဟာလိင်ဆက်ဆံစဉ်မှာအကာအကွယ်ကိုပုံမှန် မှန်ကန်စွာသုံးစွဲပြီးဇီကာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားနေတဲ့ နေရာတစ်ခုမှာနေထိုင် (သို့) ခရီးသွားခဲ့တဲ့သူနဲ့ဆိုရင် လိင်ဆက်ဆံမှုကိုရှောင်ကြဉ်သင့်ပါတယ်လို့ဆိုပါတယ်။

    ကျန်းမာရေးတာဝန်ရှိသူတွေဟာကိုယ်ဝန်ရှိအမျိုးသမီးတွေကိုသူတို့ရဲ့ လိင်ဆက်ဆံဖက်ဟာဇီကာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားနေတဲ့ နေရာတစ်ခုမှာနေထိုင် (သို့) ခရီးသွားခဲ့တဲ့သူနဲ့ဆိုရင် လိင်ဆက်ဆံမှုရှောင်ကြဉ်ခြင်းသော်လည်းကောင်းအကာအကွယ်အသုံးပြုခြင်းသော်လည်းကောင်း ပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။ CDC က အမျိုးသမီးကနေနောက်အမျိုးသမီးတစ်ယောက်ဆီရောဂါပိုးကူးစက်မှု မရှိသေးပေမယ့်လည်းအထက်ဖော်ပြပါ အကြံဉာဏ်တွေကိုကိုယ်ဝန်ရှိအမျိုးသမီးတွေနဲ့ လိင်ဆက်ဆံတဲ့ အမျိုးသမီးတွေကလဲလိုက်နာသင့်ပါတယ်လို့ ပြောကြားထားပါတယ်။

    အကြံပေးချက်အသစ်ရဲ့ ရည်ရွယ်ချက်ကတော့ နှစ်ဆဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကိုယ်ဝန်ဆောင်လာနိုင်တဲ့ အမျိုးသမီးတွေကိုကြောက်မက်ဖွယ်ကောင်းတဲ့ မွေးရာပါ ချို့ယွင်းချက်တွေကနေကာကွယ်ဖို့နဲ့ ကူးစက်ခံနေရတဲ့ ခရီးသွားတွေကိုအခြားဒေသကလူတွေဆီကူးစက်မှုကိုကျဆင်းစေဖို့ ပဲဖြစ်ပါတယ်။

    ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှုကနေကာကွယ်ဖို့ အောက်ပါအရာတွေကို ပြုလုပ်သင့်ပါတယ်။

  • ဇီကာဗိုင်းရပ်စ် ရောဂါပိုးရှိတဲ့ ဒေသ (သို့) ခရီးသွားဖူးတဲ့သူနဲ့ လိင်ဆက်ဆံမှု ပြုလုပ်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာကွန်ဒုံးအသုံးပြုခြင်း (သို့) ကိုယ်ဝန်ဆောင်မှု မပြီးဆုံးမချင်းလိင်ဆက်ဆံမှုပြုခြင်းတို့ကနေရှောင်ကြဉ်ခြင်းတို့ကိုပြုသင့်ပါတယ်။
  • လိင်ဆက်ဆံမှု မပြုလုပ်ခြင်းဟာလိင်မှတစ်ဆင့် ဇီကာဗိုင်းရပ်စ် ကူးစက်နှုန်းကိုပပျောက်စေပါတယ်။
  • ကွန်ဒုံးတွေဟာလိင်မှတစ်ဆင့် ဇီကာဗိုင်းရပ်စ် ကူးစက်နှုန်းကိုလျော့ကျစေပါတယ်။
  • ကွန်ဒုံးတွေမှာအမျိုးသမီးသုံးကွန်ဒုံးရောအမျိုးသားသုံးကွန်ဒုံးပါ ပါဝင်ပါတယ်။
  • Dental dams (latex or polyurethane sheets) (ကွန်ဒုံးကဲ့သို့သောအကာအကွယ်ပစ္စည်း)တွေကိုတချို့ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း (ပါးစပ်နဲ့မိန်းမကိုယ်၊ ပါးစပ်နဲ့စအိုလိင်ဆက်ဆံခြင်း) တွေမှာအသုံးပြုသင့်ပါတယ်။
  • အကျိုးသက်ရောက်မှု ရှိစေဖို့အတွက် ကွန်ဒုံးတွေကိုအစကနေအဆုံးအထိသုံးသင့်ပါတယ်။ (မိန်းမကိုယ်၊ စအို၊ ပါးစပ်၊ လိင်ဆက်ဆံဖို့အသုံးပြုသောအရုပ်တွေ အသုံးပြုစဉ်တိုင်း)
  • လိင်ဆက်ဆံဖို့အသုံးပြုသောအရုပ် တွေကို မျှဝေသုံးစွဲခြင်းကိုရှောင်ခြင်းဟာရောဂါပြန့်ပွားမှုကိုလျော့ကျ နိုင်စေပါတယ်။
  • Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement