အသုံးပြုပုံများ
လန်တီနင် ကို ဘာအတွက်အသုံးပြုကြသလဲ
Lentinanဆိုတာ ရှီတကီမှိုကနေရတဲ့ 1,3 beta glucan လို့ခေါ်တဲ့သကြားတစ်မျိုးပဲဖြစ်ပါတယ်။
- ကင်ဆာနှင့်ကူးစက်ရောဂါများကို ကာကွယ်ရန်နှင့်ကုသရန်
- ကိုလက်စ်ထရောကျစေရန်
- ခုခံအားကောင်းစေရန် တို့အတွက် အသုံးပြုကြပါတယ်။
ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေကတော့ ကင်ဆာနှင့်ကူးစက်ရောဂါများတွင် ပေးသောဆေးများ၏အာနိသင်ကို ပိုမိုကောင်းစေရန် lentinan ကိုအသုံးပြုကြပါသည်။ အခြားအသုံးပြုသည်များလည်း ရှိနိုင်ပါသေးသည်။ ဒီထက်ပိုပြီးသိရဖို့အတွက် သင့်ဆရာဝန် သို့ ဆေးဝါးပညာရှင်ကိုမေးမြန်းသင့်ပါတယ်။
လန်တီနင်ကဘယ်လိုအလုပ်လုပ်လဲ
ဒီဆေးဘက်ဝင်အပင်ထွက်ဖြည့်စွက်စာဘယ်လိုအလုပ်လုပ်တယ်ဆိုတာသိရဖို့ စမ်းသပ်မှုတွေလုံလုံလောက်လောက်မလုပ်ရသေးပါဘူး။ ဒီထက်ပိုပြီးသိရဖို့အတွက်သင့်ဆရာဝန် သို့ ဆေးဝါးပညာရှင်ကိုမေးမြန်းသင့်ပါတယ်။ သို့သော်လည်း အချို့လေ့လာချက်တွေအရတော့ အောက်ပါရောဂါများတွင် အသုံးပြုကြပါတယ်။
- ကင်ဆာကုသရန်နှင့် ကာကွယ်ရန်
များစွာသောစမ်းသပ်မှုတွေမှာတော့ lentinan ကို ကင်ဆာဓါတုကုထုံးနှင့် အတူပေးခြင်းဟာ အစာအိမ်၊ ဆီးကျိတ်၊အူသိမ်နဲ့ အသည်းကင်ဆာတွေမှာ လူနာကိုပိုပြီး အသက်ရှည်စေကြောင်း တွေ့ရှိရပါတယ်။ ဓါတ်ခွဲခန်းလေ့လာမှုများတွင်တော့ lentinan ဟာ ကင်ဆာဆဲလ်တွေကို တိုက်ရိုက်သတ်ပေးတာမဟုတ်ပါဘူး။ အဲ့ဒီအစား သူဟာခုခံအားစနစ်ကို ကောင်းစေပြီး အကျိတ်တွေရဲ့ကြီးထွားမှုကို နှောင့်နှေးစေတာပဲဖြစ်ပါတယ်။
- ကိုလက်စ်ထရောပမာဏကျစေရန်
ဓါတ်ခွဲခန်းတွင်လေ့လာစမ်းသပ်မှုတွေကတော့ ဒီလိုအသုံးပြုမှုကိုထောက်ခံကြပါတယ်။ ဒါပေမယ့် ဘယ်လောက်အာနိသင်ထိရောက်လဲဆိုတဲ့ အချက်ကတော့ အထောက်အထားကင်းမဲ့ဆဲဖြစ်သည်။
- ခုခံအားစနစ်ကောင်းစေရန်
ဓါတ်ခွဲခန်းနှင့်လူများတွင်လေ့လာစမ်းသပ်မှုများအရ lentinan သည် ခုခံအားကောင်းစေတဲ့ဆဲလ်တွေရဲ့ ဆောင်ရွက်မှုတွေကို ပိုမိုအားကောင်းစေပါတယ်။
- ရောဂါကူးစက်မှုများကိုကုသရန်
ဓါတ်ခွဲခန်းလေ့လာမှုများအရ lentinan သည် ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို တိုက်ရိုက်သတ်နိုင်ပါတယ်။
ပိုမိုသိရှိလိုပါက ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် မေးမြန်းနိုင်ပါတယ်။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
လန်တီနင် အသုံးမပြုခင် ဘာတွေသိသင့်သလဲ
- အကယ်၍သင်ဟာ ကိုယ်ဝန်ဆောင်နေစဉ် သို့ နို့တိုက်နေစဉ်ကာလဖြစ်လျှင် ဆေးတွေကိုဆရာဝန်ခွင့်ပြုချက်ရမှသာ သောက်သုံးသင့်ပါတယ်။
- အကယ်၍သင်သည် အခြားဆေးဝါးများကိုမှီဝဲနေလျှင် (အခြားဆေးဝါးများဆိုရာတွင် ဆရာဝန်ခွင့်ပြုချက်မပါပဲ အပြင်မှာ ဝယ်သောက်နေသောဆေးများလည်း ပါဝင်ပါတယ်။)
- သင့်တွင်ဖျားနာခြင်း ၊ရောဂါဝေဒနာများနှင့် အခြားကျန်းမာရေးပြဿနာများရှိနေလျှင် ၊
- သင့်တွင် အစားအစာများ ၊ ဆိုးဆေးများ နှင့် တိရိစ္ဆာန်များနှင့်ဓါတ်မတည့်ခြင်းရှိလျှင်
ဆေးမသုံးစွဲမီဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါသည်။
ဆေးဘက်ဝင်အပင်ထွက်ဖြည့်စွက်စာများအတွက် လိုက်နာရသော စည်းကမ်းသည် ဓါတုဆေးဝါးများလောက် တင်းကြပ်ခြင်း မရှိပါ။ သို့သော် ဘေးကင်းစိတ်ချရမှု အတွက်တော့ လေ့လာစမ်းသပ်မှုတွေ လိုပါသေးတယ်။ lentinan အသုံးပြုခြင်းဖြင့်ရတဲ့ အကျိုးကျေးဇူးများဟာ ဖြစ်လာနိုင်သော ဘေးထွက်ဆိုးကျိုးထက် ပိုများဖို့ လိုအပ်ပါတယ်။ အသေးစိတ်သိရဖို့ ဆရာဝန် သို့ အပင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လန်တီနင် က ဘယ်လောက်စိတ်ချရလဲ
ကိုယ်ဝန်ဆောင်နှင့်နို့တိုက်နေစဉ်မှာ lentinan သုံးစွဲခြင်းဟာ စိတ်ချရမှုရှိမရှိကို လုံလောက်သော လေ့လာထားမှုမရှိသေးပါ။ ဒါကြောင့်မို့ အသုံးမပြုတာအကောင်းဆုံးပါ။
ဘေးထွက်ဆိုးကျိုးများ
လန်တီနင် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ
Lentinan သုံးစွဲမှုဟာ စိတ်ချရမှု ရှိမရှိနှင့် ပတ်သက်ပြီး လုံလောက်သော အချက်အလက်များ မရှိပါ။ Lentinan ဟာ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ နာကျင်ခြင်း ၊ အနီကွက်များထွက်ခြင်း ၊ကြွက်သားများနာကျင်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းနဲ့ သွေးခဲတာကိုကြာစေခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ လူတိုင်းတော့ဒီလိုဆိုးကျိုးတွေကိုမခံစားရပါဘူး။ အထက်ဖော်ပြပါ စာရင်းထဲမှာမပါတဲ့ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဆိုးကျိုးတွေနဲ့ပတ်သတ်ပြီး ထပ်သိချင်သေးရင်တော့ ဆရာဝန်နဲ့မေးမြန်းတိုင်ပင်သင့်ပါတယ်။
အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်
ဆေးဓါတ်ပြုမှုများ
လန်တီနင် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ
ဆေးဘက်ဝင်အပင် ဖြည့်စွက်စာတွေဟာ ဆေးတွေနဲ့ သက်ရောက်ဓါတ်ပြုမှုရှိနိုင်ပါတယ်။ ဒါကြောင့် မသုံးစွဲခင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ အထူးသဖြင့် lentinan ဟာ Zidovudine (AZT) လိုဆေးတွေရဲ့ အာနိသင်တွေကိုပိုတိုးစေပါတယ်။
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
သောက်သုံးရန်အညွှန်း
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
လန်တီနင် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ
Lentinan ကို HIV၊ AIDS လူနာတွေမှာ ခုခံအားကောင်းစေဖို့ပေးကြပါတယ်။
ဒီဆေးဝါးရဲ့သုံးစွဲရမည့်ပမာဏဟာ တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး။ သင့်ရဲ့အသက်၊ကျန်းမာရေးနဲ့အခြားအခြေအနေတွေအပေါ်မူတည်ပြီး ပမာဏဟာ ကွာခြားသွားကြပါတယ်။ အပင်ထွက်ဖြည့်စွက်စာတွေဟာလည်း အမြဲစိတ်မချရပါဘူး။ ဒါကြောင့် သင့်အတွက်သင့်တော်မယ့် ဆေးပမာဏအတွက်ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။
လန်တီနင် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ
အပင်ထွက်ဖြည့်စွက်စာကို ဆေးတောင့် နဲ့ ထိုးဆေးဟူ၍ ပုံစံနှစ်မျိုးဖြင့်ရနိုင်ပါတယ်။
Hello health group သည် ကျန်းမာရေးဆိုင်ရာအကြံပေးခြင်း၊ကာကွယ်စောင့်ရှောက်ခြင်းနှင့် ကုသခြင်းတို့ကို မပြုလုပ်ပေးပါ။
Translated by
Phyo Wai Yan
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။