backup og meta

အအိပ်များတာ မကောင်းပါ

အအိပ်များတာ မကောင်းပါ

လူတစ်ယောက် ကျန်းမာပျော်ရွှင်နေစေဖို့နဲ့ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိဖို့ လိုပါမယ်။ ပြည့်ဝတဲ့ အိပ်စက်ချိန် ဆိုတဲ့နေရာမှာ ရှိသင့်တဲ့ အိပ်ချိန်ထက် ပိုများနေတာမျိုး မဟုတ်သလို လျော့နည်းနေတာမျိုး မဟုတ်ဖို့လည်း လိုပါတယ်။ ဒီလို ပြောရတာက အိပ်ရေးပျက်တာကတင် ကျန်းမာရေးကို ထိခိုက်စေတာ မဟုတ်ဘဲ အအိပ်များတာကလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့်ပါ။ ဒီတစ်ခေါက်တော့ အအိပ်များတာ ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်လဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

အအိပ်များတာ မကောင်းပါ

လူတော်တော်များများ သိထားသလို အိပ်ရေးပျက်တာကပဲ ကျန်းမာရေးကို ထိခိုက်စေတာ မဟုတ်ပါဘူး။ အိပ်ချိန်များတာကလည်း အိပ်ရေးပျက်တာလိုပဲ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် တော်တော်များများက ဒါကို အမှုမဲ့ အမှတ်မဲ့ ဖြစ်နေတတ်ကြပါတယ်။

ဘာကြောင့်များ အအိပ်များတာ မကောင်းပါ လို့ ပြောရသလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

အိပ်ရေးပျက်တာက ကျန်းမာရေးအတွက် မကောင်းဘူးဆိုတော့ အများကြီးအိပ်တာက ကျန်းမာရေးအတွက် ကောင်းမယ်လို့ မထင်လိုက်ပါနဲ့။ အအိပ်များတာကလည်း အခုလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

  • အမျိုးအစား – ၂ ဆီးချို
  • နှလုံးရောဂါ
  • လေဖြတ်တာ
  • နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေ
  • အဝလွန်တာ
  • စိတ်ဓာတ်ကျတာ
  • ခေါင်းကိုက်တာ
  • သေဆုံးနိုင်လောက်တဲ့ ကျန်းမာရေး ပြဿနာတွေ
  • နာတာရှည် ရောဂါတွေ
  • ကိုယ်ခံအား အားနည်းစေတယ်
  • ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေ ပိုဆိုးစေတယ်
  • ကင်ဆာ စတာတွေကို ဖြစ်စေနိုင်ပါတယ်။
တစ်ခါတလေမှာ အချိန်တိုင်းလိုလို အိပ်နေခြင်းက ခန္ဓာကိုယ်မှာ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်နေတယ်ဆိုတာကို ဖော်ပြနေတာပါ။ စိတ်ဓာတ်ကျနေရင်လည်း အိပ်စက်ချိန် များနေတတ်သလို ကျောက်ကပ် ထိခိုက်မှုကြောင့် သွေးထဲမှာ သွေးဆိပ်များနေမယ်ဆိုရင်လည်း ခဏခဏ အိပ်ချင်နေတာမျိုးကို ခံစားရနိုင်ပါတယ်။

ဘယ်လို အခြေအနေဆို အအိပ်များတယ် ဆိုနိုင်မလဲ

အအိပ်များတာ မကောင်းပါ

လူတစ်ယောက် နဲ့ တစ်ယောက် အိပ်စက်ချိန် လိုအပ်တဲ့ ပမာဏ ကွာခြားနိုင်ပါတယ်။ ပျမ်းမျှအားဖြင့်တော့ ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူတွေဟာ တစ်နေ့ကို အိပ်ချိန် ၇ နာရီ ကနေ ၉ နာရီအထိ လိုအပ်ပါတယ်။ ဒါက ညဘက်မှာ တစ်ဆက်တည်း အိပ်တဲ့ အိပ်ချိန်ကို ဆိုလိုတာပါ။

လူတစ်ယောက်အတွက် တစ်ညတာမှာ တစ်ဆက်တည်း အိပ်ချိန် ၈ နာရီ ကနေ ၉  နာရီဝန်းကျင် အိပ်ချိန်ရှိနေမယ်ဆိုရင် ကျန်းမာဖို့အတွက် ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိထားတယ်လို့ ဆိုရမှာပါ။

တကယ်လို့ ညဘက် အိပ်စက်ချိန်က  ၉ နာရီ အထက်မှာ ရှိနေမယ်။ နေ့ခင်းနေ့လယ်တွေမှာလည်း အိပ်စက်တာမျိုး ရှိမယ်ဆိုရင် အအိပ်များနေတာပါ။

အအိပ်များတာက ကျန်းမာရေး ပြဿနာ ရှိနေတာလည်း ဖြစ်နိုင်ပါတယ်

တစ်ခါတလေမှာ အအိပ်များတာ၊ ရှိသင့်တဲ့ အိပ်ချိန်ထက် ပိုပြီး အိပ်စက်တာက ကျန်းမာရေးပြဿနာ ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ကျန်းမာရေးပြဿနာ တစ်ခုခု ရှိနေတာကြောင့် ပြည့်ဝတဲ့ အိပ်စက်ချိန်ကို မရတာမျိုး ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ အိပ်စက်မှုဆိုင်ရာ ပြဿနာတစ်ခု ဖြစ်တဲ့ အိပ်၊ ဟောက်၊ အသက်ရှူပိတ်ရောဂါကို ခံစားနေရမယ်ဆိုရင်လည်း ညဘက်တွေမှာ အိပ်နေပေမယ့် ပြည့်ဝတဲ့ အိပ်စက်မှုကို မရတာကြောင့် အိပ်ချိန် ၈ နာရီ ပြည့်ပေမယ့်လည်း ပင်ပန်းနေတာ၊ အိပ်ရေးမဝတာကြောင့် ခဏခဏ အိပ်စက်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အိပ်စက်မှုကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

အိပ်စက်မှုကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကတော့ အများကြီးပါ။

  • အိပ် ဟောက် အသက်ရှူရပ်ရောဂါ – အိပ်စက်နေစဉ်အတွင်း အသက်ရှူတာကို ခဏတာမျှ ရပ်သွားစေတဲ့ အသက်ရှူမှု ပုံမှန်မဟုတ်တဲ့ ကျန်းမာရေး ပြဿနာပါ။
  • Restless legs syndrome ခံစားနေရတာ – ဦးနှောက်ရဲ့ လုပ်ဆောင်မှု ကမောက်ကမ ဖြစ်တာကြောင့် နားနေချိန်မှာ ခြေထောက်ကြွက်သားတွေက သူ့အလိုလို လှုပ်ရှားမှု ဖြစ်တာကို ပြောချင်တာပါ။ အမြဲတမ်း ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။
  • သွားကြိတ်တာ – အိပ်နေချိန်မှာ သွားတွေ ကြိတ်တာမျိုးပါ။
  • နာတာရှည် နာကျင်မှုတွေ
  • အချို့သော ဆေးဝါးတွေက အိပ်စက်မှုကို ထိခိုက်စေနိုင်ပါတယ်။

ဒါတွေအပြင် အိပ်စက်မှုကို ထိခိုက်စေနိုင်ပြီး အိပ်စက်ချိန်ကို ပိုမို လိုအပ်စေတဲ့ အကြောင်းအရင်းတွေက

  • Narcolepsy လို့ ခေါ်တဲ့ ခန္ဓာကိုယ်ရဲ့ အိပ်စက်မှုနဲ့ နိုးထမှုကို အနှောင့်အယှက် ဖြစ်စေတဲ့ ဦးနှောက်တွင်း ကမောက်ကမဖြစ်ခြင်း
  • Delayed sleep phase syndrome – ဇီဝနာရီ ဟန်ချက်မညီတာ၊ မနက်ခင်း အိပ်ရာထဖို့ ခက်ခြင်း
  • Idiopathic hypersomnia – အကြောင်းအရင်း ရေရေရာရာ မရှိဘဲ အရမ်းအိပ်ချင်တာကို ဖြစ်စေတဲ့ ကျန်းမာရေးပြဿနာ ရှိခြင်း စတာတွေကြောင့်လည်း ညဘက်တွေမှာ အိပ်ပေမယ့် အိပ်ရေးမဝဘဲ အအိပ်များနေတာမျိုး ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ပြဿနာ၊ သွေးအားနည်းတာတွေကြောင့်လည်း အိပ်စက်မှု များနေတာ ဖြစ်နိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Are You Sleeping Too Much? Here’s How to Tell (and Why It Can Be Risky) https://www.everydayhealth.com/sleep/are-you-sleeping-too-much/ Accessed Date 1 August 2022

Oversleeping https://www.sleepfoundation.org/how-sleep-works/oversleeping Accessed Date 1 August 2022

Too Much Sleep Can be Bad for Your Health https://www.premierhealth.com/your-health/articles/women-wisdom-wellness-/too-much-sleep-can-be-bad-for-your-health#:~:text=Too%20much%20sleep%20%E2%80%94%20as%20well,diabetes%20than%20sleeping%20too%20little. Accessed Date 1 August 2022

Oversleeping: Bad for Your Health? https://www.hopkinsmedicine.org/health/wellness-and-prevention/oversleeping-bad-for-your-health Accessed Date 1 August 2022

Can Too Much Sleep Raise the Risk of Cancer? https://www.medscape.com/viewarticle/975553?reg=1 Accessed Date 1 August 2022

ယခုပုံစံ

29/05/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရွယ်ရောက်ပြီးသူတိုင်း ညအိပ်ချိန် ၈နာရီရှိဖို့ ဘာကြောင့်လိုအပ်တာလဲ

အိပ်ချိန်ပုံမှန်မရှိသူတွေ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 29/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement