ဦးနှောက်အမြှေးရောင်ခြင်းနဲ့ ဆောင်ရန်။ ရှောင်ရန်များ
အခန့်မသင့်ရင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါ နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်ဖို့ပဲဖြစ်ဖြစ် ခံစားနေရတာကြောင့် သတိထားကုသဖို့ပဲဖြစ်ဖြစ် သိထားချင်တဲ့ အချက်လေးတွေရှိရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ဦးနှောက်အမြှေးရောင်ခြင်း ဦးနှောက်အမြှေးရောင်တယ်ဆိုတာက ဦးနှောက်နဲ့ အာရုံကြောမကြီးကို ဖုံးအုပ်ထားတဲ့ အမြှေးပါး နဲ့ ဦးနှောက်အတွင်းမှာရှိတဲ့ အရည်တွေထဲကို ပိုးဝင်ကူးစက်မှုကြောင့်ဖြစ်လာတဲ့ ရောင်ရမ်းမှုကို ဆိုလိုတာပါ။ ဦးနှောက်အမြှေးရောင် ရောဂါက အရမ်းအဖြစ်များလှတဲ့ ရောဂါတော့မဟုတ်ပါဘူး။ ဦးနှောက်အမြှေးရောင်ရောဂါကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းက တစ်ချက်မက ရှိနေပါတယ်။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုပိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်တာက အသက်အန္တရာယ် ထိခိုက်စေနိုင်ပြီး လူတစ်ဦးနဲ့တစ်ဦး ထိတွေ့ဆက်ဆံမှုကနေတဆင့် ကူးစက်ပြန့်နှံ့နိုင်ပါတယ်။ ဦးနှောက်အမြှေးရောင်တာက ဗိုင်းရပ်စ်ပိုးကြောင့် အဖြစ်များပြီး ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်တာက သိပ်မပြင်းထန်ပါဘူး။ တစ်ခါတလေမှာ ကုသမှုမခံယူဘဲ သူ့အလိုလို ပြန်သက်သာသွားတာမျိုးတောင်ရှိနိုင်ပါတယ်။ မှိုပိုးကူးစက်တာကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်တာက ဖြစ်ခဲတဲ့အခြေအနေတစ်ရပ်ပါ။ ဒီအမျိုးအစား […]