ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ

သွေးလွန်တုပ်ကွေးက ကလေးတွေမှာ အဖြစ်များတယ်ဆိုပေမယ့် လူကြီးတွေလည်း မလွတ်ပါဘူး။ သွေးလွန်တုပ်ကွေးက ရှော့ဖြစ်တတ်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ဖျားနာပြီး သွေးလွန်တုပ်ကွေး လက္ခဏာတွေရှိတယ်ဆိုရင်  ဘယ်အရွယ်ပဲဖြစ်ဖြစ် သွေးလွန်တုပ်ကွေး စစ်ဆေးသင့်ပါတယ်။ သွေးလွန်တုပ်ကွေးအတွက် တစ်ဖက်က ဆေးကုသဖို့လည်း လိုအပ်သလို တစ်ဖက်ကနေလည်း အာဟာရဖြည့်တင်းဖို့ လိုပါတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ ဆိုတာ သိထားဖို့ လိုပါတယ်။ သွေးလွန်တုပ်ကွေးနဲ့ အာဟာရ သွေးလွန်တုပ်ကွေးဖြစ်ချိန်မှာ လူနာက ပါးစပ်ပျက်တာကြောင့် အစားမဝင်ဘဲ အားနည်းနိုင်သလို အဖျားကြီးတာ၊ ချွေးထွက်များတာကြောင့် ရေနဲ့ ဓာတ်ဆား ဆုံးရှုံးနိုင်ပါတယ်။ ဒါ့ပြင် သွေးလွန်တုပ်ကွေးကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်က သွေးကြောတွေကို တိုက်ခိုက်တာကြောင့် ကိုယ်တွင်းအရည်စိမ့်တာ၊ သွေးဥမွှားတွေကို တိုက်ခိုက်တာကြောင့် ခန္ဓာကိုယ် သွေးယိုတာ စတာတွေကြောင့် ရေဓာတ်ဆုံးရှုံးသလို ဖြစ်ပြီး ရှော့ရတတ်ပါတယ်။ သွေးလွန်တုပ်ကွေးက ဗိုင်းရပ်စ်ကြောင့် […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကိုရိုနာဗိုင်းရပ်စ်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

ကူးစက်ရောဂါများ

ကိုဗစ်ပျောက်သွားတောင် နေလို့ မကောင်းသေးတာ ဘာကြောင့်လဲ။

ကိုဗစ်က ကူးမှာဖြင့်လည်း မြန်မြန်ကူး၊ မြန်မြန်ကူး မြန်မြန်ခုခံအားရလို့ လွယ်လွယ်ပြောကြပေမယ့် ကိုဗစ်က ဒီလို အထင်သေးစရာကောင်းတဲ့ ရောဂါတော့ မဟုတ်ပါဘူး။ ခုနောက်ပိုင်း ကူးစက်ခံရတဲ့ လူတွေများလာတဲ့အတွက် ကူးခံရသူတွေက ဆေးရုံက ဆင်းသွားပြီးရင် အရင်လို မဟုတ်တော့ဘူး။ အမောမခံနိုင်တော့ဘူး။ ဆေးရုံက ဆင်းလာတာကြာပေမယ့် အားမရှိသလိုပဲဆိုပြီး ပြောကြလေ့ရှိပါတယ်။ ဒါဟာ ဘာကြောင့်များပါလဲ။ ကိုဗစ်ကူးပြီးရင်တောင် မပြီးနိုင်သေးဘူးလား။ ကိုဗစ် ကူးခံရပြီးနောက် ကိုဗစ်ဖြစ်ရင် လူ ၁၀၀မှာ ၈၀လောက်က ရောဂါမပြင်းထန်ဘဲ သက်သာသွားကြပါတယ်။ ကျန်တဲ့ ၁၀ကနေ ၁၅ ရာခိုင်နှုန်းလောက်က ပြင်းထန်တဲ့ အဆင့်ကို ရောက်ပြီး ကျန်တဲ့ ၅ရာခိုင်နှုန်းက တော်တော်ဆိုးတဲ့ အဆင့်ကို ခံစားရပါတယ်။ အများစုက ကူးစက်ခံရပြီး ၂ပတ်ကနေ ၆ပတ်လောက်ဆို ပုံမှန်အတိုင်း ဖြစ်သွားကြပါတယ်။ ဒါပေမယ့် လူတချို့မှာတော့ လပိုင်းလောက်ထိ နောက်ဆက်တွဲလက္ခဏာတွေ […]


ကူးစက်ရောဂါများ

COVID-19 ဗိုင်းရပ်စ်သယ်ယူထိန်းသိမ်းရေးပစ္စည်း

COVID-19 ကပ်ရောဂါကြီးဖြစ်ပွားနေတဲ့အချိန်မှာ ရောဂါကူးစက်မှုကို စောစီးစွာသိဖို့ အရေးကြီးဆုံးပါ။ ဒါမှသာ အမြန်ဆုံးဆေးကုသမှု ခံယူနိုင်မှာပါ။ COVID-19 သံသယရှိနေသူတွေကို ရောဂါရှိမရှိ ဘယ်လိုစစ်ဆေးကြလဲ။ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Nasopharyngeal swab, Throat swab) ယူကြ ပါတယ်။ ယူပြီး စစ်ဆေးခံဖူးသူတွေသိမှာပါ။ ပန်းရောင်အရည်ထည့်ထားတဲ့ ပလတ်စတစ် ပြွန်လေးထဲကို ယူပြီးသား နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်တွေ ထည့်ယူသိမ်းဆည်းကြပါတယ်။ ထိုပန်းရောင်အရည်တွေဟာ ဘာတွေလဲ၊ ဘာအတွက် ထည့်ရတာလဲ ဆိုတာကို လူအများစုက သိချင်နေကြပါတယ်။ စိတ်ဝင်စားနေ ကြပါတယ်။ အရင်ဦးဆုံး Viral Transport Medium Kit (VTM Kit) ဆိုတဲ့ ဗိုင်းရပ်စ် သယ်ယူထိန်းသိမ်းရေးပစ္စည်းများ အကြောင်းကို ပြောပြချင်ပါတယ်။ VTM Kit ထဲမှာဘာတွေပါလဲ။ အရည်ပမာဏ (၁၅) မီလီလီတာခန့် ထည့်လို့ရတဲ့ အဖုံးပါပလတ်စတစ် ပြွန်တစ်ခု […]


ကူးစက်ရောဂါများ

ကိုဗစ်ကုသရေးမှာအရေးပါလာတဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာခြင်း

အဆုတ်တွေရဲ့အလုပ်လုပ်နိုင်စွမ်းကိုတိုင်းတာတဲ့နေရာမှာ သွေးတွင်းအောက်ဆီဂျင်ပမာဏကလည်း အတော်လေးအရေးကြီးပါတယ်။ အသက်ရှုချိန်တိုင်းမှာ သန့်စင်တဲ့အောက်ဆီဂျင်ဓာတ်ကို အဆုတ်တွေကနေ တစ်ကိုယ်လုံးကိုဖြန့်ဝေပေးပါတယ်။ ကိုယ်တွင်းကလီစာတိုင်း ပုံမှန်အလုပ်လုပ်နိုင်ဖို့ အောက်ဆီဂျင်လိုအပ်ပြီး လုံလောက်အောင်မရခဲ့ရင် ဦးနှောက်၊ နှလုံးလိုအရေးကြီးကလီစာတွေအချိန်ခဏလေးနဲ့ ပျက်စီးသွားမှာပါ။ အခုဖြစ်ပွားနေတဲ့ကိုဗစ်ရောဂါကလည်း အဆုတ်တွေကိုအဓိကတိုက်ခိုက်တဲ့အတွက်သွေးတွင်းအောက်ဆီဂျင် ပမာဏစစ်ဆေးဖို့ အရင်ကထက်ပိုအရေးပါလာပါတယ်။ သွေးတွင်းအောက်ဆီဂျင်ပမာဏကိုသိရဖို့ အရင်တုန်းက သွေးဖောက်ယူပြီးစမ်းသပ်စစ်ဆေးရပေမဲ့ အခုချိန်မှာတော့ လက်ထိပ်မှာစက်လေးတပ်လိုက်ရုံနဲ့ တင် မိနစ်ပိုင်းအတွင်းသွေးတွင်းအောက်ဆီဂျင်ပမာဏ ကိုသိရှိနေနိုင်ပါပြီ။ ဒီစက်တွေကို Pulse Oximeter (ဒါမှမဟုတ်) SPO2 စက်လို့လည်းအလွယ်ခေါ်ဆိုကြ ပါတယ်။ နာကျင်မှုလုံးဝမရှိဘဲ တိုင်းတာပေးနိုင်ပြီး လက်ထိပ်မှာညှပ်ပြီးတိုင်းတာနိုင်ပါတယ်။ လက်ကိုညှပ်လိုက် ချိန်မှာစက်ရဲ့တစ်ဖက်က အလင်းထုတ်ပေးပြီး ဒီအလင်းရောင်ကလက်သည်း၊ အရေပြား၊ အသားစ၊ သွေး အကုန်လုံးကိုဖြတ်သန်းသွားပါတယ်။ အသားစနဲ့သွေးတွေမစုပ်ယူနိုင်ဘဲစက်ရဲ့ တစ်ဖက်ခြမ်းကိုရောက်သွားတဲ့ အလင်းပမာဏကိုစက်ကပြန်ဖမ်းယူပြီး သွေးတွင်းအောက်ဆီဂျင်ဓာတ်ကိုတွက်ထုတ်ပေးတာဖြစ်ပါတယ်။ သွေးတွင်းအောက်ဆီဂျင်ပမာဏက ပုံမှန်အတွင်းဆို ၉၅% နဲ့ ၁၀၀% ကြားရှိရမှာပါ (လေထုပါးလွှာတဲ့ တောင်ပေါ်ဒေသမှာနေတဲ့ သူတွေဆိုရင်တော့ ဒီထက်နည်းနိုင်ပါတယ်)။ စက်ပစ္စည်းတိုင်းလွဲချော်မှုအနည်းနဲ့ […]


ကူးစက်ရောဂါများ

ရုရှရဲ့ ကိုဗစ်ကာကွယ်ဆေးက ဆိုထားသလိုစွမ်းရဲ့လား

ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့မှာ ရုရှနိုင်ငံက ကမ္ဘာ့ပထမဆုံးကိုဗစ်ရောဂါကာကွယ်ဆေးကို ထုတ်လုပ်နိုင်ပြီလို့ ကြေညာခဲ့ပါတယ်။ တစ်ကမ္ဘာလုံးလည်း ကိုဗစ်ကြောင့်ဒုက္ခရောက်နေချိန်ဖြစ်လို့ ဝမ်းသာအားရနဲ့ ကြိုဆိုခဲ့ကြပါတယ်။ ကိုဗစ်ကဗိုင်းရပ်စ်ပိုးအမျိုးအစားဖြစ်တာကြောင့် ထိရောက်တဲ့ကာကွယ်ဆေးထိုးထားနိုင်ရင် ရောဂါကိုလုံးဝအမြစ်ပြတ်ချေမှုန်းနိုင်တော့မယ်ဆိုပြီး မျှော်လင့်ခဲ့ကြပေမဲ့ ရုရှကာကွယ်ဆေးနဲ့ပတ်သက်ရင် မရေရာတဲ့ကိစ္စတွေ တွေ့ရှိရပါတယ်။ ကာကွယ်ဆေးအသစ်တစ်ခုတီထွင်ထုတ်လုပ်ဖို့ဆိုတာ အချိန်အရမ်းပေးရပါတယ်။ အနည်းဆုံးက ၈ နှစ်ကနေ ၁၅ နှစ်/နှစ် ၂၀ အထိ လူပေါင်းများစွာကို အဆင့်ဆင့်စမ်းသပ်ပြီး စိတ်ချရပြီဆိုမှ အမြောက်အမြားထုတ်လုပ် သုံးစွဲနိုင်တာဖြစ်ပါတယ်။ ဒါတောင်ကာကွယ်ဆေးသုံးစွဲနေသူတွေမှာ အန္တရာယ်ဖြစ်နိုင်တဲ့သံသယလက္ခဏာတွေ တွေ့လာရရင် သုံးစွဲမှုကို ချက်ချင်းရပ်တန့်ပစ်ရပါသေးတယ်။ ကာကွယ်ဆေးထုတ်လုပ်တဲ့ပြိုင်ပွဲကို ပန်းဝင်ချင်ဇောနဲ့  အမြန်ထုတ်ကြွားလိုက်ရတဲ့ ရုရှကာကွယ်ဆေး အကြောင်းကိုသေချာလေ့လာကြည့်ရင် သံသယဖြစ်စရာအချက်တွေတွေ့ရမှာပါ။ ဘာတွေလဲဆိုရင် တိကျတဲ့သုတေသနပြုလုပ်မှုများ၊ ရလဒ်များ ကိုဗစ်ကာကွယ်ဆေးကိုတရားဝင်ဖြန့်ချိဖို့အတွက် သက်ဆိုင်ရာနိုင်ငံတွေက ဆေးပညာအဖွဲ့အစည်းတွေ၊ FDA အဖွဲ့တွေအပြင် ကမ္ဘာလုံးဆိုင်ရာကာကွယ်ဆေးအဖွဲ့အစည်းကြီးတွေပေါင်းစည်းထားတဲ့ COVAX အဖွဲ့မှာ အမှန်တကယ် ထိရောက်မှုရှိကြောင်း၊ သုံးစွဲနိုင်ကြောင်းမှတ်ကျောက်တင်အစစ်ဆေးခံရဖို့လိုပါတယ်။ Sputnik V […]


ကူးစက်ရောဂါများ

အန္တရာယ်အလွန်များတဲ့ သွေးတွင်းအောက်ဆီဂျင်မလုံလောက်ခြင်းပြဿနာ

အသက်ရှင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အောက်ဆီဂျင်ဓာတ်ကို ခန္ဓာကိုယ်အနှံ့အပြားရောက်အောင်သွေးကြောတွေတလျှောက် သယ်ယူ ပို့ဆောင်ပေးပါတယ်။ သွေးထဲမှာအောက်ဆီဂျင်ပမာဏ ရှိသင့်သလောက်မရှိတော့ရင် သွေးတွင်းအောက်ဆီဂျင်မလုံလောက်တဲ့ပြဿနာအဖြစ်သတ်မှတ်ပါတယ်။ Hypoxemia လို့ခေါ်တဲ့ ဒီကျန်းမာရေးပြဿနာကို အချိန်မှီကုသမှုမခံယူနိုင်ရင် အသက်အန္တရာယ်ပါထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ သွေးလွှတ်ကြောတွေရော သွေးပြန်ကြောတွေထဲမှာပါ အောက်ဆီဂျင်ဓာတ်ပါဝင်ပါတယ်။ ပုံမှန်အားဖြင့် သွေးလွှတ်ကြောထဲမှာ အောက်ဆီဂျင်ဓာတ် ၉၅% ကနေ ၁၀၀% အထိပါဝင်ပြီး သွေးပြန်ကြောထဲမှာဆိုရင် ၇၅% ဝန်းကျင်လောက်ရှိနေပါတယ်။ မွေးရာပါနှလုံးရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်လေပြွန်ရောင် ရောဂါ၊ အဆုတ်အားနည်းရောဂါ၊ နာတာရှည်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ၊ နမိုးနီးယားအဆုတ်ရောင် ရောဂါ စတဲ့ ရောဂါတွေခံစားရရင် သွေးတွင်းအောက်ဆီဂျင်ဓာတ်ကျဆင်းတတ်ပါတယ်။ အခုလက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်လိုကူးစက်မြန်အဆုတ်ရောင်ရောဂါမှာလည်း သွေးတွင်းအောက်ဆီဂျင်ရုတ်တရက်ကျဆင်းသွားတဲ့ လက္ခဏာတွေ့ရှိရပါတယ်။ ပတ်ဝန်းကျင်ကြောင့်သွေးတွင်းအောက်ဆီဂျင်ဓာတ် ကျဆင်းသွားတဲ့အခြေအနေ တွေလည်းရှိပါတယ်၊ ဥပမာ- လေထုအရမ်းပါးလွှာတဲ့နေရာတွေကိုရောက်သွားရင် အောက်ဆီဂျင်ဓာတ်နည်း သွားတဲ့အတွက်သွေးတွင်းအောက်ဆီဂျင်ဓာတ်ပုံမှန်ထက်ကျဆင်းသွားတာမျိုးမကြာမကြာကြုံရတတ်ပါတယ်။ သွေးတွင်းအောက်ဆီဂျင်ဓာတ် ရှိသင့်တာထက်နည်းနေပြီဆို ဒီလိုလက္ခဏာတွေခံစားရမှာပါ - ခေါင်းကိုက်ခြင်း - အသက်ရှုရခက်ခဲခြင်း - နှလုံးခုန်မြန်လာခြင်း - ချောင်းဆိုးခြင်း - […]


ကူးစက်ရောဂါများ

ကိုဗစ် antibody တွေဘယ်လောက်ခံသလဲ

(ကိုဗစ်ရောဂါဖြစ်ပြီး နောက်တစ်ခါထပ်ကူးစက်မခံရခင် ဘယ်လောက်ကြာကြာအချိန်ရမလဲဆိုတာပြောပြပါမယ်) ကိုဗစ်လိုကူးစက်ရောဂါတွေ ဝင်ရောက်တဲ့အချိန်မှာကိုယ်တွင်းကနေ ရောဂါကိုတိုက်ထုတ်ဖို့ ဆဲလ်တွေဖွဲ့စည်းပြီး antibodies တွေထုတ်လုပ်ပေးပါတယ်။ Helper T cell လို့ခေါ်တဲ့ ဒီဆဲလ်အမျိုးအစားတွေက ရောဂါပိုးတွေကို မှတ်သားထားနိုင်စွမ်းရှိပါတယ်။ ဒီဆဲလ်တွေက ဘယ်ပိုးဝင်ရင် ဘယ်လိုantibodies မျိုးထုတ်ပြီးတိုက်ရမလဲ ဆိုတာကိုသိကြပါတယ်။ ကိုဗစ်ရောဂါကူးစက်ခံရသူတွေမှာလည်း T cell တွေကရောဂါကို မှတ်သားထားတဲ့ အတွက် နောက်တစ်ကြိမ် ရောဂါမဝင်အောင်လုပ်ဆောင်ပေးနိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ ကိုဗစ်ရောဂါ နောက်တစ်ကြိမ်ဖြစ်ပွားသူတွေရှိလာတဲ့အတွက် သိပ္ပံပညာရှင်တွေအနေနဲ့ ကိုဗစ် antibodies နဲ့ပတ်သက် ပြီးလေ့လာမှုတွေလုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ဖြစ်နိုင်ခြေနည်းပေမဲ့ ကိုဗစ်ရောဂါက လူတစ်ယောက်မှာတစ်ကြိမ်ထက်ပိုပြီး ကူးစက်ဖြစ်ပွားနိုင်တယ်ဆိုတဲ့အချက်က အတော်လေးစိတ်ညစ်စရာပါ။ ဒါပေမဲ့ မကြာသေးခင်က အောက်စ်ဖို့ တက္ကသိုလ်နဲ့ အရီဇိုးနားတက္ကသိုလ်မှာ ပြုလုပ်ရရှိခဲ့တဲ့အဖြေတွေအရတော့ အားတက်စရာ ရလဒ်တွေ တွေ့ရပါတယ်။ အောက်စ်ဖို့တက္ကသိုလ်ကနေ လူ ၁၂၀၀ ကျော်နဲ့ စမ်းသပ်ပြုလုပ်ခဲ့တဲ့သုတေသနရလဒ်အရ ကိုဗစ်ကူးစက်ခံရတဲ့သူတွေမှာထွက်လာတဲ့ ကိုယ်တွင်း […]


ကူးစက်ရောဂါများ

ပဋိဇီဝပိုးတွေကို ဘယ်လိုသုတ်သင်နိုင်သလဲ။

ပဋိဇီဝပိုး တစ်နည်းအားဖြင့် ပိုးတွေသေဖို့ ဘာလုပ်နိုင်သလဲဆို အများစုက ပိုးသတ်ဆေးတွေ သောက်တာကို ပြေးမြင်ကြပါတယ်။ တကယ်တော့ ပိုးတွေ သေအောင် ဒါမှမဟုတ် ဆက်ပြီး မပွားအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ပဋိဇီဝပိုးတွေကို သုတ်သင်နိုင်မယ့် နည်းလမ်းများ အလွယ်ပြောရရင် ဓာတုပစ္စည်းတွေနဲ့ သုတ်သင်မလား ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းတွေနဲ့ သုတ်သင်မလားဆိုပြီး ခွဲထားပါတယ်။ ဓာတုပစ္စည်းများ ဆေးဝါးတွေကို ဆိုလိုတာပါ။ ဘက်တီးရီးယားအတွက် ပိုးသတ်ဆေး၊ ဗိုင်းရပ်စ်အတွက် ဗိုင်းရပ်စ်သတ်ဆေး၊ မှိုအတွက် မှိုသတ်ဆေး၊ ကပ်ပါးပိုးအတွက် ဆေး (ဥပမာ သန်ချဆေး) စတာတွေ အားလုံးပါဝင်ပါတယ်။ ဒီဆေးတွေက သောက်ဆေး၊ ထိုးဆေး၊ လိမ်းဆေး အစားစား ရှိပါတယ်။ နောက်ပြီး ကိုယ်ပေါ်မှာဖြန်းတဲ့၊ အရာဝတ္ထုတွေကို သန့်စင်ပေးတဲ့ ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ ဥပမာ ခုသုံးနေကြတဲ့ လက်သန့်ဆေးရည်တို့၊ မခွဲခင် အရေပြားမှာ […]


ကူးစက်ရောဂါများ

ကူးစက်တတ်တဲ့ ရောဂါများ အကြောင်း

ကမ္ဘာပေါ်မှာ ရောဂါတွေကို အမျိုးအစားခွဲကြည့်လိုက်မယ်ဆိုရင် ကူးစက်နိုင်တဲ့ရောဂါရယ် မကူးစက်နိုင်တဲ့ရောဂါရယ်ဆိုပြီး ရှိပါတယ်။ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို စတာတွေကတော့ မကူးစက်နိုင်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ တီဘီတို့၊ ကိုဗစ်တို့၊ HIVတို့ကတော့ ကူးစက်တတ်တဲ့ ရောဂါများ ပေါ့။ ကူးစက်တတ်တဲ့ ရောဂါများ က လူနေမှုအဆင့်အတန်း မြင့်မားပြီး စားကောင်းသောက်ကောင်းတွေ စားရတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ပိုဖြစ်တယ်။ သန့်ရှင်းရေး အားနည်းတဲ့ ဖွံ့ဖြိုးမှု နောက်ကျတဲ့နိုင်ငံမှာတော့ ကူးစက်နိုင်တဲ့ ရောဂါတွေ အဖြစ်ပိုများတယ်လို့ ပြောကြပါတယ်။ ဒီနှစ်ခုကြားက မြန်မာနိုင်ငံလိုမျိုး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာကတော့ နှစ်မျိုးလုံး အဖြစ်များပါတယ်။ ဒါကို double burdenလို့ ခေါ်ပါတယ်။ ကူးစက်တဲ့ရောဂါတွေက ပိုးမွှားတွေကြောင့် ဖြစ်တာမို့လို့ ဒီပိုးမွှားတွေကို သုတ်သင်နိုင်ရင် ရောဂါပျောက်ပါတယ်။ သူတို့ရဲ့ ကူးစက်ပုံကလည်း တစ်ခုနဲ့ တစ်ခုပါဘူး။ ဒီအကြောင်းကို […]


ကူးစက်ရောဂါများ

ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့အတူ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ ကိုဗစ်ကာကွယ်ဆေး

ကမ္ဘာတစ်လွှားမှာ ကိုဗစ်ကြောင့် စီးပွားရေးတွေ ထိခိုက်နေရသလို ဆုံးရှုံးနေရတဲ့ လူ့အသက်တွေကလည်း မနည်းပါဘူး။ ရောဂါခံစားနေရသူ အရေအတွက်ကလည်း ဒုနဲ့ဒေးပါ။ ဒီအချိန်မှာ နေ့စဉ် ဘဝတွေကို ပုံမှန်အတိုင်း လည်ပတ်နိုင်ဖို့ဆိုတာ ခက်ခဲပါ။ ကိုဗစ် စဖြစ်ကတည်းက ရပ်တန့်ထားရတဲ့ စီးပွားရေးတွေ ရှိသလို ခရီးသွားလာမှုတွေမလုပ်ရဘူး။ နေအိမ်တွေထဲမှာပဲနေရတယ်။ အလုပ်တွေကိုလည်း အိမ်ကနေပဲ လုပ်ရတော့ လူတွေ လွမ်းဆွတ်နေတာက ဘာဖြစ်မယ်ထင်လဲ။ ကိုယ်တိုင်ရော ဘာကို လွမ်းလဲ။ အရင်လို လွတ်လပ်ပျော်ရွှင်စွာနဲ့ ရောဂါပိုးကင်းပြီး သွားလာနေရတဲ့ အခြေအနေကိုဟုတ်။ ဒါကတော့ အခုချိန်မှာ လူတိုင်း တောင့်တနေမယ့် အရာပါ။ ဒီဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ့် မျှော်လင့်ချက်ရောင်ခြည်လေးတော့ သန်းလာခဲ့ပါပြီ။ ဒါကတော့ ရလဒ်ကောင်းတွေနဲ့ အောင်မြင်မှု လမ်းကြောင်းပေါ်ကို အရှိန်မှန်မှန်နဲ့ လျှောက်လှမ်းလာတဲ့ အမေရိကန်နိုင်ငံအခြေစိုက် ဆေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Moderna  ရဲ့ ကိုဗစ် […]


ကူးစက်ရောဂါများ

စျေးသက်သာပြီး သိုလှောင်သိမ်းဆည်းရလွယ်ကူတဲ့ အောက်ဖို့ဒ် ကိုဗစ်ကာကွယ်ဆေး

ကိုဗစ်ကာကွယ်ဆေးတွေ တစ်မျိုးပြီး တစ်မျိုး အောင်မြင်လာတာ ဝမ်းသာစရာသတင်းပါပဲ။ ဒီနိုဝင်ဘာလထဲမှာပဲ ကာကွယ်ဆေး သတင်းကောင်းတွေက ရက်ဆက်ဆိုသလို ကြားနေရတာပါ။ လအစမှာ Pfizerနဲ့  Modernaက ကာကွယ်ဆေးတွေ အောင်မြင်လုနီးပါး ဖြစ်နေပြီဆိုတာကို ကြေညာပြီး မရှေးမနှောင်းမှာပဲ အောက်ဖို့ဒ်ကလည်း သူ့ကာကွယ်ဆေးက ၉၀ရာခိုင်နှုန်းကျော် ထိရောက်တယ်ဆိုတာ နိုဝင်ဘာ ၂၃ရက်နေ့က ကြေညာခဲ့ပြန်ပါတယ်။ အောက်ဖို့ဒ်ရဲ့ ကိုဗစ်ကာကွယ်ဆေး အောက်ဖို့ဒ်နဲ့ AstraZenecaတို့ ပူးပေါင်းပြီး ထုတ်လုပ်တဲ့ ကာကွယ်ဆေးက ခုဆိုရင် စမ်းသပ်ဆဲ အဆင့် ၃ကို အောင်မြင်သွားပြီလို့ ပြောလို့ရပါတယ်။ နည်းလမ်းနှစ်မျိုးနဲ့ စမ်းသပ်ပြီးတဲ့နောက်မှာ ပျမ်းမျှခြင်း ၇၀.၄ ရာခိုင်နှုန်း အောင်မြင်မှု ရှိတာကို တွေ့ရပါတယ်။ နည်းလမ်း နှစ်မျိုးမှာ ပထမနည်းလမ်းက ၉၀ရာခိုင်နှုန်း အောင်မြင်ပြီး ဒုတိယနည်းလမ်းက ၆၂ ရာခိုင်နှုန်း အောင်မြင်ပါတယ်။ နည်းလမ်း နှစ်ခုလုံးမှာ ကာကွယ်ဆေးကို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း