ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ

သွေးလွန်တုပ်ကွေးက ကလေးတွေမှာ အဖြစ်များတယ်ဆိုပေမယ့် လူကြီးတွေလည်း မလွတ်ပါဘူး။ သွေးလွန်တုပ်ကွေးက ရှော့ဖြစ်တတ်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ဖျားနာပြီး သွေးလွန်တုပ်ကွေး လက္ခဏာတွေရှိတယ်ဆိုရင်  ဘယ်အရွယ်ပဲဖြစ်ဖြစ် သွေးလွန်တုပ်ကွေး စစ်ဆေးသင့်ပါတယ်။ သွေးလွန်တုပ်ကွေးအတွက် တစ်ဖက်က ဆေးကုသဖို့လည်း လိုအပ်သလို တစ်ဖက်ကနေလည်း အာဟာရဖြည့်တင်းဖို့ လိုပါတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ ဆိုတာ သိထားဖို့ လိုပါတယ်။ သွေးလွန်တုပ်ကွေးနဲ့ အာဟာရ သွေးလွန်တုပ်ကွေးဖြစ်ချိန်မှာ လူနာက ပါးစပ်ပျက်တာကြောင့် အစားမဝင်ဘဲ အားနည်းနိုင်သလို အဖျားကြီးတာ၊ ချွေးထွက်များတာကြောင့် ရေနဲ့ ဓာတ်ဆား ဆုံးရှုံးနိုင်ပါတယ်။ ဒါ့ပြင် သွေးလွန်တုပ်ကွေးကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်က သွေးကြောတွေကို တိုက်ခိုက်တာကြောင့် ကိုယ်တွင်းအရည်စိမ့်တာ၊ သွေးဥမွှားတွေကို တိုက်ခိုက်တာကြောင့် ခန္ဓာကိုယ် သွေးယိုတာ စတာတွေကြောင့် ရေဓာတ်ဆုံးရှုံးသလို ဖြစ်ပြီး ရှော့ရတတ်ပါတယ်။ သွေးလွန်တုပ်ကွေးက ဗိုင်းရပ်စ်ကြောင့် […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကိုရိုနာဗိုင်းရပ်စ်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

အစားအသောက်မှကူးစက်သောရောဂါများ

Pinworms (ကပ်ပါးတုတ်ကောင်ကူးစက်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Pinworms (ကပ်ပါးတုတ်ကောင် ကူးစက်ခြင်း ) ကဘာလဲ။ တုတ်ကောင်ကူးစက်တယ် ဆိုတာ လူတွေရဲ့ အူထဲမှာ ကပ်ပါးကောင်ကူးစက်တဲ့ အမျိုးအစားတွေထဲ က အဖြစ်များတဲ့ ဖြစ်စဉ်တစ်ခုအဖြစ်ယူဆ ကြပါတယ်။ တုတ်ကောင်ဆိုတာ အလွန်သေးငယ်ပြီး ချည်မျှင်လို ပါးလွှာတဲ့ ကပ်ပါးကောင်တွေ ဖြစ်ပါတယ်။ အဖြူရောင်ရှိပြီး လက်မဝက်လောက်တောင် မရှည်ပါဘူး။ တုတ်ကောင်ကူးစက်ခံရတာကို enterobiasis ဒါမှမဟုတ် oxyuriasis လို့ခေါ်ပါတယ်။ အမေရိကန်နိုင်ငံမှာ အတွေ့ရအများဆုံး ကူးစက်ရောဂါလည်း ဖြစ်ပါတယ်။ တုတ်ကောင်ကူးစက်မှုဟာ ပျံ့နှံ့လွယ်ပါတယ်။ အသက် ၅ နှစ်နဲ့ ၁၀ နှစ်ကြား အသင်းအဖွဲ့နဲ့ ပုံမှန် ထိတွေ့ ဆက်ဆံနေရတဲ့ ကလေးတွေများ အဖြစ်များပါတယ်။ နောက်တစ်ကြိမ်ပြန်ကူးစက်တာမျိုး ရှိနိုင်ပေမယ့် ကုသတဲ့ အထိရောက်ဆုံးနည်းလမ်းကတော့ ဆေးသောက်တာပဲ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ဆင့်ပွားရောဂါတွေနဲ့ နာတာရှည် ဝေဒနာတွေ […]


ကူးစက်ရောဂါများ

Viral gastroenteritis (ဗိုင်းရပ်ကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Viral gastroenteritis (ဗိုင်းရပ်ကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းခြင်း ) ကဘာလဲ။ virus အမျိုးအစား အများကြီးထဲက တစ်ကောင်ကြောင့် အစာအိမ်နဲ့ အူတွေ ရောငိတာပါ။stomach flu လို့လည်းသိထားကြပါတယ်။ လူတိုင်းကိုလည်း ကူးစက်နိုင်ခြေရှိပါတယ်။ ရောဂါဖြစ်နေတဲ့လူနဲ့ ထိတွေတာမျိုး အစားအစာ ညစ်ပတ်တာနဲ့ရေမသန့်ကနေ ဒီကူးစက်မြန်တဲ့ရောဂါကပြန့်နိုင်ပါတယ်။ စုနေရတဲ့နေရာတွေ ဥပမာ မူကြိုတွေ ,ကျောင်း၊ ဆေးရုံတွေနဲ့ သင်္ဘောပေါ်မှာ ပြန့်နိုင်ပါတယ်။ မတူညီတဲ့ virus တွေဟာ သူ့ရာသီအလိုက် ရောဂါပေးနိုငိပါတယ်။ အဖြစ်များတာတွေကတော့ Rotavirus မွေးကင်းစ ကလေးတွေနဲ့ ကလေးငယ်တွေမှာဖြစ်တတ်ပြီး အခြားကလေးတွေရော အရွယ်ရောက်ပြီးသားလူငယ်တွေကိုပါ ကူးစက်တတ်ပါတယ်။ ဒီvirus ဟာပါးစပ်ကနေကူးပါတယ်။ ဆိုလိုချင်တာက ခန္ဓါကိုယ်ထဲကို ပါးစပ် .အစာရေပြွန်တို့ကနေ ဝင်ရောက်တာဖြစ်ပါတယ်။ ရောဂါ လက္ခဏာတွေကတော့ ၂ရက်အကြာမှာဖြစ်တတ်ပြီး အန်ခြင်း ၊ အစာစားခြင်းစိတ်ကျဆင်းခြင်း၊ နဲ့ ဝမ်းရေကျဲသွားခြင်း တို့ဖြစ်ပါတယ်။Centers for […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Tetany (မေးခိုင်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tetany (မေးခိုင်ရောဂါ) ကဘာလဲ။ ကြွက်တက်ခြင်း၊ ကြွက်သားများညစ်ခြင်းနဲ့ တုန်ရီခြင်း စတဲ့လက္ခဏာတွေကို မေးခိုင်ရောဂါလို့ခေါ်ပါတယ်။ ထိုအခြေအနေတွေဟာ စိတ်နဲ့ မထိန်းချုပ်ပဲ ကြွက်သားတွေ သူ့အလိုလို ဆက်တိုက်ညစ်နေခြင်းကြောင့် ဖြစ်ရတာပါ။ မေးခိုင်းရောဂါကြောင့် ဖြစ်တဲ့ ကြွက်သားညစ်ခြင်းဟာ အချိန်ကြာမြင့်ပြီး အလွန်နာကျင်ရပါတယ်။ Tetany (မေးခိုင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများTetany (မေးခိုင်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ မေးခိုင်ရောဂါဟာ အောက်ပါလက္ခဏာတွေနဲ့ ယှဉ်တွဲနေတတ်ပါတယ်။ ဗိုက်ကြွက်သားညစ်ခြင်း၊ နာကျင်ခြင်း နာတာရှည်ဝမ်းလျောခြင်း မျက်နှာသေဖြစ်နေခြင်း ပင်ပန်းနုန်းချိခြင်း ကြွက်သားနာကျင်ကိုက်ခဲခြင်း အသက်ရှုရခက်ခဲခြင်း၊ အသက်ရှုမြန်ခြင်း လက်နဲ့ခြေထောက်တို့မှာ တစ်ရွရွဖြစ်နေခြင်း လက်ချောင်းများလှုပ်နေခြင်း အထက်တွင်မဖော်ပြထားသောလက္ခဏာများလည်းရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိလိုသည်များရှိလျှင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်ပါတို့ခံစားနေရပါကဆရာဝန်ဖြင့် ပြသသင့်ပါတယ်။ မူးမေ့လဲခြင်း ကြွက်သားတွေပုံမှန်အလုပ်မလုပ်နိုင်တော့ြ့ခင်း အမြင်အာရုံမကောင်းတော့ခြင်း အကြောသေခြင်း တက်ခြင်း ခေါင်းအလွန်အကျွန်ကိုက်ခြင်း စကားမပီတော့ခြင်း စာရေးခြင်း၊ စာဖတ်ခြင်း၊ စကားပြောခြင်း၊ တွေးတောခြင်း၊ မှတ်မိခြင်းတို့တွင် အခက်အခဲများရှိလာခြင်း ခန္ဓါကိုယ်တစ်ဖက်တစ်ချက်တွင် အားနည်းခြင်း၊ ထုံကျင်ခြင်း အော့အန်ခြင်း အထက်တွင်ဖော်ပြထားသော ရောဂါလက္ခဏာတွေ ရှိနေမယ်ဆိုရင် ဒါမှမဟုတ် သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံခြင်းတွေ မတူညီကြပါဘူး။ […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Rotavirus Infection (ရိုတာဗိုင်းရပ်စ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Rotavirus Infection (ရိုတာဗိုင်းရပ်စ်) ကဘာလဲ။ Rota virus ဟာ ဝမ်းလျှောစေတတ်တဲ့ ရောဂါပိုးတစ်မျိုးပါ။ ကူးစက်ရောဂါထိန်းချုပ်မှု ဗဟိုဌာနအရ တကမ္ဘာလုံးမှ မွေးကင်းစနဲ့ ကလေးများအားလုံးတို့ ဝမ်းလျှောခြင်းရဲ့ အဖြစ်များဆုံး အကြောင်းအရင်းလို့ ဆိုပါတယ်။ ကာကွယ်ဆေးမပေါ်ခင်အချိန်က အမေရိကန်ပြည်ထောင်စုရှိ ကလေးများဟာ အသက်၅နှစ်အရွယ်မှာ Rota virus ကြောင့် အနည်းဆုံးတစ်ကြိမ် ဝမ်းလျှောပြီးဖြစ်နေတတ်ပါတယ်။ Rota virus ကူးစက်ခြင်းဟာ စိတ်ညစ်ညူးဖွယ်ဖြစ်ပေမယ့် အိမ်မှာပဲ ရေဓါတ်မခမ်းခြောက်စေရန် အရည်များများတိုက်ခြင်းဖြင့် ကုသနိုင်ပါတယ်။ တခါတရံ ပြင်းထန်စွာရေဓါတ်ခမ်းခြောက်မှုကြောင့် ဆေးရုံတက်ပြီး ဆေးပုလင်းချိတ်ဖို့ လိုနိုင်ပါတယ်။ ရေဓါတ်ခမ်းခြောက်ခြင်းဟာ Rota virus ကူးစက်ခြင်းရဲ့ ဆိုးရွားတဲ့နောက်ဆက်တွဲတစ်ခုဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကလေးတွေ သေဆုံးရခြင်းရဲ့ အဓိကအကြောင်းအရင်းလည်း ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးခြင်းဖြင့် သင့်မွေးကင်းစကလေးကို Rota virus ကူးစက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးဖြစ်နိုင်ခြေနည်းတဲ့ ပိုကြီးသော […]


အစားအသောက်မှကူးစက်သောရောဂါများ

Shigella infection (ရှီဂယ်လိုးစစ်)

ရှီဂယ်လားဘတ်တီးရီးယားအုပ်စုဝင်ကြောင့်ဖြစ်တဲ့ အူလမ်းကြောင်းရောဂါဖြစ်ပါတယ်။ အဓိကလက္ခဏာက ဝမးလျှောခြင်းသွေးပါခြင်းဖြစ်ပါတယ်။ ရှီဂယ်လားက ဝမ်းထဲမှာပါတဲ့ရှီဂယ်လားအကောင်ကို တိုက်ရိုက်ထိတွေ့မိဖြင်းဖြစ့် ကူးစက်နုငိပါတယ်။ ဥပမာ= ကလေးထိန်းကျောင်းတွေမှာ ဝန်ထမ်းတွေက ဒိုင်ပါလဲပြီးနောက်သို့ ကလေးပိစိကွေးတွေအိမ်သာသွားခြင်းအတွက် အကူအညီပေးပြီတောက်မှာ လက်ကေိုသေချာမဆေးခြင်းကနေ ဖြစ်နိုင်ပါတယ်။ ရှီဂယ်လားဘတ်တိးရီးယားက ကူးစက်ပိုးပါတဲ့အစားအစာစားခြင်း၊ သောက်ခြင်း၊ ကူးစက်ပိုးပါတဲ့ရေထဲမှာရေကူးခြင်းတွေကနေ ကူးစက်နိုင်ပါတယ်။ အဓိပ္ပါယ်ဖွင့်ဆိုချက်Shigella infection (ရှီဂယ်လိုးစစ်) ကဘာလဲ။ ရှီဂယ်လားဘတ်တီးရီးယားအုပ်စုဝင်ကြောင့်ဖြစ်တဲ့ အူလမ်းကြောင်းရောဂါဖြစ်ပါတယ်။ အဓိကလက္ခဏာက ဝမးလျှောခြင်းသွေးပါခြင်းဖြစ်ပါတယ်။ ရှီဂယ်လားက ဝမ်းထဲမှာပါတဲ့ရှီဂယ်လားအကောင်ကို တိုက်ရိုက်ထိတွေ့မိဖြင်းဖြစ့် ကူးစက်နုငိပါတယ်။ ဥပမာ= ကလေးထိန်းကျောင်းတွေမှာ ဝန်ထမ်းတွေက ဒိုင်ပါလဲပြီးနောက်သို့ ကလေးပိစိကွေးတွေအိမ်သာသွားခြင်းအတွက် အကူအညီပေးပြီတောက်မှာ လက်ကေိုသေချာမဆေးခြင်းကနေ ဖြစ်နိုင်ပါတယ်။ ရှီဂယ်လားဘတ်တိးရီးယားက ကူးစက်ပိုးပါတဲ့အစားအစာစားခြင်း၊ သောက်ခြင်း၊ ကူးစက်ပိုးပါတဲ့ရေထဲမှာရေကူးခြင်းတွေကနေ ကူးစက်နိုင်ပါတယ်။ Shigella infection (ရှီဂယ်လိုးစစ်) က ဘယ်လောက်အဖြစ်များသလဲ အသသက်၂နှစ်နဲ့၄နှစ်ကြားကလေးတွေမှာ ရှီဂယ်လားကူးစက်နိုင်ချေအများဆုံးဖြစ်ပါတယ်။ စီဒီစီရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးစင်တာရဲပနှစ်စဉ်ထုတ်ပြန်ချက်အရ ၁၉၇၈-၂၀၀၃အတွင်း ဖြစ်ပွားသူအယောက်၁၇၀၀၀ကျော်၊ ၂၀၀၄မှာ အယောက်၁၄၀၀၀၊ ၂၀၀၇မှာအယောက်၂၀၀၀၀နီးပါးဖြစ်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများShigella infection […]


ရေယုန်

Shingles (ဆင်ဖြူတော်ရေယုန်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Shingles (ဆင်ဖြူတော်ရေယုန်) ကဘာလဲ။ ရေခြောက်ကိုဖြစ်စေတဲ့ ဗေရီဆယ်လားဇိုစတာဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး အရေပြားနာကျင်စေတဲ့အဖုအပိမ့်တွေထွက်လာခြင်းဖြစ်ပါတယ်။ ရေခြောက်ကူးက်ပိုးက သက်သာသွားပေမယ့် ဗိုင်းရပ်က အာရုံေကြောအဖွဲ့အစည်းထဲမှာ ဆင်ဖြူတော်ရေယုန်အဖြစ်ပြန်ထလာခြင်းမရှိခင် နှစ်ပေါင်းများစွာနေနိုင်ပါတယ်။ ခါးပတ်ရေယုန်လို့လည်းခေါ်ပါတယ်။ ခန္ဓါကိုယ်မည့်သည်နေရာမှာမဆို ပေါ်လာနိုင်ပေမယ့်လည်း အများဆုံးပေါ်လာလေ့ရျိတာကတော့ ရင်အုပ်နှစ်ခြမ်းလုံးပတ်လည်မှာ အရေကြည်ဖုအမြောင်းလိုက်ကြိးအနေနဲ့ပေါ်လာပါတယ်။ အသ်ကကြီးသူတွေနဲ့ ခုခံအားနည်းတဲ့သူတွေမှာ စိတ်ဖိစီးမှု၊ ထိခိုက်ဒဏ်ရာ၊ အချို့သောဆေးများ သို့ အခြားအကြောင်းအချက်တွေရှိနေတာကြောင့် ပိုပြီးဖြစ်နိုင်ချေများပါတယ်။ အသက်အန္တရယ်မပေးနိုင်ပေမယ့် အလွန်နာကျင်စေပါတယ်။ တတ်နိုင်သမျှမြန်မြန်သိရှိဖို့လိုပြီး စောစောကုသမှုခံယူခြင်းက ကူးစက်ပိုးကိုမြန်မြန်သက်သာစေပြီး နောက်ဆက်တွဲဖြစ်နိုငချေကိုနည်းစေပါတယ်။ Shingles (ဆင်ဖြူတော်ရေယုန်) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများShingles (ဆင်ဖြူတော်ရေယုန်) ရဲ့လက္ခဏာတွေကဘာတွေလဲ ဆင်ဖြူတော်ရေယုန် ရဲ့ပထမဆုံးစပြတဲ့လက္ခဏာတွေကတော့ နာကျင်တာနဲ့ပူစပ်ပူလောင်ခံစားရတာဖြစ်ပါတယ်။ နာကျင်မှုက ခန္ဓါကိုယ်တစ်ခြမ်းမှာဖြစ်လေ့ရှိပြီး အကွက်သေးသေးလေးတွေဖြစ်ပေါ်လာပါတယ်။ အနီဖိမ့်တွေဖြစ်လာပါတယ်။ အဖိမ့်တွေရဲ့ထူးခြားချက်ကတော့ အနိရောင်အကွက်များ အလွယ်တကူပေါက်ပြဲလွယ်နိုင်တဲ့ အရည်ကြည်ဖုများ ကျောရိုးကနေ ရင်ဘတ်အထိပတ်ပတ်လည်ပေါက်နေတဲ့ အဖုအပိမ့်များ မျက်နှာနဲ့ နားမှာ အဖုအပိမ့်ပေါက်ခြင်း ယားယံခြင်း အချို့လူတွေမှာ နာကျင်မှုနဲ့အဖုအပိမ့်တွေမပြင် အခြားလက္ခဏာတွေလည်းဖြစ်နေိုင်ပေါသေးတယ်။ […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Measles (ဝက်သက်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Measles (ဝက်သက်ရောဂါ) ကဘာလဲ။ ဝက်သက် ဒါမှမဟုတ် ဂျိုက်သိုး ရောဂါဟာ အသက်ရှုလမ်းကြောင်းကို ဒုက္ခပေးတဲ့ ဗိုင်းရပ်စ်ပိုးဝင်ခြင်းဖြစ်ပါတယ်။ ဝက်သက်ရောဂါဆိုတာ တအားကိုကူးစက်လွယ်တဲ့ ရောဂါဖြစ်ပြီး ၎င်းက ပိုးရှိတဲ့ချွဲတွေ သွားရည်တွေကနေတစ်ဆင့် ပြန့်နှံကူးစက်ပါတယ်။ ဒီရောဂါပိုးရှိသူဟာ သူတို့ချောင်းဆိုးချိန် နှာချေချိန်မှာ လေထဲကိုပိုးတွေ ထုတ်လွှတ်လိုက်သလိုဖြစ်တတ်ပါတယ်။ Measles (ဝက်သက်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဝက်သက် ဗိုင်းရပ်စ် ရောဂါပိုးဟာ မျက်နှာပြင်အမျိုးမျိုးမှာ အချိန်အကြာကြီး ရှင်သန်နေပါတယ်။ ပိုးရှိတဲ့ အမှုန်လေးတွေက လေထဲတွေ မျက်နှာပြင်အမျိုးမျိုးတွေမှာ ကျလာခြင်းကြောင့် အဲ့ဒီအမှုန်တွေနဲ့ နီးကပ်စွာရှိနေမယ်ဆို ပိုးကကူးစက်နိုင်ပါတယ်။ ကူးစက်ခံထားရတဲ့လူရဲ့ သောက်ပြီးသားခွက် ဒါမှမဟုတ် သူစားသောက်ထားတဲ့ ပန်းကန် အသုံးအဆောင်တွေကို အတူတူ သုံးမိမယ်ဆိုပါက ရောဂါပိုးကူးစက်နိုင်တဲ့ အန္တရာယ်ပိုများပါတယ်။ ဝက်သက်ရောဂါဟာ ကလေးသေနှုန်းရဲ့ ထိပ်ဆုံးအကြောင်းအရင်းတွေထဲမှာပါနေပါတယ်။ ၂၀၁၄မှာ ဝက်သက်ရောဂါကြောင့်သေဆုံးမှုဖြစ်တဲ့ ၁၁၄၉၀၀ ယောက်သေဆံးမှုမှာ WHO […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Mumps (ပါးချိတ်ရောင်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Mumps (ပါးချိတ်ရောင်ရောဂါ) ကဘာလဲ။ ပါးချိတ်ရောင်ရောဂါဟာ လူတစ်ဦးမှတစ်ဦး တံတွေး၊ နှာရည်၊ လက်ပွန်းတတီးနေခြင်းတို့မှ ကူးစက်တတ်သော ဗိုင်းရပ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ပါးချိတ်မှာရှိတဲ့ တံတွေးထုတ်ပေးတဲ့ တံတွေးဂလင်းကို အဓိကထိခိုက်စေပါတယ်။ မျက်နှာတစ်ခြမ်းစီအတွက် နားရွက်အနောက်နဲ့အရှေ့မှာ တံတွေးဂလင်းသုံးစုံစီ ရှိပါတယ်။ တံတွေးဂလင်းရောင်လာခြင်းဟာ အဓိကရောဂါလက္ခဏာ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူများမှာဖြစ်လျှင် ကလေးများထက်ပိုပြီး ပြင်းထန်စွာခံစားရနိုင်ပါတယ်။ ရောဂါဖြစ်သူ သုံးပုံတစ်ပုံမှာ လက္ခဏာအနည်းငယ်မှ လုံးဝမပြသည်အထိ ဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးများကတော့ ၁၅%မှာ ဦးနှောက်အမြှေးရောင်ခြင်း၊ ၄%မှာ ပန်ကရိယရောင်ခြင်း၊ နားပင်းသွားခြင်းနှင့် ရှားရှားပါးပါးမျိုးမပွားနိုင်သည်အထိ ဖြစ်စေတဲ့ ဝှေးစေ့ရောင်ရမ်းနာကျင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ အမျိုးသမီးများတွင်လည်း မျိုးဥအိမ်ရောင်ရမ်းခြင်း ဖြစ်စေနိုင်သော်လည်း မျိုးပွားနိုင်စွမ်းကို မထိခိုက်စေပါ။ Mumps (ပါးချိတ်ရောင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ကာကွယ်ဆေးမထိုးသူများမှာ တစ်နှစ်လျှင် ဝ.၁မှ ၁% အထိဖြစ်ပွားပါတယ်။ ကာကွယ်ဆေးကျယ်ကျယ်ပြန့်ပြန့် ထိုးလာကြခြင်းကြောင့် ရောဂါဖြစ်နှုန်း၉၀%ကျော် ကျဆင်းခဲ့ပါတယ်။ ကာကွယ်ဆေးထိုးနှုန်းနည်းတဲ့ […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Epsteibarr Virus Infection (Epstein-Barr ဗိုင်းရပ်စ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Epsteibarr Virus Infection (Epstein-Barr ဗိုင်းရပ်စ်ရောဂါ) ကဘာလဲ။ Epstein-Barr ဗိုင်းရပ်စ်ရောဂါသည် အမည်ပါ ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းကြောင့်ဖြစ်သော ရောဂါဖြစ်ပြီး မိုနိုနျူကလီးရိုးစစ်ကိုဖြစ်စေနိုင်ပါသည်။ ထိုရောဂါကို မိုနိုဟုအတိုခေါ်ကြ၏။ ထို့အပြည် ပျံ့နှံ့တတ်သည့် နည်းလမ်းတစ်ခုကြောင့် အနမ်းရောဂါဟုလည်း ခေါ်ပါသည်။ Epstein-Barr ဗိုင်းရပ်စ် (EBV) သည် ရပ်ကွက်ထဲကြားဖူးမည့်နာမည်မဟုတ်သောကြောင့် ကူးစက်ခံနေရကြောင်းလည်း သိမည်မဟုတ်ပါ။ ဗိုင်းရပ်စ်ပိုးရှိနေသော လူများသည် ဖျားနာမှုမရှိတတ်ပါ။ Epsteibarr Virus Infection (Epstein-Barr ဗိုင်းရပ်စ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဘော်စတွန်ကလေးဆေးရုံအရ အသက် ၃၅ နှစ်မှ ၄၀ အတွင်းလူများ၏ ၉၅% မှာ သူတို့ဘဝအစောပိုင်းကာလတစ်ခုတွင် ရောဂါပိုးကူးစက်ခံထားရပြီးဖြစ်ပါသည်။ ဗိုင်းရပ်စ်မှာ ကလေးများတွင် ပုံမှန်အားဖြင့် လက္ခဏာမပြတတ်ပါ။ ပိုးရှိသူ မြီးကောင်ပေါက်ရွယ်နှင့် လူကြီးများ၏ ၃၀-၅၀ %တွင် မိုနိုနျူးကလီရိုးစစ်ခေါ် မိုနိုရောဂါကို ဖြစ်စေနိုင်ပါသည်။ သို့သော် ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Escherichia Coli Infection (Escherichia Coli ပိုးဝင်ခြင်း ဆိုတာဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Escherichia Coli Infection (Escherichia Coli ပိုးဝင်ခြင်း ဆိုတာဘာလဲ) ကဘာလဲ။ E-Coli အီကိုလိုင်းဆိုတာဟာ လူတွေရဲ့ အစာခြေလမ်းကြောင်းတစ်လျှောက်မှာနေတဲ့ ဘက်တီးရီးယားတွေရဲ့ နာမည်ပါ။ အီကိုလိုင်းပိုးအမျိုးအစားအများကြီးရှိပြီး အများစုကတော့ အန္တရာယ်မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အချို့သောပိုးတွေကတော့ သွေးဝမ်းသွားခြင်း သို့မဟုတ် ပြင်းထန်သွေးအားနည်းရောဂါ သို့မဟုတ် ကျောက်ကပ်ပျက်စီးခြင်းတွေကိုဖြစ်စေပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ Escherichia Coli Infection (Escherichia Coli ပိုးဝင်ခြင်း ဆိုတာဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများEscherichia Coli Infection (Escherichia Coli ပိုးဝင်ခြင်း ဆိုတာဘာလဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ အီကိုလိုင်းပိုးဝင်ခြင်း ရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေကတော့ ဝမ်းပျက်ခြင်း၊ အပျော့စားဝမ်းပျက်ခြင်းနဲ့ အရည်တွေသာသွားခြင်းမှသည် ပြင်းထန်ပြီး သွေးဝမ်းသွားသည်ထိ ဗိုက်နာခြင်း၊ အောင့်ခြင်း၊ အချို့သူတွေကတော့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း