ဘလူးဘယ်ရီ – ဗီတာမင် A၊ ဗီတာမင် C နဲ့ အရွယ်တင်နုပျိုစေနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့anthocyanin ပါဝင်နေပါတယ်။ ဒီဓါတ်တွေပါဝင်နေတာကြောင့် အသားအရေကိုနေလောင်ဒဏ်၊စိတ်ဖိစီးမှု နဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကြောင့် အသားအရေထိခိုက်ပျက်စီးတာတွေကို ကာကွယ်ပေးပါတယ်။ကော်လဂျင်ဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်။
ပန်းဂေါ်ဖီစိမ်း – ပန်းဂေါ်ဖီစိမ်းမှာရောင်ရမ်းမှုကို သက်သာစေပြီး အရွယ်တင်နုပျိုစေနိုင်တဲ့ ဗီတာမင် C နဲ့ ဗီတာမင် K တို့အပြင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝစွာပါဝင်ပါတယ်။ကော်လလာဂျင်ထုတ်လုပ်မှုတိုးစေပြီး အရေပြားကို တင်းရင်းလှပေစေနိုင်ပါတယ်။
ဟင်းနုနွယ် – ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေသလို
ရေဓါတ်ြပည့်ဝစွာပါဝင်တာကြောင့် အသားအရေကိုစိုပြေတင်းရင်းလှပစေမှာပါ။ သံဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့်လေဒီတွေအတွက်တော့ အရမ်းအဆင်ပြေမှာပါ။ ဆဲလ်တွေရောင်ရမ်းမှုကိုလျော့ပါးသက်သာစေမှာပါ။
အခွံမာသီးတွေ – အခွံမာသီးမှာ ဗီတာမင် E ကြွယ်ဝစွာပါဝင်တာကြောင့် အရေပြားတစ်ရှုးတွေကိုပြန်လည်ပြုပြင်ရာမှာ အထောက်အကူပြုပေးပါတယ်။ အရေပြားအစိုဓါတ်ကိုထိန်းပေးပြီးနေလောင်ဒဏ်ကြောင့် အသားအရေထိခိုက်ပျက်စီးတာကို ကာကွယ်ပေးပါတယ်။omega-3 fatty acids ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေကို စိုပြေတင်းရင်းစေမှာပါ။
ထောပတ်သီး -ထောပတ်သီးမှာomega-3 fatty acids၊ ဗီတာမင် K၊ C၊ B၊ E နဲ့ A တို့ပါဝင်တာကြောင့် အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ပါတယ်။နေရောင်ကြောင့် အသားအရေပျက်စီးမှုကို ကာကွယ်ပေးနိုင်သလို အရေပြားကင်ဆာဖြစ်နိုင်ခြေကိုလည်း ကာကွယ်ပေးပါတယ်။
ကန်စွန်းဥ – လိမ္မော်ရောင်သမ်းနေတဲ့ ကန်စွန်းဥမှာ ဘီတာကယ်လ်ရိုတင်းလို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေပါတယ်။ အရေပြားကိုတင်းရင်းစေပြီး၊ဆဲလ်အသစ်ဖြစ်ပေါ်မှုကို အားပေးနိုင်တာကြောင့် အရွယ်တင်နုပျိုနေစေဖို့ အထောက်အပံ့ပေးနိုင်မှာပါ။ ဗီတာမင် C နဲ့ ဗီတာမင် E တို့ ပါဝင်တာကြောင့် အရေပြားကို Free Radicalsတွေကြောင့် ထိခိုက်မှုမရှိအောင်ကာကွယ်ပေးပါတယ်။
သောက်ရေ -ရေသောက်တာက ခန္ဓါကိုယ်ကိုရေဓါတ်ပြည့်ဝနေစေပြီး အသားအရေကို စိုပြေလှပနေစေမှာပါ။ ဒါကြောင့် အသားအရေလှပနေစေဖို့ နေ့စဉ်လုံလောက်တဲ့ရေပမာဏသောက်မိအောင် ဂရုစိုက်ပါ။
ဒီအစားအစာတွေနေ့စဉ်စားသုံးပေးပြီး အရွယ်တင်နုပျိုအောင် ကိုယ့်ကိုကိုယ်ထိန်းသိမ်းလိုက်ပါနော်……….
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။