backup og meta

Omicron ကာကွယ်ဖို့ နေ့စဉ်ဘဝမှာ လိုက်နာသင့်တဲ့ စားသောက်မှုပုံစံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Omicron ကာကွယ်ဖို့ နေ့စဉ်ဘဝမှာ လိုက်နာသင့်တဲ့ စားသောက်မှုပုံစံ

    Covid-19 ရဲ့ ဖြစ်ပွားမှုက အရှိန်လျော့မသွားဘဲ Omicron ဆိုပြီး ကမ္ဘာကြီးကို ထပ်ပြီး ထိတ်လန့်စေခဲ့ပြန်ပါပြီ။ လတ်တလော ကမ္ဘာ့ နိုင်ငံ အသီးသီးမှာ Omicron ဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာနေပါတယ်။ အချို့နိုင်ငံတွေမှာ ခရီးသွားလာခွင့်တွေ ကန့်သတ်ရတဲ့အထိ ပြင်းထန်တဲ့ အနေအထားကို ရောက်ရှိလာခဲ့ပါပြီ။

    ဒီတော့ Omicron ကိုလည်း အခြားသော ရောဂါဆိုးတွေ နည်းတူ မဖြစ်ခင်က ကြိုတင်ကာကွယ်ဖို့ လိုအပ်လာပါပြီ။ ဒီလို ကာကွယ်ဖို့ဆိုတဲ့နေရာမှာ အရေးအကြီးဆုံးအချက်က ကိုယ်ခံအား ကောင်းအောင် လုပ်ဆောင်ဖို့ပါ။ ကိုယ်ခံအား ကောင်းမှလည်း ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ဝင်ရောက်လာတာမျိုး မဖြစ်အောင် တားနိုင်မှာကိုး။ ဒီတော့ Omicron မဖြစ်အောင် ကာကွယ်ရာမှာ အရေးပါတဲ့ ကိုယ်ခံအား ကျန်းမာစေဖို့အတွက် နေ့စဉ်ဘဝမှာ လိုက်နာရမယ့် စားသောက်မှုပုံစံ ကို ပြောပြပေးချင်ပါတယ်။

    Omicron ကာကွယ်ဖို့ နေ့စဉ်ဘဝမှာ လိုက်နာသင့်တဲ့ စားသောက်မှုပုံစံ

    Omicron ကာကွယ်ဖို့ နေ့စဉ်ဘဝမှာ လိုက်နာသင့်တဲ့ စားသောက်မှုပုံစံ

    Omicron မဖြစ်အောင် ကာကွယ်ရာမှာ အရေးပါတဲ့ ကိုယ်ခံအား ကျန်းမာစေဖို့အတွက် နေ့စဉ်ဘဝမှာ လိုက်နာသင့်တဲ့ စားသောက်မှုပုံစံ ကတော့

    ဗီတာမင် D ပြည့်ဝအောင် ဂရုစိုက်ပါ

    ကိုယ်ခံအားက ကိုဗစ်ဗိုင်းရပ်စ် အမျိုးမျိုးကိုရော Omicron ကိုရော ကာကွယ်ရာမှာ အဓိက ကျပါတယ်။ ဒီလို အဓိကကျတဲ့ ကိုယ်ခံအားကို ကျန်းမာစေဖို့ဆိုရင် ဗီတာမင် D နဲ့ အားဖြည့်ပေးဖို့ လိုပါမယ်။ ဗီတာမင် D ပြည့်ဝမှ ကိုယ်ခံအားက အားပြည့်ပြီး ရောဂါပိုးတွေကို အကောင်းဆုံး တုံ့ပြန်တိုက်ခိုက်နိုင်မှာပါ။ ဒါကြောင့် နေ့စဉ် နေရောင်ခြည် ခံတာအပြင် စားသုံးမှုမှာပါ ဗီတာမင် D ပြည့်ပြည့်ဝဝ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။

    အစားရွေးတယ်ဆိုရင် တစ်နေ့ကို နာရီဝက်လောက် နေရောင်ခြည်နဲ့ ထိတွေ့ဖို့ အကြံပြုပါရစေ။

    သရေစာတွေ ရှောင်ပါ

    သရေစာတွေက စားလို့ ကောင်းပေမယ့် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားကောင်းပြီး ဖျားနာမှုကင်းဖို့လိုနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေတဲ့ ဒီကာလမှာတော့ သရေစာတွေကို တတ်နိုင်သမျှ လျှော့စားပါ။ သရေစာတွေအစား အသီးအနှံတွေလိုမျိုး ကိုယ်ခံအားကို အားဖြည့်ပေးနိုင်မယ့်အရာတွေကို စားပေးပါ။

    ဗီတာမင် C ပါဝင်အောင် စားပါ

    ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ အဓိက ဇာတ်လိုက်က ဗီတာမင် C ပါ။ အခုလို ကိုယ်ခံအား ကောင်းဖို့ လိုအပ်နေတဲ့ ကာလမှာ ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေကို ပုံမှန် စားသုံးပေးတာကလည်း နည်းလမ်းကောင်းတစ်ရပ်ပါ။

    ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ဗီတာမင် C ကြွယ်ဝတဲ့ လိမ္မော်သီး၊ သံပုရာသီး၊ ရှောက်ချိုသီး၊ စပျစ်သီး၊ စတော်ဘယ်ရီနဲ့ အခြား ချဉ်တဲ့ အရသာရှိတဲ့ အသီးအနှံတွေကို စားပေးပါ။

    ဇင့်ဓာတ် ပြည့်ဝအောင် စားပါ

    ဇင့်ဓာတ်က ဖျားနာမှု ကင်းပြီး ကိုယ်ခံအား ပြည့်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအား ပြည့်ဝ ကျန်းမာစေဖို့ဆိုရင် ဇင့်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေဖြစ်ကြတဲ့ အသား၊ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်း၊ ဂုံး၊ ကမာ စတာတွေကို စားပေးပါ။

    ရေများများ သောက်ပါ

    ရေက ကိုယ်ခံအား ကောင်းစေပြီး ရောဂါကင်းစင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ လုံလောက်တဲ့ ပမာဏရအောင် ရေသောက်တာက Omicron ကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။ ရေများများ သောက်ပြီး ကိုယ်ခံအားကို အားဖြည့်လို့ Omicron ကို ကာကွယ်ပါ။ ရေများများသောက်ဆိုတဲ့နေရာမှာ အလွန်အကျွံ မသောက်မိဖို့တော့ လိုပါမယ်။

    အခုပြောပြခဲ့ စားသောက်မှုပုံစံကို သေချာလေး လိုက်နာပြီး Omicron ကို သေသေချာချာလေး ကာကွယ်လိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement