backup og meta

Covid-19နဲ့ ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မိခင် တွေ ဘာတွေသိထားသင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Covid-19နဲ့ ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မိခင် တွေ ဘာတွေသိထားသင့်လဲ

    ကမ္ဘာပေါ်မှာ Covid-19ကြောင့် သေဆုံးသူဦးရေတွေ တစ်နေ့ထက်တစ်နေ့ များပြားလာတာနဲ့အမျှ ကိုယ်ဝန်ဆောင်မိခင် များအနေနဲ့ မိမိကိုယ်တိုင်ရော မွေးဖွားလာမယ့် ရင်သွေးလေးရဲ့ ကျန်းမာရေးအတွက်ပါ စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကိုယ်ဝန်ဆောင်မေမေတွေ အမေးများတဲ့ မေးခွန်းလေးတွေအတွက် အဖြေများကို ဖော်ပြပေးလိုက်ပါတယ်။

    Covid-19နဲ့ ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မိခင် တွေ ဘာတွေ သိထားသင့်လဲ

    (၁) ကိုယ်ဝန်ဆောင်မိခင် တွေက ကိုဗစ်ကူးစက်ခံရဖို့ အလားအလာများနေလား။

    ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုဗစ်ကူးစက်နိုင်ချေ ပိုမိုများနေသလားဆိုတာကို သက်သေပြချက်များ မရှိသေးပေမယ့်လည်း ကမ္ဘာ့ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာကြီး (CDC)ရဲ့ ထုတ်ပြန်ချက်အရ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုဗစ်ကူးစက်ခံရပါက ရောဂါလက္ခဏာတွေ ပိုမိုပြင်းထန်နိုင်တယ်လို့ သိရပါတယ်။ဒါ့ပြင် ကိုယ်ဝန်ဆောင်ချိန် ကိုဗစ်ကူးစက်ခံရပါက နောက်ဆက်တွဲဆိုးကျိုးတွေ ပိုမိုပြင်းထန်စွာ ခံစားရနိုင်ပါတယ်။ သွေးတိုးနဲ့ ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာဆို အထက်ပါ ဆိုးကျိုးတွေဖြစ်ဖို့ အလားအလာပိုများစေတာမို့လို့ ဂရုစိုက်သင့်ပါတယ်။

    (၂) Covid-19 ဗိုင်းရပ်စ်ဟာ မိခင်ကနေ ကလေးဆီသို့ ကူးစက်နိုင်လား။

    ကိုဗစ်ကူးစက်ခံရသူ မိခင်ရဲ့ အချင်းကနေ ကလေးဆီကို ကူးစက်နိုင်သလားဆိုတဲ့ အဖြေအတိအကျကို ပညာရှင်များ ဖော်ထုတ်နေကြဆဲ ဖြစ်ပါတယ်။ CDCရဲ့ ထုတ်ပြန်ချက်တစ်ခုအရ မွေးပြီးစ ကလေးငယ်တစ်ဦးကို စစ်ဆေးခဲ့ရာတွင် ကိုဗစ်အဖြေ Positiveထွက်ခဲ့ပေမယ့် မမွေးဖွားခင် ကူးစက်ခဲ့သလား၊ မွေးဖွားပြီးမှ ကူးစက်သလားဆိုတာ အဖြေရှာမရခဲ့ပါဘူး။

    (၃) ကိုယ်ဝန်ဆောင်စဉ်မှာ Covid-19ကူးစက်မခံရဖို့ အထူးလိုက်နာဆောင်ရွက်ချက်တွေ လိုအပ်လား။

    ကိုယ်ဝန်ဆောင်စဉ် ပုံမှန်ရက်ချိန်းပြပြီး စစ်ဆေးမှုခံယူဖို့ အလွန်အရေးကြီးပါတယ်။ ဒီအတွက် ဆေးရုံကို သွားတဲ့အခါမှာတော့ ကိုဗစ်မကူးစက်စေဖို့ ဂရုစိုက်ကာကွယ်မှုတွေ ပြုလုပ်ဖို့ လိုပါတယ်။ အရေးကြီးတာကတော့ ကိုယ်ဝန်ဆောင်ချိန် ပထမ၃လမှာဖြစ်စေ မွေးဖွားခါနီးကိုယ်ဝန်အရင့်အမာနဲ့ဖြစ်စေ လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုတွေကို ပုံမှန်ခံယူသင့်ပါတယ်။ ဆေးရုံသို့ သွားစဉ်မှာ နှာခေါင်းစည်းတပ်ခြင်း၊ အာဟာရပြည့်အောင် စားသောက်ခြင်း၊ အိပ်ရေးဝဝအိပ်စက်ခြင်း၊ စိတ်ဖိစီးမှုနည်းပါးအောင်နေခြင်းတို့ဖြင့် ကိုယ်ခံအားကောင်းအောင် ကြိုးစားသင့်ပါတယ်။

    (၄) Covid-19ကြောင့် ရင်သွေးလေးမီးဖွားဖို့ ကြိုတင်ပြင်ဆင်မှုတွေကို ထိခိုက်စေတော့မှာလား။

    ဆေးရုံတိုင်းနီးပါးမှာ Covid-19အတွက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းနဲ့ ဆောင်ရွက်ချက်တွေရှိနေပါတယ်။ ဒါကြောင့် စိုးရိမ်ပူပန်ဖို့မလိုဘဲ ပုံမှန်ပြသရမယ့် ရက်ချိန်းတွေကို သွားရောက်ပြသခြင်းဖြင့် ကိုယ်ဝန်ဆောင်သက်တမ်းတစ်လျှောက်မှာ ဖြစ်ပေါ်မယ့် ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မှာဖြစ်သလို မိခင်ရောရင်သွေးလေးရဲ့ ကျန်းမာရေးကိုလည်း အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်။

    (၅) ဒီကပ်ရောဂါကာလတွင်း စိုးရိမ်ပူပန်ရခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေကို ဘယ်လို ထိန်းချုပ်ရမလဲ။

    သာမန်အခြေအနေမျိုးမှာတောင်မှ ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတွေအတွက် စိုးရိမ်သောကများတဲ့ ကာလဖြစ်ပါတယ်။ ခုလို ကပ်ရောဂါကာလမှာဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်ရော မီးဖွားချိန်အတွက်ပါ ကြိုတင်ပူပန်မှုတွေ များနေရမှာဖြစ်ပါတယ်။ ဒီစိတ်ဖိစီးမှုတွေကို ပြေပျောက်ဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊ ယောဂကစားခြင်း၊ မိသားစု/သူငယ်ချင်းများနဲ့ စကားပြောဆိုခြင်း၊ သီချင်းနားထောင်ခြင်း စသည်ဖြင့် မိမိစိတ်ကို ပြေလျော့စေမယ့် နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။ တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်းတို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။

    ရေးသားသူ – Dr. Rose

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement