backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

German Measles (Rubella) (ဂျာမန်ဝက်သက်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

German Measles (Rubella) (ဂျာမန်ဝက်သက်) ကဘာလဲ။

ဂျာမန်ဝက်သက်ကို Rubella ဟုလည်းခေါ်သည်။ ၎င်းမှာ ဗိုင်းရပ်ကူးစက်ရောဂါဖြစ်ပြီး ခန္ဓါကိုယ်တွင် အနီစက်များ ပေါ်လာစေပါသည်။ အနီစက်များအပြင် ဂျာမန်ဝက်သက်ပေါက်သောသူများ၌ ဖျားခြင်း ပြန်ရည်ကျိတ်ရောင်ခြင်းများပါ ဖြစ်တတ်ပါသည်။ ပိုးကူးခြင်းမှာ ပိုးရှိသူမှ နှာချေချောင်းဆိုးရာမှထွက်သော အစက်အမှုန်များမှာတစ်ဆင့် ပျံ့နှံ့၏။ ဆိုလိုသည်မှာ ပိုးရှိသူမှ ထွက်လာသောအစက်အများရှိရာ အရာဝတ္ထုများကို ထိမိပြီးနောက် ပါးစပ်၊ နှာခေါင်း၊ မျက်လုံးများကိုထိပြီးပါက ဂျာမန်ဝက်သက်ကူးသွားမည်ဖြစ်သည်။ ပိုးရှိသူနှင့် အစာအတူစားခြင်း သောက်ခြင်းမှလည်း ဂျာမန်ဝက်သက် ကူးနိုင်ပါသည်။

ဂျာမန်ဝက်သက်မှာ ပုံမှန်အားဖြင့် အပျော့စား ပိုးကူးစက်ခြင်းမျိုးဖြစ်ပြီး တစ်ပတ်အတွင်း ကုသမှုမခံယူတောင် အလိုလိုပျောက်သွားတတ်ပါသည်။ သို့သော် ကိုယ်ဝန်ဆောင်အမျိုးသမီးတွင်ပေါက်ပါက အလွန်ဆိုးဝါးသော အခြေအနေဖြစ်ပြီး သန္ဓေသားတွင် မွေးရာပါရူဘဲလားရောဂါ ဖြစ်စေပါသည်။ မွေးရာပါရူဘဲလားရောဂါမှာ ကလေးငယ်၏ ကြီးထွားမှုကို နှောက်ယှက်စေပြီး နှလုံးပုံမှန်မဟုတ်ခြင်း၊ နားမကြားခြင်းနှင့် ဦးနှောက်ထိခြင်းတို့လို ပြင်းထန်သည့် မွေးရာပါချို့ယွင်းချက်များ ဖြစ်စေပါသည်။ ကိုယ်ဝန်ဆောင်စဉ် ဂျာမန်ဝက်သက်ဖြစ်ကြောင်း သံသယရှိပါက ကုသမှုချက်ချင်းခံယူရန် လိုအပ်ပါသည်။

German Measles (Rubella) (ဂျာမန်ဝက်သက်) က ဘယ်လောက်အဖြစ်များသလဲ

ဂျာမန်ဝက်သက်မှာ အသက်ရွယ်မရွေး လူမရွေးဖြစ်ပွားနိုင်ပါသည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

German Measles (Rubella) (ဂျာမန်ဝက်သက်) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဂျာမန်ဝက်သက် ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

  • ပန်းရောင် သို့ အနီအဖုများ မျက်နှာတွင်စပေါက်ပြီး အောက်ပိုင်းတစ်ကိုယ်လုံးသို့ ပျံ့သွားခြင်း
  • ငွေ့ငွေ့ဖျားခြင်း များသောအားဖြင့် ၁၀၂ ဖာရင်ဟိုက်အောက်
  • ပြန်ရည်ကျိတ်များ ဖောင်းကြွ နာကျင်ခြင်း
  • နှာစေး နှာရည်ယိုခြင်း
  • ခေါင်းကိုက်ခြင်း
  • ကြွက်သားနာခြင်း
  • မျက်လုံးများ ရောင်ရမ်း နာကျင်ခြင်း

ဂျာမန်ဝက်သက်လက္ခဏာများ များသောအားဖြင့် ပျော့သောကြောင့် သတိပြုမိဖို့ရာခက်ပါသည်။ လက္ခဏာများမှာ ဗိုင်းရပ်စ်နှင့်ထိတွေ့ပြီးနောက် ၂-၃ ပတ်အတွင်း စပေါ်လာတတ်၏။ များသောအားဖြင့် ၃-၇ ရက်ထိ ကြာတတ်ပါသည်။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။

  • ဂျာမန်ဝက်သက်ပေါက်နေပြီဟု သံသရှိလျှင် – ကိုယ်ဝန်ရှိနေလျှင် သို့မဟုတ် ကိုယ်ဝန်ရှိကြောင်း သံသယဖြစ်နေလျှင် ပိုအရေးကြီးပါသည်။
  • အောက်လက္ခဏာများကို ဂျာမန်ဝက်သက်ပေါက်နေစဉ်နှင့် ပေါက်ပြီးတွင် သတိထားမိလျှင် – ခေါင်းကြာရှည်ကိုက်ခြင်း၊ နားကိုက်ခြင်း၊ လည်ပင်းတောင့်ခြင်း

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။

အကြောင်းရင်းများ

German Measles (Rubella) (ဂျာမန်ဝက်သက်) ကိုဘာတွေကဖြစ်စေသလဲ

ဂျာမန်ဝက်သက်မှာ ရူဘဲလားဗိုင်းရပ်စ်ကြောင့် ဖြစ်ရပါသည်။ အလွန်ကူးစက်လွယ်သောဗိုင်းရပ်ဖြစ်ပြီး အနီးကပ်ထိတွေ့မှု သို့မဟုတ် လေမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ ပိုးရှိသူမှ နှာချေချောင်းဆိုးလျှင်ထွက်သော အမှုန်အစက်များကို ထိမိပါက ကူးစက်နိုင်ပါသည်။ ဆိုလိုသည်မှာ အမှုအစက်များကို ရှုမိလျှင်၊ ထိမိလျှင် ကူးစက်မည်ဖြစ်သည်။ ဂျာမန်ဝက်သက်မှာ သွေးကြောများကိုဖြတ်၍ ကိုယ်ဝန်ဆောင်မှတစ်ဆင့် သန္ဓေသားဆီသို့ပါ ကူးစက်နိုင်ပါသည်။

ဂျာမန်ဝက်သက်ပေါက်သူများမှ အဖုများမထခင် တစ်ပတ် မှ ပျောက်ပြီး ၂ ပတ်အထိ ကူးစက်နိုင်ပါသည်။ ကိုယ့်တွင် ဗိုင်းရပ်စ်ရှိကြောင်း မသိရခင်ကပင် သူများကို ကူးစက်နိုင်ပါသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ German Measles (Rubella) (ဂျာမန်ဝက်သက်) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဂျာမန်ဝက်သက် ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • ရူဘဲလာကာကွယ်ဆေးအား ပုံမှန်ထိုးမပေးသော နိုင်ငံများ၌ နေထိုင်သူများ
  • ကာကွယ်ဆေးအပြည့်မရသေးသော တစ်နှစ်သားနှင့် လမ်းလျှောက်စအရွယ်များတွင် ဂျာမန်ဝက်သက်ပေါက်နိုင်ချေ အမြင့်ဆုံးဖြစ်သည်။ ရူဘဲလားကာကွယ်ဆေးအား ကလေးအသက် ၁၂ လ မှ ၁၅ လကြားတွင် စပေးပြီးနောက် အသက် ၄ – ၆ နှစ်တွင် တစ်ကြိမ်ထပ်ပေးရမည်ဖြစ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

German Measles (Rubella) (ဂျာမန်ဝက်သက်) ကို ဘယ်လိုအတည်ပြုပါသလဲ

ဂျာမန်ဝက်သက်မှာ အကွက်ထစေသည့် တခြားသောဗိုင်းရပ်စ်များနှင့် ဆင်တူသောကြောင့် ဆရာဝန်မှ သွေးစစ်ပြီး အတည်ပြုပါလိမ့်မည်။ သွေးစစ်ရာတွင် သင့်သွေးတွင်းရှိ ရူဘဲလားဗိုင်းရပ်စ်ပဋိပစ္စည်းအမျိုးမျိုးကို စစ်ဆေးနိုင်ပါသည်။ ပဋိပစ္စည်းများမှာ ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားလို အန္တရာယ်ရှိအရာများကို ဖျက်စီးဖို့ရန်အတွက် ထုတ်သောပရိုတင်းများဖြစ်ပါသည်။ ထိုစစ်ဆေးမှုများမှာ သင့်တွင် ဗိုင်းရပ်စ်ရှိမရှိ immune ဖြစ်မဖြစ် သိစေနိုင်ပါသည်။

German Measles (Rubella) (ဂျာမန်ဝက်သက်) ကို ဘယ်လိုကုသပါသလဲ

ဂျာမန်ဝက်သက်အများစုမှာ အိမ်တွင်ကုသ၍ရသည်။ ဆရာဝန်မှ သင့်အား အိပ်ယာတွင်အနားယူရန် အကိုက်အခဲနှင့်ဖျားနေခြင်းမှ သက်သာအောင် ပါရာစီတမောသောက်ရန် ညွှန်ပါလိမ့်မည်။ ဗိုင်းရပ်စ်မပျံ့စေရန် ကျောင်း အလုပ်နားပြီး အိမ်မှာသာနေရန် အကြံပြုပါလိမ့်မည်။

ကိုယ်ဝန်ဆောင်များကိုတော့ ဗိုင်းရပ်ကိုတိုက်နိုင်သည့် Hyperimmune globulin များ ပေးပါလိမ့်မည်။ ၎င်းတို့မှာ သင့်လက္ခဏာများကို သက်သာစေပါသည်။ သို့သော် သင့်ကလေးတွင်တော့ မွေးရာပါ ရူဘဲလားရောဂါ ဖြစ်နိုင်ချေတော့ ရှိနေဦးမည်ဖြစ်သည်။ ထိုရောဂါပါကလေးများအာ အထူးကုများနှင့် ကုသပြသရန် လိုအပ်ပါလိမ့်မည်။ ကလေးအား ဂျာမန်ဝက်သက် ကူးနိုင်ချေနှင့်ပါတ်သတ်ပြီး စိုးရိမ်နေပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူအများစုအတွက် ကာကွယ်ဆေးထိုးခြင်းက အန္တရာယ်အကင်းဆုံးနှင့် အထိရောက်ဆုံးနည်းဖြစ်သည်။ ရူဘဲလား ကာကွယ်ဆေးမှာ ဗဲရီဇဲလား၊ mumps နှင့် ရိုးရိုးဝက်သက် ကာကွယ်ဆေးများနှင့် ပေါင်းစပ်ထားလေ့ရှိပါသည်။

ထိုကာကွယ်ဆေးများအား ကလေး ၁၂ လမှ ၁၅ လ အရွယ်များတွင် ပေးလေ့ရှိသည်။ ကလေးအသက် ၄ နှင့် ၆ နှစ်ရောက်ပါက Booster ထပ်ထိုးရန်လိုအပ်ပါသည်။ ကာကွယ်ဆေးတွင် ဗိုင်းရပ်စ်အနည်းငယ်ပါသောကြောင့် ခပ်မျှင်းမျှင်းဖျားခြင်းနှင့် အကွက်ထခြင်းများ ဖြစ်တတ်ပါသည်။

သင့်၌ ဂျာမန်ဝက်သက်ကာကွယ်ဆေးထိုးပြီးမပြီး မသိထားပါက သင်၏ immunity ကိုစစ်ကြည့်ရန် အရေးကြီးပါသည်။ အထူးသဖြင့်…

  • ကလေးမွေးနိုင်သည့်အရွယ်ဖြစ်ပြီး ကိုယ်ဝန်မဆောင်ရသေးလျှင်
  • ပညာရေးဆိုင်ရာ ဌာနတစ်ခုသို့ တက်တော့မည်ဆိုလျှင်
  • ဆေးရုံ သို့မဟုတ် ကျောင်းတွင် အလုပ်လုပ်နေရလျှင်
  • ရူဘဲလားကာကွယ်ဆေးမပေးသော နိုင်ငံဆီသို့ ခရီးသွားရန် အစီအစဉ်ရှိလျှင်

ရူဘဲလားကာကွယ်ဆေးမှာ အန္တရာယ်မရှိတတ်သော်လည်း ဆေးတွင်ဗိုင်းရပ်စ်များပါသောကြောင့် တစ်ချို့လူများ၌ ဓါတ်မတည့်ခြင်းဖြစ်နိုင်ပါသည်။ တခြားဖျားနာမှုများ၊ ကိုယ်ဝန် သို့မဟုတ် နောက်လအတွင်းကိုယ်ဝန်ယူဖို့ အစီအစဉ်ရှိလျှင် သင့်၌ ကိုယ်ခံအားစနစ် အားနည်းနေတတ်သောကြောင့် ကာကွယ်ဆေးမထိုးသင့်ပါ။

အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement