အသုံးပြုပုံများ
Cematis ကို ဘာအတွက်အသုံးပြုကြသလဲ
clematis ပင်ကို ဘေးထွက်ဆိုးကျိုးများရှိသော်လည်း၊ အဆစ်အမြစ်ရောင်ခြင်း၊ခေါင်းကိုက်ခြင်း၊ သွေးပြန်ကြောဖောင်းခြင်း၊ ကာလသားရောဂါ၊ ဂေါက်ရောဂါ၊ အရိုးရောဂါများ၊ အရေပြားရောဂါများနှင့် ခန္ဓါကိုယ်တွင် အရည်ဓါတ်စုခြင်းတို့ကို ကုသရန် အသုံးပြုကြသည်။
အချို့က ဆေးပင်ကို အရေပြားပေါ်တွင် အရေကြည်ဖုပေါက်ခြင်း၊ ပိုးဝင်သော ဒဏ်ရာများ၊အနာများကို ကုသရန် တိုက်ရိုက်လိမ်ခြင်းအားဖြင့် အသုံးပြုကြသည်။
Cematis ဘယ်လိုအလုပ်လုပ်လဲ
ဤဆေးပင်နှင့် ပတ်သတ်ပြီး လုံလောက်သော လေ့လာမှုများမရှိသော်လည်း ပိုမိုသိရှိနိုင်ရန် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် ဆေးပင်မှ ရသော လတ်ဆတ်သော အရည်တွင် အဆီတစ်မျိုးဖြစ်သော protoanemonin ပါပြီး ၎င်းသည် အရေပြားနှင့် အမြှေးပါးများကို စားလောင်စေသည် ဟု လေ့လာမှုအချို့ ပြဆိုကြသည်။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Cematis အသုံးမပြုခင် ဘာတွေသိသင့်သလဲ
ဆေးလွန်ခြင်းကို ကုသရန် မီးသွေးကို အသုံးပြုရသည်။
ဤဆေးပင်နှင့် ပတ်သတ်ပြီး တိတိကျကျ မသိရသောကြောင့် ခေတ်မီသော ကုထုံးများကို အသုံးပြုခြင်းသည် ဘေးကင်းစိတ်ချရပါသည်။
ဆေးဘက်ဝင် အပင်များကို အသုံးပြုသည့် အခါတွင် ဓါတုဆေးဝါးများကို အသုံးပြုသည်ထက် လိုက်နာရမည့် စည်းမျဉ်းများ နည်းတတ်သည်။ ဘေးကင်းစွာ အသုံးပြုနိုင်ရန် လေ့လာမှုများကို ပိုမိုပြုလုပ်ရန်လိုသည်။ ဤဆေးပင်ကို အသုံးပြုရာတွင် အန္တရာယ်ရှိနိင်သည် ဆိုသည်ကို သတိပြုရမည်။ ပိုမိုသိရှိနိုင်ရန် သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။
Cematis က ဘယ်လောက်စိတ်ချရလဲ
ဤဆေးပင်ကို လတ်ဆတ်သောအပင်ကို အသုံးပြုရန်နှင့် အရေပြားပေါ်သို့ တိုက်ရိုက်လိမ်းခြင်းသည် ကိုယ်ဝန်ရှိနေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် စိတ်မချရပါ။ အပင်အခြောက်ကို သောက်ရန် သို့မဟုတ် လိမ်းရန်သည်လည်း စိတ်ချရသည်ဟု သေသေချာချာမသိကြရပါ။ ထို့ကြောင့် ဘေးကင်းစေရန် အသုံးမပြုသင့်ပါ။
ဘေးထွက်ဆိုးကျိုးများ
Cematis ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ
ဤဆေးပင်တွင် သေဆုံးနိုင်ခြင်း အပါအဝင် ဘေးထွက်ဆိုးကျိုးများစွာရှိသည်။
• အမြှေးပါးများ ဓါတ်မတည့် ရောင်ယမ်းခြင်း၊
• ဗိုက်ရစ်နာခြင်း၊ ဝမ်းပျက်ခြင်း။
• ရောင်ယမ်းနာကျင်စေခြင်း။
• အလွန်အမင်း ဓါတ်မတည့်ခြင်း။
• ခေါင်းမူးခြင်း၊ တက်ခြင်း၊ စိတ်ရှုပ်ခြင်း။
ဆေးပင်ကိုအသုံးပြုသော လူတိုင်း ထိုဘေးထွက်ဆိုးကျိုးများရှိမည်ဟု မဆိုလိုပါ။ သို့သော် အခြားသော ဆိုးကျိုးများလည်း ရှိနေနိင်သည်။ အကယ်၍ အခြားသော ဘေးထွက်ဆိုးကျိုးများကို စိတ်ပူပါက သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။
အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်
ဆေးဓါတ်ပြုမှုများ
Cematis ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
ဤဆေးပင်သည် အခြားသော သင်အသုံးပြုနေသော ဆေးဝါးများနှင့် ဓါတ်ပြုမှုများရှိနိုင်သည်။ အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ အနောက်တိုင်းဆေးများနှင့် အတူသောက်ခြင်းကို ရှောင်ပါ။
သောက်သုံးရန်အညွှန်း
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
Cematis အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ
ရေထဲတွင် အဆီအနှစ် ဝ.၅ မှ ၂ မီလီလီတာအထိ ကို တစ်နေ့လျှင် သုံးကြိမ် ရောစပ်သောက်သုံးနိုင်သည်။
ဤဆေးပင်ကို အသုံးပြုလေ့ရှိသော ပမာဏမှာ လူနာတစ်ယောက်ချင်းစီတွင် ကွာခြားနိုင်ပါသည်။ သောက်ရမည့် ပမာဏသည် လူနာ၏ အသက်၊ ကျန်းမာရေး၊ နှင့် အခြားသော အခြေအနေများတွင် မူတည်ပါသည်။ ဘယဆေးပင်များသည် အမြဲတမ်း စိတ်မချရပါ။ ထို့ကြောင့် ဆေးပင်ကျွမ်းကျင်သူ သို့မဟုတ် ဆရာဝန်နှင့် သင့်တော်သောပမာဏကို ဆွေးနွေးပါ။
Cematis က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ
ဤဘယဆေးပင်ကို အောက်ပါ ပုံစံများနှင့် ရနိုင်သည်။
• အဆီအနှစ်
• ဆေးအရည်
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။