နှလုံးရောဂါ

နှလုံးရောဂါက ကမ္ဘာမှာ သေဆုံးမှု အများဆုံး ရောဂါ တစ်ရပ်ပါ။ ကျန်းမာပျော်ရွှင်စွာ ရှင်သန်နိုင်စေဖို့အတွက် အရေးပါတဲ့ နှလုံးလေးမှာ ရောဂါ ခံစားရတဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ။ ဘာကြောင့် နှလုံးရောဂါ ဖြစ်ရတာလဲ။ ဘယ်လို ကာကွယ်ရမလဲ။ ဖြစ်လာခဲ့ရင်ရော ဘယ်လို ကုသရမလဲဆိုတာတွေကို ဒီကဏ္ဍထဲမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးရောဂါ

၂၀၂၂ မြန်မာနိုင်ငံ နှလုံးရောဂါစစ်တမ်း ရဲ့ စိတ်ဝင်စားစရာအချက်များ

Hello ဆရာဝန်မှ ၂၀၂၂ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ်အဖြစ် နှလုံးရောဂါစစ်တမ်း ကောက်ခံခဲ့ရာ ၁၁၉ယောက်သော ဖြေဆိုသူများရဲ့ နှလုံးကျန်းမာရေးနဲ့ ပတ်သက်တဲ့သဘောထားကို ခုလိုသိရှိခဲ့ရပါတယ်။  နှလုံးရောဂါက အသံတိတ်လူသတ်သမားလို့ နာမည်ကြီးတဲ့ ရောဂါပါ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်နေထိုင်ပုံ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ မျိုးဗီဇကြောင့် နှလုံးနဲ့ သွေးကြောရောဂါတွေ အဖြစ်များလာပါတယ်။ ဒီရောဂါက ကြိုတင်ကာကွယ်လို့ မရတာတော့ မဟုတ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေရဲ့ သဘောထားကရော ဘယ်လိုရှိသလဲဆိုတာ စစ်တမ်းကနေ လေ့လာကြည့်ရအောင်။ [embed-health-tool-heart-rate]

နှလုံးရောဂါ ကို ရှာဖွေမည်။

နှလုံးရောဂါ

လက်ချောင်းထိပ်လေးကို စမ်းသပ်ရုံနဲ့နှလုံးရောဂါဖြစ်နိုင်ခြေရှိလားဆိုတာကို ခန့်မှန်းနိုင်မယ့်နည်းလမ်းသစ်

လက်ချောင်းလေးတွေက ကိုင်တွယ်ဖို့၊ နေ့စဉ်လှုပ်ရှားမှုတွေမှာ အဆင်ပြေအောင်အထောက်အကူပြုပေးရုံပဲ အသုံးဝင်တာလား။ မဟုတ်ပါဘူး။ လက်ချောင်းလေးတွေကို ကြည့်ပြီး သင့်မှာ နှလုံးရောဂါဖြစ်နိုင်ခြေရှိလားဆိုတာကို ခန့်မှန်းလို့ရတယ်လို့ မကြာသေးခင်ကလုပ်ခဲ့တဲ့ လေ့လာမှုအရသိရပါတယ်။ လက်ချောင်းလေးတွေက နှလုံးရောဂါဖြစ်နိုင်ခြေကို ဘယ်လိုဖော်ပြနေလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ လက်ချောင်းထိပ်လေးကို စမ်းသပ်ရုံနဲ့သိနိုင်မယ့် နှလုံးရောဂါဖြစ်နိုင်ခြေ နှလုံးရောဂါကြောင့် နှစ်စဉ်သေဆုံးသူဦးရေမနည်းပါဘူး။ ဒီလိုမျိုး လူတော်တော်များများကိုအသက်အန္တရာယ်ခြိမ်းခြောက်နေတဲ့ရောဂါကို  သွေးတစ်စက်မထုတ်ရဘဲ စစ်ဆေးလို့ရတော့မယ်ဆိုတော့ ဘယ်လောက်တောင်ကောင်းလိုက်သလဲနော်။ ဒီတော့လူတော်တော်များများကို အသက်ဆုံးရှုံးစေနေတဲ့ နှလုံးရောဂါကို ခန့်မှန်းနိုင်မယ့် နည်းလမ်းလေးက ဘယ်လိုမျိုးလဲဆိုတာကို ကြည့်လိုက်ရအောင်လား။ အရေပြားကို အပ်နဲ့တောင်ထိုးစိုက်မှုတစ်ချက်မလုပ်ဘဲ လက်ထိပ်လေးကိုပဲ စမ်းသပ်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေရှိလားဆိုတာကို စမ်းသပ်ပေးမယ့် နည်းလမ်းကို reactive hyperemia peripheral arterial tonometry (RH-PAT) လို့ခေါ်ပါတယ်။ လက်ရှိမှာ စမ်းသပ်လုပ်ဆောင်ပေးနိုင်မှုနည်းနေသေးပေမယ့် နောက်ပိုင်းမှာ ဆရာဝန်တိုင်းရဲ့ ဆေးခန်းတွေမှာ အလွယ်တကူထားရှိစစ်ဆေးပေးနိုင်တော့မှာပါ။ ဒီစမ်းသပ်မှုက လက်ချောင်းထိပ်လေးက သွေးစီးဆင်းမှုကို စစ်ဆေးတာပါ။ သွေးပေါင်ချိန်တိုင်းကိရိယာနဲ့ […]


နှလုံးရောဂါ

ရင်ဘတ်အောင့်တဲ့ပြဿနာဟာ မပေါ့ဆသ့င်တဲ့အရာတစ်ခုပါ။

အသက်လေးရှူလိုက်လို့ ရင်ညွှန့်နားက စူးကနဲအောင့်သွားတယ်၊ ကိုယ်ခန္ဓါ အလှည့်အပြောင်းမှာ ရင်ဘတ် လေးတစ်ချက်ချက် အောင့်သွားတတ်တဲ့ ပြဿနာကို ကြုံဖူးတဲ့သူ မရှားပါဘူး။ လူအများစုကတော့ ဒီလို ဖြစ်လာပြီဆိုရင် လေထိုးတာနေမှာ၊ လေပဲနေမှာဆိုပြီး ပေါ့ပေါ့ဆဆေတွေးလိုက်ကြတာများပါတယ်။ တကယ်တော့ ရင်ဘတ်အောင့်တဲ့ပြဿနာဟာ လုံးဝကို မပေါ့ဆသင့်တဲ့ အရာတစ်ခုပါ။ ဘာေ့ကြာင့်လဲဆိုတော့ ဒီရင်ဘတ်အောင့်တာ နှလုံးနဲ့ အဆုတ် ရောဂါတွေရဲ့ အဓိက လက္ခဏာဖြစ်နေလို့ပါ ။ အသေးစိတ်ဆက်ကြည့်လိုက်ရအောင် ။ နှလုံးရောဂါဆိုင်ရာ ရင်ဘတ်အောင့်ခြင်း ။ ။ Angina – ဒီ angina ဆိုတဲ့ ရင်ဘတ်တစ်ခြမ်းအောင့်တာနဲ့ MI လို့ခေါ်တဲ့ နှလုံးကြွက်သားပုတ်ပြီး ရင်ဘတ်အောင့်တဲ့ နှစ်ခုက ဆင်တူတတ်ပါတယ်။ မတူတာတွေကတော့ angina ကြောင့်ဖြစ်တဲ့ ရင်ဘတ်အောင့်တာဟာ လေ့ကျင့်ခန်းကြောင့် ၊စိတ်ဖိစီးမှုကြောင့်၊ ရာသီဥတုကြောင့်နဲ့ အများဆုံး သက်ဆိုင်ပြီး […]


နှလုံးရောဂါ

ကိုယ့်မှာ နှလုံးရောဂါရှိနေတာ သိနိုင်မယ့် လက္ခဏာ (၉) ခု

နှလုံးရောဂါရှိနေပြီလားလို့ ကိုယ့်ကိုယ်ကို သံသယရှိတဲ့အချိန်တွေရှိတတ်ပါတယ်။မောတယ်၊ ရင်ဘတ်အောင့်တယ်(တခါတလေလေထိုးတာဖြစ်နေတတ်တယ်) ဆိုရင် ငါတော့နှလုံးရောဂါဖြစ်နေပါပြီဆိုပြီး စိတ်ပူနေတတ်တာက ပြဿနာမရှိပေမယ့် တကယ်တမ်းဆေးကုသဖို့လိုအပ်နေတဲ့သူတွေကရောဂါကိုစောစောမသိလို့ အချိန်မီမကုသနိုင်တာမျိုး၊ ရုတ်တရက် နှလုံးရပ်မှသိရတာမျိုးက အန္တရာယ်ကြီးပါတယ်။ ကိုယ့်မှာ နှလုံးရောဂါရှိနေတာ ဘယ်လိုသိမလဲ ဒီလက္ခဏာတွေဖြစ်လာတယ်ဆိုရင် နှလုံးကျန်းမာရေးကို စစ်ဆေးကြည့်ဖို့ အချက်ပြနေတာပါ။ (၁) အိပ်ပျော်နေစဉ် အသက်ရှူခေတ္တရပ်တာ (ညအိပ်ချိန် တအားဟောက်တာ) ကိုယ့်ရဲ့ဟောက်သံကျယ်ကျယ်ထွက်နေတယ်ဆိုတာ အသက်ရှူခေတ္တရပ်တာကြောင့်ပါ။ အဲဒီအချိန်ဆိုရင် ဦးနှောက်ကိုအောက်ဆီဂျင်အလုံအလောက်မရောက်တော့ပါဘူး။ ဒီလိုဖြစ်ရင် သွေးလည်ပတ်စေဖို့ နှလုံးနဲ့သွေးကြောတွေကို ပိုအလုပ်လုပ်စေပါတော့တယ်။ ရလဒ်ကတော့သွေးဖိအားကိုမြင့်စေနိုင်တယ်၊ နှလုံးခုန်စည်းချက် မူမမှန်ဖြစ်စေတယ်၊လေဖြတ်ခြင်းနဲ့ နှလုံးလုပ်ဆောင်ချက်ပျက်စီးခြင်းတု့ိဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါပေမယ့် ကံကောင်းတာတစ်ခုက ဟောက်တတ်တဲ့အကျင့်ဆိုတာ ကုသလို့ရပါတယ်။ (၂) အနီရောင်သမ်းတဲ့ရည်ကြည်ဖုတွေထွက်တာ သွေးတွင်းအဆီဓါတ်triglyceride ပမာဏအရမ်းများနေရင် လက်ဆစ်၊ခြေဆစ်နဲ့ တင်ပါးမှာ ရည်ကြည်ဖုလေးတွေဖြစ်လာတဲ့ လက္ခဏာရှိတတ်ပါတယ်။သွေးထဲမှာ ဒီအဆီတွေများနေတဲ့အခါသွေးကြောမာစေတာနဲ့ နှလုံးရောဂါ၊လေဖြတ်ခြင်းအန္တရာယ်တွေပါ စိုးရိမ်ရပါတယ်။ (၃) လက်ရဲ့ ဆုပ်ကိုင်နိုင်စွမ်း အားနည်းတာ လက်ရဲ့ဆုပ်ကိုင်နိုင်အားက နှလုံးကျန်းမာရေးကို တစ်စိတ်တစ်ပိုင်းဖော်ပြနိုင်တာ သင်သိပါသလား။ သုတေသနတွေအရ လက်ရဲ့ဆုပ်ကိုင်နိုင်စွမ်း၊ […]


နှလုံးရောဂါ

နှလုံးကျန်းမာရေးအတွက် မပေါ့ဆသင့်တဲ့ လက္ခဏာ (၈) မျိုး

နှလုံးရောဂါရှိထားပြီးသားလူတွေရော၊ နှလုံးရောဂါရှိမရှိ မသိသေးတဲ့သူတွေရော ကိုယ့်မှာဖြစ်တဲ့လက္ခဏာတွေအကြောင်းသေချာသိထားဖို့လိုတယ်၊ အချိန်မီကုသနိုင်အောင် လက်ဦးဖို့လိုတယ်ဆိုတာလေး သတိပေးချင်ပါတယ်။ နှလုံးနဲ့ပတ်သက်တဲ့ ပြဿနာအားလုံးက လက္ခဏာ အတိအကျမပြတတ်ပါဘူး။ ရုပ်ရှင်တွေထဲကလို ရင်ဘတ်လေးဖိပြီးလဲကျသွားတာမျိုး အမြဲတမ်းမပြပါဘူး။တချို့လက္ခဏာတွေက မောတာ၊ရင်ဘတ်အောင့်တာတင် မဟုတ်သလို အချိန်မီမကုသနိုင်ရင် ဘာဆက်ဖြစ်သွားနိုင်လဲဆိုတာလည်း အပိုင်ပြောဖို့မလွယ်ပါဘူး။ မသေချာရင် နှလုံးကိုစစ်ဆေးကြည့်တာ အကောင်းဆုံးပါပဲ။ အကယ်၍ကာယကံရှင်က အသက် ၆၀ နဲ့အထက် ရှိနေသူဖြစ်ရင်၊ ဝနေရင်၊ ဆီးချိုရှိရင်၊ ကိုလက်စထရောများရင်၊သွေးတိုးရှိရင်ဖြစ်နိုင်ခြေပိုများတတ်ပါတယ်။ ဒီလိုအချက်တွေ ကိုယ့်မှာရှိတာများလေ ပိုသတိထားသင့်လေဖြစ်ပါတယ်။ အထူးသဖြင့် ဒီလက္ခဏာတွေကို ဂရုစိုက်ပါ - (၁) ရင်ဘတ်ထဲက ဝေဒနာ နှလုံးအတွက်အန္တရာယ်အများဆုံးအဖြစ်များတဲ့ လက္ခဏာတစ်ခုကတော့ ရင်ဘတ်အောင့်တာပါပဲ။ နှလုံးသွေးကြောပိတ်နေတာ၊ နှလုံးလုပ်ဆောင်ချက်ရုတ်တရက်ရပ်ဆိုင်းတာဆိုရင် ရင်ဘတ်ထဲအောင့်တယ်၊ တင်းကျပ်ကျပ်ကြီးဖြစ်နေတယ်၊ ဖိထားသလို ခံစားရတယ်။ ဒီခံစားချက်ကို ဘယ်လိုခေါ်ဆိုလဲဆိုတာ တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ တချို့က ရင်ဘတ်မှာအလေးကြီးဖိထားသလို ခံစားရတယ်ပြောပေမယ့် ပူလောင်နေတယ်၊ ဖိညှပ်သလိုနာတယ် လို့လည်း […]


နှလုံးရောဂါ

ဆံပင်ဖြူခြင်း နှင့် နှလုံးရောဂါဖြစ်နိုင်ခြေ

အသက်အရွယ်ရလာချိန်မှာ တဖြည်းဖြည်းချင်း ဆံပင်တွေဖြူလာတာက နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ဖြစ်နိုင်ခြေနဲ့ဆက်စပ်နေပါတယ်။ လေ့လာမှုအသစ်တစ်ရပ်မှာတော့ ဆံပင်ဖြူတာက နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာဖြစ်နိုင်တယ်၊လို့ သုံးသပ်ထားပါတယ်။ ကိုလက်စထရော၊အဆီ၊ကယ်လ်ဆီယမ်နဲ့ အခြားဒြပ်ပစ္စည်းတွေပါဝင်ဖွဲ့စည်းထားတဲ့ atherosclerosis လို့ခေါ်တဲ့ အရာက သွေးကြောတွေထဲမှာ စတင်ဖြစ်လာပါတော့တယ်။ ဒီပစ္စည်းက တဖြည်းဖြည်းချင်းစုပုံအနည်ကျလာပြီး သွေးကြောတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို ကန့်သတ်လာပါတယ်။ ဒီလိုဖြစ်လာတဲ့အနေအထားက နှလုံးနဲ့ ခန္ဓါကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဆီကို သွေးရောက်ရှိစီးဆင်းနိုင်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ တကယ်လို့ ဒီအခြေအနေကို မကုသဘဲထားမယ်ဆိုရင် လေဖြတ်တာ၊ ရုတ်တရက်နှလုံးရပ်တာတွေအပါအဝင် ပြင်းထန်တဲ့ နှလုံးရောဂါဖြစ်နိုင်တဲ့ အလားအာလတွေကိုတိုးစေမှာဖြစ်သလို နှလုံးဖောက်ပြီး အသက်သေဆုံးသည်အထိတောင်ဖြစ်နိုင်ပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေဖြစ်ရတဲ့အဓိကအကြောင်းအရင်းကတော့ နှလုံးသွေးကြောတွေထဲမှာ အနယ်အနှစ်တွေစုပုံတာက သွေးကြောတွေရဲ့သွေးစီးဆင်းထောက်ပံ့မှုကို ထိခိုက်စေနိုင်တာကြောင့်ဖြစ်ပါတယ်။ နှလုံးသွေးလွှတ်ကြောမကြီးက သွေးတွေကို လုံလောက်အောင် မထောက်ပံ့နိုင်တဲ့အခါ နှလုံးနဲ့ပတ်သက်တွေ ဝေဒနာတွေစတင်ခံစားလာရပါတော့တယ်။ အသက်အရွယ်ကြီးရင့်လာလေလေ နှလုံးရောဂါခံစားရနိုင်ခြေကများလာလေလေပါပဲ။ အသက်အရွယ်ရောက်လာတဲ့အခါ ခန္ဓါကိုယ်တွင်းမှာ oxidative stress တွေတိုးလာပြီး ဆဲလ်တွေကလည်း […]


နှလုံးရောဂါ

နှလုံးရောဂါခံစားရနိုင်ခြေအပေါ်မှာ သက်ရောက်မှုရှိနေတဲ့အရာတစ်ခု (သို့မဟုတ်) သွေးအမျိုးအစား

ဘာသွေးအမျိုးအစားလဲလို့မေးလိုက်ရင်..... အရေးများကြီးလို့လားလို့တွေးနေလား။ အရေးကြီးတာကြောင့်ပါနော်။ ဘာလို့ ဒီလိုပြောရတာလဲဆိုတော့ သွေးအမျိုးအစားကနေတဆင့် နှလုံးရောဂါ ခံစားရနိုင်ခြေရှိလားဆိုတာကို ခန့်မှန်းလို့ရနိုင်ပါတယ်နော်။ သွေးအမျိုးအစားက ဘယ်လိုများသက်ရောက်နေလဲ သွေးအမျိုးအစားက အရေးပေါ်သွေးလိုတဲ့အချိန်မှာပဲ သိထားဖို့လိုတာမဟုတ်ပါဘူး။ ခန္ဓါကိုယ်ကျန်းမာဖို့အတွက် ဂရုစိုက်ရာမှာလည်းသွေးအမျိုးအစားက သက်ရောက်မှုရှိနေပါသတဲ့။ အခုနောက်ပိုင်းလေ့လာတွေ့ရှိချက်အရ သိလာရတာကသွေးအမျိုးအစားက နှလုံးရောဂါ ခံစားရနိုင်ခြေကို ခန့်မှန်းရာမှာ အရေးပါလာတယ်ဆိုတာပါ။ဘယ်လိုတိုင်းတာလဲတိုင်းတာတာကတော့ ပုံမှန်အတိုင်းပါပဲ။ လူတစ်ယောက်မှာ နှလုံးရောဂါဖြစ်နိုင်လားဆိုတာကို တိုင်းတာတဲ့ အခြေခံအချက်တွေဖြစ်ကြတဲ့သွေးပေါင်ချိန်၊သွေးတွင်းကိုလက်စထရော၊ ကိုယ်အလေးချိန်စတာတို့နဲ့ပါ။ ဒါကသွေးအမျိုးအစားနဲ့ ဆိုင်လို့လားဆိုရင်တော့ ဆိုင်တယ်လို့ပဲပြောရပါမယ်။ ဘာကြောင့်ဒီလိုပြောရလဲဆိုရင်သွေးအမျိုးအစားကိုလိုက်ပြီးသွေးပေါင်ချိန်၊သွေးတွင်း ကိုလက်စထရောပမာဏတွေကွာခြားနိုင်လို့ပါနော်။ ဒီအချက်ကို သိနိုင်ဖို့ ဟားဗတ်စ်ဆေးတက္ကသိုလ်နဲ့ ဟားဗတ်စ်ကျန်းမာရေးဌာနက ပါရဂူတစ်ဦးဖြစ်တဲ့ သုတေသီLu Qi ကလေ့လာခဲ့တာပါ။လူတစ်ယောက်အဖို့သွေးအမျိုးအစားကပြောင်းလဲလို့မရပါဘူး။ပြောင်းလဲလို့မရတဲ့သွေးအမျိုးအစားကပဲ ခန္ဓါကိုယ်မှာ ဘာတွေဖြစ်လာနိုင်လဲဆိုတာကို ခန့်မှန်းလို့နိုင်ပါတယ်နော်။လေ့လာမှုအရသိရတာက အိုသွေးအမျိုးအစား ပိုင်ရှင်လေးတွေက ရုတ်တရက်နှလုံးရပ်တာ၊ နှလုံးရောဂါခံစားရတာနဲ့လေဖြတ်တာမျိုး ခံစားရနိုင်ခြေက အခြားသွေးအမျိုးအစားတွေထက်နည်းပါတယ်။ ရုတ်တရက် နှလုံးရပ်နိုင်ခြေ၊လေဖြတ်နိုင်ခြေနဲ့နှလုံးရောဂါ ခံစားရနိုင်ခြေ အမြင့်ဆုံးသွေးအမျိုးအစားပိုင်ရှင်တွေကအေဘီသွေးလေးတွေပါနော်။ ဒီလေ့လာမှုရလဒ်အတွက် နှစ် […]


နှလုံးရောဂါ

လုံးဝကို လျစ်လျူရှုထားဖို့ မသင့်တဲ့ နှလုံးရောဂါ လက္ခဏာများ

နှလုံးရောဂါ ဆိုတာ သင့်ကို အသိမပေးဘဲ ဘွားကနဲ ပေါ်လာတတ်မျိုး မဟုတ်ပါဘူး။ နှလုံးမှာ တစ်ခုခုဖြစ်နေပြီ ဆိုတဲ့အကြောင်း သင့်ကို သတင်းပို့ပို့ပေးပါတယ်။ ခက်တာက နှလုံးကပေးပို့တဲ့ လက္ခဏာတွေကို လူတွေက သတိမမူ ပေါ့ပေါ့ဆဆနေတတ်တာပါပဲ။ နှလုံးရောဂါ လက္ခဏာဆိုတာကလည်း ရုပ်ရှင်တွေထဲကလို ရင်ဘတ်ကိုဖိပြီး လဲကျသွားသလိုမျိုး မရိုးရှင်းလှတဲ့အတွက် သူပေးပို့တဲ့ လက္ခဏာတွေကို Hello ဆရာဝန် ပရိတ်သတ်ကြီးဘက်က သေချာဖမ်းယူမိဖို့တော့ လိုပါလိမ့်မယ်။ ဒါဆို ဘယ်လို လက္ခဏာတွေရှိကြောင်း နှလုံးက ပြနေရင် မပေါ့ဆသင့်ဘူးလဲ။ Hello ဆရာဝန် ပရိတ်သတ်ကြီးထဲမှာ အသက် ၅၀ ကျော်တဲ့သူတွေ၊ အဝလွန် နေတဲ့သူတွေ၊ သွေးတိုး၊ ဆီးချိုရှိတဲ့သူတွေ၊ သွေးတွင်း အဆီဓာတ်များနေတဲ့သူတွေ ပါနေရင် နှလုံးရောဂါအတွက် ပိုလို့တောင်စိုးရိမ်ရတဲ့အတွက် ခုပြောပြမယ့် နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေကို လုံးဝ […]


နှလုံးရောဂါ

စောစောမသေချင်ဘူးဟုတ်.... တစ်ပတ်ကို ၁၀ မိနစ်လောက် ပျော်ပျော်နေပါ

သက်ရှည်ကျန်းမာချင်တယ်ဟုတ်........ အသက်ရှည်ရှည်နေချင်ရင် ကိုယ်ဝါသနာပါရာလေးတွေအတွက် အချိန်ပေးဖို့ မမေ့ပါနဲ့။ပျော်ပျော်နေသေခဲဆိုတာလည်း ရှိတယ်မဟုတ်လား။ ဒီတော့ ဘဝသက်တမ်းတလျှောက်ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ဖို့ တစ်ပတ်တစ်ခါလောက်တော့ စိတ်ရောကိုယ်ပါပြေလျော့ပျော်ရွှင်စေမယ့် လှုပ်ရှားမှုလေးတွေလုပ်ပေးပါနော်။ အသက်ရှည်ရှည်နေချင်ရင် ဘာလုပ်ရမလဲ သုတေသနအသစ်တစ်ရပ်အရ ကတာ၊ ပန်းပင်တွေစိုက်တာ၊ လမ်းလျှောက်တာလိုမျိုး စိတ်ပေါ့ပါးပျော်ရွှင်စေတဲ့ လှုပ်ရှားမှုတွေကိုလုပ်ဆောင်နေတဲ့ အသက် ၄၀ကျော်အမျိုးသားတွေရော အမျိုးသမီးတွေရောကရောဂါအခြေအနေတွေကြောင့် အသက်သေဆုံးနိုင်ခြေ ပုံမှန်ထက်ပိုနည်းနေတယ်။ လိုတွေ့ရှိခဲ့ရပါတယ်။ အရင်ကလုပ်ခဲ့တဲ့လေ့လာမှုတွေအရကတော့ ဥယျာဉ်ခြံမြေစိုက်ပျိုးတာ လိုမျိုး စိတ်လက်ပေါ့ပါးစေတဲ့ ကိုယ်လက်လှုပ်ရှားမှုေလးတွေကို အချိန်ပေးပြီးလုပ်ဆောင်သူတွေက ဦးနှောက်ကျန်းမာကြသလို နှလုံးလည်း ကျန်းမာကြပါတယ်။ ဒါ့အပြင် အခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်းရရှိနိုင်ပါတယ်၊ လို့လေ့လာတွေ့ရှိခဲ့ပါတယ်။ အခုလေ့လာမှုအတွက်တော့ အသက် ၄၀ နဲ့ ၄၀ကျော် လူထောင်ပေါင်းများစွာကိုလေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုအတွင်း ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်တဲ့ အတိုင်းအတာနဲ့သေဆုံးနိုင်ခြေတို့အကြားကဆက်စပ်မှုကိုလေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုကို တရုတ်နိုင်ငံ၊ ဂျီအန်ပြည်နယ်မှာရှိတဲ့Shandong တက္ကသိုလ်၊ တက္ကဆက်ပြည်နယ်Galvestonမြို့မှာရှိတဲ့ တက္ကဆက်ဆေးတက္ကသိုလ်၊Minneapolis မှာရှိတဲ့ မင်နီဆိုးတားတက္ကသိုလ်တို့မှာရှိတဲ့ သုတေသန ဌာနတွေက စုပေါင်းလေ့လာခဲ့ကြပါတယ်။ လေ့လာမှုရလဒ်အနေနဲ့ကတော့ တစ်ပတ်မှာ အချိန်အနည်းငယ်လောက် […]


နှလုံးရောဂါ

နှလုံးရောဂါဖြစ်နိုင်ခြေပိုများတယ် ဆိုတော့.....ပုတာ အပြစ်လား

နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေက အများကြီးရှိပါတယ်။ တချို့က ကြွက်သားမှာဖြစ်တယ်၊ တချို့က နှလုံးခုန်နှုန်းမှာဖြစ်တယ်၊သွေးကြောကျဉ်းတာ၊သွေးကြောမာတာ၊ ထူတာ၊ နှလုံးဖောက်တာ စသည်ဖြင့်ပေါ့။လေဖြတ်တာလည်း ကျန်သေးတယ်။ ကျန်းမာရေးနဲ့မညီတဲ့ အစားအစာတွေ၊ လှုပ်ရှားမှုနည်းတာ၊ဆေးလိပ်သောက်တာ စတဲ့အချက်တွေက နှလုံးရောဂါဖြစ်လာဖို့ ဆွဲဆောင်နေတဲ့အရာတွေမှန်း လူသိများကြပါတယ်။ ဒါတွေကနေသွေးတိုး၊ ဆီးချိုတွေဖြစ်လာစေပြီး နှလုံးကိုပါပြဿနာဖြစ်စေတာပါ။ ဒါပေမယ့် နှလုံးရောဂါဖြစ်စေနိုင်တဲ့ တချို့တရားခံတွေကိုတော့ လူသိနည်းပါတယ်။ အဲဒီအချက်တွေထဲမှာ အရပ်ပုသူတွေအတွက် နှလုံးရောဂါဖြစ်နိုင်ခြေပိုများတယ်ဆိုတာစိတ်မကောင်းစရာပါ။ ပုတာ အပြစ်လားနော်။ ကား၊ လေယာဉ်နဲ့ ရထားသံတွေ အသံအတိုးအကျယ်50 decibels လောက်ကစပြီး စီးတော်ယာဉ်အမျိုးမျိုးရဲ့ဆူညံသံတွေကသွေးဖိအားကိုတိုးစေပြီး နှလုံးဖောက်ခြင်းကိုဖြစ်နိုင်ခြေပိုများစေနိုင်ပါတယ်။10-decibel ထပ်တိုးလာတိုင်းမှာ နှလုံးရောဂါနဲ့လေဖြတ်နိုင်ခြေ ရာခိုင်နှုန်းက ပိုလို့တိုးလာနိုင်ပါတယ်။ ဒါကတော့ စိတ်ရှုပ်မှု၊ စိတ်ဖိစီးမှုအပေါ် ခန္ဓါကိုယ်ရဲ့တုံ့ပြန်ချက်နဲ့ သက်ဆိုင်မယ်လို့ သိပ္ပံပညာအရ ဆိုကြပါတယ်။ ခေါင်းတခြမ်းကိုက်ခြင်း ဘာကြောင့်လဲဆိုတာ အတိအကျမသိပေမယ့်ခေါင်းတခြမ်းကိုက်တဲ့အချိန်မှာလေဖြတ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးရုတ်တရက်ရပ်ခြင်းတို့ခံစားရနိုင်ခြေပိုများပါတယ်။နောက်ပြီး ကိုယ့်မိသားစုထဲမှာ နှလုံးရောဂါရှိတဲ့သူတွေရှိရင် ဒါမှမဟုတ် ကိုယ့်မှာနှလုံးရောဂါအခံရှိရင်triptans လို့ခေါ်တဲ့ခေါင်းတခြမ်းကိုက်ခြင်းအတွက်ပေးတဲ့ဆေးကို မသောက်သင့်ပါဘူး။ သွေးကြောတွေကျဉ်းစေတဲ့ […]


နှလုံးရောဂါ

သင့်နှလုံးမှာ ဘယ်လို ပြဿနာတွေ ဖြစ်နိုင်သလဲ ။ ။

နှလုံးဆိုတာ လူ့ကိုယ်ခန္ဓါ တစ်ခုအတွက် တစ်ကယ်ကို အရေးအပါဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သူနဲ့ ပက်သက်ဆက်နွယ်ပြီး ဖြစ်တဲ့ ရောဂါ တွေကလည်း အများကြီးပါ။ ကြားဖူးပြီးသားဖြစ်တဲ့သူတွေလည်း ရှိကြသလို နှလုံးရောဂါဘယ်နှစ်မျိုးရှိလဲ ။ ဘာတွေလဲဆိုတာ မသိကြသေးတဲ့သူတွေ ရှိကြမယ်လို့လည်းထင်ပါတယ်။ ဒါဆို သင့်နှလုံးမှာ ဘယ်လို ပြဿနာတွေ ဖြစ်နိုင်သလဲ ။ ။ ခန္ဓါ ဗေဒအရ နှလုံးတစ်ခုကို နှလုံးကြွက်သား (cardiac muscle) အဆို့ရှင်၊( valves) သွေးပြန်ခန်း ( atrium) နှစ်ခု သွေလွှတ်ခန်း (ventricles) နှစ်ခု သွေးခန်းတွေ ကို ခြားထားတဲ့ အလယ်က ကြွက်သား နှလုံး အပြင်ဘက်ကို ဖုံးထားပေးတဲ့ အလွှာပါး ( pericardium) နှလုံးသွေးကြော၊ ( veins နဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်