နှလုံးရောဂါ

နှလုံးရောဂါက ကမ္ဘာမှာ သေဆုံးမှု အများဆုံး ရောဂါ တစ်ရပ်ပါ။ ကျန်းမာပျော်ရွှင်စွာ ရှင်သန်နိုင်စေဖို့အတွက် အရေးပါတဲ့ နှလုံးလေးမှာ ရောဂါ ခံစားရတဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ။ ဘာကြောင့် နှလုံးရောဂါ ဖြစ်ရတာလဲ။ ဘယ်လို ကာကွယ်ရမလဲ။ ဖြစ်လာခဲ့ရင်ရော ဘယ်လို ကုသရမလဲဆိုတာတွေကို ဒီကဏ္ဍထဲမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးရောဂါ

၂၀၂၂ မြန်မာနိုင်ငံ နှလုံးရောဂါစစ်တမ်း ရဲ့ စိတ်ဝင်စားစရာအချက်များ

Hello ဆရာဝန်မှ ၂၀၂၂ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ်အဖြစ် နှလုံးရောဂါစစ်တမ်း ကောက်ခံခဲ့ရာ ၁၁၉ယောက်သော ဖြေဆိုသူများရဲ့ နှလုံးကျန်းမာရေးနဲ့ ပတ်သက်တဲ့သဘောထားကို ခုလိုသိရှိခဲ့ရပါတယ်။  နှလုံးရောဂါက အသံတိတ်လူသတ်သမားလို့ နာမည်ကြီးတဲ့ ရောဂါပါ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်နေထိုင်ပုံ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ မျိုးဗီဇကြောင့် နှလုံးနဲ့ သွေးကြောရောဂါတွေ အဖြစ်များလာပါတယ်။ ဒီရောဂါက ကြိုတင်ကာကွယ်လို့ မရတာတော့ မဟုတ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေရဲ့ သဘောထားကရော ဘယ်လိုရှိသလဲဆိုတာ စစ်တမ်းကနေ လေ့လာကြည့်ရအောင်။ [embed-health-tool-heart-rate]

နှလုံးရောဂါ ကို ရှာဖွေမည်။

နှလုံးရောဂါ

သင်၏နှလုံးကျန်းမာရေးအတွက်အစားအစာလမ်းညွှန်

နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများမှ ကာကွယ်ရန်မှာ လေ့ကျင့်ခန်းလုပ်ခြင်း၊ အစာအာဟာရစသော နေထိုင်မှုပုံစံများ လိုအပ်ပါသည်။ သင့်တင့်လျောက်ပတ်သော အစာအာဟာရသည် နှလုံးကို ကျန်းမာအောင် ထိန်းသိမ်းထားခြင်းဖြင့် နှလုံးရောဂါဖြစ်မည့်အန္တရာယ်ကို လျှော့ချပေးသည့်အပြင် နှလုံးနှင့် သွေးကြောရောဂါများအတွက် အဓိကဗဟိုကျသော ကုသမှုတစ်ခုလည်းဖြစ်သည်။ ကျန်းမာသောနှလုံး ပိုင်ဆိုင်နိုင်ရန်အတွက် သင်၏နေ့စဉ်အာဟာရတွင် ပါဝင်သင့်သည့်အစားအစာများကို ဤဆောင်းပါးတွင်ဖော်ပြသွားမည်။ နှလုံးကျန်းမာစေမည့် အစားအစာများ နှံစားပင်တို့၏အစေ့အဆန်များ နှံစားပင်တို့၏ အစေ့အဆန်များသည် အမျှင်နှင့်အာဟာရဓာတ်များကြွယ်ဝပြီး သွေးဖိအားနှင့်နှလုံးရောဂါတို့ကို ပုံမှန်ဖြစ်အောင် ထိန်းပေးပြီး သွေးလွှတ်ကြောများပိတ်ခြင်းကိုလည်း ကာကွယ်ပေးသည်။ ကိုလက်စထရော (သွေးတွင်းအဆီဓာတ်) ကျစေရန် အစားအစာများတွင် အစေ့အဆန်မျိုးစုံကို တွဲဖက်စားသောက်ပေးပါ။ ဆန်လုံးညို၊ ဘာလီ၊ ပန်းဂျုံ၊ ပြောင်း၊ အုတ်ဂျုံစသော အစေ့အဆန်များကို စားသုံးသင့်သည်။ အိုမီဂါသရီးပါဝင်သောအစားအစာများ အိုမီဂါသရီးသည် ရောင်ရမ်းခြင်းကို ကျစေသည့်အပြင် ကိုလက်စထရောကိုလည်း ကျစေပြီး သွေးကြောများပိတ်ခြင်း၊ သွေးကြောများမာကြောခြင်းကိုလည်း ကာကွယ်ပေးကာ သွေးပေါင်ကိုကျစေ၍ နှလုံးခုန်နှုန်းမမှန်ခြင်းကိုလည်း ကာကွယ်ပေးသည်။ အိုမီဂါသရီးပါဝင်သော အစားအစာများမှာ ပုစွန်၊ […]


နှလုံးရောဂါ

မဖြစ်ခင်က ကြိုတင်ကာကွယ်

“အဖေ့မှာ ကျောက်ကပ်ရောဂါရှိနေပြီတဲ့၊ ကျောက်ကပ်ဆေးမှရမယ်ပြောတယ်။ ကျောက်ကပ်ဆေးဖို့ကလည်း အရမ်းကုန်မှာတဲ့” “ကိုထွန်းလား အရက်တွေ အရမ်းသောက်လို့လေ၊ အခုတော့အသားတွေဝါပြီး ဗိုက်ကြီးပူလာလို့လေ၊ ဆေးရုံမှာ” “အဖေ ပြန်ကျပ်လို့ဆေးရုံတင်လိုက်ရတယ်။ အဲ့လိုပဲ ပြန်ပြန်ဖြစ်ဖြစ်နေတာ။ ဆေးလိပ်သောက်လို့ဖြစ်တာတဲ့” “ကိုလှတော့မနေ့က ဆေးရုံတင်လိုက်ရတယ်။ နှလုံးသွေးကြောပိတ်သွားလို့တဲ့” ဒေါက်တာကျော်တစ်ယောက် ဆရာဝန်နားနေခန်းထဲနေစဉ် အပြင်မှလူနာစောင့်များ ဖုန်းပြောနေသည်ကို ကြားနေကျအသံများဖြစ်သည်။ အစိုးရဆေးရုံတွင် အလုပ်လုပ်နေသော သမားတော်တစ်ဦးဖြစ်သည်နှင့်အညီလူနာများစွာ ရောဂါများစွာကိုတွေ့ရှိကုသနေရသည်။ အစိုးရဆေးရုံဖြစ်သဖြင့်ချို့တဲ့သော လူနာများကိုအများစုဖြစ်သည်။ လူသာ ဆင်းရဲကြသော်လည်း ဖြစ်သော ရောဂါများကမဆင်းရဲကြချေ။ ဆေးကုသစရိတ်များမည့်သူဌေးရောဂါဟု ဒေါက်တာကျော်နာမည်ပေးထားသော ရောဂါများဖြစ်ကြသည်သာ။ ထိုအခါ ပြဿနာက ဆေးကုသစရိတ် မတတ်နိုင်ကြခြင်းပင်။ အစိုးရဆေးရုံဖြစ်သဖြင့် အစိုးရကအသုံးများသော ဆေးတော်တော်များများ ပေးထားနိုင်သော်လည်း အသုံးနည်းသည့် ဆေးများ ကုန်သွားသောဆေးများကို လူနာကိုယ်တိုင်ဝယ်ကြရသည်။ ထို့အပြင် နာတာရှည် ကျောက်ကပ်ရောဂါသမားများအတွက်ကျောက်ကပ်ဆေးခြင်းကို လူနာကိုယ်တိုင်ကပင် အကုန်ကျခံလုပ်ကြရသည်ကများသည်။ အလားတူပင်တချို့သောကုသမှုများ ဥပမာ နှလုံးခွဲစိတ်ခြင်းမျိုးတွင် လူနာက ကုန်ကျစရိတ် ကျခံရသည်များလည်း ရှိသည်။ […]


နှလုံးရောဂါ

ငယ်ရွယ်ချိန်မှာ ရုတ်တရက်သေဆုံးမှုရဲ့ ဖြစ်နိုင်ခြေအကြောင်းအရင်းများ

အားလုံးကြားသိပြီးလောက်ဖြစ်မယ့် စိတ်မကောင်းစရာ သတင်းတစ်ခုကတော့ သရုပ်ဆောင်မင်းသွေးဟာ အောက်တိုဘာ ၃ရက်ညဘက်မှာ ဘောလုံးကစားနေရင်း ရုတ်တရက်ဆုံးပါးသွားရတဲ့ကိစ္စပါ။ ကျန်းကျန်းမာမာနဲ့ ငယ်ရွယ်တဲ့အသက်အရွယ်မှာ ဆုံးပါးသွားရတဲ့အတွက် သေဆုံးမှုဟာ ထူးဆန်းပြီး အံ့သြဝမ်းနည်းစရာဖြစ်ခဲ့ရပါတယ်။ ဒီအတွက် အသက်ငယ်ရွယ်တဲ့အချိန်မှာ သေဆုံးမှုရဲ့ ဖြစ်နိုင်ခြေအကြောင်းအရင်းများကို ဖော်ပြပေးလိုက်ပါတယ်။ သတိပြုနိုင်အောင်နဲ့ ကာကွယ်လို့ရမယ့်အရာတွေကို ကြိုတင်ကာကွယ်နိုင်အောင်၊ အရေးပေါ် ပြုစုမှုပေးနိုင်အောင်တို့အတွက် ရည်ရွယ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ငယ်ရွယ်စဉ်အချိန်မှာ မမျှော်လင့်ဘဲ ရုတ်တရက် သေဆုံးမှုအကြောင်းအရင်းများဟာ နှလုံးနဲ့ ဆက်စပ်တဲ့ ရောဂါများကြောင့် အများစုဖြစ်ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ရောဂါတွေကတော့- ၁။ နှလုံးကြွက်သားများ ထူထဲသည့် ရောဂါ (HCM) မျိုးရိုးလိုက်တဲ့နှလုံးရောဂါဖြစ်ပြီး နှလုံးရဲ့ ကြွက်သားတွေထူထဲနေပါတယ်။ ထူထဲနေတဲ့ ကြွက်သားနံရံတွေက နှလုံးခုန်အောင် ပြုလုပ်ပေးတဲ့ လျှပ်စီးပတ်လမ်းကို အနှောက်အယှက်ပေးတဲ့အတွက် နှလုံးခုန်မမှန်တော့တာတွေဖြစ်ပြီး ရုတ်တရက်သေဆုံးနိုင်ပါတယ်။ အားကစားသမားတွေနဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်သူတွေ ရုတ်တရက်သေဆုံးမှုရဲ့ အကြောင်းရင်းအတော်များများဟာ ဒီရောဂါကြောင့်ဖြစ်ပါတယ်။ ဒီရောဂါဟာ ရှိနေမှန်း မသိသာတတ်ပါဘူး။ ၂။ နှလုံး […]


နှလုံးရောဂါ

နှလုံးရောဂါ ကြိုတင်ကာကွယ်နိုင်အောင် ဘယ်လိုဆေးစစ်မှုတွေ လုပ်သင့်သလဲ

နှလုံးဆိုတာ လူသားတစ်ယောက်အတွက် မရှိမဖြစ်ကိုယ်တွင်းအစိတ်အပိုင်း တစ်ခုပါ။ လူတစ်ယောက်အသက်ရှင်နေတာကို နှလုံးခုန်မခုန်နဲ့သာ ဆုံးဖြတ်တာကြောင့် နှလုံးက လူတစ်ယောက်အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာကို သိနိုင်ပါတယ်။ သူမရှိဘဲနဲ့ သင်ဘယ်လိုမှ အသက်မရှင်နိုင်ပါဘူး။ ဒါကြောင့် အသက်ရှင်ခြင်းရဲ့ အဓိကလို့ပြောလိုရတဲ့ နှလုံးလေးကျန်းမာနေဖို့အတွက် သင့်အနေနဲ့ အများကြီးလုပ်ဆောင်ပေးရပါမယ်။ ခုပြောပြချင်တာကတော့ နှလုံးကျန်းမာအောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားတာ၊ လေ့ကျင့်ခန်းလုပ်တာတွေ အပြင် ဆေးပညာနဲ့ နည်းပညာတွေ တိုးတက်လာတဲ့ ခေတ်ကြီးမှာ တစ်ခြား အဆင့်မြင့် စမ်းသပ်ကိရိယာတွေ၊ စစ်ဆေးမှုတွေနဲ့ နှလုံးကျန်းမာရေးကို ကြိုတင်စမ်းသပ် စစ်ဆေးလို့ရတဲ့ အကြောင်းပဲဖြစ်ပါတယ်။ ။ နှလုံးအတွက်လုပ်လို့ရတဲ့ အဓိကကြိုတင်စစ်ဆေးမှုတွေက ဘာတွေလဲ ကြိုတင်စစ်ဆေးတယ်ဆိုတာမှာ ဓါတ်ခွဲခန်းနဲ့ ဆိုင်တဲ့ စစ်ဆေးမှုတွေ၊ ပုံရိပ်ကို မှန်းဆပုံဖော်တာတွေနဲ့ မျိုးရိုးဗီဇကို လေ့လာမှုတွေပါပါတယ်။ ဘယ်လိုလူတွေကြိုတင်စစ်ဆေးမှုတွေကို လုပ်သင့်လဲဆိုတဲ့ အပိုင်းမှာတော့ လူနာရဲ့ အသက်အပိုင်းအခြား၊ […]


နှလုံးရောဂါ

နှလုံးရောဂါရှိသူကို စောင့်ရှောက်ခြင်း

နှလုံးဝေဒနာရှင်များကိုစောင့်ရှောက်ရသည်မှာစိန်ခေါ်မှုတစ်ခု ပင်ဖြစ်ပါတယ်။ လူနာနေ့စဉ်လုပ်ငန်းများ၊ ဆေးဝါးများကို စီမံပေးရုံမျှမက စိတ်ဓါတ်ခွန်အားဖြစ်စေရန်လည်းလိုအပ် ပါတယ်။ နှလုံးလူနာများအတွက်အထောက်အကူပေးနိုင်ရန် သိသင့်သည်များကိုအောက်တွင်ဖော်ပြထားပါတယ်။ ၁။ ညီညွှတ်မျှတသောအစားအစာကိုစားသုံးပါ။ ဆီကြော်မှုန့်နှင့်အဆီများသောအစားအစာများကိုရှောင်ကြဉ် သင့်ပါတယ်။ ထို့ပြင် အသားဓါတ်ရရန်အဆီမပါသောအသားများကိုစားသင့်ပါတယ်။ ဆားစားသုံးမှုပမာဏကိုလည်း ဂရုစိုက်သင့်ပါတယ်။ အလွန်ငန်သောဟင်းပွဲများသည်နှလုံး လူနာများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်ပါ သည်။ ဆားဓါတ်သည်သွေးကိုပျစ်စေပြီး နှလုံးကိုအလုပ်ပိုစေပါတယ်။ သူတို့အတွက် အစားအသောက်စီစဉ်ရသည်မှာ ခက်ခဲလျှင်အစားအသောက်ပညာရှင်နှင့်တိုင်ပင်ဆွေး နွေးနိုင်ပါသည်။ ၂။ လေ့ကျင့်ခန်းလုပ်ရန်အကြံပေးပါ။ နှလုံးရောဂါရှိသူများသည် ရောဂါပိုဆိုးမည်ကိုကြောက်ရွံသဖြင့်လေ့ကျင့်ခန်းလုပ်ရမည်ကိုရှောင်ကြဉ်တတ်ကြသည်။ အမှန်စင်စစ်လှုပ်လှုပ်ရှားရှားနေခြင်းသည်နှလုံးကိုပို၍ကျန်းမာစေပါတယ်။ လူနာအတွက် သင့်တော်သော လေ့ကျင့်ခန်းအစီအစဉ်ကို ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ အပေါ့ပါးဆုံးကိုယ်လက်လှုပ်ရှားမှုနှင့်စတင်၍ တဖြည်းဖြည်းသတ်မှတ်ထားသောအဆင့်ထိအားကစားပြုလုပ်သွားရန်ဖြစ်ပါတယ်။ သင်လည်းသူတို့နှင့်အတူတူကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်းဖြင့်ကျန်းမာကြံ့ခိုင်လာမှာပါ။ ၃။ ဆေးဝါးများမှန်ကန်စွာသောက်နိုင်ရန်ကူညီပါ။ လူနာကိုယ်တိုင်ဆေးကိုကိုင်တွယ်သင့်ပါတယ်။ ဆေး သောက်ရာတွင်မမှားအောင်ဆေးထည့်သောဘူးများဝယ် ထားသင့်ပါတယ်။ ဆရာဝန်နှင့်ပြတိုင်းသောက်ရမည့်ဆေးစာရင်း ကိုရေးမှတ်ထားသင့်သည်။ လူနာတစ်ဦးတွင်အထူးကုများစွာနှင့်ပြထားသော ကျန်းမာရေး ကိစ္စများစွာ ရှိနိုင်ပါ သည်။ လူနာသုံးစွဲနေသော ဆေးဝါးများကို သိခြင်းအားဖြင့် ဆရာဝန်၏ကုသမှုကို များစွာအထောက်အကူ ပြုနိုင်ပါ သည်။ […]


နှလုံးရောဂါ

သင်က O သွေးပိုင်ရှင်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ

လူတစ်ဦးနဲ့တစ်ဦးသွေးအမျိုးအစားမတူနိုင်ပါဘူး။သွေးအမျိုးအစားမတူတာကြောင့် ဘာမှကြီးကြီးမားမားကွာခြားသွားတာရှိမှာ ဟုတ်ဘူးလို့ ယူဆခဲ့ကြမယ်ထင်ပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူးသွေးအမျိုးအစားက ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုရှိသလို ထိခိုက်မှုတွေဖြစ်တဲ့အခါဖြစ်ပေါ်လာမယ့်နောက်ဆက်တွဲ အခြေအနေတွေအပေါ်မှာလည်း သက်ရောက်နေပါတယ်။ ဘယ်သွေးအမျိုးအစားပိုင်ရှင်တွေက အန္တရာယ်အများဆုံးဖြစ်မလဲ သွေးအမျိုးအစားတွေကို A၊ B၊ AB နဲ့ O ဆိုပြီးအမျိုးမျိုးရှိနေကြပါတယ်။ ဒီကြားထဲကမှာ Positive နဲ့ Negative ဆိုပြီးကွဲပါသေးတယ်။ ဒီသွေးအမျိုးအစားတွေကမွေးဖွားလာမယ့် သားသမီးလေးတွေရဲ့သွေးအမျိုးအစားေပါ်မှာလွှမ်းမိုးမှုရှိနေသလို ကိုယ်တိုင်အပေါ်မှာလည်း သက်ရောက်မှုရှိနေပါတယ်။ တကယ်လို့ သင်က Oသွေးပိုင်ရှင်ဆိုရင်တော့ မတော်တဆထိခိုက်မှုတစ်ခုခုဖြစ်တဲ့အခါ အခြားသွေးအမျိုးအစားပိုင်ရှင်တွေထက်ပိုပြီး စိုးရိမ်စရာရှိနေပါတယ်တဲ့။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုရင်လေ့လာမှုအသစ်တစ်ရပ်အရ မတော်တဆထိခိုက်မှုတစ်ခုခုနဲ့ကြုံ တဲ့အခါ Oသွေးပိုင်ရှင်တွေရဲ့သွေးထွက်နှုန်းက အခြားသူတွေထက်ပိုများတာကြောင့်သွေးထွက်လွန်ြပီးသေဆုံးနိုင်ခြေက အခြားသွေးအမျိုးအစား ပိုင်ရှင်တွေထက် များနေတာကြောင့်ပါ၊ လို့တွေ့ရှိခဲ့ရပါတယ်။ ဂျပန်နိုင်ငံက သုတေသီဒေါက်တာ Wataru Takayama ဦးဆောင်ပြုလုပ်ခဲ့တဲ့ သုတေသနလုပ်ဆောင်ချက်တွေအရ Oသွေးအမျိုးအစားပိုင်ရှင်တွေမှာသွေးတိတ်မှုဖြစ်စဉ်က အခြားသွေးအမျိုးအစားတွေထက် လုပ်ဆောင်မှုနှေးတယ်လို့တွေ့ရှိခဲ့ရပါတယ်။ပြင်းထန်တဲ့ မတော်တဆထိခိုက်မှုတွေဖြစ်တဲ့အခါ လူသေဆုံးရတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုကသွေးထွက်လွန်တာကြောင့်လည်းဖြစ်ပါတယ်။ ရာခိုင်နှုန်းအနေနဲ့ တိတိကျကျပြောရမယ်ဆိုရင်တော့ပြင်းထန်တဲ့မတော်တဆထိခိုက်မှုတွေဖြစ်တဲ့အခါသွေးထွက်လွန်ပြီးသေဆုံးနိုင်ခြေက […]


နှလုံးရောဂါ

အမျိုးသမီးများတွင် ဖြစ်သော ရုတ်တရက် နှလုံးရပ်ခြင်း လက္ခဏာများ

အမျိုးသမီးများတွင် ဖြစ်တတ်သော ရုတ်တရက် နှလုံးရပ်ခြင်း လက္ခဏာများမှာ အမျိုးသားများနှင့် အမြဲတစေ မတူတတ်ပါ။ ဥပမာ-အမျိုးသားများတွင် ရင်ဘတ်အောင့်ခြင်းဟာ လက်မောင်းတစ်ဖက်ဆီသို့ ကူးပြောင်းသွား တတ်ခြင်းသည် ရုတ်တရက် နှလုံးရပ်ခြင်း လက္ခဏာတစ်ခု ဖြစ်ပါတယ်။ သို့သော် အမျိုးသမီးများတွင် ထိုလက္ခဏာများဟာ ဖြစ်နိုင်သော်လည်း တစ်ခါတစ်ရံ အသေးစားမျှသာ ဖြစ်တတ်ပြီး သတိမထားမိပဲ ဖြစ်တတ်ပါတယ်။ ရုတ်တရက် နှလုံးရပ်ခြင်းဖြစ်ရသော အကြောင်းရင်းများ နှလုံးကို ထောက်ပံ့ပေးသော သွေးကြောများတွင် ပိတ်ဆို့မှုဖြစ်သောကြောင့် နှလုံးသို့ သွေးမရောက်သည့်အခါ ရုတ်တရက် နှလုံးရပ်ခြင်းဖြစ်ရပါတယ်။ ဆေးလိပ်အလွန်အကျွံသောက်သုံးသူများ၊ စိတ်ဖိစီးမှု အရမ်းများသူများ နဲ့ အဝလွန်သူများဟာ ရုတ်တရက် နှလုံးရပ်ခြင်း အန ္တရာယ်ရှိသူများဖြစ်ပါတယ်။ နှလုံးရောဂါဟာ အမျိုးသမီးများ အသက်ဆုံးရှုံးရသော အချက်ထဲတွင် ထိပ်ဆုံးက ပါဝင်နေပါတယ်။ ထို့ကြောင့် အမျိုးသမီးများရော အမျိုးသားများပါ နှလုံးရောဂါ၏ လက္ခဏာများကို […]


နှလုံးရောဂါ

သွေးယိုစိမ့်မှုအန္တရာယ်ရှိတဲ့နှလုံးရောဂါရှိသူတွေအတွက် Watchman implant ကုထုံး

စင်ကာပူရဲ့ပုဂ္ဂလိက ကဏ္ဍမှာတော့ ဒီကုထုံးကို Mount Elizabeth Hospitals မှာ ပထမဆုံးအသုံးချကုသခဲ့တာဖြစ်ပြီး သွေးကျဲဆေးအပြင်းစားတွေကိုအသုံးပြုနေရတဲ့အတွက် သွေးယိုစိမ့်မှုအန္တရာယ်ရှိနေတဲ့ နှလုံးရောဂါလူနာတွေအတွက် သွေးကျဲဆေးတွေကို စွန့်လွှတ်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။ ပုဂ္ဂလိကဆေးရုံတစ်ခုမှာ နှလုံးခုန်မမှန်တဲ့၊ သွေးယိုစိမ့်မှုအန္တရာယ်ရှိတဲ့လူနာတွေအတွက် သွေးကျဲဆေးအပြင်းစားတွေအစား ခွဲစိတ်ကုသမှုလုပ်ဆောင်ပေးခဲ့တာ ပထမဆုံးဖြစ်ပါတယ်။ နှလုံးအထူးကုဆရာဝန်Dr Paul Chiam က Mount Elizabeth Hospitals မှာ နှလုံးခုန်စည်းချက်မမှန်ခြင်း (AF)ခံစားနေရတဲ့လူနာ Tang Chue Ngan ကို percutaneous technique of closing the left atrial appendage (LAA) လို့ခေါ်တဲ့ နှလုံးဘယ်ဘက်အခန်းက အတက်ပိုအသေးလေးကို ခွဲစိတ်မှုနည်းနည်းနဲ့ ပိတ်ဆို့လိုက်တဲ့နည်း တစ်နည်းအားဖြင့် Watchman implant လို့ခေါ်တဲ့ကုထုံးနဲ့ ကုသပေးခဲ့တာဖြစ်ပါတယ်။ လူနာဟာ သွေးကျဲဆေးသုံးစွဲရလို့ သွေးယိုတဲ့လက္ခဏာတွေ ခံစားနေရသူဖြစ်ပါတယ်။ အန္တရာယ်ဖြစ်နိုင်ခြေနည်းပါးတဲ့ဒီကုထုံးကြောင့် လူနာက […]


နှလုံးရောဂါ

သွေးယိုစိမ့်မှုအန္တရာယ်ရှိတဲ့နှလုံးရောဂါရှိသူတွေအတွက် Watchman implant ကုထုံး

စင်ကာပူရဲ့ပုဂ္ဂလိက ကဏ္ဍမှာတော့ ဒီကုထုံးကို Mount Elizabeth Hospitals မှာ ပထမဆုံးအသုံးချကုသခဲ့တာဖြစ်ပြီး သွေးကျဲဆေးအပြင်းစားတွေကိုအသုံးပြုနေရတဲ့အတွက် သွေးယိုစိမ့်မှုအန္တရာယ်ရှိနေတဲ့ နှလုံးရောဂါလူနာတွေအတွက် သွေးကျဲဆေးတွေကို စွန့်လွှတ်ခွင့်ရရှခဲ့ပြီဖြစ်ပါတယ်။ ပုဂ္ဂလိကဆေးရုံတစ်ခုမှာ နှလုံးခုန်မမှန်တဲ့၊ သွေးယိုစိမ့်မှုအန္တရာယ်ရှိတဲ့လူနာတွေအတွက် သွေးကျဲဆေးအပြင်းစားတွေအစား ခွဲစိတ်ကုသမှုလုပ်ဆောင်ပေးခဲ့တာ ပထမဆုံးဖြစ်ပါတယ်။ နှလုံးအထူးကုဆရာဝန်Dr Paul Chiam က Mount Elizabeth Hospitals မှာ နှလုံးခုန်စည်းချက်မမှန်ခြင်း (AF)ခံစားနေရတဲ့လူနာ Tang Chue Ngan ကို percutaneous technique of closing the left atrial appendage (LAA) လို့ခေါ်တဲ့ နှလုံးဘယ်ဘက်အခန်းက အတက်ပိုအသေးလေးကို ခွဲစိတ်မှုနည်းနည်းနဲ့ ပိတ်ဆို့လိုက်တဲ့နည်း တစ်နည်းအားဖြင့် Watchman implant လို့ခေါ်တဲ့ကုထုံးနဲ့ ကုသပေးခဲ့တာဖြစ်ပါတယ်။ လူနာဟာ သွေးကျဲဆေးသုံးစွဲရလို့ သွေးယိုတဲ့လက္ခဏာတွေ ခံစားနေရသူဖြစ်ပါတယ်။ အန္တရာယ်ဖြစ်နိုင်ခြေနည်းပါးတဲ့ဒီကုထုံးကြောင့် လူနာက […]


နှလုံးရောဂါ

Cardiac Tumor (နှလုံးအကျိတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cardiac Tumor (နှလုံးအကျိတ်) ကဘာလဲ။ နှလုံးအကျိတ်ဆိုတာ နှလုံးနဲ့ နှလုံးအဆို့တွေမှာ ပုံမှန်မဟုတ်တဲ့ကြီးထွားမှုကို ခေါ်ပါတယ်။ နှလုံးအကျိတ်ပုံစံ မျိ ုးစုံရှိပါတယ်။ ယေဘုယျပြောရရင်တော့ နှလုံးအကျိတ်များက ရှားပါတယ်။ အကျိတ်များက ကင်ဆာဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာဆိုပြီး ရှိပါတယ်။ အကျိတ်များက နှလုံးမှာကြီးထွားမှုဖြစ်နေပြီး နှလုံး မှာပဲနေပါက ပထမဖြစ်သောအကျိတ်လို့ခေါ်ပါတယ်။ အကျိတ်များက ခန္ဓါကိုယ်ရဲ့တစ်ခြားနေရာမှဖြစ်ပြီး နှလုံးကိုရွှေ့လာရင် (ပြန့်လာရင်) ဒုတိယဖြစ်သော အကျိတ်များလို့ခေါ်ပါတယ်။ နှလုံးအကျိတ်တော်တော်များများကတော့ ရိုးရိုးသာမန် အကျိတ်များသာဖြစ်ကြပါတယ်။ သို့သော်လည်း သာမန်အကျိတ်ဆိုရင်တောင် သူတို့ရဲ့အရွယ်အစားနဲ့ နေရာ ပေါ်မူတည်ပြီး ပြသနာတွေဖြစ်လာစေနိုင်ပါတယ်။ တစ်ခါတစ်လေမှာ အကျိတ်ရဲ့အစိတ်အပိုင်းလေးတစ်စလောက်က သွေးစီးကြောင်းထဲပြ ုတ်ကျပြီး သွေးကြောတွေထဲကိုဝင်ပြီး တစ်ခြားကိုယ်အင်္ဂါ အစိတ်အပိုင်းတွေထဲကို ဝင်ရောက်သွားနိုင်ပြီး embolism လို့ခေါ်တဲ့သွေးခဲပိတ်ခြင်း ကိုဖြစ်စေနိုင်ပါတယ်။ Cardiac Tumor (နှလုံးအကျိတ်) က ဘယ်လောက်အဖြစ်များသလဲ အရမ်းကိုအတွေ့ရများပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက်ပိုဖြစ်ပါတယ်။ မည်သည့်အသက်အရွယ်မဆို ဖြစ်နိုင်ပါတယ်။ သင့်အတွက် အန္တရာယ်ဖြစ်စေတဲ့အချက်တွေကို လျှော့ချခြင်းနဲ့စီမံဆောင်ရွက်နိုင်ပါတယ်။ အခြားအချက်အလက်တွေသိရဖို့ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများCardiac Tumor (နှလုံးအကျိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ လူနာတွေဟာ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း