ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ

သွေးလွန်တုပ်ကွေးက ကလေးတွေမှာ အဖြစ်များတယ်ဆိုပေမယ့် လူကြီးတွေလည်း မလွတ်ပါဘူး။ သွေးလွန်တုပ်ကွေးက ရှော့ဖြစ်တတ်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ဖျားနာပြီး သွေးလွန်တုပ်ကွေး လက္ခဏာတွေရှိတယ်ဆိုရင်  ဘယ်အရွယ်ပဲဖြစ်ဖြစ် သွေးလွန်တုပ်ကွေး စစ်ဆေးသင့်ပါတယ်။ သွေးလွန်တုပ်ကွေးအတွက် တစ်ဖက်က ဆေးကုသဖို့လည်း လိုအပ်သလို တစ်ဖက်ကနေလည်း အာဟာရဖြည့်တင်းဖို့ လိုပါတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ ဆိုတာ သိထားဖို့ လိုပါတယ်။ သွေးလွန်တုပ်ကွေးနဲ့ အာဟာရ သွေးလွန်တုပ်ကွေးဖြစ်ချိန်မှာ လူနာက ပါးစပ်ပျက်တာကြောင့် အစားမဝင်ဘဲ အားနည်းနိုင်သလို အဖျားကြီးတာ၊ ချွေးထွက်များတာကြောင့် ရေနဲ့ ဓာတ်ဆား ဆုံးရှုံးနိုင်ပါတယ်။ ဒါ့ပြင် သွေးလွန်တုပ်ကွေးကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်က သွေးကြောတွေကို တိုက်ခိုက်တာကြောင့် ကိုယ်တွင်းအရည်စိမ့်တာ၊ သွေးဥမွှားတွေကို တိုက်ခိုက်တာကြောင့် ခန္ဓာကိုယ် သွေးယိုတာ စတာတွေကြောင့် ရေဓာတ်ဆုံးရှုံးသလို ဖြစ်ပြီး ရှော့ရတတ်ပါတယ်။ သွေးလွန်တုပ်ကွေးက ဗိုင်းရပ်စ်ကြောင့် […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကိုရိုနာဗိုင်းရပ်စ်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကူးစက်ရောဂါများ

လူတိုင်း Mask တပ်မယ်ဆိုရင် အသက်ဘယ်နှစ်ချောင်းကို ကယ်တင်နိုင်မလဲ

COVID-19 ရောဂါ ကူးစက်ပြန့်နှံ့နေချိန်မှာ Mask တပ်ခြင်းဟာ ရောဂါကာကွယ်ရေးအတွက် အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကိုယ့်ဆီကို ရောဂါပိုးကူးစက်မလာအောင် တားဆီးနိုင်သလို သူများဆီကို မကူးစက်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းက စည်းစနစ်တကျ Mask တွေတပ်ပြီး နေထိုင်သွားလာလှုပ်ရှားနေကြသလားလို့ မေးလာရင်တော့ ‘ဟင့်အင်း’ လို့ ငြင်းဆိုရပါလိမ့်မယ်။ COVID-19 ကပ်ဘေးအချိန်ကြာမြင့်လာတာနဲ့အမျှ လူတွေရဲ့ စည်းကမ်းလိုက်နာမှုအပိုင်းက တဖြေးဖြေးလျော့လျဲလာနေပါတယ်။ Mask ကို လုံးလုံးလျားလျားမတတ်တော့သူတွေ၊ မေးစေ့မှာချိတ်သူတွေ၊ နှာခေါင်းဖော်ပြီး တပ်ဆင်သူတွေ၊ တပ်လိုက်ချွတ်လိုက် အကြိမ်ကြိမ်ပြုလုပ်သူတွေ ပိုပိုပြီးများပြားလာနေပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေကတော့ ဒီလိုပြုမူလုပ်ဆောင်တာဟာ Mask ကို လုံးလုံးလျားလျားမတတ်ဆင်တာနဲ့ အတူတူပဲလို့ ဆိုထားပါတယ်။ တကယ်တော့ Mask တပ်တာက လက်ကို စင်ကြယ်စွာဆေးတာနဲ့ Social Distancing လုပ်တာတွေလိုမျိုး COVID-19 ရောဂါကာကွယ်ရေးမှာ အထူးအရေးကြီးတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ စနစ်တကျနဲ့ နည်းမှန်လမ်းမှန် […]


ကိုရိုနာဗိုင်းရပ်စ်

COVID-19အကြောင်း တစေ့တစောင်း

ကိုရိုနာဗိုင်းရပ်စ်ဆိုတာ ဗိုင်းရပ်စ်အမျိုးအစားတစ်မျိုးပါ။ မျိုးစိတ်ပေါင်းများစွာရှိနေတဲ့ ဗိုင်းရပ်စ် တစ်မျိုးပေါ့။ ဒီဗိုင်းရပ်စ်ရဲ့ မျိုးစိတ်အချို့က ရောဂါဖြစ်စေနိုင်ပါတယ်။ အသစ်တွေ့ရှိထားတဲ့ ကိုရိုနာဗိုင်းရပ်စ် SARS-CoV-2 ကတော့ ကမ္ဘာတလွှားမှာ COVID-19 ကမ္ဘာ့ကပ်ရောဂါအသွင်နဲ့ လူသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေပါတယ်။ COVID-19 ဆိုတာ COVID-19ဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာက တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားလာတဲ့  ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်အသစ်ကြောင့် ဖြစ်ပွားတဲ့ ရောဂါပါ။ COVID-19 ရဲ့လက္ခဏာထဲမှာ ချောင်းဆိုးတာ၊ ဖျားတာ၊ ချမ်းတုန်တာ၊ ကြွက်သားတွေ ကိုက်ခဲတာ၊ လည်ချောင်းနာတာ၊ အသက်ရှူရခက်တာ၊ အသ်ရှူ ပြတ်တောင်းပြတ်တောင်းဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဝမ်းသွားတာ ခေါင်းကိုက်တာ၊ အနံ့အရသာ ပျောက်တာ၊ မအီမသာဖြစ်တာ၊ ခြေကုန်လက်ပမ်းကျတာ၊အော့အန်တာ၊ နှာစေးတာ၊ နှာပိတ်တာတွေ ခံစားရနိုင်ပါတယ်။ COVID-19 က ပြင်းထန်မယ်ဆိုရင်တော့ သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။ […]


အစားအသောက်မှကူးစက်သောရောဂါများ

ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ

ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ .....  အအေးဓာတ်က စတင်ချဉ်းနင်းဝင်လာနေပါပြီ။ ဆောင်းစဝင်ပြီလို့ ဆိုရပါတော့မယ်။ ဒီလိုအေးမြတဲ့ ဆောင်းရာသီရောက်ချိန်မှာ လူတွေရဲ့ အစားအသောက်စားချင်တဲ့ စိတ်အာသိသကလည်း ရာသီဥတုနဲ့လိုက်ပြီး ပြောင်းလဲလာမှာပါ။ ဒီလိုကာလမျိုးမှာ ကိုယ်စားချင်တာက ရာသီဥတုနဲ့ တကယ်ကိုက်ညီရဲ့လားဆိုတာကို သိထားဖို့တော့ လိုပါလိမ့်မယ်။ ဆောင်းတွင်းမို့ အေးတယ်ဆိုပြီး အပူအစပ်တွေချည်း လှိမ့်စားနေလို့မဖြစ်သလို ကျန်းမာရေးနဲ့မကိုက်ညီတာတွေကိုလည်း အတင်းကာရော မှီဝဲမိနေလို့ မဖြစ်ပါဘူး။ တချို့အစားအစာတွေက စားချိန်မှာ ပူပူနွေးနွေးနဲ့ အရသာရှိပေမယ့် စားပြီးခန္ဓာကိုယ်ထဲရောက်သွားချိန်မှာတော့ အအေးဓာတ်နဲ့ပူးပေါင်းပြီး အဆီတွေ၊ ကယ်လိုရီတွေ၊ သကြားဓာတ်တွေ၊ ဆိုဒီယမ်တွေပိုဖြစ်စေနိုင်ပါတယ်။ ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ ဒါကြောင့် ဆောင်းရာသီရောက်လာရင် ဘယ်လိုအစားအစာတွေကို အဓိက ရှောင်ကျဉ်သင့်လဲဆိုတာကို ပြောပြချင်ပါတယ်။ အောက်ဖော်ပြပါ အစားအစာတွေက ဆောင်းရာသီမှာ တတ်နိုင်သမျှ ရှောင်ရှားပြိး သတိထားမှီဝဲသင့်တာတွေပါ။ ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ ဆိုတော့ - […]


ကိုရိုနာဗိုင်းရပ်စ်

ဆောင်းအအေး နဲ့ ကိုဗစ်

ဆောင်းအအေး နဲ့ ကိုဗစ် ..... မိုးကုန်လို့ အခုဆို မနက်ခင်းနဲ့ ညဘက်တွေမှာ ဆောင်းလေ နုနုအေးအေးလေးတွေ တိုက်ခတ်နေပြီး ဆောင်းအငွေ့အသက်ကို ခံစားနေရပြီနော်။ သီတင်းကျွတ်ပြီးမှတော့ ဆောင်းကရောက်လာပြီပေါ့။ အရင်ဆို ဆောင်းရောက်လာတာက ပျော်စရာကောင်းပေမယ့် အခုလို ကိုဗစ်ရောဂါဆိုးကြီးနဲ့ ရင်ဆိုင်နေရချိန်မှာတော့ ဆောင်းရောက်လာတာက ကိုဗစ်ကို ပိုဆိုးစေမလားဆိုတဲ့ စိုးရိမ်မှုတွေ လူတိုင်းမှာ ရှိနေမယ်ထင်ပါတယ်။ ဒီစိုးရိမ်မှုက တကယ်ကို ဖြစ်လာမလား။ ဆောင်းရာသီရဲ့ အအေးဒဏ်က ကိုဗစ်ကို ပိုဆိုးစေနိုင်မလားဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ဆောင်းအအေး နဲ့ ကိုဗစ် ကိုဗစ်က အခုထိလည်း အအေးပိုင်းနိုင်ငံတွေဖြစ်တဲ့ အနောက်ဥရောပဒေသတွေမှာ ဖြစ်ပွားသူ အရေအတွက် တိုးလာနေဆဲပါ။ အကြောင်းကတော့ lockdownတွေကို ဖြေလျှော့ပေးလိုက်တာရယ် ဆောင်းကာလကို ရောက်လာတာကြောင့်ရယ်ပေါ့။ Covid - 19 ကို မပြောခင် ဖြစ်နေကျ ရာသီတုပ်ကွေးကိုပဲ အရင်ကြည့်ရအောင်။  […]


ကူးစက်ရောဂါများ

Pfizer ကာကွယ်ဆေးနဲ့ Moderna ကာကွယ်ဆေး ဘာကွာသလဲ။

ကိုဗစ်ဖြစ်တာလည်း တစ်နှစ်နီးပါးလောက်ဖြစ်လာပြီဆိုတော့ အားလုံးက အိမ်မှာနေရတာ ငြီးငွေ့နေကြပါပြီ။ ကုသဆေးရယ်လို့ တိတိကျကျမရှိတဲ့အတွက် ကာကွယ်ဆေးကသာ မျှော်လင့်ရာပါ။ ခုတော့ ဒီမျှော်လင့်ချက်တွေ ပြည့်တော့မယ့်လို့ ဆိုရမလားပဲ။ နိုဝင်ဘာလထဲမှာတင် ကုမ္ပဏီကြီး နှစ်ခုက ကာကွယ်ဆေးတီထွင်တဲ့နေရာမှာ Phase 3ကို အောင်မြင်သွားတယ်လို့ ဝမ်းသာစရာ ကြားလိုက်ရပါတယ်။ တခြားကာကွယ်ဆေးတွေကလည်း အနှေးနဲ့ အမြန်ဆိုသလို ဆက်တိုက်ထွက်လာကြတော့မှာပါ။ ဒီတိုင်းဆိုရင် မကြာခင် ကိုဗစ်ပြီးဆုံးတော့မှာပါ။ လက်ရှိမှာတော့ Pfizerနဲ့ BioNTechက ပူးပေါင်းပြီး ထုတ်တဲ့ ကာကွယ်ဆေးနဲ့ Modernaက ထုတ်တဲ့ ကာကွယ်ဆေးကတော့ အပြိုင်အဆိုင်နာမည်ကြီးနေပါတယ်။ ဒီနှစ်ခုရလဒ်တွေ ကောင်းရဲ့လား။ ဘာတွေ ကွာခြားချက်ရှိလဲဆိုတာကို လေ့လာကြည့်ရအောင်။ Pfizerနဲ့ BioNTechက ပူးပေါင်းပြီး ထုတ်တဲ့ ကာကွယ်ဆေး နိုဝင်ဘာလအစက Pfizerနဲ့ BioNTechက သူတို့ရဲ့ ကိုဗစ်ကာကွယ်ဆေးက ၉၀ရာခိုင်နှုန်းနဲ့အထက် ကာကွယ်မှုပေးနိုင်တယ်ဆိုတာကို ကြေညာခဲ့ပါတယ်။ ဒါဟာ အဆင့်၃ […]


ကူးစက်ရောဂါများ

COVID-19 ကာကွယ်ဆေး တန်ကြေးက သေးပါ့မလား

ကမ္ဘာတစ်ဝှမ်း ကပ်ဘေးတစ်ခုအသွင် ပြန့်နှံ့နေတဲ့ COVID-19 ရောဂါကို ရပ်တန့်နိုင်ဖို့ တစ်ကမ္ဘာလုံးက လူသားတိုင်းက မျှော်လင့်နေပါတယ်။ ကာကွယ်ဆေးတွေ ဖန်တီးနိုင်ဖို့ နိုင်ငံတကာ ဆေးဝါးကုမ္ပဏီတွေက အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီးတော့ အားတက်ဖွယ်ရလဒ်မျိုးတွေမြင်တွေ့လာနေရပါတယ်။ လက်ရှိမှာ Pfizer-BioNTech ရဲ့ ကာကွယ်ဆေးသစ်နဲ့ Moderna ရဲ့ ကာကွယ်ဆေးသစ်တွေဟာ စမ်းသပ်မှုအဆင့်ဆင့်မှာ ၉၀%ကျော်အထိ ရလဒ်ကောင်းတွေ ထွက်ရှိခဲ့သလို ဘေးထွက်ဆိုးကျိုးလည်း မရှိခဲ့တာမို့ တရားဝင်ဆေးဝါးတွေဖြစ်လာဖို့ အလွန်နီးစပ်နေပြီဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေအပြင် AstraZeneca-Oxford ၊ Johnson & Johnson ၊ တရုတ်က CanSino Biologics၊ ဂျာမနီက CureVac၊ အစ္စရေးလ်က BriLife၊ အိန္ဒိယက Bharat Biotech နဲ့ ရုရှားက Dr Reddy’s-BIRAC တို့ရဲ့ ကြိုးပမ်းမှုတွေကလည်း ကာကွယ်ဆေးသစ်တွေထုတ်လုပ်နိုင်ဖို့ ပိုမိုပြီး နီးစပ်လာနေပါတယ်။ ဆေးဝါးသစ်တွေ […]


ကူးစက်ရောဂါများ

Covid-19နဲ့ ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မိခင် တွေ ဘာတွေသိထားသင့်လဲ

ကမ္ဘာပေါ်မှာ Covid-19ကြောင့် သေဆုံးသူဦးရေတွေ တစ်နေ့ထက်တစ်နေ့ များပြားလာတာနဲ့အမျှ ကိုယ်ဝန်ဆောင်မိခင် များအနေနဲ့ မိမိကိုယ်တိုင်ရော မွေးဖွားလာမယ့် ရင်သွေးလေးရဲ့ ကျန်းမာရေးအတွက်ပါ စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကိုယ်ဝန်ဆောင်မေမေတွေ အမေးများတဲ့ မေးခွန်းလေးတွေအတွက် အဖြေများကို ဖော်ပြပေးလိုက်ပါတယ်။ Covid-19နဲ့ ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မိခင် တွေ ဘာတွေ သိထားသင့်လဲ (၁) ကိုယ်ဝန်ဆောင်မိခင် တွေက ကိုဗစ်ကူးစက်ခံရဖို့ အလားအလာများနေလား။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုဗစ်ကူးစက်နိုင်ချေ ပိုမိုများနေသလားဆိုတာကို သက်သေပြချက်များ မရှိသေးပေမယ့်လည်း ကမ္ဘာ့ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာကြီး (CDC)ရဲ့ ထုတ်ပြန်ချက်အရ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုဗစ်ကူးစက်ခံရပါက ရောဂါလက္ခဏာတွေ ပိုမိုပြင်းထန်နိုင်တယ်လို့ သိရပါတယ်။ဒါ့ပြင် ကိုယ်ဝန်ဆောင်ချိန် ကိုဗစ်ကူးစက်ခံရပါက နောက်ဆက်တွဲဆိုးကျိုးတွေ ပိုမိုပြင်းထန်စွာ ခံစားရနိုင်ပါတယ်။ သွေးတိုးနဲ့ ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာဆို အထက်ပါ ဆိုးကျိုးတွေဖြစ်ဖို့ အလားအလာပိုများစေတာမို့လို့ ဂရုစိုက်သင့်ပါတယ်။ (၂) Covid-19 ဗိုင်းရပ်စ်ဟာ […]


ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်ကာလ ဝိရောဓိများ

ကိုဗစ်ကာလမှာ ရောဂါပိုးကူးမှာကြောက်နေရတဲ့အတွက် တစ်ခုခုဆို ဒါလေး လုပ်လို့ရလား၊ ဟိုလိုလေးလုပ်ရင် ရောဂါကူးနိုင်လားဆိုပြီး တွေးတတ်ကြပါတယ်။ လူအများကြား သွားရပြီဆိုရင် ဘယ်လိုနေရင် ကိုယ့်အတွက် စိတ်အချရဆုံး ဖြစ်မလဲ၊ သူများကို မကူးအောင် ဘယ်လိုကာကွယ်ပေးနိုင်မလဲဆိုပြီး စဉ်းစားလာရပါပြီ။ အထူးသဖြင့် ခုလို ဝိရောဓိဖြစ်စေနိုင်တဲ့ ကိစ္စတွေမှာပေါ့။ ကိုဗစ်ကာလ ခရီးသွားတဲ့အခါ ခုဆိုရင် ခရီးသွားလာဖို့က အရင်ကလောက် မတင်းကြပ်တော့ပါဘူး။ ပြည်တွင်းလေကြောင်းလိုင်းတွေကလည်း ဒီဇင်ဘာ တစ်ရက်ဆို ပြန်ပြီး ပြေးဆွဲတော့မှာပါ။ လက်ရှိမှာတော့ ခြွင်းချက်အနေနဲ့ ပြည်ပက ပြည်တွင်းသို့ ကယ်ဆယ်ရေး လေယာဉ်တွေ၊ ပြည်တွင်းအစိုးရကိစ္စအတွက် ပြေးဆွဲခြင်းတွေ ရှိနေပါတယ်။ ပြန်ပြီးခွင့်ပြုလို့ ပြည်တွင်းမှာ လေကြောင်းလိုင်းတွေနဲ့ သွားမယ်ဆိုရင် ကားတွေထက် မြန်မြန်ရောက်တာမှန်ပေမယ့် တစ်ဖက်ကလည်း စိတ်ချမှု ရှိပါ့မလားဆိုပြီး ပြန်တွေးနေမှာပါ။ မကြာဘူးဆိုပေမယ့် အလုံပိတ်လေယာဉ်ထဲမှာ နီးနီးကပ်ကပ်စီးရမယ်၊ ဒီ့မတိုင်ခင်လည်း လေဆိပ်မှာ တန်းစီရဦးမယ်ဆိုတော့ အန္တရာယ်ကင်းအောင် […]


ကူးစက်ရောဂါများ

ကိုရိုနာဗိုင်းရပ်စ်များအကြောင်း

ကိုရိုနာဗိုင်းရပ်စ်ဆိုတာ ဗိုင်းရပ်စ်တွေထဲက မျိုးနွယ်စုတစ်ခုပါပဲ။ သူ့ရဲ့ မျက်နှာပြင်မှာ ဆူးချွန်လေးတွေ ရှိပြီး သရဖူ crownလေးတွေနဲ့ တူတာကြောင့် coronaလို့ ခေါ်တာပဲ ဖြစ်ပါတယ်။ လူကို ကူးစက်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်တွေကို ၁၉၆၀ နှစ်လယ်ပိုင်းလောက်မှာ စပြီးတွေ့ရှိခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲများ ကိုရိုနာဗိုင်းရပ်စ်မှာ အယ်ဖာ၊ ဘီတာ၊ ဂါမာဆိုပြီး မျိုးစိတ်၃ခုရှိပါတယ်။ ဒီကနေမှ မျိုးကွဲတွေ အများကြီး ဖြစ်လာပါတယ်။ လူကိုကူးစက်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲကတော့ ၇ခုရှိပါတယ်။ 229E (alpha coronavirus) NL63 (alpha coronavirus) OC43 (beta coronavirus) HKU1 (beta coronavirus) MERS-CoV SARS-CoV SARS-CoV-2 စတာတွေပဲ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်တွေနဲ့ ဖြစ်စေတဲ့ ရောဂါများ ဒီကိုရိုနာဗိုင်းရပ်စ်၇မျိုးမှာ ပထမ၄မျိုးက အတွေ့ရများတဲ့ အမျိုးအစားတွေပါ။ အတွေ့ရများပြီး […]


ကူးစက်ရောဂါများ

COVID-19ကြောင့် သိုင်းရွိုက်ပြဿနာတွေ ဖြစ်လာနိုင်သလား။

ကိုဗစ်ရောဂါဖြစ်လာတာ ခုဆို တစ်နှစ်နီးပါးလောက် ရှိပြီဆိုတော့ သူ့အကြောင်းကို ပိုပိုပြီး သိလာပါပြီ။ အရင်ကတော့ COVID-19ဖြစ်ပြီဆိုရင် အဆုတ်လောက်သာထိခိုက်မယ်လို့ ထင်ထားကြပေမယ့် အချိန်ကြာလာလေလေ COVID-19ရဲ့ အဖျက်စွမ်းအားတွေကို ပိုတွေ့လာရလေပါပဲ။ ရှေ့က သူ့နောင်တော် ဆားလ်စ်တို့ မားလ်စ်တို့ထက် ပိုပြင်းထန်တယ်လို့တောင် ပြောလို့ရပါတယ်။ ပိုးကူးခံရပေမယ့် ဘာလက္ခဏာမှ မပြတဲ့သူလည်း ရှိသလို လက္ခဏာပြတဲ့သူလည်း ရှိပါတယ်။ လက္ခဏာ ပြတာတောင် တချို့က သာမန်၊ တချို့က ဆိုးဆိုးရွားရွား။ လူကြီးတွေ၊ ရောဂါအခံတွေ ရှိတဲ့သူတွေပဲ အရေးတကြီးဂရုစိုက်မယ်လို့ ထင်ပေမယ့် လူလတ်ပိုင်းမှာလည်း ကြွေလွင့်သွားတဲ့သူတွေ ရှိနေတာပဲ။ ကိုဗစ်ရဲ့ မာယာတွေပေါ့။ ဒီလိုပဲ တစ်ခါတလေတော့လည်း မထင်ထားတဲ့ လက္ခဏာတွေနဲ့ လာတာမျိုးလည်း ရှိပါတယ်။ ဥပမာ တစ်ခုလောက် ပြောရမယ်ဆိုရင် လူနာတစ်ယောက်က လေဖြတ်တဲ့ လက္ခဏာနဲ့ ဆေးရုံကို ရောက်လာတယ်။ ဘာရောဂါအခံမှ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း