Lobelia (လိုဘီလီယာ)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

အသုံးပြုပုံများ

လိုဘီလီယာ ကို ဘာအတွက်အသုံးပြုကြသလဲ

Lobelia ကို အောက်ပါကျန်းမာရေးအခြေအနေအတွက် အသုံးပြုပါတယ်။

  • ပန်းနာရင်ကြပ်၊ လေပြွန်ရောင်ခြင်း၊ ကြက်ညှာချောင်းဆိုး၊ မွေးကင်းစကလေးများတွင် အသက်ရှုရပ်သွားခြင်း ကဲ့သို့သော အသက်ရှုလမ်းကြောင်း ပြဿနာများ။
  • စိတ်ပြေလျော့စေခြင်း
  • ချွေးထွက်များခြင်း
  • ကြွက်သားများ နာကျင်ခြင်း၊ လေးဘက်နာရောဂါကြောင့် အဆစ်တို့ တွင် အကျိတ်အဖုများ ဖြစ်နေခြင်း၊ အတွင်းကြေခြင်း၊ အဆစ်လွဲခြင်း၊ အကောင်ကိုက်ခြင်း၊ အပင်ဆိပ်မိခြင်း နှင့် ပွေးပေါက်ခြင်း။

Lobelia ကို အခြားအခြေအနေများအတွက်လည်း အသုံးပြုပါသေးတယ်။ ထပ်မံသိရှိလိုသည်များအတွက် ဆရာဝန်၊ ကျွမ်းကျင်သူတို့ကို မေးမြန်းပါ။

လိုဘီလီယာဘယ်လိုအလုပ်လုပ်လဲ

Lobelia မှာ အကျိအချွဲတွေကို နည်းပါးစေခြင်းအားဖြင့် ချောင်းဆိုးရ၊ အသက်ရှုရ လွယ်ကူအောင် လုပ်ပေးတဲ့ ဓါတုပစ္စည်းတွေ ပါဝင်ပါတယ်။ အထူးသဖြင့် ပန်းနာရင်ကြပ်သမားတွေမှာပေါ့။ Lobelia မှာ ပါတဲ့ ဓါတုပစ္စည်းတစ်မျိုးက နီကိုတင်းလို အစွမ်းရှိပါတယ်။

Lobelia ဘယ်လို အလုပ်လုပ် တယ်ဆိုတာ အတိအကျဖော်ပြနိုင်တဲ့ လေ့လာတွေ့ရှိချက်တွေ မရှိသေးပါဘူး။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်၊ ကျွမ်းကျင်သူတို့နှင့် ဆွေးနွေးပေးပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

လိုဘီလီယာ အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါ အကြောင်းအရာများ ဖြစ်နေပါက ဆရာဝန်၊ ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

  • ကိုယ်ဝန် ရှိနေခြင်း သို့မဟုတ် နို့တိုက်မိခင်ဖြစ်နေခြင်း။ ဘာကြောင့်လဲဆိုတော့ ကလေးနို့တိုက်စဉ်၊ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ဆရာဝန်ညွန်ကြားထားတဲ့ ဆေးများကိုသာ သောက်သုံးသင့်လို့ပါ။
  • အခြားဆေးများ သောက်သုံးနေခြင်း။ ဖြည့်စွက်ဆေးနှင့် ဘယဆေးတို့လို ဆရာဝန်ညွန်ကြားချက်မပါဘဲ အလွယ်တကူဝယ်ယူရရှိနိုင်မယ့် ဆေးတွေ အကုန် ပါပါတယ်။
  • Legalon ရဲ့ ပါဝင်ပစ္စည်းများနဲ့ အခြားဆေးဝါးတို့ဖြင့် ဓါတ်မတည့်ခြင်း။
  • အောက်ပါများကဲ့သို့သော နာမကျန်းခြင်း၊ မူမမှန်ခြင်းနှင့် ကျန်းမာရေး အခြေအနေများ ရှိနေခြင်း။
  • အနာပေါက်ခြင်း၊ Crohn’s disease၊ ပိုးဝင်ခြင်းများနှင့် အခြားအရာများ ကဲ့သို့သော အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • နှလုံးရောဂါ။ Lobelia က နှလုံးအပေါ် သက်ရောက်မှုရှိပါတယ်။ ပမာဏများလေ သက်ရောက်မှု ပြင်းလေပါပဲ။
  • အစားအစာ၊ ဆိုးဆေး၊ ကြာရှည်ခံဆေး နဲ့ တိရိစ္ဆာန်တို့ဖြင့် ဓါတ်မတည့်ခြင်းကဲ့သို့သော အခြား Allergy များရှိနေခြင်း။

Lobelia သောက်သုံးခြင်းက အခြားတွေဆေးဝါးသောက်သုံးခြင်းလောက် တိကျဖို့မလိုပါဘူး။ ဘယ်လောက်ဘေးကင်းတယ်ဆိုတာ ဆုံးဖြတ်ဖို့ နောက်ထပ်လေ့လာမှုတွေ လုပ်ရပါအုန်းမယ်။ ယင်းဆေးကို သုံးရင် ရမယ့် အကျိုးကျေးဇူးတွေက သူ့ရဲ့ ဆိုးကျိုးတွေထက် ပိုများပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူတို့နှင့် ဆွေးနွေးတိုင်ပင်ပေးပါ။

လိုဘီလီယာ က ဘယ်လောက်စိတ်ချရလဲ

ကလေးများအတွက်။ ကလေးတွေကို Lobelia ပေးရင် စိတ်ချလား မချရဘူးလားဆိုတာကတော့ မသိရသေးပါဘူး။ ကလေးကျန်းမာရေး ကျွမ်းကျင်သူတို့ရဲ့ ညွှန်ကြားမှုအောက်တွင်သာ ယင်းဆေးကို အသုံးပြုပါ။

ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များအတွက်။

Lobelia ကို သောက်ဆေးအဖြစ် သုံးမယ်ဆိုရင်တော့ ဘယ်သူ့အတွက်မှ စိတ်မချရပါဘူး။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ အဓိကဖြစ်စေတာကတော့ အော့အန်ခြင်းပါပဲ။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း၊ နို့တိုက်နေစဉ်အတွင်းမှာ Lobelia ကို မသုံးပါနှင့်။

ဘေးထွက်ဆိုးကျိုးများ

လိုဘီလီယာ ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

  • အစာအိမ်နှင့် အူလမ်းကြောင်းကို မသက်မသာ ဖြစ်စေနိုင်ပါတယ်။
  • ကိုယ်တွင်းနာ၊ Chron’s disease၊ အူရောင်ရမ်းနာများ (IBD)နှင့် အူလမ်းကြောင်း ပိုးဝင်ခြင်း ရှိနေသော လူများရဲ့ ရောဂါလက္ခဏာတွေကို ပိုမို ဆိုးဝါးစေနိုင်ပါတယ်။

လူတိုင်းတော့ ယင်းဆိုးကျိုးတွေကို မခံစားရနိုင်ပါဘူး။ အထက်တွင် မဖော်ပြထားသော ဆိုးကျိုးများလည်း ရှိနိုင်ပါသေးတယ်။ ဆိုးကျိုးတွေခံစားနေရပြီဆိုရင်တော့ ဆရာဝန်၊ ကျွမ်းကျင်သူတို့နှင့် တိုင်ပင်ဆွေးနွေးပေးပါ။

ဆေးဓါတ်ပြုမှုများ

လိုဘီလီယာ ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

Lobelia လက်ရှိသောက်သုံးနေသော ဆေးဝါးများ၊ ကျန်းမာရေးအခြေအနေများဖြင့် အချင်းချင်း သက်ရောက်မှုတွေ ရှိပါတယ်။ အသုံးမပြုခင် ဆရာဝန်၊ ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

စိတ်ပိုင်းဆိုင်ရာ ဆေးဝါးများ။ စိတ်ကျရောဂါ ပျောက်ဆေးများ၊ လစ်သီယမ်၊ စိတ်ငြိမ်ဆေးနှင့် ဆေးကြွဆေးများ ( ADADH တို့အတွက် ဆေးဝါးများ)

နီကိုတင်း အစားထိုးများ။ နီကိုတင်း ပလာစတာ၊ နီကိုတင်း ပီကယ်။

Chantix ( varencline) ။ Chantix ဟာ ဆေးလိပ်ဖြတ်ဆေးတစ်မျိုးပါ။ ယင်းဆေးက ဦးနှောက် ထဲမှာရှိတဲ့ ဒိုပါမင်း အနည်းအများအပေါ် သက်ရောက်ပါတယ်။

ဆေးရွက်ကြီး။ စီးကရက်နဲ့ မီးခိုးမထွက်သော ဆေးရွက်ကြီးများ

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

လိုဘီလီယာ အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

ဆေးလိပ်ဖြတ်ရန်အတွက်။ Lobelia တစ်နေ့ကို 5mg နှစ်ကြိမ်သို့မဟုတ် lozenges 0.5mg

အပွင့်တို့ကို ရိုးရိုးရှင်းရှင်း အသုံးပြုပုံ။ အအေးမိ ချောင်းဆိုးခြင်းအတွက်2g ကနေ 4g အတွင်း လက်ဖက်ရည် အဖြစ် နေ့စဉ်သောက်ပေးပါ

သောက်ရမည့်Lobelia ပမာဏသည် လူတစ်ယောက်နှင့်တစ်ယောက် မတူပါ။ ဆေးပမာဏသည် အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ နှင့် အခြားသော အခြေအနေများပေါ်တွင် မူတည်ပါတယ်။ Lobelia သည် အမြဲတမ်းတော့ စိတ်မချရပါဘူး။ သင့်တော်တဲ့ ဆေးပမာဏကို သောက်သုံးနိုင်ရန်အတွက် ဆရာဝန်၊ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင် ပေးပါ။

လိုဘီလီယာ က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Lobelia ကို အောက်ပါပုံစံများဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။

  • ဆေးအရည၊် တင်ချာ နှင့် Lobelia အခြောက်များ ပါသော ဆေးတောင့်များနှင့် လက်ဖက်ရည်များ
  • လိမ်းဆေး၊ လိုးရှင်းနှင့် ပလာစတာ

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ဆေးစစ်ချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ရဲ့ နောက်ဆက်တွဲ COVID Haulerဆိုတာ

ကိုဗစ် ဖြစ်ပြီးသွားပေမယ့် နာတာရှည် ဝေဒနာတွေက သုံးလလောက်အထိ ကျန်နေတတ်ပါတယ်။ ဒါကြောင့် ကိုဗစ်ကူးပြီးရင်တောင် အကောင်းတိုင်း ကျန်ပါဦးမလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကိုဗစ်ကာလမှာ Gym ပြန်ကစားတော့မယ်ဆိုရင်…

ကိုဗစ် ကပ်ဘေး Gym Mask ပိုးသန့်စင် ရောဂါပိုး ကူးစက် အရက်ပြန် အသက်ရှူ အလေးတုံး လေ့ကျင့်ခန်း ရေချိုး ချောင်းဆိုး နှာချေ နည်းပြဆရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

အအေးမိခြင်း

အအေးမိဖျားနာဆိုတာ သာမန်ရောဂါပါပဲ။ ကာကွယ်နည်းတွေကို စနစ်တကျ လိုက်နာရင် ဖြစ်နိုင်ခြေ နည်းသွားမှာပါ။ ခုခံအားကောင်းနေမယ်ဆိုရင် မြန်မြန်သက်သာမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အဆုတ်တီဘီရောဂါ

အဆုတ်တီဘီရောဂါက အဖြစ်များတဲ့ရောဂါတစ်ခုပါ။ ဒါပေမယ့် ဆေးတွေကို သေချာသောက်ပြီး ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာမယ်ဆိုရင် သက်သာပျောက်ကင်းနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 3 mins read
အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်

အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read
ဘေဘီလေး နဲ့ ကြက်သွန်နီ

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းများ

အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 3 mins read