မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
အဖြစ်အများဆုံးသွေးအားနည်းခြင်း(ကျန်းမာသောသွေးနီဥနည်းခြင်း)ပုံစဖြစ်သည်။ သွေးနီဥများသည် အောက်စီဂျင်ကိုခန္ဓါကိုယ်တစ်သျူးများစီသို့ပို့ပေးသည်။
နာမည်အတိုင်း သံဓါတ်အားနည်းခြင်းကြောင့်ဖြစ်သော သွေးအားနည်းခြင်းသည် သံဓါတ်အားနည်းခြင်းကြောင့်ဖြစ်သည်။ သံဓါတ်မလုံလောက်သောကြောင့် သွေးနီဥအတွင်းရှိအောက်စီဂျင်သယ်ယူပေးသောအရာကိုခန္ဓါကိုယ်မှကောင်းစွာမထုတ်နီုင်တော့ပေ။ ထို့ကြောင့်သင့်အား ပင်ပန်းစေခြင်း အသက်ရူရခက်ခြင်းများဖြစ်စေသည်။
သံဓါတ်အားနည်းခြင်းကို သံဓါတ်အားဖြည့်ဆေးများဖြင့်ပြန်ဖြည့်နိုင်သည်။ သို့သော်အကယ်၍ အတွင်းပိုင်းသွေးထွက်သည်ဟု သံသယရှိပါက စမ်းသပ်မှုကုသမှုများလိုတတ်သည်။
ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသမီးများနှင့် သံဓါတ်ပါသောအစားအစာကိုရှောင်သူများတွင် ပိုဖြစ်တတ်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ
ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
ရှိသောကလေးများတွင်ပိုဖြစ်တတ်သည်)
အချို့သောကိစ္စများတွင် ရောဂါမပြင်းထန်တတ်ပေ။ သို့သော် သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ
ပိုဆိုးလာပါက ရောဂါလက္ခဏာများပေါ်လာတတ်သည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သံဓါတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သောသွေးအားနည်းရောဂါ
၏လက္ခဏာများပေါ်လာပါကသွားရောက် ပြသသင့်သည်။ သံဓါတ်အားနည်းခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ
သည် ကိုယ်တိုင်ကုသသင့်အရာမဟုတ်ပါ။ ဆရာဝန်နှင့်မတိုင်ပင်ပဲ သံဓါတ်အားဖြည့်ဆေးများမသုံးသင့်ပါ။ သံဓါတ်များပါက အန္ဓါရယ်ဖြစ်စေပြီး အသဲနှင့် အခြားနောက်ဆက်တွဲပြဿများဖြစ်လာနိုင်သည်။
သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ
ဖြစ်ပါက သင့်ခန္ဓါကိုယ်တွင် သံဓါတ်မလုံလောက်ပေ။ မလုံလောက်ခြင်းကြောင့်ဟေမိုဂလိုဖင် မထုတ်နီုင်တော့ပါ။ ဟေမိုဂလိုပင်သည် သွေးနီဥ၏အပိုင်းအစတခုဖြစ်ပြီး သွေးအားနီစေခြင်း အောက်ဆီဂျင်အားခန္ဓါကိုယ်အနှံသယ်ဆောင်ပေးခြင်းများလုပ်နီုင်သည်။ သံဓါတ်လုံလောက်စွာမစားပါက သို့မဟုတ် သံဓါတ် ဆုံးရှုံးမှုများပါက သင့်ခန္ဓါကိုယ်တွင် ဟေမိုဂလိုပင်မလုံလောက်တော့ပဲ သံဓါတ်အားနည်းခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ
ဖြစ်ပေါ်လာစေသည်။
သံဓါတ်ချို့တဲ့ခြင်းကိုဖြစ်စေသောအကြောင်းများမှာ
ဖြစ်စေသည်။ဲအူသေးအားဖြတ်ထုတ်ထားပါက သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ
နှင့် အခြားအာဟာရများချို့တဲ့နိုင်သည်။
သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ
ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
ဖြစ်နှုန်းများသည်။
ဖြစ်တတ်သည်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ရောဂါအားအတည်ပြုရန် ဆရာဝန်မှအောက်ပါတို့အားရှာလိမ့်မည်။
သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါဟုဖော်ပြပါကဖြစ်စေသောအကြောင်းအရင်းကိုရှာရန်အောက်ပါစမ်းသက်မှုများလုပ်လိမ့်မည်။
သင်၏ဆရာဝန်သည် သံဓါတ်အားတိုးဆေးဖြင့်ကုသပေးပြီး အထက်ပါစမ်းသက်မှုများ သို့မဟုတ် အခြားစမ်းသက်မှုများအားလုပ်လိမ့်မည်။
သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါကိုကုရန် သံဓါတ်အားတိုးဆေးကိုဆရာဝန်မှညွှန်ကြားလိမ့်မည်။ လိုအပ်လျင် သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါကိုဖြစ်စေသော အကြောင်းအရာကိုကုလိမ့်မည်။ ဆေးဆိုင်တိုင်းတွင်ဝယ်နိုင်သောသံဓါတ်အားဆေးကိုသံဓါတ်ပြန်ဖြည့်ရန်ဆရာဝန်မှညွှန်းလိမ့်မည်။ မှန်ကန်သောပမာဏကိုဆရာဝန်မှရွေးချယ်ပေးလိမ့်မည်။ ကလေးများအတွက် အရည်ပုံစံလဲရနိုင်သည်။ သံဓါတ်စုပ်ယူအားများစေရန်အောက်ပါတို့ကိုလုပ်နိုင်သည်။
သံဓါတ်ချို့တဲ့ခြင်းသည် တညထဲနှင့်မပြင်နိုင်သည်။ လပေါင်းများစွာ သံဓါတ်အားဆေးသောက်ဖို့လိုမည်။ အပါတ်အနည်းငယ်ကြာချိန်တွင် နေထိုင်ကောင်းရှိလာလိမ့်မည်။ သွေးရှိသံဓါတ်အားမည်သည့်အချိန်ပြန်ဖောက်ရမည်ကိုဆရာဝန်အားမေးပါ။ သင့်သံဓါတ်ပြန်ပြည့်ပြီဆိုသော်လည်း သံဓါတ်အားဆေးအား တစ်နှစ်ထက်မကလဲသောက်ရန်လိုအပ်တတ်သည်။
သံဓါတ်အားဆေးများက သံဓါတ်ကိုပြန်မဖြည့်နိုင်ပါက တနေရာမှသွေးထွက်နေခြင်းသို့မဟုတ် သံဓါတ်မစုပ်နိုင်ခြင်းဖြစ်နိုင်သောကြောင့် ဆရာဝန်မှအကြောင်းအရင်းကိုရှာ၍ကုသမှုများလုပ်လိမ့်မည်။
ဖြစ်စေသောအကြောင်းအရင်းကိုမူတည်၍သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါကုသမှုများတွင် အောက်ပါတို့ပါဝင်နိုင်သည်။
သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါပြင်းထန်ပါက သံဓါတ်အား သွေးမှပေးခြင်း သွေးသွင်းခြင်းတို့ဖြင့် သံဓါတ်နှင့် ဟေမိုဂလိုဘင် ကိုအမြန်ဆုံးပြန်တတ်စေနိုင်သည်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။
သံဓါတ်များသောအစားများစားပါ။
သံဓါတ်များသောအစာများမှာ
သင့်ခန္ဓါကိုယ်သည် အသားမှ၇သောသံဓါတ်ကိုအခြားအရာတွေထက်ပိုစုပ်ယူသည်။ အသားမစားရန်ဆုံးဖြတ်ထားပါက သံဓါတ်များများပါသော အစာများကိုရွေးချယ်ရန်လိုအပ်မည်။
သင့်ခန္ဓါကိုယ်မှ သံဓါတ်စုပ်အားများစေရန် ဗီတာမင် စီပါသောအစာများကိုရွေးချယ်စားပါ။
သံဓါတ်စုပ်အားများစေရန် သံပုရာရည်သို့မဟုတ် ဗီတာမင်စီပါသော အခြားအစာများကို သံဓါတ်များသောအစာနှင့်အတူတွဲစားပါ။ သံပုရာရည် လိမော်ရည်တို့တွင်ပါသော ဗီတာမင်စီကို သံဓါတ်စုပ်ယူအားကိုများစေသည်။ ဗီတာမင်စီသည် အောက်ပါတို့တွင်တွေ့နိုင်သည်။
ကလေးငယ်များတွင်သံဓါတ်ချို့တဲ့ခြင်းအားကာကွယ်ခြင်း
ကလေးများတွင် သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါအားကာကွယ်ရန် မိခင်နို့သို့မဟုတ် သံဓါတ်ဖြည့်စွက်ဖော်မြူလာအား ပထမတစ်နှစ်တွင်တိုက်ကျွေးသင့်သည်။ နွားနို့တွင် သံဓါတ်များများပါသော်လည်း တစ်နှစ်အောက်ကလေးများအတွက်မပေးပါ။ အသက်၆လကျော်လျင် သံဓါတ်ဖြည့်ထားသော ဆန် သို့မဟုတ် အသားအားတနေ့နှစ်ကြိမ်ကျွေးပါ။ တစ်နှစ်ကျော်ပါက ၂၀အောင်စ (၅၉၁ မီလီလီတာ)ထက်နို့ကိုမသောက်တာသေချာပါစေ။ နို့အများကြီးသောက်ခြင်းသည် အခြားအစားအစာများမစားတော့ခြင်းကိုဖြစ်နိုင်သည်။
အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။