မြင်ရတဲ့အထဲမှာ စိတ်မချမ်းသာဆုံးအရာကတော့ Mask ကို တလွဲတွေ တပ်ထားတဲ့ပြဿနာပါ။ အသက်ရှူမဝလို့ ဆိုပြီး တချို့က နှာခေါင်းပေါက်လေးကို ဖော်ပြီး Mask တပ်ကြတယ်။ တချို့ကျတော့လည်း ချွေးထွက်လို့ဆိုပြီး Mask ကို မေးစေ့ထိ ဆွဲချထားကြတယ်။
တချို့ကျလည်း ဘက်ပြောင်းပြန်တပ်ကြတယ်၊ ဥပမာ – အဖြူဘက်ခြမ်းက နှာခေါင်း၊ ပါးစပ်ရှိတဲ့ဘက်၊ အပြာဘက်ခြမ်းက အပြင်ဘက် တပ်ရမယ့်အစား ပြောင်းပြန်တွေ တပ်ထားတာမျိုးပါ။ ဒီလိုတပ်တော့ ဘာဖြစ်သလဲဆိုရင် Mask က ခန္ဓာကိုယ်ထဲ ရောဂါပိုးမဝင်လာအောင် အပြည့်အဝ ကာကွယ်ပေးနိုင်ခြင်း မရှိတော့ဘဲ ပိုးကူးစက်နှုန်းက ပိုပြီးများလာနိုင်ပါတယ်။
၃။ Face Shield ကို Mask မပါဘဲ တပ်ခြင်း
Face Shield ကို အစပိုင်းက ကျန်းမာရေးစောင့်ရှောက်သူတွေသာ တပ်ဆင်ခဲ့ပေမယ့် ခုနောက်ပိုင်းမှာတော့ ပြည်သူတွေပါ တပ်ဆင်လာတာကို တွေ့ရပါတယ်။ Face Shield အကာရဲ့ ရည်ရွယ်ချက်က ကိုယ့်ရဲ့ အရှေ့ဘက်က လူတွေဆီကနေ ရောဂါပိုးနဲ့ အမှုန်အမွှားတွေ ကိုယ့်ဆီကို လုံးဝဝင်မလာစေဖို့နဲ့ ကိုယ့်မှာ ပိုးရှိရင်လည်း သူများကို မကူးစေဖို့ ကာပေးထားတာပါ။
ဒါပေမယ့် ၃၆၀ ဒီဂရီ ကာပေးထားတာမဟုတ်ဘဲ အရှေ့ဘက်ကိုသာ ဦးစားပေးထားတာဖြစ်လို့ အနောက်ကနေ ရောဂါပိုးရှိသူတစ်ယောက်က ချောင်းဆိုးလိုက်ရင် ဘေးဘက်မှာ လွတ်နေတဲ့ အခြမ်းကနေ ပိုးတွေက ဝင်သွားပြီး Shield မှာသွားကပ်မယ်။ အဲ့ဒီမှာ Mask မတပ်တဲ့သူက နှာခေါင်းနဲ့ အနီးကပ်ဆုံးဖြစ်နေတဲ့ Shield ကနေ ရောဂါပိုးတွေ အကုန်လုံးကို ရှူမိသားဖြစ်သွားတော့ပါပဲ။
၄။ Cloth Mask ရဲ့ ရာနှုန်းပြည့်မကာကွယ်ပေးနိုင်ခြင်း ပြဿနာ
Covid-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ဖို့သည် N95 Mask နဲ့ Surgical Mask တွေကို စနစ်တကျ တပ်ဆင်ခြင်းနည်းလမ်းသာ ရှိပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံသည် အခြေခံလူတန်းစားတွေ များတဲ့အတွက် တစ်ခါသုံးပြီး လွှင့်ပစ်ရမယ့်၊ စျေးကြီးပေးဝယ်ရတဲ့ ဒီလို Mask တွေကို တော်ရုံ မတတ်နိုင်ပါဘူး။ ဒီအခါ ထပ်တလဲလဲ အသုံးပြုလို့ရတဲ့ Cloth Mask ကို ပိုပြီးသုံးစွဲလာကြပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။