backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Ye Zon Aung မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ

ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ …..  အအေးဓာတ်က စတင်ချဉ်းနင်းဝင်လာနေပါပြီ။ ဆောင်းစဝင်ပြီလို့ ဆိုရပါတော့မယ်။ ဒီလိုအေးမြတဲ့ ဆောင်းရာသီရောက်ချိန်မှာ လူတွေရဲ့ အစားအသောက်စားချင်တဲ့ စိတ်အာသိသကလည်း ရာသီဥတုနဲ့လိုက်ပြီး ပြောင်းလဲလာမှာပါ။ ဒီလိုကာလမျိုးမှာ ကိုယ်စားချင်တာက ရာသီဥတုနဲ့ တကယ်ကိုက်ညီရဲ့လားဆိုတာကို သိထားဖို့တော့ လိုပါလိမ့်မယ်။

ဆောင်းတွင်းမို့ အေးတယ်ဆိုပြီး အပူအစပ်တွေချည်း လှိမ့်စားနေလို့မဖြစ်သလို ကျန်းမာရေးနဲ့မကိုက်ညီတာတွေကိုလည်း အတင်းကာရော မှီဝဲမိနေလို့ မဖြစ်ပါဘူး။

တချို့အစားအစာတွေက စားချိန်မှာ ပူပူနွေးနွေးနဲ့ အရသာရှိပေမယ့် စားပြီးခန္ဓာကိုယ်ထဲရောက်သွားချိန်မှာတော့ အအေးဓာတ်နဲ့ပူးပေါင်းပြီး အဆီတွေ၊ ကယ်လိုရီတွေသကြားဓာတ်တွေ၊ ဆိုဒီယမ်တွေပိုဖြစ်စေနိုင်ပါတယ်။

ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ

ဒါကြောင့် ဆောင်းရာသီရောက်လာရင် ဘယ်လိုအစားအစာတွေကို အဓိက ရှောင်ကျဉ်သင့်လဲဆိုတာကို ပြောပြချင်ပါတယ်။ အောက်ဖော်ပြပါ အစားအစာတွေက ဆောင်းရာသီမှာ တတ်နိုင်သမျှ ရှောင်ရှားပြိး သတိထားမှီဝဲသင့်တာတွေပါ။ ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ ဆိုတော့ –

  • ချောကလက်အပူ
  • ဆောင်းတွင်း အေးမြတဲ့ မနက်ခင်းတွေမှာ ချောကလပ်ပူပူလေးသောက်လိုက်မယ်လို့တော့ဖြင့် မတွေးပါနဲ့။ မြင့်မားလှတဲ့ သကြားပမာဏဟာ တစ်ခွက်လောက်သောက်လိုက်ရုံနဲ့သင့်ကို ကယ်လိုရီ ၃၀၀-၄၀၀ လောက်အထိမြင့်တက်သွားစေပါလိမ့်မယ်။ ရာသီဥတုကြောင့် ပိုသောက်မိတတ်ကြတာမို့ ရှောင်ကျဉ်ခိုင်းတာဖြစ်ပါတယ်။

    ဆိုဒီယမ်တွေ၊ အဆီတွေနဲ့ ကျန်းမာရေးကို ကောင်းကောင်းထိခိုက်စေနိုင်တဲ့အရာတွေက အသင့်စားအစားအစာတွေဖြစ်ကြတဲ့ ဟမ်ဘာဂါတို့ အာလူးကြော်တို့ ကြက်ကြော်တို့ထဲမှာ အပြည့်ပါပဲ။ ဆောင်းတွင်းလို အေးမြတဲ့ရာသီမျိုးမှာ အဆီတွေမြန်မြန်ခဲနိုင်တာမို့ ပိုပြီး ရှောင်ကျဉ်သင့်တာပေါ့။

    • စည်သွပ်ဘူးများ

    စည်သွပ်အစားအစာတွေဟာလည်း ဆောင်းရာသီနဲ့ မသင့်လျော်ပါဘူး။ အချိုမှုန့်တွေ၊ ဆိုဒီယမ်နဲ့ အမျိုးအမည်မသိ တာရှည်ခံဖြည့်စွက်ပစ္စည်းတွေပါဝင်နေတဲ့ စည်သွပ်ဘူးတွေဟာ ဆောင်းရာသီမှာ မှီဝဲရင် ပိုပြီးသင့်ကို ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။

    ဆောင်းည အေးအေးလေးတွေမှာ ခေါက်ဆွဲပြုတ်စားရာက အရသာတစ်မျိုးပါ။ ပူပူစပ်စပ်လေးဆို ပိုကြိုက်ကြတယ်မဟုတ်လား။ ဒါပေမယ့် အသင့်စားခေါက်ဆွဲပြုတ်တွေဟာ ဆိုဒီယမ်ပါဝင်မှုများပြီး ကယ်လိုရီးလည်း အရမ်းမြင့်မားစွာ တက်စေနိုင်ပါတယ်။ ကယ်လိုရီ ၃၀၀ လောက်ကနေ ၆၀၀ လောက်အထိတက်နိုင်ပါတယ်။

    • ပေါင်မုန့်ဖြူ
    • ဥရောပဆန်တဲ့ မနက်ခင်းစာတွေမှာ ပါဝင်လာလေ့ရှိတဲ့ ပေါင်မုန့်ဖြူကလည်း သင့်လျော်တဲ့ အစားအစာမျိုးတော့ဖြင့်မဟုတ်ပါဘူး။ အဲ့ဒီအစား ပေါင်မုန့်ညို ဒါမှမဟုတ် သစ်သီးတွေစားဖို့ အကြံပေးထားပါတယ်။

      • ပေါက်ပေါက်ဆုပ်

      အေးမြတဲ့ဆောင်းညတွေမှာ ရုပ်ရှင်လေးကြည့်ရင်း ပေါက်ပေါက်ဆုပ်လေး စားမယ်လို့ မကြံလိုက်ပါနဲ့။ ပေါက်ပေါက်ဆုပ်ကလည်း ဆောင်းရာသီနဲ့ ပုလဲပနံမသင့်တဲ့ အစားအစာတစ်ခုပါ။ ပေါက်ပေါက်ဆုပ်မှာပါဝင်နေတဲ့ ဆိုဒီယံပမာဏကို သင်ကြားရင် Shock ရသွားပါလိမ့်မယ်။ ပေါက်ပေါက်ဆုပ်ဘူးတစ်ဘူးမှာ ဆိုဒီယမ် ၂၀၀၀ မီလီဂရမ်လောက်ပါပြီး၊ အဆီက ၈၀ ဂရမ်လောက်ပါဝင်နေပါသေးတယ်။

      • ကညွတ်ကြီး
      • ကြော်စားရင်ဖြစ်ဖြစ် မီးကင်စားရင်ဖြစ်ဖြစ် အရသာရှိလှတဲ့ ကညွတ်ကြီးတွေကို ဆောင်းရာသီမှာ မစားဖို့ တိုက်တွန်းကြပါတယ်။ ဝါရင့် စားဖိုမှူးတွေက တိုက်တွန်းတာပါ။ ကညွတ်ကြီးတွေဟာ ဆောင်းတွင်းဆိုရင် အရသာမမှန်တာ ပျက်တာမျိုးဖြစ်တတ်ပြီး နွေရာသီမှာ အဓိစားသင့်တယ်လို့ ဆိုထားတာပါပဲ။

        • ငရုပ်သီး/အစပ်

        ဆောင်းတွင်းမို့ ပူပူစပ်စပ်လေးတွေ စားမယ်ဆိုပြီး မတွေးလိုက်ပါနဲ့။ အေးလို့ချမ်းလို့ ပူတာ စပ်တာကို စားချင်တာ ပြဿနာမဟုတ်ပေမယ့် ဆောင်းရာသီဆိုရင် လူတွေဟာ လိုတာထက် ပိုပြီး မှီဝဲ ဖြစ်သွားတတ် ကြတာမို့ အစာအိမ် ထိခိုက်မှုနှုန်း ပိုမြင့်တက်လေ့ရှိပါတယ်။ တန်ဆေးလွန်ဘေးမို့ ချင့်ချိန်မှီဝဲဖို့ လိုအပ်တာကို သတိထားသင့်ပါတယ်။

        မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

        Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



        မှ အချက်အလက် စစ်ဆေးထားပါသည်။

        Aye Thi Mon


        Ye Zon Aung မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

        ad iconadvertisement

        ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

        ad iconadvertisement
        ad iconadvertisement