backup og meta

မွေးကင်းစကလေးတွေ ဝမ်းအစိမ်း သွားတာ စိုးရိမ်ရသလား


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မွေးကင်းစကလေးတွေ ဝမ်းအစိမ်း သွားတာ စိုးရိမ်ရသလား

    မေမေတို့အနေနှင့် သားသားမီးမီးလေးတွေကို ဒိုင်ပါလဲရချိန်တိုင်းမှာ ဝမ်းအရောင်ကို သေချာကြည့်ရှုဖို့ အရေးကြီးပါတယ်။ မွေးကင်းစကလေးငယ်လေးတွေရဲ့ ဝမ်းအရောင်နဲ့ အပျစ်အကျဲကို နေ့စဉ်စစ်ဆေးခြင်းဖြင့် ကျန်းမာရေးအခြေအနေကို သိရှိနိုင်ပါတယ်။ မွေးကင်းစကလေးငယ်တွေမှာ ဝမ်းအစိမ်း တွေ သွားရခြင်းအကြောင်းရင်းတွေကတော့

    (၁) အစာက အူတစ်လျှောက် ခပ်မြန်မြန် ဖြတ်သန်းသွားခြင်းကြောင့် အစာနဲ့ ရောနှောနေတဲ့ အစာချေရည်အစိမ်းတွေကို ကိုယ်ခန္ဓာက စုပ်ယူချိန်မရလိုက်ခြင်းကြောင့် ဝမ်းအစိမ်းရောင်တွေ သွားတတ်ပါတယ်။

    (၂) မွေးခါစတွင် အသားဝါခြင်းကြောင့် Phototherapy ဖြင့် မီးပြခြင်းခံခဲ့ရသော ကလေးတွေမှာလည်း အစာချေရည် များစွာထွက်သောကြောင့် ဝမ်းစိမ်းသွားတတ်ပါတယ်။

    (၃) Rotavirusကဲ့သို့ အစာအိမ်တွင်း ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့်လည်း ဝမ်းပျက်ခြင်း၊ ဝမ်းအစိမ်း သွားခြင်းဖြစ်နိုင်ပါတယ်။

    (၄) မိခင်နို့တိုက်သော ကလေးတွေမှာ မေမေစားလိုက်တဲ့ အစားအစာနဲ့ ဓာတ်မတည့်ပါကလည်း ဝမ်းအစိမ်းသွားနိုင်ပါတယ်။

    (၅) ဝမ်းစိမ်းသွားခြင်းဟာ မိခင်နို့စို့သောကလေးငယ်များကော နို့မှုန့်သောက်သောကလေးငယ်များတွင်ပါ ဖြစ်ပေါ်နိုင်ပါတယ်။

    (၆) မေမေက အစိမ်းရင့်ရောင်အရွက်တွေ အစားများတဲ့အခါ ကလေးက  ဝမ်းစိမ်းသွားတတ်ပါတယ်။ ဒါစိုးရိမ်စရာ မဟုတ်ပါဘူး။ မေမေဆက်စားလို့ရပါတယ်။

    (၇) သံဓာတ်အားဆေးသောက်သုံးနေသော ကလေးများ သို့မဟုတ် သံဓာတ်ဖြည့်စွက်ထားသော နို့မှုန့်သောက်နေသော ကလေးများတွင်လည်း ဝမ်းစိမ်းသွားတတ်ပါတယ်။

    (၈) အာဟာရမပြည့်ဝခြင်းကြောင့်လည်း ဝမ်းစိမ်းသွားတတ်ပါတယ်။

    (၉) နို့ဦးရည်ဟာ အူတစ်လျှောက်မြန်မြန်ဖြတ်သန်းသွားခြင်းကြောင့် အစာချေရည်တွေကို အူမှစုပ်ချိန်မရသဖြင့် ဝမ်းစိမ်းသွားစေပါတယ်။

    ကလေးတွေ ဝမ်းစိမ်း မသွားစေဖို့ ဘယ်လိုကာကွယ်မလဲ။ ဝမ်းအစိမ်း သွားခြင်းနှင့် ပတ်သက်ပြီး မကြာခဏမေးလေ့ရှိတဲ့မေးခွန်းများ

    မေး-ဝမ်းစိမ်းသွားခြင်းဟာ ရောဂါပိုးဝင်ခြင်း လက္ခဏာတစ်ခုလား

    ဖြေ-အမြဲတမ်းတော့ပိုးဝင်ခြင်းရဲ့ လက္ခဏာတစ်ရပ်မဟုတ်ပါဘူး။ Rotavirusပိုးဝင်ခြင်းကြောင့်တော့ ဝမ်းစိမ်းသွားနိုင်ပါတယ်။ သေချာဖို့အတွက် ဆရာဝန်နှင့်တိုင်ပင်ပြသဖို့ လိုပါတယ်။

    မေး-နို့မှုန့်တိုက်တဲ့ ကလေးတွေမှာ ဝမ်းစိမ်းသွားတာ ပုံမှန်လား

    ဖြေ-လေ့လာချက်များအရ နို့မှုန့်တိုက်တဲ့ကလေးတွေမှာ မိခင်နို့စို့တဲ့ကလေးတွေထက် ဝမ်းစိမ်းသွားနိုင်ချေ ပိုများပါတယ်။

    ဝမ်းစိမ်းသွားတိုင်း စိုးရိမ်စရာတော့မလိုပါဘူး။ များသောအားဖြင့် အစားအသောက်နဲ့ နေထိုင်မှုပုံစံပြောင်းလဲခြင်းဖြင့် ပုံမှန်ဝမ်းအရောင် ပြန်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ရက်ရှည်ဝမ်းစိမ်းသွားခြင်း သို့မဟုတ် သံသယဖြစ်ဖွယ်လက္ခဏာတစ်ခုခုရှိပါက ဆရာဝန်နှင့်တိုင်ပင်ဖို့ လိုအပ်ပါတယ်။

    သင့်ရင်သွေးလေးမှာ ဝမ်းစိမ်းသွားတာအပြင် လေပွခြင်း၊ စိတ်တိုခြင်း၊ ကြီးထွားမှုနှေးခြင်း ၊ဝမ်းပျက်ခြင်း ၊ရေဓာတ်နည်းခြင်း၊ အန်ခြင်းတို့ရှိနေရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသဖို့ အကြံပေးလိုက်ပါတယ်။

    ရေးသားသူ-Dr Rose

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement