backup og meta

ပဒဲကော ရနံ့မွှေးရုံတင်မဟုတ် ကျန်းမာရေးပါ အကျိုးထူးပေးပါတယ်

ပဒဲကော ရနံ့မွှေးရုံတင်မဟုတ် ကျန်းမာရေးပါ အကျိုးထူးပေးပါတယ်

မုန့်တီလေး ချက်ချက်၊ တုန်ယမ်း ဟင်းချိုလေး ချက်ချက်၊ ချဉ်စပ်ဟင်းချိုလေး ချက်ချက် အနံ့ မွှေးအောင်ဆိုပြီး ထည့်လေ့ရှိကြတဲ့ ရနံ့မွှေးပြီး ခံတွင်း ရှင်းစေတဲ့ ပဒဲကောက ခန္ဓာကိုယ်အတွက် ဘယ်လောက်ထိ အထောက်အကူပြုလဲ ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေ။

ပဒဲကော ဆိုတာ

ဟင်းခတ် အမွှေးအကြိုင် တစ်ခုပါ။ ချင်း(ဂျင်း) လိုမျိုး အတောင့်လေး ဖြစ်ပြီး အပေါ်ခွံက ခပ်ဖြူဖြူလေးပါ။ ဟင်းချက်တဲ့အခါ ထုထောင်းပြီး ထည့်လို့ရသလို ခပ်ပါးပါးလှီးပြီး ထည့်လို့လည်း ရပါတယ်။

ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ……..

ပဒဲကောမှာ

  • ကယ်လ်လိုရီ
  • ကာဗိုဟိုက်ဒရိတ်
  • အမျှင်ဓာတ်
  • ပရိုတင်း
  • အဆီ
  • ဗီတာမင် C တို့ပါဝင်နေပါတယ်။

ပဒဲကောကပေးတဲ့ ကျန်းမာရေးအာနိသင်

ပဒဲကောကို စားသုံးပေးတာက

  • အဆစ်နာတာကို သက်သာစေနိုင်တယ်

ပဒဲကောက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် နာကျင်ရောင်ရမ်းမှုကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ အဆစ်ရောင်တာ၊ အဆစ်နာရောဂါနဲ့ လေးဖက်နာရောဂါတွေကြောင့် အရိုးအဆစ်တွေ နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့အတွက် ပဒဲကောကို စားသုံးပေးလို့ရပါတယ်။

  • သွေးစီးဆင်းမှုကို ကောင်းစေတယ်

ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေတာကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သွေးစီးဆင်းမှုကို ကောင်းစေသလို အရေပြားတစ်ရှုးတွေကိုလည်း အားဖြည့်ပေးပါတယ်။

အရေပြား အပါအဝင် ဦးရေပြားကိုပါ သွေးစီးဆင်းမှု ကောင်းစေသလို ဆံပင်သန်စေနိုင်ပါတယ်။ ခန္ဓာကိုယ်အနှံ့ကို သွေးစီးဆင်းမှု ကောင်းစေပြီး ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်မှာပါ။

  • အစာကြေစေနိုင်တယ်

ပဒဲကောက အစာကြေစေနိုင်ပြီး အစာအိမ်ပြဿနာကို သက်သာစေနိုင်သလို ၊ ဝမ်းပျက်ဝမ်းလျှောတာကိုလည်း အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ ကြို့ထိုးတာကိုသက်သာစေဖို့အတွက်လည်း  ပဒဲကောကို စားသုံးပေးလို့ရ ပါတယ်။

  • သိမြင်မှုစွမ်းရည်ကောင်းစေနိုင်တယ်

ပဒဲကောမှာ သိမြင်မှုစွမ်းရည်ကိုကောင်းမွန်စေနိုင်တဲ့ ACA ဆိုတဲ့ ဒြပ်ပေါင်းတစ်မျိုးပါဝင်နေပါတယ်။ ဒါကြောင့် ပဒဲကောကို စားသုံးပေးတာက အသက်အရွယ်ကြောင့်ဖြစ်တဲ့ သတိမေ့တတ်တဲ့ပြဿနာအပါအဝင် သိမြင်မှုစွမ်းရည်ကျဆင်းလာတာကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ စိတ်ဖိစီးတာကိုလည်း အထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။

ပဒဲကောက အရေပြားကို ကျန်းမာစေနိုင်သလို အပူလောင်တဲ့အခါမှာလည်း အလွှာလိုက်လေးလှီးပြီး အပူလောင်တဲ့နေရာကို တစ်နေ့ ၃ ကြိမ် ကနေ ၄ ကြိမ်လောက်အထိကပ်ပေးပါ။ အနာရွတ်မကျန်ဘဲ သက်သာစေနိုင်မှာပါ။

ကားမူးတဲ့အခါ ရေစင်အောင်ဆေးထားတဲ့ ပဒဲကောကို ပါးပါးလေးလှီးပြီး ဝါးစားပေးပါ။ ကားမူးတာ၊ လှိုင်းမူးတာတွေကို သိသိသာသာသက်သာစေနိုင်ပါတယ်။

  • ကင်ဆာကာကွယ်ပေးနိုင်တယ်

ပဒဲကောမှာ galanin လို့ခေါ်တဲ့ ဖလေဗာနွိုက်ပါဝင်နေတာကြောင့် ကင်ဆာကိုအထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ရင်သားကင်ဆာနဲ့ အဆုတ်ကင်ဆာတွေမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ချင်တယ်ဆိုရင်တော့ ပဒဲကောကို စားသုံးပေး လို့ရပါတယ်။

ပဒဲကောမှာ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်တာကြောင့် သွေးတွင်းကအဆီတွေကို အထိရောက်ဆုံးဖယ်ရှားဖို့ အတွက် ပုံမှန်စားသုံးပေးသင့်ပါတယ်။

  • ကိုယ်ခံအားကောင်းစေနိုင်တယ်

ပဒဲကောမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေဖို့အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပါတယ်။ ဒါကြောင့် ဖျားနာမှုကင်းပြီး ပြင်ပကရောဂါတွေ ခန္ဓာကိုထဲဝင်ရောက်မလာစေဖို့အတွက် ပဒဲကောကို စားသုံးပေးပါ။

ဘာတွေ သတိထားရမလဲ!

ပဒဲကောက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံ အသုံးပြုမယ်ဆိုရင် ဆိုးကျိုး ရှိလာနိုင်တာကြောင့် သတိထားစေချင်ပါတယ်။

ဘယ်သူတွေ အသုံးမပြုသင့်ဘူးလဲ!

ခန္ဓာကိုယ် ပြင်ပအတွက် အသုံးပြုနိုင်ပေမယ့် ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Galangal Root – Health Benefits, Therapeutic Uses and Side Effects https://www.herbal-supplement-resource.com/galangal.html  Accessed Date 3 November 2019

Galangal https://www.drugs.com/npp/galangal.html  Accessed Date 3 November 2019

ယခုပုံစံ

08/12/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကရဝေးရွက် (Bay leaf)

တရုတ်နံနံဖျော်ရည် သောက်ကြမယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 08/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement