backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ကော်ဖီ က ဘယ်လို ဆေးဖက်ဝင်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကော်ဖီ က ဘယ်လို ဆေးဖက်ဝင်လဲ

မနက်တစ်ခွက် နေ့လယ် တစ်ခွက်နဲ့ သောက်သောက်ဖြစ်နေတဲ့ ကော်ဖီက ကျန်းမာရေးကို အကျိုးပြုပါတယ်။ ဘယ်လို အကျိုးပြုတာလဲ။ ဘာတွေကို သတိထားရမလဲဆိုတာကို သိချင်တယ်ဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါနော်။

ကော်ဖီကို စိတ်လန်းဆန်းစေရန်၊ စိတ်ခံစားမှုကောင်းစေရန်၊ လေ့ကျင့်ခန်းလုပ်လျှင်ခံနိုင်ရည်ရှိရန်နှင့်အဆုတ်လမ်းကြောင်းကျယ်စေရန် အသုံးပြုကြပါတယ်။

ကော်ဖီကို ရင်ကြပ်ရောဂါ၊ ခေါင်းကိုက်ခြင်း၊ နှင့် အအေးမိခြင်း တို့အတွက် ပါးစပ်မှသောက်ကြပြီး၊ အိုပီယမ် အဆိပ်မိခြင်းအတွက် ဖြေဆေးအနေနဲ့ စအိုကနေ ထည့်သွင်းကုသကြပါတယ်

ဘယဆေးကုသမှုတွင် အစားအသောက်စားချင်စိတ်ကို လှုံ့ဆော်ရန် နှင့် အစာခြေခြင်းကို ကောင်းစေရန်ကော်ဖီကို အသုံးပြုကြသည်။ ကော်ဖီသည် နှာခေါင်းသွေးလျှံခြင်းကို သက်သာစေပြီးသွေးလှည့်ပတ်မှုကောင်းစေသည်။ ပါကင်ဆန်ရောဂါနှင့် သည်းခြေကျောက်ဖြစ်ပွားခြင်းကိုလည်းကာကွယ်ပေးသည်။

လူတို့သည် စိတ်ပင်ပန်း လူပင်ပန်းဖြစ်ခြင်းကို သက်သာစေရန်နှင့် စိတ်လန်းဆန်းစေရန် ကော်ဖီကို သောက်သုံးကြသည်။ ကော်ဖီကို ပါကင်ဆန်ရောဂါ၊ သည်ခြေကျောက်တည်ခြင်း၊ အမျိုးအစား – ၂ ဆီးချိုရောဂါ၊ အူလမ်းကြောင်းကင်ဆာ၊ အဆုတ်ကင်ဆာ နှင့် ရင်သားကင်ဆာ ဖြစ်ပွားမှုများကို ကာကွယ်ရန်လည်း အသုံးပြုကြပါတယ်။။ အခြားအသုံးဝင်မှုများအနေဖြင့် ခေါင်းကိုက်ခြင်း၊ သွေးပေါင်ကျခြင်း နှင့် အဝလွန်ခြင်း များကို ကုသရာတွင်လည်း အသုံးပြုပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

ကော်ဖီက ဘယ်လိုလုပ်ဆောင်မှုတွေ ရှိလဲဆိုတာနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ လေ့လာမှုများမရှိသေးပါဘူး။ ပိုမိုသိရှိနိုင်ဖို့ သင့်ရဲ့ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

ဒါပေမယ့်လည်း ကဖင်းဓါတ်ကကော်ဖီတွင်ပါဝင်သော ခါးသက်သော ဓါတ်တစ်မျိုးဖြစ်ကြောင်း ဖော်ပြထားသော လေ့လာမှုများရှိသည်။ ထိုဓါတ်သည် ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုအပေါ်တွင် အကျိုးသက်ရောက်မှုများစွာရှိပါတယ်။ ပင်မအာရုံကြောမကိုလှုံ့ဆော်ခြင်းကဲ့သို့သော အာနိသင်များရှိသည့်အတွက် ကော်ဖီသောက်ခြင်းသည် သင့်ကို ပိုလန်းဆန်းတက်ကြွစေပြီး အင်အားတက်စေသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ကော်ဖီ အသုံးမပြုခင် ဘာတွေသိသင့်သလဲ

လူနာမှ ကော်ဖီဘယ်လောက်များများသောက်ထားပြီး စိတ်ခံစားမှု၊ နှင့် အိပ်သောပုံစံတွင် မည်ကဲ့သို့သက်ရောက်မှုရှိသည်ကို သိရှိထားပါ။

ကော်ဖီကို အေးပြီး ခြောက်သွေ့သောနေရာတွင် ထားပါ။

ကော်ဖီကို အကြာကြီးစွဲသောက်သူတို့တွင် ကော်ဖီရပ်လိုက်သည့်အခါတွင် ဆေးဖြတ်လျင်ဖြစ်တတ်သော လက္ခဏာများကို တွေ့ရလေ့ရှိသည်။

ဆေးဘက်ဝင် အပင်များကို အသုံးပြုသည့် အခါတွင် ဓါတုဆေးဝါးများကို အသုံးပြုသည်ထက် လိုက်နာရမည့် စည်းမျဉ်းများ နည်းတတ်သည်။

ဘေးကင်းစွာ အသုံးပြုနိုင်ရန် လေ့လာမှုများကို ပိုမိုပြုလုပ်ရန်လိုသည်။ ဤဆေးပင်ကို အသုံးပြုရာတွင် အန္တရာယ်ရှိနိင်သည် ဆိုသည်ကို သတိပြုရမည်။ ပိုမိုသိရှိနိုင်ရန် သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

ကော်ဖီ က ဘယ်လောက်စိတ်ချရလဲ

တစ်နေ့လျင် ကော်ဖီ ၁ ခွက် သို့မဟုတ် ၂ ခွက် သောက်သုံးခြင်းသည် နို့တိုက်မိခင်များနှင့် သူတို့၏ကလေးငယ်များအတွက် စိတ်ချရပုံပေါ်သည်။ သို့သော် ကဖင်းဓါတ်သည် ပမာဏများများသောက်လျင် ကလေးငယ်၏အစာလမ်းကြောင်းကို နာကျင်စေပြီး အိပ်မပျော်ခြင်းနှင့် စိတ်ဆတ်ခြင်းများ ဖြစ်စေနိုင်သည်။

ကလေးများအတွက် ကဖင်းပါသော ကော်ဖီကို သောက်ရန်စိတ်မချရပါ။ ကဖင်းကြောင့်ဖြစ်သော ဘေးထွက်ဆိုးကျိုးများသည် ကလေးများတွင် ပိုမိုပြင်းထန်လေ့ရှိသည်။

ကော်ဖီတွင် ပါသော ကဖင်းဓါတ်သည် စိုးရိမ်ပူပန်စိတ်ကို ပိုဆိုးစေသည်။

ကော်ဖီသည် သွေးရောဂါများကို ပိုဆိုးစေသည်။

စစ်မထားသော ကော်ဖီကို သောက်သုံးခြင်းသည် သွေးထဲတွင် ကိုလက်စထရောနှင့် အခြားအဆီများကို တိုးစေသည်။ ထို့အပြင် သွေးထဲရှိ ဟိုမိုစစ်စတင်းဓါတ် ပမာဏကို တက်စေပြီး ထိုအချက်သည် နှလုံးရောဂါဖြစ်ပွားနိုင်ချေကို တိုးစေသည်။

သင့်တွင် ဆီးချိုရောဂါရှိလျင် ကဖင်းကို သတိထား၍ သုံးပါ၊ သွေးထဲရှိ သကြားဓါတ်ကို အမြဲစစ်ဆေးပါ။

ကော်ဖီထဲရှိ ကဖင်းဓါတ်သည် ပမာဏများများသောက်လျင် ဝမ်းပျက်ဝမ်းလျောရောဂါနှင့် အူလမ်းကြောင်းမကောင်းသည့် ရောဂါများကို ပိုဆိုးစေသည်။

ကဖင်းပါသော ကော်ဖီကို သောက်သုံးခြင်းသည် မျက်လုံးထဲရှိ သွေးပေါင်ချိန်ကို တက်စေသည်။

ကဖင်းပါသော ကော်ဖီကို သောက်ခြင်းသည် သွေးတိုးရောဂါရှိသော လူများတွင် သွေးပေါင်ချိန်ပိုတက်စေနိုင်သည်။ သို့သော် ထိုအချက်သည် ကော်ဖီ ကို ပုံမှန်သောက်နေသောလူများအတွက် ဖြစ်နိုင်ချေနည်းပုံရသည်။

ဘေးထွက်ဆိုးကျိုးများ

ကော်ဖီ ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

ကော်ဖီ မှ မည်သို့သော ဘေးထွက်ဆိုးကျိုးများ ရရှိနိုင်ပါသနည်း။

လူအများစုအတွက် ကော်ဖီကို ၂ ခွက် မှ လေးခွက် သောက်နေသောက်နေသော်လည်း ကဖင်းဓါတ်ပြသနာ သိပ်မရှိပေ။ သို့သော် ကဖင်းဓါတ် အရမ်းများလျင် အောက်ပါပြသနာများ ဖြစ်နိုင်သည်။

လက်တုန်ခြင်း၊ ကတုန်ကရီဖြစ်ခြင်း၊

• ညဘက်အိပ်ပျော်ရန်ခက်ခြင်း၊ အိပ်မပျော်ခြင်း၊

ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊

• ရင်တုန်ခြင်၊ နှလုံးခုန်သံ မမှန်ခြင်း၊

ရေဓါတ်ခန်းခြောက်ခြင်း၊

တဖြည်းဖြည်းဖြင့် ကော်ဖီစွဲသွားပြီး ပိုပိုသောက်သုံးခြင်းများဖြစ်လာနိုင်သည်။ ကဖင်းဓါတ်ကို သုံးစွဲမှု ဖြတ်လိုက်လျင် ဆေးဖြတ်လျင်ဖြစ်တတ်သောလက္ခဏာများဖြစ်လာနိုင်သည်။

အသုံးပြုသော လူတိုင်း ထိုဘေးထွက်ဆိုးကျိုးများရှိမည်ဟု မဆိုလိုပါ။ သို့သော် အခြားသော ဆိုးကျိုးများလည်း ရှိနေနိင်သည်။ အကယ်၍ အခြားသော ဘေးထွက်ဆိုးကျိုးများကို စိတ်ပူပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

ကော်ဖီ က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

ဤဘယဆေးပင်ကို လှော်ထားသော အစေ့ ပုံစံနဲ့ ရနိုင်သလို အမှုန့်အနေနဲ့လည်း ရနိုင်ပါတယ်။

ဆေးဓါတ်ပြုမှုများ

ကော်ဖီ ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ကော်ဖီက လက်ရှိဆေးဝါးများ သို့မဟုတ် ကျန်းမာရေးအခြေအနေများနဲ့ ဓါတ်ပြုနိုင်ခြေရှိပါတယ်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါ။

ကော်ဖီက  အခြားသော သင်လက်ရှိအသုံးပြုနေသော ဆေးဝါးများနှင့် ဓါတ်ပြုမှုများရှိနိုင်သည်။ အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

ပမာဏ

ပေးထားသော အချက်အလက်သည် ဆေးပညာဆိုင်ရာ အကြံပြုချက်မဟုတ်သဖြင့် အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

သောက်သုံးရန်အညွှန်း

အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်း တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ကော်ဖီ အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

များသောအားဖြင့် အရွယ်ရောက်သူတစ်ယောက်အတွက် တစ်နေ့ကို  ၂ အောင်စမှ ၈ အောင်စအထိ သောက်သုံးလို့ ရပါတယ်။ ကော်ဖီ ကို ခွက် ၁၀၀ ခန့် သောက်လျှင် အသက်သေဆုံးနိုင်ပါတယ်။

တစ်ယောက် နဲ့ တစ်ယောက် ပမာဏ မတူနိုင်ပါဘူး။ အသက်၊ကျန်းမာရေး၊ နဲ့ အခြားသော ကျန်းမာရေး အခြေအနေများကိုလည်း ထည့်သွင်း စဉ်းစားရပါမယ်။ ဘယဆေးများသည် အမြဲတမ်းအသုံးပြုရန် စိတ်မချရပါ။ သင့်တော်သော ဆေးပမာဏအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement