အသုံးပြုပုံများ
ချစ်တိုစံ ကို ဘာအတွက်အသုံးပြုကြသလဲ
ရေသတ္တဝါများဖြစ်သော ပုစွန်ဆိပ်၊ ကျောက်ပုစွန်၊ ဂဏန်း တို့မှာတွေ့ရတဲ့ ပစ္စည်းတစ်မျိုးဖြစ်တယ်။ မှို၊ တဆေး တို့မှာလည်းတွေ့ရပါတယ်။ Chitosan ဟာ chitin ရဲ့ဓါတုဗေဒပုံစံဖြစ်တယ်။
အဝလွန်ခြင်း၊ ကိုလက်စရော(cholesterol) များခြင်း၊ Crohn’s ရောဂါများအတွက်သုံးတယ်။ သွေးတွင်း cholesterol များခြင်း၊ သွေးအားနည်းခြင်း၊ အားမရှိခြင်း၊ စားချင်စိတ်နည်းခြင်း၊ အိပ်မပျော်ခြင်း တို့ကဲ့သို့ ကျောက်ကပ်ဆေးရသော လူနာများကြုံရတတ်သည့် အခြေအနေတွေအတွက်လည်း သုံးနိုင်ပါသေးတယ်။
သွားဖုံးရောင်ခြင်းအတွက် သွားဖုံးကိုလိမ်းတတ်ကြသလို၊ သွားပိုးစားခြင်းကာကွယ်ရန် chitosan ပါသောပီကေများ စားတတ်ကြပါတယ်။
ဘယ်လိုအလုပ်လုပ်လဲ
ထိုဆေးဖက်ဝင်ဖြည့်စွတ်စာလုပ်လုပ်ပုံနဲ့ပတ်သတ်လို့ လုံလောက်တဲ့လေ့လာမှုတွေမရှိသေးပါဘူး။ ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးပင်ကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးမေးမြန်းနိုင်ပါတယ။် ဒါပေမယ့် ပရိုတင်းကိုစုပ်ယူပြီး အာရုံကြောဆဲလ်တွေကို ကပ်တွယ်နိုင်ကာ အာရုံကြောပြန်လည်ဖွဲ့စည်းခြင်းကို အာပေးတာကိုတော့ လေ့လာတွေ့ရှိထားပါတယ်။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
ချစ်တိုစံ အသုံးမပြုခင် ဘာတွေသိသင့်သလဲ
ပူလွန်းသော၊ စိုထိုင်းသော နေရာမှဝေးရာ ခြောက်သွေ့ရာနေရာမှာသိမ်းဆည်းပါ။
အခွံမာငါးနဲ့မတည့်သူများ မသုံးသင့်ပါ။
ဆေးဖက်ဝင်ဖြည့်စွတ်စာတွေရဲ့ စည်းမျဉ်းတွေက ဆေးတွေလောက် စည်းကမ်းမတင်းကြပ်ပါဘူး။ ဘေးကင်းမှုကို ထောက်ခံပေးဖို့က လေ့လာမှုတွေအများကြီးလိုအပ်ပါတယ်။ ထိုကဲ့သို့ဆေးဖက်ဝင်ဖြည့်စွတ်စာတွေကို မမှီဝဲမီ ရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ချင့်ချိန်သင့်တယ်။ ဒါကြောင့် ဆရာဝန် သို့မဟုတ် ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးကြည့်ပါ။
ချစ်တိုစံ က ဘယ်လောက်စိတ်ချရလဲ
လေ့လာမှုတွေမပေါ်သေးသ၍ Chitosan ကို ကလေး၊ ကိုယ်ဝန်သည်၊ နို့တိုက်မိခင်တို့မှာမသုံးရပါ။
ဘေးထွက်ဆိုးကျိုးများ
ချစ်တိုစံ ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ
- သွေးပေါင်ကျခြင်း
- ဝမ်းချုပ်ခြင်း၊ လေပွခြင်း၊ ဝမ်းတွင်အဆီများပါခြင်း၊ ပိန်ခြင်း
လူတိုင်းက ထိုဘေးထွက်ဆိုးကျိုးတွေမရပါဘူး။ ဖော်ပြထားတာတွေထဲမပါတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေးထွက်ဆိုးကျိုးနဲ့ပတ်သတ်လို့ စိတ်ပူတာတွေရှိရင် ဆရာဝန်၊ ကျွမ်းကျင်သူတို့ကို ပြောပြတိုင်ပင်နိုင်ပါတယ်။
အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်
ဆေးဓါတ်ပြုမှုများ
ချစ်တိုစံ ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ
သင်အခုသောက်နေတဲ့ဆေးတွေနဲ့ ဓါတ်ပြုတုံ့ပြန်ခြင်းတွေရှိနိုင်ပါတယ်။ ဒါတွေကိုရှောင်ဖို့အတွက် ခုသုံးစွဲနေတဲ့ဆေးတွေအကုန်လုံးကို ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးဆရာဝန်ကိုပြောပြတိုင်ပင်ပါ။
တစ်ရက် 2.4 g မှီဝဲပါက သွေးမခဲနိုင်သောအာနိသင်ရှိပါတယ်။
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
သောက်သုံးရန်အညွှန်း
ချစ်တိုစံ အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ
ဒီအချက်အလက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေအတွက် အစားထိုးမဟုတ်ပါဘူး။ အမြဲဆရာဝန်နဲ့တိုင်ပင်ပါ။
လူနာအသီးသီးအတွက် ပမာဏအသီးသီးဖြစ်နိုင်တယ်။ အသက်၊ ကျန်းမာရေးအခြေအနေ နဲ့ တခြားအချက်တွေ အများအပြားပေါ်မူတည်နိုင်ပါတယ။် ကျန်းမာရေးဖြည့်စွတ်စာတွေဟာ အမြဲဘေးကင်းနေတာတော့မဟုတ်တာကြောင့် ဆရာဝန်နဲ့သေချာဆွေးနွေးတိုင်ပင်ဖို့တော့ လိုပါလိမ့်မယ်။
ချစ်တိုစံ က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ
အမှုန့်၊ ဆေးခဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။