နှလုံးရောဂါ

နှလုံးရောဂါက ကမ္ဘာမှာ သေဆုံးမှု အများဆုံး ရောဂါ တစ်ရပ်ပါ။ ကျန်းမာပျော်ရွှင်စွာ ရှင်သန်နိုင်စေဖို့အတွက် အရေးပါတဲ့ နှလုံးလေးမှာ ရောဂါ ခံစားရတဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ။ ဘာကြောင့် နှလုံးရောဂါ ဖြစ်ရတာလဲ။ ဘယ်လို ကာကွယ်ရမလဲ။ ဖြစ်လာခဲ့ရင်ရော ဘယ်လို ကုသရမလဲဆိုတာတွေကို ဒီကဏ္ဍထဲမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးရောဂါ

၂၀၂၂ မြန်မာနိုင်ငံ နှလုံးရောဂါစစ်တမ်း ရဲ့ စိတ်ဝင်စားစရာအချက်များ

Hello ဆရာဝန်မှ ၂၀၂၂ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ်အဖြစ် နှလုံးရောဂါစစ်တမ်း ကောက်ခံခဲ့ရာ ၁၁၉ယောက်သော ဖြေဆိုသူများရဲ့ နှလုံးကျန်းမာရေးနဲ့ ပတ်သက်တဲ့သဘောထားကို ခုလိုသိရှိခဲ့ရပါတယ်။  နှလုံးရောဂါက အသံတိတ်လူသတ်သမားလို့ နာမည်ကြီးတဲ့ ရောဂါပါ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်နေထိုင်ပုံ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ မျိုးဗီဇကြောင့် နှလုံးနဲ့ သွေးကြောရောဂါတွေ အဖြစ်များလာပါတယ်။ ဒီရောဂါက ကြိုတင်ကာကွယ်လို့ မရတာတော့ မဟုတ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေရဲ့ သဘောထားကရော ဘယ်လိုရှိသလဲဆိုတာ စစ်တမ်းကနေ လေ့လာကြည့်ရအောင်။ [embed-health-tool-heart-rate]

နှလုံးရောဂါ ကို ရှာဖွေမည်။

နှလုံးရောဂါ

နှလုံးရောဂါနှင့်ပတ်သက်၍ ဂရုစိုက်ရမည့်အချက်များ

ဘာကြောင့်သင့်နှလုံးကျန်းမာရေးကို ဂရုစိုက်ရမည်နည်း။ အကြောင်းမှာ နှလုံးရောဂါဆိုင်ရာအချက်အလက်များအရ သေဆုံးနိုင်သောအကြောင်းအများစုတွင် နှလုံးရောဂါသည် တစ်ခုပါဝင်သောကြောင့်ဖြစ်သည်။ လူတစ်ဦးသည် အချိန်တစ်ခုအထိ နေမကောင်းဖြစ်နေရင်းကနေ ရုတ်တရက်သေဆုံးနိုင်သည်ကို ကိစ္စအများစုတွင် တွေ့ရသည်။ ပြင်းထန်သော နှလုံးနှင့်သွေးကြောရောဂါရှိသည့် လူနာအများစုတွင် နှလုံးရပ်ခြင်း၊နှလုံးဖောက်ခြင်း ကိုတွေ့ရနိုင်သည်။ နှလုံးရောဂါဆိုင်ရာအချက်အလက်များအရ ကြောက်စရာအကောင်းဆုံးမှာ အသိပေးခြင်းမရှိဘဲလျှင်မြန်စွာဖြစ်ပျက်တတ်ခြင်း ဖြစ်သည်။ မည်သူမဆို ဖြစ်နိုင်သည်။ လူအများသည် နှလုံးရပ်ခြင်းကို ပို၍ပို၍ခံစားလာရပါလိမ့်မည်။ ကံမကောင်းစွာနှင့်ပင် အများစုမှာ လက္ခဏာများသတိမပြုမိဘဲ တွေ့ကြုံခံစားရခြင်းဖြစ်သည်။ ထိုကြောင့်နှလုံးရောဂါအား မည်ကဲ့သို့ကာကွယ်ရမည်ကို သိထားရန်အရေးကြီးပါသည်။ ကံကောင်းစွာနှင့် လွယ်ကူသော အဆင့်များရှာဖွေတွေ့ရှိရင်းနှင့် နှလုံးရောဂါဖြစ်နှုန်းကိုလျှော့ချနိုင်ပြီး နှလုံးကျန်းမာရေးကို တိုးတက်လာစေနိုင်သည်။ “နှလုံးရောဂါကိုဘယ်လိုကာကွယ်မလဲ” ဆိုသည့်မေးခွန်းအတွက် အလွယ်ဆုံးအဖြေမှာ “ဆရာဝန်ဆီသွားပါ” ဖြစ်သည်။ ဆေးခန်းသို့သွားပြီး နှလုံးရောဂါစစ်ဆေးခြင်းသည် ရယ်စရာမဟုတ်ပါ။ လူအများစုသည် နှလုံးရောဂါခံစားနေရသော်လည်း ထိုသို့လုပ်ရန်ငြင်းဆိုကြသည်။ သို့သော်သင်နေလို့ကောင်းသည်ရှိ၊ မကောင်းသည်ရှိ၊ ဆေးခန်း(သို့)ဆေးရုံသို့ သွားခြင်းသည် လုပ်ကိုလုပ်ရမည့် ကိစ္စပင်ဖြစ်သည်။ […]


နှလုံးရောဂါ

နှလုံးရောဂါနှင့် လိင်ဆက်ဆံမှု အကြားသိထားသင့်သည့်အချက်များ

ကာမဆက်ဆံခြင်းသည် နှလုံးရောဂါရှိသည့် သက်ကြီးလူနာများအပါအဝင် လူတို့၏ဘဝတွင် အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ ကာမဆက်ဆံမှုလျော့နည်းလာခြင်းသည် နှလုံးရောဂါ၊ စိတ်ကျရောဂါ၊ စိုးရိမ်မှုများသူများတွင် ဖြစ်ပွားနိုင်သည်။ ဖြစ်ပွားနိုင်ချေနည်းပါးပါသည်။ လူအချို့တွင် လိင်ဆက်ဆံနေချိန်တွင် နှလုံးဖောက်ခြင်းခံစားရနိုင်သည်။ သို့သော်နှလုံးဖောက်ခြင်းသည် ကုန်စုံဆိုင်သို့ကားမောင်းနေစဉ်၊ ညနေခင်းသတင်းကြည့်နေစဉ်၊ မြေးများနှင့်ကစားနေချိန်များတွင်လည်း ခံစားရနိုင်ကြောင်း သိထားရန်အရေးကြီးပါသည်။ နှလုံးဖောက်ခြင်းသည် မည်သည့်အချိန်တွင်မဆိုဖြစ်နိုင်သည့်အပြင် အများစုသည် မည်သည့်အားထုတ်မှုမျှမလုပ်ဘဲနှင့် ဖြစ်နိုင်သည်။ ကံကောင်းစွာဖြင့် လိင်ကိစ္စနှင့်ပတ်သက်၍ ဖြစ်နိုင်ချေနည်းသည်။ လိင်ဆက်ဆံခြင်းသည် နှလုံးကိုညှစ်(အလုပ်ကိုလုပ်)စေနိုင်သော်လည်း လှေခါးတက်ခြင်းနှင့် လမ်းမြန်မြန်လျှောက်ခြင်းကြောင့် နှလုံးဖောက်သည်ထက် ဖြစ်နိုင်ချေနည်းသည်။ စာရင်းများအရ လိင်ဆက်ဆံခြင်းသည် နှလုံးဖောက်ခြင်းရောဂါအားလုံး၏ ၁ ရာခိုင်နှုန်း အောက်သာရှိသည်။ နှလုံးရောဂါအခံရှိသည် လူနာများတွင် လိင်ဆက်ဆံခြင်းသည် ၂ နာရီ အတွင်း နှလုံးရပ်ခြင်းကို တွေ့ကြုံနိုင်သူမှာ ၅၀၀၀၀ တွင် ၁ ယောက်မျှသာ ရှိသည်။ လျှပ်စီးလျှပ်ခြင်းကပင် နှလုံးရောဂါဖောက်နိုင်ချေ ပိုများပါသေးသည်။   လိင်ဆက်ဆံခြင်းမှ […]


နှလုံးရောဂါ

နာတာရှည်အဆုတ်လေပြွန်ကျဉ်းမြောင်းပိတ်ဆို့သောရောဂါ COPD နှင့် နှလုံးစွမ်းဆောင်ရည် ကျဆင်းသောရောဂါ CHF ကိုနှိုင်းယှဉ်ခြင်း

နာတာရှည် အဆုတ်လေပြွန် ကျဉ်းမြောင်းပိတ်ဆို့သောရောဂါ(COPD)နှင့် နှလုံးစွမ်းဆောင်ရည်ကျဆင်းသော ရောဂါ(Congestive heart failure) နှစ်မျိုးလုံးသည် အသက်ရှူရခက်စေသည်။ အသက်ရှူခက်သော လက္ခဏာရှိသည့် လူများတွင် ရောဂါ အကြောင်းအရင်းကိုရှာဖွေရာ၌ စိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။ တူညီသောလက္ခဏာများ အသက်ရှူမဝဖြစ်ခြင်း၊မောခြင်း၊ အသက်ရှူသံ တရွှီရွှီကြားရခြင်းတို့သည် ၂မျိုးလုံးတွင်အတွေ့များသော လက္ခဏာများဖြစ်သည်။ လေ့ကျင့်ခန်းလုပ်ပြီးလျှင် အသက်ရှူခက်ခြင်းဖြစ်နိုင်ကာ တစ်ဖြည်းဖြည်းဆိုးလာနိုင်သည်။ အစပိုင်းတွင် ရိုးရိုးလှုပ်ရှားမှုလေးများကပင် အသက်ရှူမဝခြင်းဖြစ်နိုင်သည်။ ဥပမာ လှေကားတက်ခြင်း။ အခြေအနေပိုဆိုးလာလျှင် အသက်ရှူခက်ခဲခြင်းနှင့် အသက်ရှူသံ တရွှီရွှီကြားရခြင်းတို့သည် လေ့ကျင့်ခန်းနည်းနည်းလုပ်ပြီးသည်နှင့် ဖြစ်ပွားနိုင်သည်။ နာတာရှည် အဆုတ်လေပြွန်ကျဉ်းမြောင်းပိတ်ဆို့သောရောဂါ COPD ၏ အဓိကလက္ခဏာများထဲမှ တစ်ခုမှာ နာတာရှည်ချောင်းဆိုးခြင်းဖြစ်သည်။ နာတာရှည်ချောင်းဆိုးခြင်းသည် သင့်ရောဂါဖြစ်သည့် လေလမ်းကြောင်းမှချွဲကို ယူဆောင်လာနိုင်သလို ချောင်းခြောက်လည်းဖြစ်နိုင်သည်။ နှလုံးစွမ်းဆောင်ရည်ကျဆင်းသောရောဂါ CHF ရှိသည့် လူနာများသည် သလိပ်ထွက်သည့်ချောင်းဖြစ်နိုင်သလို ချောင်းခြောက်လည်းခံစားရနိုင်သည်။ သလိပ်သည် အချွဲဖြစ်ကာသွေး၊ ပြည်၊ ဘက်တီးရီးယားများ ပါဝင်နိုင်သည်။ ထို့ပြင် နာတာရှည် အဆုတ်လေပြွန်ကျဉ်းမြောင်းပိတ်ဆို့သောရောဂါ […]


နှလုံးရောဂါ

တစ်နေ့ကို အရက် တစ်ခွက်သောက်ခြင်းဖြင့်နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းရောဂါကို လျှော့ချနိုင်ပါတယ်

နှလုံးကြွက်သားမှ ခန္ဓာကိုယ်တစ်လျှောက် အတွက် လုံလုံလောက်လောက် သွေးမညှစ်ပေးနိုင်လျှင် နှလုံးစွမ်းဆောင်ရည်ကျဆင်းသော ရောဂါ (heart failure) ဖြစ်နိုင်သည်။ ဤအခြေအနေကို ကမ္ဘာတစ်ဝှမ်းရှိ လူသန်းပေါင်း၂၃သန်း နီးပါးတွင် ခံစားနေရသည်။ ဖြစ်နိုင်သည့် အရင်းအမြစ်များစွာရှိသည်။ ၎င်းတို့မှာ ယခင်က နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းဖြစ်ဖူးလျှင် ၊ သွေးတိုးခြင်း၊ နှလုံးရောဂါ၊ နှလုံးခုန်မမှန်ခြင်း၊ ကင်ဆာဆေးသွင်းခြင်း နှင့် အရက်အလွန်အကျွံသောက်ခြင်းတို့ဖြစ်သည်။ သို့သော်လတ်တလော လေ့လာမှုများတွင် နေ့စဉ် အရက်၁ခွက်(သို့) ၂ခွက်သောက်ခြင်းက သင့်နှလုံးအလုပ်မလုပ်နိုင်ခြင်းမှ လျှော့ချပေးသည်ကိုတွေ့ရသည်။ အထူးသဖြင့် သက်လတ်ပိုင်းများတွင်ဖြစ်သည်။ အရက်သောက်ခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်ချေ ဆက်နွယ်မှု စိတ်ဝင်စားစရာကောင်းသည်မှာ ဥရောပနိုင်ငံနှလုံးကျန်းမာရေးဆိုင်ရာ လေ့လာထုတ်ပြန်ခဲ့သည့် ဂျာနယ်တစ်ခုတွင် အသက်၄၀၊ ၅၀၊ ၆၀ရှိပြီး တစ်ပတ်ကို ဖန်ခွက်၇ခွက်စာသောက်သည့်အမျိုးသားများတွင် နှလုံးစွမ်းဆောင်ရည် ကျဆင်းနှုန်းကို ၂၀ ရာခိုင်နှုန်း အထိလျှော့ချနိုင်ပါသည်။ အမျိုးသမီးများတွင် ၁၆ ရာခိုင်နှုန်း လျှော့ချနိုင်ပါသည်။ အနည်းငယ်(သို့) အသင့်အတင့် အရက်သောက်ခြင်းက […]


နှလုံးရောဂါ

အသည်းမှထုတ်သော CRP ပရိုတင်း နှင့် နှလုံး ဆက်နွယ်မှုအကြောင်း

C-reactive protein(CRP)သည် အသည်းမှထုတ်သည့် အရာတစ်ခုဖြစ်သည်။ ၎င်းသည် ပရိုတင်းဖြစ်ကာ နှလုံးရပ်ခြင်းနှင့် လေဖြတ်ခြင်းတို့အတွက် ဖြစ်နိုင်ချေ အချက်ပြ တစ်ခုအဖြစ် ယူဆထားပါသည်။ CRPကို ထိခိုက်မှု(သို့) ရောဂါပိုးဝင်ခြင်းကြောင့် ရောင်ရမ်းခြင်းများဖြစ်ရာတွင် တွေ့ရှိနိုင်ပါသည်။ လတ်တလောလေ့လာမှုများတွင် CRP ပရိုတင်း ကို နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ ဥပမာ ကျန်းမာနေသော်လည်း ရောဂါဖြစ်နိုင်ချေအန ္တရာယ် များရှိသည့် သူများတွင် ရုတ်တရက် နှလုံးဖောက်ခြင်းကို ကြိုတင်ခန့်မှန်းရာတွင် သုံးနိုင်သည်။ အကယ်၍သင်သည် နှလုံးရောဂါ(သို့) ရောင်ရမ်းမှုဖြစ်စေနိုင်သော ဗိုင်းရပ်စ်ပိုး(သို့) ဆီးပိုးဝင်းခြင်းတို့ လတ်တလောကြုံတွေ့ရလျှင် သင့်ဆရာဝန်မှ သင်၏CRP ပမာဏကို စစ်ရန် အကြံပြုလိမ့်မည်။ CRP သည် ထိခိုက်မှု(သို့) ရောဂါပိုးတို့ကြောင့် ရသော ရောင်ရမ်းမှုတွင် တွေ့ရှိနိုင်သည်။ • အဆုတ်ရောင်ရောဂါ • ရေယုန် • ကလက်မိုင်ဒီးယားပိုး (chlamydia) • တုပ်ကွေးနှင့်ဆင်တူသော ဗိုင်းရပ်(စ်)ပိုးတို့ဖြစ်သည်။ ရိုးရိုးသွေးဖောက်ခြင်းဖြင့် […]


နှလုံးရောဂါ

နှလုံးအစားထိုးကုသခြင်း။ သင်သိသင့်သော အသေးစိတ်အချက်အလက်များ။

နှလုံးအစားထိုးခြင်းဆိုသည်မှာ ခွဲစိတ်ဆရာဝန်များမှ ရောဂါဖြစ်သည့်နှလုံးကိုဖယ်ကာ ကိုယ်တွင်းအင်္ဂါလှူဒါန်းသူဆီမှ ကျန်းမာသော နှလုံးနှင့် အစားထိုးသည့် နည်းလမ်းတစ်ခုဖြစ်သည်။ အရေးကြီးသည်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ၂ယောက်နှင့် အထက်မှ ကိုယ်တွင်းအင်္ဂါလှူဒါန်းသူသည် ဦးနှောက်သေဆုံးပြီဟု တရားဝင်ကြေညာပြီးမှသာ နှလုံးကို ဖယ်ရှားရမည်ကိုသိထားရမည်။   ဘာကြောင့်ကျွန်ုပ် နှလုံးအစားထိုးဖို့လိုအပ်တာလဲ။ သင့်နှလုံး အလုပ်မလုပ်လျှင်(သို့) အခြားကုသမှုများမထိရောက်လျှင် ဆရာဝန်မှ နှလုံးအစားထိုးခြင်းကိုထောက်ခံပေးနိုင်ပါသည်။ နောက်ဆုံးအဆင့် နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း (heart failure) သည် နှလုံးကြွက်သားမှ ခန္ဓါကိုယ် တစ်လျှောက်ကို သွေးမညှစ်ပေးနိုင်ခြင်းဖြစ်သည်။ ဤအဆင့်တွင် အခြားကုသမှုများ အလုပ်မလုပ်တော့ဟု ဆိုလိုခြင်းမဟုတ်ပါ။ နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း၏ အကြောင်းရင်းများ နှလုံးစွမ်းဆောင်ရည်ကျဆင်း (heart failure) စေသော အကြောင်းရင်းများတွင် နှလုံးကြွက်သားကို ဗိုင်းရပ်စ် ပိုးဝင်ခြင်း၊ နှလုံးဖောက်ခြင်းတို့ ပါဝင်သည်။ နှလုံးရောဂါဖြစ်သည့် သွေးတိုးခြင်း၊ နှလုံးအဆို့ရှင်ရောဂါ၊ မွေးရာပါနှလုံးချို့ယွင်းခြင်းနှင့် နှလုံးခုန်မမှန်ခြင်းတို့က ဤအခြေအနေကိုဖြစ်စေသည်။ နှလုံးရောဂါမဟုတ်ဘဲ အခြားအကြောင်းများမှာ အဆုတ်တွင်သွေးပေါင်ချိန်များခြင်း(pulmonary hypertension)၊ အရက်သောက်ခြင်း(သို့) ဆေးစွဲခြင်း၊ […]


နှလုံးရောဂါ

နှလုံးပြဿနာရှိနေပြီဆိုတာပြသနေသည့် လက္ခဏာများ

လှုပ်ရှားမှုမရှိတဲ့ လူမှုဘဝနေထိုင်ပုံဟာ နှလုံးရောဂါရရှိနိုင်တဲ့ အဓိကကျတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ World Heart Federation က လေ့ကျင့်ခန်း မလုပ်ခြင်းဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေကို ၅၀% တိုးမြှင့်ပေးတယ်လို့ ဆိုပါတယ်။ အခြားနှလုံးရောဂါ ဖြစ်စေတဲ့အချက်တွေကတော့ ပြည့်ဝဆီ များတဲ့ အစားအစာများစားခြင်း ဆီးချို အမျိုးအစား ၂ သွေးတိုးခြင်း ဆေးလိပ်သောက်ခြင်း ကိုလက်စထရော များခြင်း အဝလွန်ခြင်း မိသားစုတွင် နှလုံးရောဂါ ရှိသူ ရှိခြင်း ဒီအချက်တွေကို လျှော့ချခြင်းဟာ နှလုံးရပ်ခြင်းနဲ့ လေဖြတ်ခြင်းကို လျှော့ချပေးပြီး နှလုံးခွဲစိတ်မှု အပါအဝင် ကျန်းမာရေး လုပ်ဆောင်မှုတွေကို လျှော့ချပေးမှာ ဖြစ်ပါတယ်။ လှုပ်လှုပ်ရှားရှားနေထိုင်ခြင်းဟာ နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ပုံမှန် လေ့ကျင့်ခန်း (လမ်းလျှောက်ခြင်း)ဟာ နှလုံးကျန်းမာရေးအတွက် အလွန်အကျိုးရှိတယ်လို့ သက်သေပြပြီး ဖြစ်ပါတယ်။ ဒါဟာ […]


နှလုံးရောဂါ

စိတ်ဖိစီးမှုဆိုတာ နှလုံးနဲ့သွေးကြောရောဂါတွေကို ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။

သင်ငွေအကုန်အကျများနေတဲ့အချိန်၊ အလုပ်အဆင်မပြေတဲ့အချိန်၊ အိမ်ထောင်ရေးအဆင်မပြေတဲ့အချိန်နဲ့ ကားပိတ်နေတဲ့အချိန်တွေ ရှိပါတယ်။ အဲဒီအချိန်တွေက သင့်ကို စိတ်ဖိစီးစေနိုင်ပါတယ်။ ကြာကြာစိတ်ဖိစီးလာပါက သင့်ရဲ့နှလုံးကို ထိခိုက်စေမှာပါ။ အဲဒါကြောင့် နှလုံးနဲ့သွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျော့ချဖို့ စိတ်ဖိစီးမှုတွေကို စတင်လျော့ချပါလိုက်ပါတော့။ စိတ်ဖိစီးမှုနဲ့ နှလုံးသွေးကြောရောဂါ ရဲ့ဆက်သွယ်ချက် စိတ်ဖိစီးတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ သင်စိတ်ဖိစီးနေတဲ့အခါ ခေါင်းကိုက်တာတွေ၊ ဗိုက်နာတာတွေနဲ့ ကျောနာတာတွေ ကြုံတွေ့ ရနိုင်ပါတယ်။ ဒါ့အပြင် သင်စိတ်ဖိစီးနေတဲ့အခါမှာ အားအင်မရှိပဲ နုံးချိနေတာ မျိုးကိုလည်း ကျုံတွေ့ နိုင်ပါသေးတယ်။ နောက်ပိုင်းမှာ သင်အထိန်းအကွပ်မဲ့ ပေါက်ကွဲထွက်တာတွေ နဲ့ အိပ်လို့မရတာတွေကိုတောင် ဖြစ်လာပါလိမ့်မယ်။ စိတ်ဖိစီးနေတဲ့အချိန်မှာ သင့်ခန္ဓါကိုယ်က Adrenaline ဆိုတဲ့ဟော်မုန်းတစ်မျိုးကို ထုတ်ပေးပါတယ်။ အဲဒီဟော်မုန်းက သင်ကို အသက်ရှုမြန်လာအောင်၊ နှလုံးခုန်မြန်လာအောင်နဲ့ သွေးပေါင်ချိန်တွေ တက်လာအောင် လုပ်ပါတယ်။ စိတ်ဖိစီးမှုက သင့်ရဲ့အပြုအမူတွေကိုလည်း ပြောင်းလဲစေနိုင်ပါတယ်။ သင်စိတ်အရမ်းဖိစီးနေတဲ့အခါမှာ စိတ်သက်သာရစေမယ့် […]


နှလုံးရောဂါ

နှလုံးနဲ့ ဦးနှောက်ကျန်းမာရေးဟာ ဘယ်လိုဆက်စပ်နေပါသလဲ

သင့်နှလုံးအတွက် အထောက်အကူပြုတဲ့ အရာတွေဟာ သင့်ဦးနှောက်ကိုလည်း အထောက်အကူပြုပါတယ်။ သင့်နှလုံးကို ကျန်းမာစေတဲ့ လူနေမှုဘဝပုံစံဟာ ဦးနှောက်အကျိတ်ဖြစ်ပွားနှုန်းကို လျှော့ချပေးနိုင်ပြီး အသက်ကြီးလာတာနဲ့အမျှ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုတွေမှာ ကြီးမားတဲ့ ကွာခြားချက် ဖြစ်လာမှာ ဖြစ်ပါတယ်။ တကယ်တော့ လေ့ကျင့်ခန်းအများကြီး လုပ်ခြင်း၊ ကျန်းမာတဲ့အစာတွေ စားခြင်းနဲ့ သင့်နှလုံးကို သန်မာစေတဲ့ အပြုအမူတွေ ပြုလုပ်ခြင်းဟာ သင်တွေးခေါ်ပုံ၊ လုပ်ကိုင်ပုံနဲ့ မှတ်ဉာဏ်တွေပေါ်မှာ ကြီးမားတဲ့အကျိုးသက်ရောက်မှု ရှိပါတယ်။   ကျန်းမာတဲ့ နှလုံး လူတွေရဲ့နှလုံးဟာ ခန္ဓါကိုယ်မှာ အရေးအကြီးဆုံး ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အင်္ဂါဖြစ်ပါတယ်။ သူဟာ ခန္ဓါကိုယ် အနှံအပြားကို ရောက်ရှိစေမယ့်သွေးတွေကို ညှစ်ထုတ်ဖို့ ပြင်းထန်စွာ ကြိုးစားရပါတယ်။ ယေဘုယျအားဖြင့်ဆိုရင် နားနေတဲ့သူတွေမှာ နှလုံးဟာ တစ်မိနစ်ကို အကြိမ် ၇၀ ခုန်နိုင်ပြီး လေ့ကျင့်ခန်းလုပ်ချိန် (သို့) စိတ်လှုပ်ရှားချိန်တို့မှာ ပိုမို […]


နှလုံးရောဂါ

Pericarditis (နှလုံးကာ အမြှေးပါး ရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pericarditis (နှလုံးကာ အမြှေးပါး ရောင်ရမ်းခြင်း) ကဘာလဲ။ နှလုံးကာ အမြှေးပါးရောင်ရမ်းခြင်း ဆိုတာ နှလုံးကို ဖုံးကာထားသော အမြှေးပါး Pericardium မှာ ရောင်ရမ်းခြင်းကို ခေါ်ပါတယ်။ Pericardium ဆိုတာ နှလုံးကို အိတ်လေးတစ်ခုလိုမျိုး ပတ်ပတ်လည်ကာထားပေးတဲ့ အလွှာပါးလေးဖြစ်ပါတယ်။ အဲဒီ အိတ်လို အလွှာပါးလေးက နှလုံးကို ရင်ဘတ်မှာ နေရာတကျဖြစ်အောင်လုပ်ပေးပြီး နှလုံးကို ချောမွေ့ စွာလှုပ်ရှားနိုင်ရန် ချောဆီကဲ့သို့ လုပ်ဆောင်ပေးပါတယ်။ ဒီ နှလုံးကာ အမြှေးပါးရောင်တဲ့ရောဂါဟာ ရုတ်တရက်ဖြစ်နိုင်သလို (သို့) နာတာရှည်လဲ ဖြစ်တတ်ပါတယ်။ ဒီရောင်ရမ်းမှုဟာ pericardium ကို ထူပြီး အမာရွတ်ဖြစ်စေကာ နှလုံးကို ညှစ်ခံရပြီး ကျဉ်းစေပါတယ်( constrictive pericarditis )။ ၎င်းဟာ နှလုံးကနေ သွေးစီးမှုနှေးစေတဲ့ နောက်ဆက်တွဲရောဂါတစ်ခု ( cardiac temponade […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း