backup og meta

COVID-19အကြောင်း တစေ့တစောင်း


Aye Thi Mon မှ ရေးသားသည်။ · 05/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    COVID-19အကြောင်း တစေ့တစောင်း

    ကိုရိုနာဗိုင်းရပ်စ်ဆိုတာ ဗိုင်းရပ်စ်အမျိုးအစားတစ်မျိုးပါ။ မျိုးစိတ်ပေါင်းများစွာရှိနေတဲ့ ဗိုင်းရပ်စ် တစ်မျိုးပေါ့။ ဒီဗိုင်းရပ်စ်ရဲ့ မျိုးစိတ်အချို့က ရောဂါဖြစ်စေနိုင်ပါတယ်။ အသစ်တွေ့ရှိထားတဲ့ ကိုရိုနာဗိုင်းရပ်စ် SARS-CoV-2 ကတော့ ကမ္ဘာတလွှားမှာ COVID-19 ကမ္ဘာ့ကပ်ရောဂါအသွင်နဲ့ လူသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေပါတယ်။

    COVID-19 ဆိုတာ

    • COVID-19ဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာက တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားလာတဲ့  ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်အသစ်ကြောင့် ဖြစ်ပွားတဲ့ ရောဂါပါ။
    • COVID-19 ရဲ့လက္ခဏာထဲမှာ ချောင်းဆိုးတာ၊ ဖျားတာ၊ ချမ်းတုန်တာ၊ ကြွက်သားတွေ ကိုက်ခဲတာ၊ လည်ချောင်းနာတာ၊ အသက်ရှူရခက်တာ၊ အသ်ရှူ ပြတ်တောင်းပြတ်တောင်းဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဝမ်းသွားတာ ခေါင်းကိုက်တာ၊ အနံ့အရသာ ပျောက်တာ၊ မအီမသာဖြစ်တာ၊ ခြေကုန်လက်ပမ်းကျတာ၊အော့အန်တာ၊ နှာစေးတာ၊ နှာပိတ်တာတွေ ခံစားရနိုင်ပါတယ်။ COVID-19 က ပြင်းထန်မယ်ဆိုရင်တော့ သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။
    • ကိုရိုနာဗိုင်းရပ်စ်ပိုးမျိုးစိတ် အသစ်က လူတစ်ဦးစီကနေ တစ်ဦးဆီကို ကူးစက်တာပါ။ ဓာတ်ခွဲစမ်းသပ်မှုတွေကနေတဆင့် စစ်ဆေးသိရှိနိုင်ပါတယ်။
    • အခုချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး မရှိသေးပါဘူး။ ကာကွယ်မှုကသာ အထိရောက်ဆုံးနည်းလမ်းပါ။ လက်ကို မကြာခဏဆေးကြောတာ၊ နှာချေ၊ ချောင်းဆိုးတဲ့အခါ နှာခေါင်းကို အုပ်တာ၊ အိမ်မှာပဲနေတာ၊ မတ်ခ်တပ်တာ၊ တစ်ဦးနဲ့ တစ်ဦး ခပ်ဝေးဝေးနေတာတွေက အထိရောက်ဆုံး ကာကွယ်နည်းအချို့ပါ။

    ကိုရိုနာဗိုင်းရပ်စ်အသစ် ဘယ်လို ပြန့်နှံလဲ။

    အခုချိန်ထိ သုတေသီတွေ လေ့လာတွေ့ရှိမှု အရကတော့ ကိုရိုနာဗိုင်းရပ်စ် အသစ်က ရောဂါပိုးရှိသူက နှာချေ၊ ချောင်းဆိုးလိုက်တဲ့အခါ ထွက်လာတဲ့ တံထွေးအစအနလေးတွေကနေတဆင့် ကူးစက်တာပါ။ ဒီအမှုန်လေးတွေက ခပ်ဝေးဝေးမရောက်နိုင်တာကြောင့် အနီးက အရာဝတ္ထုတွေ၊ မျက်နှာပြင်တွေအပေါ်မှာ ကျနေနိုင်ပါတယ်။

    ဒီဗိုင်းရပ်စ်က မျက်နှာပြင်တွေအပေါ်မှာ အချိန်အတော်ကြာ ရှင်သန်နေပြီး လူတစ်ဦးဆီကနေ တစ်ဦးဆီကို ကူးစက်တာပါ။ ဒါကြောင့် ပိုးသတ်သန့်စင်တာ၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေတာက အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။

    ကိုရိုနာဗိုင်းရပ်စ်က လူတစ်ဦးဆီကနေ တစ်ဦးဆို ဘယ်လို ကူးစက်သလဲ။

    COVID-19 က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ ပင်လယစာဈေးတစ်ခုကနေ စတင်ခဲ့တယ်လို့ ယူဆထားပေမယ့် ရောဂါဖြစ်ပွားရာ ဇစ်မြစ်ကို သိရှိနိုင်ဖို့ လေ့လာဆန်းစစ်မှုတွေ လုပ်ဆောင်နေဆဲပါ။

    အဆိုပါ ဈေးကို သွားရောက်ခဲ့တဲ့သူအချို့မှာလည်း ကိုဗစ်ကူးစက်ခံရတာကို တွေ့ရှိခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ထွက်ပေါ်ခဲ့တဲ့ လေ့လာမှု ရလဒ်တစ်ခုအရတော့ ရောဂါပိုး စတင်ကူးစက်ခံရသူဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဖျားနာမှု စတင်ခံစားခဲ့ရပြီး ပင်လယ်စာဈေးနဲ့ဆက်စပ်မှုမရှိတာကို တွေ့ရပါတယ်။ ဗိုင်းရပ်စ် စတင်ဖြစ်ပေါ်ရာနေရာကို လေ့လာဆန်းစစ်မှုတွေ လုပ်ဆောင်နေဆဲပါ။

    COVID-19 ရဲ့ ရောဂါလက္ခဏာ ဘယ်အချိန်မှာ စပေါ်လဲ။

    ရောဂါပိုး ကူးစက်ခံရပြီး ၂ရက် ကနေ ၁၄ ရက်အတွင်းမှာ ရောဂါလက္ခဏာ စတွေ့ရပါတယ်။

    COVID-19 ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

    COVID-19 ဖြစ်ပွားတဲ့အခါ

    • ချောင်းခြောက်ဆိုးတာ
    • ဖျားတာ
    • ချမ်းတုန်တာ
    • အသက်ရှူ ပြတ်တောင်း ပြတ်တောင်းဖြစ်တာ
    • အသက်ရှူရခက်တာ
    • လည်ချောင်းနာတာ
    • အနံ့ပျောက်တာ
    • အရသာ ပျောက်တာ
    • ဝမ်းသွားတာ
    • ခေါင်းကိုက်တာ
    • ပင်ပန်းနွမ်းနယ်တာ
    • မအီမသာဖြစ်တာ
    • အော့အန်တာ
    • နှာစေးတာ
    • နှာခေါင်းပိတ်တာ စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ Covid -19 ကရောဂါ ပြင်းထန်မယ်ဆိုရင် အသက်ရှူလမ်းကြောင်း ပြဿနာ၊ ကျောက်ကပ် ပျက်စီးတာ၊ သေဆုံးတာတွေအထိ ခံစားရနိုင်ပါတယ်။

    တကယ်လို့ အထက်ပါ လက္ခဏာထဲက တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီး ခံစားရမယ်ဆိုရင် နီးစပ်ရာ Fever Clinic ကို အမြန်ဆုံး သွားပြပေးပါ။ လိုအပ်တဲ့ စစဆေးကုသမှုကို ခံယူပြီး ထိရောက်တဲ့ ကာကွယ်မှုတွေကို လုပ်ဆောင်ပါ။ သီးသန့်ခွဲနေပါ။

    COVID-19 ကို ဘယ်လို စစ်ဆေးသိရှိနိုင်မလဲ။

    COVID-19 ကို စစ်ဆေး သိရှိနိုင်ဖို့က ခက်ခဲပါတယ်။ ဒီရောဂါက တုပ်ကွေး၊ အအေးမိတာတွေနဲ့ လက္ခဏာ ခပ်ဆင်ဆင် တူနေတတ်ပါတယ်။ ဓာတ်ခွ​ြ စမ်းသပ်မှုကပဲ တိကျတဲ့ အဖြေကို ထုတ်ပေးနိုင်မှာပါ။

    ဘယ်လို ကုသမလဲ။

    အခုချိန်ထိ COVID-19 ကို ကုသပေးနိုင်မယ့် နည်းလမ်းရယ်လိုပ တိတိကျက မရှိသေးပါဘူး။ ကာကွယ်ဆေးတွေကို စမ်းသပ်နေဆဲပါ။  ရောဂါကို သက်သာအောင် လုပ်ဆောင်ပေးနိုင်တဲ့ နည်းလမ်းတွေပဲ ရှိပါတယ်။

    COVID-19 က သေစေနိုင်လား။

    COVID-19 ​ကြောင့် ကမ္ဘာတလွှားမှာ သေဆုံးသူမနည်းပါဘူး။ ပြန်ကောင်းလာသူတွေလည်း ရှိပါတယ်။

    ဘယ်သူတွေ အဖြစ်များလဲ။

    COVID-19 က လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။

    • ရောဂါအခံရှိသူတွေ
    • သက်ကြီးရွယ်အိုတွေ
    •  ကလေးငယ်တွေကတော့ ကူးစက်ခံရနိုင်​ခြေ ပိုများပြီး ရောဂါခံစားရတဲ့အခါမှာလည်း ပိုမို ပြင်းထန်ပါတယ်။

    ဘယ်လိုကာကွယ်ရမလဲ။

    ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမို ထိရောက်ပါတယ်။ ဒီတော့ ကာကွယ်ဆေးအတွက် ကြိုးပမ်းနေကြဆဲဖြစ်တဲ့ COVID-19  အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင်

    • လက်ကို မကြာခဏဆေးကြောပါ။
    • နှာချေ၊ ချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ထားပါ။
    • အပြင်ထွက်ရင် မတ်ခ်တပ်ပါ။
    • တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေပါ။
    • မလိုအပ်ဘဲ အပြင် မထွက်ပါနဲ့။
    • လူစူလူဝေးကို ရှောင်ပါ။
    • အာဟာရ ပြည့်ဝအောင်စားပါ။
    • အိပ်ရေးဝဝအိပ်ပါ။
    • လေ့ကျင့်ခန်း လုပ်ပါ။

    ကိုဗစ်ကို ဘယ်လို ရင်ဆိုင်မလဲ။

    ကိုဗစ်ကို ရင်ဆိုင်နိုင်မယ့် အကောင်းဆုံးသော နည်းလမ်းက ကိုယ်ခံအားကောင်းဖို့ပါ။ ဒါကြောင့် တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်တာ၊ အာဟာရပြည့်ဝအောင်စားတာ၊ လက်ဆေးတာ၊ မတ်ခ်တပ်တာ၊ အိပ်ရေးဝဝအိပ်တာတွေ လုပ်ပြီး ကိုယ်ခံအားကို အားဖြည့်ပါ။ စိတ်ဖိစီးမှုကို ဖြေလျှော့လို့ နေရောင်ခြည်ရဲ့ နွေးထွေးမှုကို ရယူဖို့လည်း မမေ့ပါနဲ့။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 05/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement