အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ရေးမဝတဲ့အခါ အလုပ်တွေကို ကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ အိပ်စက်ခြင်းက အင်အားပြည့်ဝစေသလို စိတ်ခံစားမှု ကောင်းစေပြီး ဟော်မုန်းတွေကို ထိန်းညှိပေးပါတယ်။ ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ ဒါဆို အိပ်စက်ခြင်းကို ထိခိုက်စေတဲ့အရာတွေက ဘာတွေရှိလဲ။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာ ဘာကြောင့်လဲ

နေ့ခင်းဘက်တွေ၊ ညနေစောင်းတွေ အိပ်ပြီး နိုးလာရင် ငြီးစီစီဖြစ်ပြီး နေလို့ မကောင်းတာမျိုး ကြုံဖူးပါသလား။ လူက ငေါင်တောင်တောင်နဲ့ လန်းလည်း မလန်း၊ ခေါင်းကိုက်သလိုလို၊ နေမကောင်းချင်သလို ဖြစ်နေတာမျိုးပေါ့။ ဒီလိုမျိုး နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာ ဘာကြောင့်လဲ။ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးပါ့မယ်။ နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တဲ့ ပြဿနာဆိုတာ ဒါကို Sleep inertia လို့ ခေါ်ပါတယ်။ နေ့ခင်းဘက်ဆိုပေမယ့် ညနေစောင်းနဲ့ မနက်အိပ်ရာထချိန်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ရောဂါရယ်လို့တော့ မဟုတ်ပေမယ့် အိပ်ရာက နိုးလာတဲ့အခါ လူက လေးလေးကြီးနဲ့ နေလို့ မကောင်းတာမျိုးပါ။ Sleep inertiaက အိပ်ရာကနိုးပြီး နာရီဝက်၊ တစ်နာရီလောက်ထိ ဖြစ်တတ်ပေမယ့် တချို့သူတွေမှာ ၂နာရီလောက်ထိ ကြာတာကို တွေ့ရပါတယ်။ အကြာကြီး အိပ်ထားတာ၊ နေ့ခင်းမှာ မိနစ်၃၀ထက် […]

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ ကို ရှာဖွေမည်။

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ယာနဲ့ လက်ထပ်မိနေပြီလား

တခါတခါကျ ကြုံဖူးကြလိမ့်မယ်။ မနက်မိုးလင်းရင် မထချင်ဘူး၊ တော်တော်နဲ့ အိပ်ယာထဖို့ ခက်နေတတ်တယ်၊ အမြဲပဲ အိပ်ချင်နေတယ်၊ အိပ်ယာထဲလှဲချင်နေမိတယ်။ တနေကုန် လှဲပြီးပဲနေချင်တဲ့ စိတ်ဆန္ဒမျိုးပဲ ရှိနေတာမျိုးပေါ့။ အမြဲအိပ်ရေးဝအောင် အကြာကြီးအိပ်နေပေမယ့် ကိုယ့်မှာက အိပ်ရေးမဝသလို ခံစားနေရမယ်၊ အိပ်ယာပေါ်မှာ လှဲအိပ်နေချိန်မှ စိတ်ကျေနပ်နေသလိုမျိုးခံစားနေရတာမျိုးပေါ့။ ဒီလိုစိတ်ခံစားချက်မျိုးက သဘာဝစိတ်ခံစားချက်မျိုးတော့မဟုတ်ပါဘူး။ Dysania လို့ ခေါ်တဲ့ အိပ်စက်ခြင်းဆိုင်ရာ စိတ်ဝေဒနာ အမျိုးအစားတစ်မျိုးသာဖြစ်ပါတယ်။ Clinomania လို့လည်း ခေါ်ကြပါသေးတယ်။ ဒီလိုလူတွေအတွက်တော့ မနက်ခင်းမှာ မြည်တတ်တဲ့ Alarm တွေဟာ စိတ်အနှောင့်အယှက်အပေးနိုင်ဆုံး အရာတွေဖြစ်နေပါလိမ့်မယ်။ အိပ်ယာထဲကနေ ထဖြစ်ဖို့ ၁ နာရီ ၂ နာရီလောက်အထိ အချိန်ယူတတ်ပါတယ်။ ဆရာဝန်တွေကတော့ ဒါဟာ ဂရုစိုက်သင့်တဲ့ ကျန်းမာရေးပြဿနာလို့ တိတိကျကျကို သတ်မှတ်ထားကြပါတယ်။ Dysania ဝေဒနာခံစားနေရသူတစ်ယောက်အတွက် မနက်ခင်းတွေတိုင်းဟာ စိတ်ဆင်းရဲစရာ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

တစ်ချိန်လုံး အိပ်ငိုက်နေသူလေးတွေရှိလား.........

မနက်အိပ်ရာထချိန်ကနေစလို့ ညအိပ်ရာဝင်ခါနီးအထိ လန်းဆန်းမှုမရှိဘဲ တစ်ချိန်လုံး လိုလို အိပ်ချင်လိုက်တာ ခေါင်းမကြည်ဘူးဆိုပြီးခံစားနေရသူလေးတွေရှိလား။ ဒါဆိုရင် သင့်ကို တစ်ချိန်လုံး အိပ်ငိုက်တယ်လို့ ခံစားရစေတဲ့ အချက်က ဘာများလဲ တူတူကြည့်ရအောင်လား..... တစ်ချိန်လုံး အိပ်ငိုက်နေတာ ဘယ်တစ်ချက်ကြောင့်လဲ................. တစ်ချိန်လုံး အိပ်ငိုက်နေတယ်လို့ ခံစားနေရတာက သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေ အများကြီးစားမိတာ ကာဗိုဟိုက်ဒရိတ်က ခန္ဓာကိုယ်ကို မြန်မြန်အားပြည့်စေတယ်ဆိုတာကတော့ အမှန်ပါ။ ဒါပေမယ့် စားပြီးချိန်မှာ ခန္ဓာကိုယ်က သကြားဓာတ်အဖြစ်ဖြိုခွဲလိုက်ပါတယ်။ဒါမှ လှုပ်ရှားမှုတိုင်းအတွက် အားပြည့်နေစေမှာပါ။ အားဖြစ်တာထက် ကျော်လွန်အောင် စားမိပြီဆိုရင်တော့ ထိုင်းမှိုင်းသလို ခံစားလာရပါလိမ့်မယ်။ သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို အများကြီးစားမိတာက တစ်နေ့တာလုံးမှာ ပင်ပန်းပြီး အိပ်ငိုက်တယ်လို့ ခံစားရစေနိုင်ပါတယ်။ သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေက သွေးတွင်းသကြားဓာတ်ကို အပြောင်းအလဲဖြစ်စေပြီး အိပ်ငိုက်တာမျိုးခံစားရစေနိုင်ပါတယ်။ အထိုင်များတာ လှုပ်ရှားမှုနည်းပြီး အထိုင်များတာက ကိုယ်တွင်းမှာ အားမရှိသလို ပင်ပန်းသလို ခံစားရစေပြီး သင့်ကို အိပ်ငိုက်လာရစေတဲ့ အချက်တစ်ခုပါ။ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်နေရင်းလမ်းထလျှောက် ရင်ဘာဖြစ်နိုင်လဲ။

အိပ်နေရင်းလမ်းထလျှောက် တာကို ကိုယ်တိုင်မကြုံဖူးရင်တောင် ရုပ်ရှင်ထဲမှာဖြစ်ဖြစ် ကိုယ့်အသိမိတ်ဆွေတွေထဲမှာဖြစ်ဖြစ် ကြားဖူးမှာပါ။ ဒါကို ဘယ်လိုနားလည်ထားလဲ။ သရဲဝင်ပူးတာလား။ သူများပြုစားတာလား။ ကျန်းမာရေးပြဿနာတစ်ခုပဲလား။ ဆက်ကြည့်ရအောင်။ အိပ်နေရင်းလမ်းထလျှောက်တာကို ဆေးပညာအရ somnambulismလို့ခေါ်ပါတယ်။ လူငယ်တွေထက်စာရင် ကလေးတွေမှာ ပိုဖြစ်ပါတယ်။ အများစုက ကြီးလာရင် သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ တစ်ခါတလေမှ လမ်းထလျှောက်ရင်တော့ ပြဿနာမရှိပါဘူး။ ထပ်ခါထပ်ခါလျှောက်နေပြီဆိုရင်တော့ နောက်ကွယ်မှာ အိပ်စက်ခြင်းပြဿနာတစ်ခုခု ရှိနေနိုင်ပါတယ်။ လူငယ်တွေမှာ အိပ်ရင်းလမ်းထလျှောက်တာက အိပ်စက်ခြင်းပြဿနာကြောင့်ဖြစ်နိုင်သလို တခြားရောဂါတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လက္ခဏာများ အိပ်နေရင်းလမ်းထလျှောက်တာက ညဦးပိုင်းမှာဖြစ်တတ်ပါတယ်။ အိပ်ပျော်ပြီး ၁နာရီ ၂နာရီ အကြာမှာပေါ့။ တရေးတမော အိပ်နေချိန်မှာတော့ မဖြစ်တတ်ပါဘူး။ လမ်းတစ်ခါထလျှောက်ရင် မိနစ်အနည်းငယ်လည်း ဖြစ်နိုင်သလို ဒီထက်လည်းပိုကြာနိုင်ပါတယ်။ လက္ခဏာတွေကတော့ -အိပ်ရာကထပြီး လမ်းထလျှောက်တာ -အိပ်ရာက ထထိုင်ပြီး မျက်လုံးပွင့်နေတာ -တစ်နေရာရာကို ငေးငေးငိုင်ငိုင်ကြည့်နေတာ -သူများတွေကို စကားပြန်မပြောတာ၊ ခေါ်မရတာ -အဲ့အချိန်မှာ နှိုးရခက်တာ -နိုးသွားရင်လည်း အချိန်တစ်ခုကြာအောင် စိတ်နဲ့ ကိုယ်နဲ့ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

ဖုန်းကို အိပ်ရာဘေးထားပြီး အိပ်တဲ့အကျင့်က ကျန်းမာရေးအတွက်မကောင်းဘူးနော်

ဒီဘက်ခေတ်မှာ လူငယ်တိုင်းလိုလို မိုဘိုင်းလ်ဖုန်း ကိုယ်စီသုံးစွဲနေနိုင်ပါပြီ။ ဘယ်သွားသွား လူတွေကို ကြည့်လိုက်ရင် ဖုန်းတစ်လုံး ကိုယ်စီနဲ့ အလုပ်တွေ ရှုပ်နေတတ်ကြတာ သတိထားမိမှာပါ။ ဖုန်းနဲ့ပတ်သက်ပြီး ကောင်းတဲ့အချက်တွေ၊ မကောင်းတဲ့အချက်တွေကို လူမှုရေးရှုထောင့်ကနေရော ကျန်းမာရေးရှုထောင့်ကနေပါ ပြောခဲ့ပြီးပြီဆိုတော့ ဒီနေ့ဆောင်းပါးမှာ ဖုန်းကို အိပ်ရာဘေးထားပြီး အိပ်တဲ့အကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ဖုန်းကို အိပ်ရာဘေးထားပြီး အိပ်သင့်လား။ အရှင်းဆုံးအဖြေကို ပြောပါဆိုရင် မအိပ်သင့်ပါဘူး။ ဖုန်းကို ကိုယ့်အိပ်ရာဘေးထားပြီး အိပ်တာဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အင်္ကျီ၊ ဘောင်းဘီအိတ်ကပ်တွေထဲ ထည့်ထားတာမျိုးက အစပိုင်းမှာ ဘာမှမဖြစ်ဘူးလို့ ထင်ရပေမယ့် ရေရှည်မှာတော့ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ အိပ်စက်ခြင်းကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ ဘာတွေ ဒုက္ခပေးနိုင်လဲဆိုရင် ဖုန်းရဲ့ တာဝန်က အင်တာနက်အတွက်သာမက အဝင်ဖုန်း၊ အထွက်ဖုန်းတွေကိုပါ လက်ခံပေးပါတယ်။ ဒီအတွက် ဖုန်းကနေ ရေဒီယိုလျှပ်စစ်လှိုင်းတွေ အမြဲထွက်နေတတ်ပါတယ်။ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ချိန်မမှန်ရင် ဝိတ်ချဖို့ ဘယ်လောက်ကြိုးစားစား အောင်မြင်ဖို့မလွယ်

ကိုယ်အလေးချိန် ချဖို့ ကြိုးစားနေကြတဲ့ သူတွေက အရင်ဆုံး တွေးမှာက အစား လျှော့မယ် ၊ ဂျင်မ် သွားမယ်၊ အဆီကျစေမယ့် ဆေး သို့မဟုတ် ကော်ဖီ သောက်မယ် ဆိုတဲ့ နည်းလမ်းတွေ ပါပဲ။ ဒီထဲက နည်းလမ်း တစ်ခုခုကို ရွေးချယ်လိုက်တယ်၊ သေချာ လိုက်နာတယ် ဆိုတာတောင် ဝိတ်က သိပ်မကျဘူး၊ ပြန်တက်တာကျ သိပ်မြန်တာပဲ ဆိုတာမျိုး ကြုံဖူးကြမှာပါ။ အဲဒါ ဘာ့ကြောင့် ဖြစ်မလဲ။ပြန်တွေးကြည့်ရအောင် ။ တကယ်ကတော့ အိပ်ချိန် မမှန်ရင် ဝိတ်ချဖို့ ဘယ်လောက် ကြိုးစားစား အောင်မြင်ဖို့ မလွယ် ဖြစ်နေတာပါ။ အိပ်ချိန်မမှန်ရင် ဝိတ်ချဖို့ ဘယ်လောက်ကြိုးစားစား အောင်မြင်ဖို့မလွယ် ဒီလို ဖြစ်စေတဲ့ နောက်ကွယ်က တရားခံဟာ အိပ်ချိန် မမှန်ခြင်းပါပဲ။ လူကိုဝစေတဲ့ အကြောင်းရင်းတွေက […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

တီဗီရှေ့ အိပ်ပျော်မသွားသင့်တဲ့ အကြောင်းရင်း

တီဗီရှေ့ အိပ်ပျော်မသွားသင့်တဲ့ အကြောင်းရင်း တွေ ရှိပါတယ်။ ညသန်းခေါင်ကျမှ တီဗီရှေ့မှာ တရေးနိုး လာတဲ့ ဖီလင်က ဘယ်လိုမျိုးလဲ။ အိပ်ရာထဲလည်း မရောက်၊ တီဗီလည်း မပိတ်ဘဲ ဘယ်အချိန်က အိပ်ပျော်သွားမှန်း မသိလိုက်တာမျိုးက သင့်ကို ဝလာစေနိုင် ပါတယ်လို့ သုတေသနက ဖော်ပြလာပါတယ်။ ဘာလို့လဲ ဆိုတော့ ... National Institute of Health သုတေသီတွေက အသက် ၃၅ နှစ် ကနေ ၇၄ နှစ် အတွင်း အမေရိကန် အမျိုးသမီး ၄၃၇၂၂ ဦး အပေါ်လေ့လာမှု အချက်အလက်တွေကို ဆန်းစစ်ခဲ့ကြ ပါတယ်။ ညဘက် အလင်းရောင် မှိန်မှိန် ထားအိပ်တဲ့ အမျိုးသမီးတွေဟာ ကိုယ်အလေးချိန် ထိန်းနိုင်တာ တွေ့ရပြီး ညဘက် အိပ်စက်ချိန်မှာ အလင်းရောင် […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

လုံးဝမအိပ်တဲ့ လူတစ်ယောက် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်လဲ

လက်ရှိစစ်တမ်းကောက်ယူချက်အရ လုံးဝမအိပ်ဘဲ အကြာဆုံး အသက်ရှင်နိုင်တာ ၂၆၄ နာရီ တစ်နည်းအားဖြင့် ၁၁ရက် ဖြစ်တယ်လို့ တွေ့ရှိရပါတယ်။ အိပ်စက်ခြင်းဆိုတာ စိတ်နဲ့ ခန္ဓာကျန်းမာရေးကို ထိန်းချုပ်ပေးနေတဲ့ အရေးကြီးတဲ့ အရာတွေထဲက တစ်ခုပါ။ ဒီတော့ တစ်ရက်လောက် မအိပ်ဘဲနေလိုက်တာနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်လုပ်ဆောင်မှုတွေ အားလုံး တဖြည်းဖြည်းပြိုလဲလာမယ်ဆိုတာတော့ အသေအချာပါပဲ။ ခံနိုင်ရည်အားထက် ကျော်လွန်သွားတဲ့အခါ လုံးဝမအိပ်တဲ့ လူတစ်ယောက်ဟာလည်း အသက်သေဆုံးနိုင်ခြေ ရှိပါတယ်။ ၂၄ နာရီ လုံးဝမအိပ်တဲ့အခါ အလုပ်များတဲ့ လူတစ်ယောက် တစ်ရက်တစ်လေ အိပ်ဖို့ ပျက်ကွက်တတ်တာ အဖြစ်များတဲ့ ကိစ္စပါ။ ဒါပေမယ့် ဒီ တစ်ရက်ဆိုတဲ့ အချိန်မှာ မအိပ်ဘဲနေလိုက်လို့ ကြီးကြီးမားမား ပြဿနာမရှိသေးဘူးဆိုပေမဲ့ ကိုယ့်ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးက စတင်ဆုတ်ယုတ်လာမှာကို သတိထားဖို့ လိုပါတယ်။ ဒီလိုဆုတ်ယုတ်လာတာကို ပြနေတဲ့ လက္ခဏာတွေကတော့ အိပ်ငိုက်မယ် […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ရင်းစကားပြောတတ်တဲ့ အကျင့်လေးကို ဒီလိုဖျောက်

အိပ်နေတုန်း စကားပြောတတ်တာက ရောဂါတစ်ခု မဟုတ်ပေမယ့် ရေရှည်မှာ ကိုယ်မသိလိုက်ဘဲ မိသားစုကို အနှောင့်အယှက်ဖြစ်နေစေတာမျိုး ဖြစ်နိုင်ပါတယ်။ အိပ်နေချိန်မို့ မသိစိတ်က ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်မိတာကြောင့် ထိန်းဖို့ဆိုတာ ခက်မှာပါ။ ဒါပေမယ့် ကိုယ့်ကြောင့် မိသားစုဝင်တွေ၊ ချစ်ရသူတွေမှာ စိတ်အနှောင့်အယှက်ဖြစ်ရမှာကိုတော့ လိုလားမယ်မထင်ပါဘူး။ ဒီတော့ အိပ်ရင်းစကားပြောတတ်တဲ့ အကျင့်လေးကို ဘယ်လိုဖျောက်မလဲ။ ဆောင်းပါးလေးထဲမှာဖတ်ကြည့်ပါနော်။ အိပ်ရင်းစကားပြောတတ်တဲ့ အကျင့် အိပ်နေရင်းစကားပြောခြင်းကို ဆေးပညာအခေါ်အဝေါ်အနေနဲ့ somniloquy လို့ ခေါ်ကြပါတယ်။ အိပ်ပျော်နေစဉ်မှာ စကားပြောတတ်တာက ဖြစ်တတ်တဲ့အလေ့အထတစ်မျိုးပါ။ လူတိုင်းတော့ မဖြစ်နိုင်ပါဘူး။ အိပ်နေတုန်း စကားပြောတတ်တဲ့ အကျင့်ရှိသူတွေက သူတို့ဆီမှာ ဒီအကျင့်ရှိနေမှန်းတောင် မသိကြပါဘူး။ အိပ်နေတုန်း စကားပြောတဲ့အခါ ပုံမှန်ပြောနေကျအသံနဲ့ မတူတတ်ပါဘူး။ မသိစိတ်ရဲ့စေခိုင်းမှုအတိုင်း လုပ်မိနေတဲ့ အပြုအမူတစ်ခုပေါ့။ အိပ်နေစဉ်စကားပြောတာက REM အဆင့်မှာ ဖြစ်တာများပြီး non-REM (NREM) အဆင့်မှာ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်နေရင်း စကားပြောတာရောဂါလား

ညအိပ်နေရင်း စကားပြောတတ်သူလား။ ဒါက ဖြေရခက်တယ်နော်။ သူများတွေ ညအိပ်ရင်း စကားပြောတာကို သိနိုင်ပေမယ့် ကိုယ်တိုင်ကျ ညအိပ်ရင်း စကားပြောတတ်လား ဆိုတာကိုကျ သိနိုင်ဖို့ ခက်ပါတယ်။ ဒီပြဿနာကို အဖြေ ရှာပေးနိုင်မှာက ကိုယ့်ရဲ့ မိသားစုဝင်တွေပါ။ ကိုယ်တိုင်က အိပ်နေရင်း စကားပြောတတ်သူလား ဆိုတာကို သိနိုင်ဖို့အတွက် မိသားစုဝင်တွေကို မေးကြည့်ပါ။ နောက်တစ်ခုကတော့ အိပ်နေရင်း စကားပြောတာရောဂါလား ဆိုတာကို ကြည့်လိုက်ပါနော်။ အိပ်နေရင်း စကားပြောတာရောဂါလား အိပ်နေရင်း စကားပြောတာရောဂါလား ဆိုတာကို စစ်ကြည့်လိုက်ရအောင်နော်။ အိပ်နေရင်း စကားပြောခြင်း အိပ်နေရင်း စကားပြောခြင်းကို ဆေးပညာ အခေါ်အဝေါ် အနေနဲ့ somniloquy လို့ ခေါ်ကြပါတယ်။ အိပ်ပျော်နေစဉ်မှာ စကားပြောတတ်တာက အလေ့အထ တစ်မျိုးပါ။ လူတိုင်းတော့ မဖြစ်နိုင်ပါဘူး။ အိပ်နေတုန်း စကားပြောတတ်တဲ့ အကျင့် ရှိသူတွေက သူတို့ဆီမှာ ဒီ အကျင့် […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

တစ်နေ့လုံး ခေါင်းမကြည်၊ စိတ်တိုနေတာ ညဘက်အိပ်ရေးမဝလို့လား

ညဘက်အိပ်ရေးဝတယ်၊ မဝဘူးဆိုတာ နောက်တစ်နေ့ ကိုယ့်ရဲ့ မျက်နှာအမူအရာ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာအပေါ် အများကြီး သက်ရောက်နိုင်ပါတယ်။ အိပ်ရေးမဝတဲ့အခါ လူက ပင်ပန်းနွမ်းနယ်ပြီး ဘာမှလုပ်ချင်၊ ကိုင်ချင်စိတ်က မရှိ၊ လုပ်သမျှအကုန်လုံး အမှားအယွင်းတွေ ဖြစ်တဲ့အခါ လူက ပိုပြီးစိတ်ဆိုးဒေါသထွက်လာတော့တာပေါ့။ ဘယ်သူတွေမှာ အဖြစ်များလဲ။ ခုခေတ်လူငယ်တော်တော်များများက ညဘက်တွေဆိုရင် မအိပ်ဘဲ အမှောင်ထဲမှာ ဖုန်းသုံးနေရင်းနဲ့ အချိန်ကုန်လို့ ကုန်မှန်းမသိ၊ အိပ်ချင်နေတာလည်း သတိမထားမိဘဲ နေတတ်ကြပါတယ်။ ကြာတာတော့ မျက်စိထိခိုက်လာမယ်၊ အိပ်ရေးပျက်မယ်၊ အိပ်ချိန်မမှန်တော့ စိတ်က ဂယောက်ဂယက်ဖြစ်လာမယ်။ ဘာကိုမှ အာရုံစိုက်လို့ မရ၊ စဉ်းစားလို့ မရဖြစ်လာမယ်။ တဖြည်းဖြည်းနဲ့ ကြာလာရင် ဒေါသကို ထိန်းချုပ်မရတော့တာ၊ စိတ်ဓါတ်ကျလာတာ၊ စိတ်ခံစားချက် အပြောင်းအလဲ အရမ်းမြန်လာတာ အစရှိတဲ့ စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ လူငယ်တွေအပြင် ညဘက်ကောင်းစွာ အိပ်မပျော်တဲ့ ရောဂါရှိသူတွေ၊ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း