backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဖွားဖွားတို့အရွယ် မျက်စိမှုန်တတ်တဲ့ သဘာဝတရား


Yun Sandi Nan Mon မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဖွားဖွားတို့အရွယ် မျက်စိမှုန်တတ်တဲ့ သဘာဝတရား

Age-related maculopathy ဆိုတာဘာလဲ

Age-related maculopathy ဆိုတာ အသက်အရွယ်ကြီးရင့်လာတဲ့အခါ ဖြစ်လာတဲ့အမြင်အာရုံဆိုင်ရာရောဂါတစ်မျိုးဖြစ်ပြီးမြင်ကွင်းရဲ့အလယ်မှာ မှုန်ဝါးလာတာ ဒါမှမဟုတ် မမြင်ရတော့တာဖြစ်ပါတယ်။ စစချင်းမှာ လက္ခဏာမသိသာပေမယ့် ကြာလာတဲ့အခါ မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးမှာ အမြင်မှုန်ဝါးမှုပိုဆိုးလာစေပါတယ်။ လုံးဝမျက်စိကွယ်သွားတာမျိုးမဟုတ်ပေမယ့်မြင်ကွင်းအလယ်မှာ မှုန်ဝါးနေခြင်းက မျက်နှာတွေမခွဲခြားနိုင်တော့တာ၊ ကားမောင်းရ၊စာဖတ်ရအဆင်မပြေတော့တာလိုမျိုးနေ့စဉ်ဘဝလုပ်ဆောင်ချက်တွေမှာ အခက်အခဲဖြစ်စေနိုင်ပါတယ်။

လက္ခဏာများ

  • မြင်ကွင်းရဲ့တချို့တစ်ဝက်မှာ မှုန်ဝါးဝါးနဲ့ ကွက်ပြီးမမြင်ရတာတွေဖြစ်လာတယ်။ အိမ်ထဲမှာပဲ တချို့နေရာလေးတွေကိုသေချာမမြင်ရတာ၊ ကားမောင်းတဲ့အခါ လမ်းပေါ်ကအမှတ်အသားတွေကိုမြင်ဖို့အခက်တွေ့လာတာကနေ စပြီးသတိထားမိကြပါတယ်။
  • မျက်လုံးကို အလင်းရောင်ထိုးပြီးတဲ့အခါတော်တော်ကြာမှ သဲသဲကွဲကွဲပြန်မြင်ရတယ်။
  • တဖြည်းဖြည်း အမြင်အာရုံမှုန်ဝါးလာတယ်။ တစ်ခါတစ်ရံ အမြင်အာရုံဆုံးရှုံးဖို့ မြန်မြန်ဆန်ဆန်အစပျိုးတဲ့အခါမှ လက္ခဏာသတိထားမိကြတာတွေရှိပါတယ်။
  • အရောင်တွေ ခွဲခြားမြင်နိုင်ဖို့ ခက်ခဲလာပါတယ်။

ဘယ်အချက်တွေကြောင့်ဖြစ်နိုင်လဲ

Age-related maculopathy ကြောင့် အမြင်အာရုံယိုယွင်းမှုကို နဂိုအတိုင်းပြန်မရနိုင်ပေမယ့် တဖြည်းဖြည်းယိုယွင်းလာမှုဖြစ်စဉ်ကို နှေးအောင် ထိန်းသိမ်းကုသနိုင်ပါတယ်။ ဒီလိုကုသရာမှာလည်း စောစောသိရှိမှ အချိန်မီနိုင်မှာဖြစ်လို့ အစတည်းက သင့်မျက်လုံးကို ကြိုတင်ကာကွယ်ဖို့၊ ကျန်းမာရေးဂရုစိုက်ဖို့ အရေးကြီးပါတယ်။

  • ဆေးလိပ်ဖြတ်ပါ။
  • မျက်စိကျန်းမာရေးကို ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူပါ။ အမြင်အာရုံနဲ့ပတ်သက်ပြီး မူမမှန်ပြောင်းလဲတာရှိလာရင် ဆရာဝန်ပြပါ။
  • မျက်စိကို နေရောင်မှ ကာကွယ်ပါ။ အန္တရာယ်ရှိနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်ေတွမထိအောင် နေကာမျက်မှန် သို့မဟုတ် ဦးထုပ်၊ ထီး တို့နဲ့ ကာကွယ်ပါ။
  • ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနှင့် အိုမီဂါ-၃ ကြွယ်ဝတဲ့ အစားအသောက်တွေနဲ့ တခြားကျန်းမာရေးအတွက် ကောင်းတဲ့ဆေးတွေ များများစားပေးပါ။
  • အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ များများစားပါ။
  • သွေးပေါင်ချိန်ကိုလည်း ထိန်းထားပါ။
  • လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
  • ဆရာဝန် သို့ ဆေးဝါးကျွမ်းကျင်နှင့် တိုင်ပင်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်အားဆေးတွေ သောက်သုံးပါ။
  • အသက် ၅၀ သို့မဟုတ် ၆၀ ကျော်လာပြီဆိုရင် Age-related maculopathy မျက်စိစစ်ဆေးမှု ခံယူသင့်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Yun Sandi Nan Mon မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement