home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

သွေးပေါင်ကျတတ်ရင် ဒါတွေစားပေးနော်

သွေးပေါင်ကျတတ်ရင် ဒါတွေစားပေးနော်

သွေးပေါင်ကျတယ်ဆိုတာကဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။ အလွယ်တကူ ကုသလို့ရပြီး အရမ်းကြီးစိုးရိမ်ရမယ့် ကျန်းမာရေးပြဿနာတော့မဟုတ်ပါဘူး။ ဒါပေမယ့်ရောဂါအခံတစ်ခုခုရှိမယ်ဆိုရင်တော့ အမြန်ဆုံးကုသမှုခံယူတာအကောင်းဆုံးဖြစ်မှာပါ။ ဒီတစ်ခေါက်တော့သွေးပေါင်ကျတဲ့အခါမှာဖြစ်ဖြစ်သွေးပေါင်ကျတတ်ရင်ဖြစ်ဖြစ် ဘာတွေစားသင့်လဲဆိုတာကိုဆွေးနွေးပြောပြပေးပါရစေ။

သွေးပေါင်ကျရင် ဘာတွေခံစားရနိုင်လဲ

ခန္ဓါကိုယ်ကဝေဒနာတစ်ခုခုကိုခံစားရတဲ့အခါ လက္ခဏာလေးတွေပြတတ်ပါတယ်။ ဒီလိုပါပဲ။သွေးပေါင်ကျတဲ့အခါ မှာအခုလိုမျိုး လက္ခဏာတွေခံစားရနိုင်ပါတယ်။

သွေးပေါင်ကျတတ်ရင်ဘာတွေစားရမလဲ

သကြားမုန်လာ – သကြားမုန်လာမှာ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝစွာပါဝင်နေသလို နိုက်ထရိတ်ဒြပ်ပေါင်းပါဝင်တာကြောင့် ခန္ဓါကိုယ်အနံ့သွေးစီးဆင်းမှုကို တိုးစေနိုင်ပါတယ်။ အဆိုပါ နိုက်ထရိတ်ဒြပ်ပေါင်းကသွေးတွင်းက နိုက်ထရစ် အောက်ဆိုဒ်ပမာဏကိုကျဆင်းစေသလို သွေးကြောတွေထဲမှာသွေးစီးဆင်းမှုကောင်းစေပြီးသွေးတွင်းအောက်ဆီဂျင်စီးဆင်းရောက်ရှိမှုကို တိုးစေနိုင်တာကြောင့်သွေးပေါင်ကျတာကိုသက်သာစေနိုင်ပါတယ်။

မုန်လာဥနီ – ဓါတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်တာဝန်ယူလုပ်ဆောင်ပေးတဲ့ ဘီတာကယ်လ်ရိုတင်းကြွယ်ဝစွာပါဝင်နေပါတယ်။သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တဲ့ အပင်ထွက်ဓါတုပစ္စည်းတစ်မျိုးဖြစ်တဲ့glutathione လည်းကြွယ်ဝပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓါကိုယ်အနှံ့သွေးစီးဆင်းရောက်ရှိမှုကို တိုစေနိုင်ပြီး ကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ မနက်ခင်းဘာမှမစားခင်မှာ မုန်လာဥနီဖျော်ရည်ထဲကို ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာထည့်ပြီးသောက်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ်သောက်ပေးမယ်ဆိုရင်သွေးပေါင်ကျတာကို သက်သာစေမှာပါ။

သံပရိုသီး – သံပရိုသီးကသွေးတိုးတာအတွက်ရော၊သွေးပေါင်ကျတာအတွက်ပါ အသုံးတည့်တဲ့ သဘာဝအသီးအနှံတစ်ခုပါ။ ကိုယ်တွင်းမှာရေဓါတ်နည်းသွားတဲ့အခါသွေးပေါင်ကျတာဖြစ်ပါတယ်။ ဒါကြောင့်နေ့စဉ်စားသုံးတဲ့အစားအသောက်ထဲမျာ သံပရိုသီး၊သကြားအနည်းငယ်နဲ့ဆားအနည်းငယ်ကိုရောစပ်ပြီး ထည့်သွင်းစားသုံးမယ်ဆိုရင် အသည်းလုပ်ဆောင်မှုကိုကောင်းစေပြီးသွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်သလို ခန္ဓါကိုယ်မှာသွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေနိုင်ပါတယ်။

အယ်လ်မွန်စေ့ -ရွှေညိုရောင်သန်းနေတဲ့ အခွံမာသီးတစ်မျိုးဖြစ်တဲ့ အယ်လ်မွန်စေ့ကသွေးပေါင်ကျတာကိုသက်သာစေနိုင်သလို နှလုံးကျန်းမာစေနိုင်ပါတယ်။ အယ်လ်မွန်စေ့မှာ biotin၊ ဗီတာမင် E၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေ၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် နဲ့ ဖလေဗာနွိုက်တို့ ပါဝင်နေပြီးသွေးတွင်းကိုလက်စထရောကို ထိန်းညှိပေးနိုင်သလို နှလုံးကျန်းမာစေပြီး ကိုယ်တွင်းသွေးစီးဆင်းရောက်ရှိမှုကို ထိန်းညှိပေးနိုင်ပါတယ်။ ခန္ဓါကိုယ်ကို အားပြည့်စေပြီးသွေးပေါင်မကျအောင် ထိန်းညှိပေးပါတယ်။

ပင်လယ်စာ – ပင်လယ်စာတွေဖြစ်ကြတဲ့ မက်ကာရယ်ငါး၊ ငါးခူ၊ ငါးရှဉ့် တို့လိုမျိုးငါးတွေမှာ ဆိုဒီယမ်ပါဝင်နေပြီးသွေးပေါင်ကျတာကို သက်သာစေနိုင်ပါတယ်။သွေးကြောနံရံများအတွင်းက ဖိအားကိုတိုးစေပြီးသွေးပေါင်ချိန်ကိုထိန်းညှိပေးသလို ဆဲလ်တွေတဝိုက်ကရေပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

ပင်စိမ် – ကျန်းမာရေးအတွက် အကျိုးများတဲ့ သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးပါ။ အအေးမိ ချောင်းဆိုးတာကနေစလို့သွေးတွင်းကိုလက်စထရောများတာနဲ့ အမျိုးမျိုးသောကျန်းမာရေးပြဿနာတွေအတွက် အသုံးတည့်ပါတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေသလိုရောင်ရမ်းနာကျင်မှုကို သက်သာစေပြီး ဘက်တီးရီးယားတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ ဗီတာမင် C၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်တို့ပါဝင်နေတာကြောင့်သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးပေါင်ကျတတ်သူတွေအနေနဲ့ မနက်တစ်ကြိမ် ညနေတစ်ကြိမ် ပင်စိမ်းရွက်ကို ၆ ရွက် ကနေ ၇ ရွက်လောက်အထိကိုရေစင်စင်ဆေးပြီး အတို့အမြှုပ်အဖြစ်စားပေးလို့ရပါတယ်။သွေးပေါင်ကျတာအပြင် ခန္ဓါကိုယ်ကိုပါကျန်းမာနေစေမှာ အသေအချာပါ။

ကော်ဖီ -ကော်ဖီပူပူလေးတစ်ခွက်ကသွေးပေါင်ကျတတ်သူတွေအတွက်တော့ဆေးတစ်လက်ပါ။ကော်ဖီမှာပါတဲ့ ကဖင်းဓါတ်ကသွေးတွေစီးဆင်းမှုကိုကောင်းမွန်စေပြီးသွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ ဒါပေမယ့် တစ်နေ့ကိုကော်ဖီနှစ်ခွက်သောက်တာက အသင့်တော်ဆုံးဖြစ်မှာပါ။ ကဖင်းဓါတ်အရမ်းများတဲအခါကျရင် ခန္ဓါကိုယ်အတွက်ကောင်းကျိုးထက် ဆိုးကျိုးကပိုများပါတယ်။

နွယ်ချိုရေနွေးကြမ်း -သွေးပေါင်ကျနေသူတွေအတွက် သင့်တော်တဲ့သောက်စရာတစ်ခုပါ။ဆေးဖက်ဝင်တဲ့အရာတစ်ခုအဖြစ်နွယ်ချိုကို သိထားကြပါတယ်။ ဒါကြောင့်သွေးပေါင်ကျတတ်တယ်ဆိုရင်တော့ နွယ်ချိုရေနွေးကြမ်းကို တစ်နေ့နှစ်ခွက်လောက်သောက်ပေးပါ။

သောက်ရေ -ရေဓါတ်နည်းမှုက ကိုယ်တွင်းသွေးပမာဏကိုကျဆင်းစေနိုင်ပြီးသွေးပေါင်ကျစေရတဲ့ အဓိကအကြောင်းအရင်းပါ။ ဒါကြောင့် ခန္ဓါကိုယ်ကိုရေဓါတ်ပြည့်ဝအောင်ထားပါ။ရေများများသောက်တာ ဒါမှမဟုတ် အုန်းရည်ေသာက်တာမျိုးလုပ်ပေးပါ။ ခန္ဓါကိုယ်ကို လန်းဆန်းစေပြီးသွေးပေါင်ကျတကိုသက်သာစေနိုင်ပါတယ်။

ကြက်ဥ/ ဘဲဥ -သွေးပေါင်ကျတဲ့ လူတော်တော်များများက ဗီတာမင် B12 ချို့တဲ့နေတတ်ကြပါတယ်။ ဗီတာမင် B12 နည်းတာကသွေးအားနည်းရောဂါကိုဖြစ်စေနိုင်ပြီးသွေးပေါင်ကျစေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် B12 ကြွယ်ဝတဲ့ ကြက်ဥ၊ဘဲဥတို့ကိုပြုတ်စားတာဖြစ်ဖြစ်၊ကြော်စားတာဖြစ်ဖြစ်စားပေးပါ။

သံလွင်သီး – ဗီတာမင် E၊ သံဓါတ် နဲ့ကော့ပါးလိုမျိုးဓါတ်တွေပါဝင်နေတဲ့အပြင် ဆားဓါတ်အနည်းငယ်ပါဝင်နေတာကြောင့်သွေးဖိအားကိုထိန်းညှိပေးပြီးသွေးပေါင်ကျတာကို သက်သာစေနိုင်ပါတယ်။

ကဲသွေးပေါင်ကျလို့ဆိုပြီး စိတ်ညစ်မနေပါနဲ့နော်။ ဒီအစားအစာလေးတွေစားပြီးသွေးပေါင်ချိန်မကျအောင် ထိန်းညှိလိုက်ပါနော်……..

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

6 Foods To Have For Those Who Have Low Blood Pressurehttps://food.ndtv.com/food-drinks/6-foods-to-have-for-those-who-have-low-blood-pressure-1842647 Accessed Date 4 February 2019

Low Blood Pressure: 8 Foods That Can Help Fight Hypotensionhttps://www.epainassist.com/diet-and-nutrition/8-foods-that-can-help-fight-hypotension Accessed Date 4 February 2019

Nine ways to raise blood pressurehttps://www.medicalnewstoday.com/articles/319506.php Accessed Date 4 February 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 4 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။