အသက်အရွယ် – သွေးတိုးရောဂါကို ခံစားရနိုင်ခြေ အမြင့်ဆုံး အသက်အပိုင်းအခြားက အသက် ၄၀ နှောင်းပိုင်းပါ။ အသက်ကြီးလေလေ သွေးတိုးရောဂါ ခံစားရနိုင်ခြေက များလာလေလေပါ။
မျိုးရိုးရှိတာ – မိဘမျိုးရိုးမှာ သွေးတိုးရောဂါ ခံစားရဖူးတာမျိုးရှိမယ်ဆိုရင်လည်း သွေးတိုးဖြစ်နိုင်ခြေက ပုံမှန်ထက် ပိုများနေနိုင်ပါတယ်။
စိတ်ဖိစီးမှု များလွန်းတာ – စိတ်ဖိစီးမှုကို အခါမလပ်မွေးထားတယ်၊ မဖြစ်မနေကြုံတွေ့နေရမယ်ဆိုရင်လည်း ကိုယ်တွင်းမှာ စိတ်ဖိစီးမှုကို ဖြစ်တဲ့ ဟော်မုန်းတွေ ထုတ်လွှတ်မှုကြောင့် အချိန်ကြာလာတဲ့အခါ သွေးတိုးရောဂါကို ခံစားရနိုင်ပါတယ်။
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုပုံစံ – အမြန်စား အစားအစာတွေ။ အသင့်စား အစားအစာတွေကို အမြဲလိုလို စားသောက်တတ်တာကလည်း ကိုယ်တွင်းမျာ ကျန်းမာရေးနဲ့ မညီတဲ့ အဆီတွေကို များစေပြီး သွေးတိုးရောဂါ ခံစားရနိုင်ပါတယ်။
ကျန်းမာရေး အခြေအနေ – ကျောက်ကပ်ရောဂါ ရှိနေတာ၊ ဆီးချိုရောဂါ ရှိနေတာ နဲ့ နှလုံးရောဂါ လိုမျိုး ရောဂါအခံတွေ ရှိနေတာကလည်း သွေးတိုးခံစားရနိုင်ခြေကို မြင့်တက်စေနိုင်တဲ့ အချက်တွေထဲက တစ်ခုပါ။
သွေးတိုး သက်သာစေဖို့ အကောင်းဆုံးသော Detox Water တွေက ဘာတွေများလဲ……….
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။