အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ရေးမဝတဲ့အခါ အလုပ်တွေကို ကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ အိပ်စက်ခြင်းက အင်အားပြည့်ဝစေသလို စိတ်ခံစားမှု ကောင်းစေပြီး ဟော်မုန်းတွေကို ထိန်းညှိပေးပါတယ်။ ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ ဒါဆို အိပ်စက်ခြင်းကို ထိခိုက်စေတဲ့အရာတွေက ဘာတွေရှိလဲ။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာ ဘာကြောင့်လဲ

နေ့ခင်းဘက်တွေ၊ ညနေစောင်းတွေ အိပ်ပြီး နိုးလာရင် ငြီးစီစီဖြစ်ပြီး နေလို့ မကောင်းတာမျိုး ကြုံဖူးပါသလား။ လူက ငေါင်တောင်တောင်နဲ့ လန်းလည်း မလန်း၊ ခေါင်းကိုက်သလိုလို၊ နေမကောင်းချင်သလို ဖြစ်နေတာမျိုးပေါ့။ ဒီလိုမျိုး နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာ ဘာကြောင့်လဲ။ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးပါ့မယ်။ နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တဲ့ ပြဿနာဆိုတာ ဒါကို Sleep inertia လို့ ခေါ်ပါတယ်။ နေ့ခင်းဘက်ဆိုပေမယ့် ညနေစောင်းနဲ့ မနက်အိပ်ရာထချိန်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ရောဂါရယ်လို့တော့ မဟုတ်ပေမယ့် အိပ်ရာက နိုးလာတဲ့အခါ လူက လေးလေးကြီးနဲ့ နေလို့ မကောင်းတာမျိုးပါ။ Sleep inertiaက အိပ်ရာကနိုးပြီး နာရီဝက်၊ တစ်နာရီလောက်ထိ ဖြစ်တတ်ပေမယ့် တချို့သူတွေမှာ ၂နာရီလောက်ထိ ကြာတာကို တွေ့ရပါတယ်။ အကြာကြီး အိပ်ထားတာ၊ နေ့ခင်းမှာ မိနစ်၃၀ထက် […]

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ ကို ရှာဖွေမည်။

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အအိပ်များခြင်းကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

အအိပ်များခြင်းကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ အိပ်စက်မှုဆိုတာက သက်ရှိသတ္တဝါတိုင်းရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ရှင်သန်မှုလုပ်ငန်းစဉ်တွေထဲကတစ်ရပ်ဖြစ်ပါတယ်။ အိပ်စက်တယ်ဆိုရာမှာလည်း ကျန်းမာရေးအတွက်ကောင်းကျိုးဖြစ်ထွန်းအောင် အိပ်စက်တတ်ဖို့လိုအပ်ပါတယ်။ အိပ်စက်မှုနဲ့ပတ်သက်ပြီး ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိသလဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။   အအိပ်များခြင်း (Oversleeping) အသက်အရွယ်ကိုလိုက်ပြီး အိပ်စက်မှုအတိုင်းအတာက လူတစ်ဦးနဲ့တစ်ဦးမှာ မတူညီဘဲကွဲပြားတာမျိုးတွေရှိပါတယ်။ အိပ်စက်မှု အတိုင်းအတာက အသက်အရွယ်၊နေ့စဉ်လှုပ်ရှားနေမှုပုံစံနဲ့နေထိုင်မှုအလေ့အထတွေအပေါ်မှာ မူတည်လေ့ရှိပါတယ်။ ဥပမာပြောပြရရင် စိတ်ဖိစီးနေတဲ့အခါမျိုး (သို့)နေထိုင်မကောင်းတဲ့အခါမျိုးတွေမှာ အိပ်စက်ချိန်ကပုံမှန်ထက်ပိုမိုလိုအပ်တယ်လို့ ခံစားရနိုင်ပါတယ်။   အိပ်ချိန်ဘယ်လောက် လိုအပ်သလဲ။ ညတိုင်းလိုလိုမှာ အိပ်ချြိန်ပည့်ပြည့်ဝဝရရှိဖို့လိုအပ်တယ်ဆိုတဲ့အချက်ကိုကြားဖူးလိမ့်မယ်ထင်ပါတယ်။ အိပ်စက်ချိန်မလုံလောက်တဲ့အခါ ရောဂါလက္ခဏာရပ်တွေ၊ ကျန်းမာရေးဆိုင်ရာပြဿနာတွေနဲ့ရင်ဆိုင်လာရမှာဖြစ်ပါတယ်။ အိပ်စက်ချိန်ဘယ်လောက်ရှိသင့်လဲ။ အိပ်စက်ချိန်ကအသက်အရွယ်ပေါ်မှာ များသောအားဖြင့်မူတည်နေတာဖြစ်ပါတယ်။ အိပ်စက်ချိန်တအားနည်းနေတယ်ဆိုရင် ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲရမှာဖြစ်ပြီး ထိုသို့ပြောင်းလဲမှုက အကျိုးသက်ရောက်မှုမရှိဘူးဆိုရင် ဆရာဝန်နဲ့ပြသကြည့်ဖို့လိုအပ်ပါတယ်။ အိပ်ရေးဝဝအိပ်စက်ခြင်းကကောင်းတဲ့အချက်ဆိုပေမယ့် အိပ်ချိန်အရမ်းများတာကတော့ ကျန်းမာရေးတစ်ခုခုချို့ယွင်းနေပြီဆိုတာကိုပြသတဲ့လက္ခဏာရပ်လည်းဖြစ်နိုင်ပါတယ်။ အိပ်ချိန်တအားများတာကရောဂါခံစားရမှုတွေအထိဖြစ်ပေါ်စေနိုင်ပါတယ်။   အိပ်စက်မှု လမ်းညွှန် အခုလက်ရှိမှာ အမျိုးသားအိပ်စက်ခြင်းအဖွဲ့ ထုတ်ပြန်ထားတဲ့လမ်းညွှန်ချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။ အသက်အရွယ် […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

ဘီလူးစီးခြင်း (Sleep Paralysis)

ဘီလူးစီးခြင်း (Sleep Paralysis) အကြောင်း လေ့လာလိုက်ရအောင်လား။ ဘီလူးစီးခြင်း (Sleep Paralysis) ဘီလူးစီးခြင်း (Sleep Paralysis) ဆိုတာ ကိုယ်တိုင်မကြုံဖူးရင်တောင် လူတိုင်းကြားတော့ကြားဖူးလိမ့်မယ်ထင်ပါတယ်။ လူကနိုးနေရက်နဲ့ ခြေတွေလက်တွေ လှုပ်မရ၊ အော်မရပြုမရနဲ့ အတော်ကြီးကို စိတ်ဒုက္ခရောက်ရတဲ့ အချိန်ပါ။ အင်္ဂလိပ်လို Sleep Paralysis လို့ခေါ်ပြီး မြန်မာလို ဘီလူးစီးတယ်လို့ခေါ်တဲ့ အခြေအနေတစ်ရပ်ကို တစ်ခါလောက်ကြုံဖူးသွားတာနဲ့ နောက်ထပ်ကြုံဖို့လန့်သွားလောက်ပါတယ်။ ဘီလူးစီးခြင်း (၂)မျိုး ဘီလူးစီးခြင်း (Sleep Paralysis) ကို နှစ်မျိုးခွဲခြားနိုင်ပါတယ်။ Isolated Sleep Paralysis (ISP) နဲ့ Recurrent Isolated Sleep Paralysis (RISP) ဆိုပြီးတော့ပါ။ အလွယ်ပြောရရင် ISP ဆိုတာက လူတိုင်းဖြစ်နိုင်ပေမယ့် RISP ဆိုတာကတော့ အိပ်စက်ခြင်းနဲ့သက်ဆိုင်တဲ့ မူမမှန်တဲ့ရောဂါတစ်မျိုးမျိုး ရှိနေသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

Sleepwalking (အိပ်နေရင်းလမ်းထလျှောက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Sleepwalking (အိပ်နေရင်းလမ်းထလျှောက်ခြင်း) ကဘာလဲ။ အိပ်နေရင်းလမ်းထလျှောက်ခြင်းဆိုသည်မှာ လူတယောက်သည် အိပ်ပျော်နေချိန်တွင် မသိစိတ်မှထပြီး လမ်းလျှောက်ခြင်းဖြစ်သည်။ ထိုဖြစ်စဉ်သည် လူတယောက်သည် နှစ်ခြိုက်စွာအိပ်ပျော်နေသော အဆင့်မှ နိုးလုနီးနီး သို့မဟုတ် နိုးသောအဆင့်သို့ရောက်သွားသောအခါဖြစ်ခြင်းဖြစ်သည်။ အိပ်နေရင်းလမ်းထလျှောက်သူသည် ထိုသို့လျှောက်နေချိန်တွင် မည်သည့်တုန့်ပြန်မှုမျိုးမှမရှိဘဲ၊ သူနိုးလာချိန်တွင်လည်း ဖြစ်ခဲ့သမျှကို မမှတ်မိတော့ချေ။ အချို့သူများသည် စကားပြောနေသောလည်း အသိစိတ်ထိန်းချုပ်မှုမရှိဘဲပြောနေခြင်းမျိုးဖြစ်တတ်သည်။ Sleepwalking (အိပ်နေရင်းလမ်းထလျှောက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အိပ်နေရင်းလမ်းထလျှောက်ခြင်းသည် အထူးသဖြင့် အသက် ၄နှစ် မှ ၈နှစ်ကြား ကလေးဘဝတွင်ဖြစ်လေ့ရှိသော်လည်း အရွယ်ရောက်ပြီးသူများတွင်လည်းတွေ့ရတတ်သည်။ သို့သော်လည်း ၎င်းကိုဖြစ်စေသောအကြောင်းရင်းများကို သိပြီး ဖြေရှင်းနိုင်ပါသည်။ သင်သိလိုသောအကြောင်းရာများအတွက် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။ လက္ခဏာများSleepwalking (အိပ်နေရင်းလမ်းထလျှောက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လူတယောက်သည် အိပ်နေရင်းလမ်းထလျှောက်သောအခါ သူ့အခန်းထဲမှာပင် တိတ်ဆိတ်စွာလျှောက်နေခြင်းမျိုးရှိသလို ပြေးလွှားခြင်း၊ ထွက်ပြေးခြင်းမျိုးလည်းရှိပါသည်။ ပုံမှန်အားဖြင့် အိပ်နေရင်းလမ်းထလျှောက်သူ၏မျက်လုံးများသည် ဖွင့်ထားသော်လည်း အသက်မပါဘဲစိုက်ကြည့်နေတတ်ပြီး တအိမ်လုံးခြေဦးတည့်ရာသွားနေတတ်သည်။ သင်သူ့ကို မေးခွန်းတခုခုမေးလိုက်သောအခါ နှေးနှေးဖြေမည်။ ဖြေချင်မှလဲဖြေလိမ့်မည်။ သူ့ကို မနှိုးဘဲ အိပ်ရာကို ခေါ်သွားလျှင် မိုးလင်းချိန်သူနိုးသောအခါ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အသက်အရွယ်အပိုင်းအခြားအလိုက် လိုအပ်တဲ့ အိပ်စက်မှု

လုံလောက်စွာ အိပ်စက်ခြင်းဟာ လူတိုင်းအတွက် အရေးကြီးပါတယ်။ အမေးများတဲ့မေးခွန်းကတော့ အသက်အရွယ် အုပ်စုတစ်ခုစီအတွက် ဘယ်လောက်အိပ်စက်ခြင်းဟာ လုံလောက်ပါသလဲ။ ဒီတစ်ခေါက်တော့ အသက်အရွယ်အပိုင်းအခြားအလိုက် လိုအပ်တဲ့ အိပ်စက်မှု အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အသက်အရွယ်အပိုင်းအခြားအလိုက် လိုအပ်တဲ့ အိပ်စက်မှု ဒီဆောင်းပါးမှာတော့ စာဖတ်သူတွေကို အသုံးဝင်တဲ့ အချက်အလက်တွေ ပေးမှာ ဖြစ်ပါတယ်။ အိပ်စက်ခြင်းဟာ ဘဝရဲ့ လျှို့ဝှက်တဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး သိပ္ပံပညာရှင်အတော်များများက လူတွေ ဘာကြောင့် အိပ်ရသလဲဆိုတာ မသိသေးပါဘူး။ ဒါပေမယ့် သူတို့ဟာ အိပ်ရေးဝခြင်းရဲ့ များပြားလှတဲ့ အကျိုးကျေးဇူးတွေကိုတော့ ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ ကဲ .... အသက်အရွယ်အပိုင်းအခြားအလိုက် လိုအပ်တဲ့ အိပ်စက်မှု အကြောင်း ဆက်လေ့လာလိုက်ရအောင်နော်။ အိပ်စက်ခြင်းနဲ့ ကျန်းမာရေးအခြေအနေများ အိပ်ရေးပျက်ခြင်းဟာ သင့်ကို ဝစေပါတယ်။ အိပ်ရေးပျက်ခြင်းနဲ့ ဝခြင်းကြားမှာ ကြီးမားတဲ့ ဆက်စပ်မှု ရှိပါတယ်။ အိပ်ရေးပျက်ခြင်းဟာ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

Sleep Disorders (အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများ)

Sleep Disorders (အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများ) အကြောင်း နည်းနည်းလောက် လေ့လာကြည့်ရအောင်နော်။ အဓိပ္ပါယ်ဖွင့်ဆိုချက် Sleep Disorders (အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများ) ကဘာလဲ။ အိပ်ခြင်းကိုသက်ရောက်တဲ့ ကစဉ့်ကလျားဖြစ်ခြင်းမှန်သမျှကိုအိပ်စက်မှုဆိုင်ရာ ပြဿနာများလို့ ခေါ်နိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်းကြောင့် အိပ်ပျော်နေစဉ်ခေတ္တ အသက်ရှူရပ်ရပ်သောရောဂါ၊ အိပ်မပျော်သောရောဂါ၊ အိပ်နေရင်းလမ်းထလျှောက်သောရောဂါစသဖြင့် အမျိုးအစား(၈) မျိုးလောက်ရှိပါတယ်။ အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများက ဘယ်လောက်အဖြစ်များသလဲ အရမ်းအဖြစ်များပါတယ်။ အမေရိကန်လူဦးရေသန်း၇၀လောက်မှာ တွေ့ရှိရပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကိုရှောင်ရှားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ အသေးစိတ်သိလိုတယ်ဆိုရင်တော့ ဆရာဝန်နဲ့သွားပြသင့်ပါတယ်။ Sleep Disorders (အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများ) လက္ခဏာများ အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများရဲ့ လက္ခဏာတွေကဘာတွေလဲ ဖြစ်တဲ့အမျိုးအစားပေါ်မူတည်ပြီးလက္ခဏာတွေအများကြီးရှိပါတယ်။ အတွေ့ရများတဲ့လက္ခဏာတွေကတော့ အိပ်ရင်းလမ်းလျှောက်ခြင်း၊ ဟောက်ခြင်း၊ အိပ်မပျော်ရောဂါ၊ ခြေလှုပ်သည့်ရောဂါစု၊ အချိန်တိုင်းအိပ်ချင်နေခြင်းနှင့် အိပ်နေစဉ်ခေတ္တအသက်ရှူရပ်ရပ်ခြင်းတို့ ဖြစ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ပါဖော်ပြပါအချက်တွေ ထဲကတစ်ခုခုရှိခဲ့မယ်ဆိုရင် (သို့)သင့်ရဲ့အိပ်စက်ခြင်းနဲ့ပတ်သက်ပြီးမေးခွန်းတွေရှိခဲ့မယ်ဆိုရင် သွားပြသင့်ပါတယ်။ သင့်အခြေအနေအတွက် အသင့်တော်ဆုံးအဖြေကိုရဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ နာတာရှည်အိပ်စက်ရောဂါကသင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေ၊ သင့်စိတ်ကျန်းမာရေး၊ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်မက်များကို အဖြေရှာခြင်း

အိပ်မက်တွေမှာ ဘယ်လိုအဓိပ္ပါယ်တွေရှိသလဲဆိုတာနဲ့ အိပ်မက်တွေက သင့်ကိုဘာတွေပြောပြနေသလဲဆိုတာကို သင်စိတ်ဝင်တစား သိချင်မိပါသလား။ သိချင်တယ်ဆိုရင်တော့ သင့်အိပ်မက်တွေကိုအဖြေရှာဖို့ အောက်ဖော်ပြပါအချက်တွေကိုလိုက်နာကြည့်ပါ။ အိပ်မက်တွေကို မှတ်မိနေဖို့သင်ယူပါ။ အိပ်မက်တွေကိုအဓိပ္ပါယ်ပြန်တတ်ဖို့က ခက်ခဲတဲ့ ကိစ္စတစ်ခုပါ။ ဒါကြောင့် အိပ်မက်တွေကို သေချာမမှတ်မိနေဘူးဆိုရင် အိပ်မက်ကို ဘာသာပြန်ဖို့ ပိုပြီးခက်ခဲစေပါလိမ့်မယ်။ အိပ်မက်တွေကို မှတ်မိနိုင်ဖို့ခက်ခဲစေမယ့် ဝါးတားတားပုံရိပ်တွေ မဖြစ်ပေါ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းဖြစ်ပြီး အောက်ပါအချက်တွေကိုလည်း တတ်နိုင်သမျှ လိုက်နာကြည့်ပါ။ အိပ်ရာဘေးမှာ မှတ်တမ်းစာအုပ်ကိုထားပါ။ ဒါမှ သင်အိပ်မက်မက်ပြီး နိုးလာတဲ့အချိန်မှာ မှတ်တမ်းစာအုပ်ကို အလွယ်တကူယူပြီး ရေးမှတ်ထားလို့ရနိုင်မှာပေါ့။ မရေးချလိုက်ဘဲ နိုးတဲ့အချိန်ကြာသွားတဲ့အခါမှာ လူတွေက အိပ်မက်တွေကို မေ့သွားတတ်ကြပါတယ်။ ဒါကြောင့် နံနက်ခင်းတိုင်းမှာ တခြားဘာမှမလုပ်ခင် ဒါလေးကိုအရင်လုပ်သင့်ပါတယ်။ အိပ်မက်မက်တဲ့အရာမှန်သမျှကို ချရေးပါ။ မဖြစ်နိုင်တဲ့အကြောင်းအရာတွေ၊ တန်ဖိုးမရှိတဲ့အရာတွေ မက်ခဲ့ရင်တောင်မှ အားလုံးကိုချရေးထားပါ။ တစ်ခါတလေမှာ အဓိပ္ပါယ်မရှိဘူးလို့ထင်တဲ့အရာတွေက တန်ဖိုးအရှိဆုံးနိမိတတ်တွေဖြစ်လာနိုင်ပါတယ်။   အိပ်မက်တွေဟာ လက်တွေ့ဘဝအခြေအနေတွေကို ထင်ဟပ်နေတာလားဆိုတာ ဆုံးဖြတ်ပါ။ သင့်ဘဝမှာ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

လေယာဉ်စီးခြင်းကြောင့် ခရီးပန်းတာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ

လေယာဉ်စီးပြီး ခရီးမကြာခဏထွက်လေ့ရှိတဲ့သူတွေအတွက်တော့ ခရီးပန်းတယ်ဆိုတာ မထူးဆန်းတော့ပါဘူး။ အိပ်ရေးမဝတာတွေ၊ နေ့အချိန်အတွင်းမှာ ပင်ပန်းနွမ်းနယ်နေတာတွေ၊ အာရုံစိုက်လို့မရတာတွေနဲ့ အစာအိမ်ပြဿနာတွေဟာ ရှောင်လွှဲလို့မရတဲ့ပြဿနာတွေပါ။ လေယာဉ်ကြောင့်ခရီးပန်းခြင်း ဆိုတာဘာလဲ၊ ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာနဲ့ ဒီအခြေအနေကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေကြည့်ရအောင်လား။ Jet Lag ဆိုတာဘာလဲ။ လေယာဉ်ခရီးပန်းခြင်း ဆိုတာ ခရီးသွားအများစုအတွက်တော့ အချိန်အတိုင်းအတာတစ်ခုထိကြာနိုင်တဲ့ အိပ်စက်မှုဆိုင်ရာ ကမောက်ကမပြဿနာတွေ ဖြစ်ခြင်းပါ။ သင်ခရီးသွားတဲ့အခါ အချိန် ဇုန်နှစ်ခုထက်ပိုပြီး အလျင်အမြန် ဖြတ်သန်းသွားတဲ့အခါ မျိုးတွေမှာ လေယာဉ်ခရီးပန်းခြင်း ဖြစ်တတ်ပါတယ်။ တကယ်လို့သင်က အရှေ့ဘက်ကို ခရီးထွက်မယ်ဆိုရင် ဖြတ်ရတဲ့ အချိန်ဇုန်ချင်း တူတာတောင်မှ အနောက်ဘက်ကိုသွားတာထက် ပိုပြီးခရီးပန်းနိုင်ချေရှိပါတယ်။ တကယ်လို့ သင်က သက်ကြီးပိုင်းဖြစ်နေခဲ့မယ်ဆိုရင် ခရီးပန်းတာပိုဖြစ်နိုင်ပြီး သက်သာပျောက်ကင်းဖို့လည်း ပိုပြီးကြာနိုင်ပါလိမ့်မယ်။ ဘာတွေက လေယာဉ် ခရီးပန်းခြင်းကိုဖြစ်စေတာလဲ။ လေယာဉ်ခရီးပန်းခြင်းဆိုတာ အဟုန်နဲ့ ခရီးသွားတဲ့အခါ သင့်အိပ်စက်ခြင်း၊ နိုးထခြင်းတို့ကို ထိန်းချုပ်ပေးတဲ့ ဇီဝနာရီ ကို […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

နေ့လယ်နေ့ခင်း အချိန်ကြာကြာ အိပ်စက်ခြင်းက ဆီးချိုသွေးချိုရောဂါကိုဖြစ်စေနိုင်ပါသည်

ရောဂါဖြစ်စေမှုနေ့လယ်ခင်းတစ်ရေးတမော အိပ်စက်ခြင်းက နွမ်းနယ်မှုကိုလျှော့ချ၍ လန်းဆန်းစေပြီး နေ့တစ်နေ့၏ ကျန်ရှိသောအချိန်များတွင် လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ရလွယ်ကူသွက်လက်စေသည်။ သို့သော်လည်း နေ့လယ်ခင်းအိပ်စက်သည့်ကြာချိန်ပေါ်မူတည်၍ အကျိုးကျေးဇူးများလည်းကွာခြားနိုင်ပါသည်။ နေ့လယ်ခင်းအိပ်စက်ရန် အသင့်တော်ဆုံးကြာချိန်စာရေးဆရာဒေါက်တာ YamadaTumatride က လေ့လာချက်အတော်များများတွင် နာရီဝက်လောက် နေ့လယ်ခင်းအိပ်စက်ပါက လန်းဆန်းမှုနှင့် ကိုယ်လက်လှုပ်ရှားမှုများသွက်လက်စေနိုင်သည် ဟုဆိုသည်။ သို့သော်လည်း မိနစ်သုံးဆယ် ၊ နာရီဝက်ထက်ပိုမိုကြာမြင့်အောင်အိပ်စက်ပါက Sleep inertia ဟုခေါ်သောအိပ်စက်ခြင်းမှ နိုးမထချင်သည့် ဖြစ်စဉ်ဖြစ်ပေါ်လာပြီး ကိုယ်လက်နုံးချိခြင်း ၊ ဇဝေဇဝါဖြစ်ခြင်းနှင့် အိပ်ငိုက်ခြင်းတို့ကို ဖြစ်စေပါသည်။ နေ့လယ်ခင်းကြာမြင့်စွာ အိပ်စက်ခြင်းသည် ရေရှည်တွင်ကောင်းကျိုးမပေးသဖြင့် မပြုလုပ်သင့်ပါ။ အိပ်ရေးမဝတတ်သဖြင့် ဗိုက်ဆာခြင်းနှင့် ကစီဓာတ်တို့ကို ချေဖျက်သောလုပ်ငန်းများ ကမောက်ကမဖြစ်ခြင်းအပြင် စိတ်ဖိစီးမှုဆိုင်ရာဟော်မုန်းများထွက်ခြင်းတို့ကိုလည်းဖြစ်စေနိုင်သည်။ သို့ဆိုလျှင် အကျိုးကျေးဇူးကောင်းများရရှိရန် နေ့လယ်ခင်းအိပ်ချိန်ကိုမည်သို့သတ်မှတ်သင့်သနည်း။ ယေဘုအားဖြင့် တအောင့်မှေးစက်ပြီး လန်းဆန်းစွာနိုးထချိန်ကိုယူသင့်သည်။ မိနစ် ၂၀ ခန့်ဆိုလျှင်လုံလောက်နိုင်ပါသည်။ ထိုသို့မှေးစက်ပြီးလျှင်သင့်အနေဖြင့်လန်းဆန်းစွာနိုးထပြီးကျန်ရှိနေသေးသောအလုပ်တာဝန်များကိုသွက်လက်စွာလုပ်ဆောင်နိုင်ပေသည်။ နေ့လယ်နေ့ခင်းကြာမြင့်စွာအိပ်စက်ပါကဆီးချိုသွေးချိုရောဂါဖြစ်စေနိုင်ပုံတိုကျိုတက္ကသိုလ်မှ သုတေသီများ၏အဆိုအရ နေ့လယ်ခင်းတွင် ၁ နာရီထက်ပို၍အိပ်စက်ပါကအမျိုးအစား […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်