home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

လုံးဝ မျက်ကွယ်ပြုလို့မဖြစ်တဲ့ Heart Attack လက္ခဏာ (၁၀) ခု

လုံးဝ မျက်ကွယ်ပြုလို့မဖြစ်တဲ့ Heart Attack လက္ခဏာ (၁၀)  ခု

နှလုံးရောဂါဟာ လူသိများတဲ့ရောဂါတစ်ခုဖြစ်သလို နှလုံးဖောက်ပြန်တာ (Heart Attack) ကလည်း အဖြစ်များတဲ့ ကျန်းမာရေးပြဿနာပါ။ အဝလွန်တာတွေ၊ အရက်သေစာနဲ့ ဆေးလိပ်အလွန်အကျွံသောက်သုံးတာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအသောက်တွေကို အလွန်အကျုးမှီဝဲတာတွေကြောင့် နှလုံးနဲ့သက်ဆိုင်တဲ့ ဝေဒနာတွေ စွဲကပ်နိုင်ပါတယ်။

ဒီလို ဆိုးရွားတဲ့နှလုံးရောဂါဟာ တစ်နှစ်ကို ၁၈ သန်းလောက် အသက်ဆုံးရှုံးအောင် အန္တရာယ်ပေးနေတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံး ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါမဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ အလွန်ပဲအရေးကြီးလှပါတယ်။

တကယ်လို့ သာမန်အခြေအနေမှာ နမိတ်လက္ခဏာတွေကို ကြိုတင်သိရှိထားမယ်ဆိုရင် Heart Attack အဆင့်ကို မရောက်ရှိခင်မှာ တားဆီးထားနိုင်ဖို့ အခွင့်အလမ်းသာမှာဖြစ်ပါတယ်။ ဒါကြောင့် သတိထားသင့်တဲ့ လက္ခဏာရပ်တွေကို ဖော်ပြပေးချင်ပါတယ်။

၁။ ရင်ဘတ်အောင့်ခြင်း

Heart attack ရဲ့ အဖြစ်များတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ကိုယ့်မှာ နှလုံးရောဂါရှိတယ်ဆိုရင် အလွန် သတိထားဖို့လိုအပ်ပါတယ်။

၂။ လက်မောင်း ဒါမှမဟုတ် လက်ပြင်နာခြင်း

အမျိုးသား အများစုဟာ တခါတရံမှာ ဘယ်ဘက်လက် နာကျင်တဲ့ ဝေဒနာကို ခံစားရတတ်ပါတယ်။ အမျိုးသမီးတွေကတော့ လက်နှစ်ဘက်စလုံး ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာက Heart attack ရဲ့ လက္ခဏာတစ်ခုပါ။

၃။ လည်ပင်းနဲ့ မေးရိုး နာကျင်ခြင်း

လည်ပင်းကနေအထက်ပိုင်း ဧရိယာတွေမှာ နာကျင်တာကလည်း နှလုံးရောဂါသမားတွေ သတိပြုသင့်တဲ့ လက္ခဏာတစ်ရပ်ပါပဲ။ Heart attack ဖြစ်ဖို့ အစပျိုးနေတာလို့ ယူဆနိုင်ပါတယ်။

၄။ ပုံမှန်မဟုတ်ပဲ နွမ်းနယ်ခြင်း

လူတိုင်း အလုပ်များတတ်ကြသလို၊ ပင်ပန်းလည်း ပင်ပန်းကြပါတယ်။ ဒါပေမယ့် သမားရိုးကျမဟုတ်ပဲ မောပမ်းနွမ်းနယ်နေပြီဆိုရင် နှလုံးကျန်းမာရေးကို သတိထားဖို့ လိုအပ်နေပါပြီ။

၅။ မူးဝေ၊ အော့အန်ခြင်း

မူးဝေတယ်ဆိုတာက သွေးဖိအားလျော့နည်းပြီး နှလုံးကနေ ဦးနှောက်ဆီကို အောက်ဆီဂျင်လုံလောက်စွာ မပို့နိုင်လို့ဖြစ်တာပါ။ အပူချိန်လွန်ကဲတာကြောင့်ဖြစ်နိုင်ပေမယ့် နှလုံးရဲ့ ပြဿနာလည်းဖြစ်တတ်တာမို့ သတိထားသင့်ပါတယ်။

၆။ ချွေးထွက်ခြင်း၊ အသက်ရှူရခက်ခြင်း

တကယ်လို့ သင် Heart attack ဖြစ်ပြီဆိုရင် အသက်ရှူရခက်ပြီးပြော ချွေးစေးတွေပျံလာတတ်ပါတယ်။ ရုတ်တရက်ဆိုရင် မာရသွန်ပြေးထားသလိုမျိုး မောပန်းနေမှာပါ။

၇။ ချောင်းဆိုးခြင်း

အသက်ရှူကြပ်လာတာနဲ့အမျှ ချောင်းဆိုတာမျိုးလည်း ဖြစ်လာတတ်ပါတယ်။ အဓိကဖြစ်စေတဲ့အကြောင်းအရင်းကတော့ နှလုံးက သွေးထဲကို အောက်ဆီဂျင်လုံလောက်စွာ မပေးပို့နိုင်တော့တာရဲ့ နောက်ဆက်တွဲအဖြစ် အဆုတ်ကိုပါ ထိခိုက်စေတာကြောင့်ပါ။

၈။ နှလုံးခုန်နှုန်း မူမမှန်ခြင်း

နှလုံးခုန်နှုန်း အရမ်းမြန်တာ၊ ဒါမှမဟုတ် မူမမှန်တာမျိုးတွေကတော့ Heart attack ရဲ့ လက္ခဏာဆိုတာကို လူသိများကြပါတယ်။ နှလုံးခုန်၊ ရင်တုန်နေတာကို သိသိသာသာခံစားရပါလိမ့်မယ်။

၉။ ဟောက်သံ ကျယ်လောင်လွန်းခြင်း

ကိုယ်ဟောက်တဲ့အသံကို ကိုယ်တိုင် သတိထားမိဖို့ ခက်ပါတယ်။ ဒါပေမယ့် ကိုယ်နဲ့အတူ အိပ်တဲ့လူတွေကတော့ သိကြမှာပါ။ နှလုံးအပြင် သွေးတိုးနဲ့ ဆီးချိုတွေရဲ့ တွန်းအားကြောင့် ခုလို ဖြစ်စေနိုင်ပါတယ်။

၁၀။ လိင်အင်္ဂါမထောင်မတ်ခြင်း

နှလုံးရောဂွရဲ့ လက္ခဏာတွေထဲမှာ လိင်အင်္ဂါမထောင်မတ်တဲ့ပြဿနာလည်း ပါဝင်နေပါတယ်။ သွေးကြောတွေ အားနည်းပြီး လိင်အင်္ဂါဆီ စီးဆင်းမှု လျော့နည်းသွားတာကြောင့် ခုလိုပြဿနာနဲ့ ရင်ဆိုင်ရတာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Zon Aung မှ ရေးသားသည်။ 29/09/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။