ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 7, 2020 . 2 mins read
Share now

အိပ်စက်ချိန်ဆိုရင် သက်သောင့်သက်သာရှိဖို့ အရေးကြီးပါတယ်။ လူသားတို့အတွက် အဆင်ပြေတဲ့ အိပ်စပ်ပုံကတော့ လဲလျောင်းအိပ်စက်ပုံ ဖြစ်ပါတယ်။ ရပ်လျက်နဲ့တစ်ခုခုကို မှီပြီးဖြစ်စေ၊ ခုံမှာထိုင်ပြီးဖြစ်စေ အိပ်စက်မယ်ဆိုရင် သင့်ကြွက်သားများဟာ သင့်ကိုယ်နေဟန်ထားကို သက်သောင့်သက်သာဖြစ်အောင် လိုက်ပါထိန်းညှိနေရလို့ အိပ်စက်ဖို့ ခက်ခဲပါလိမ့်မယ်။

ဒါ့အပြင် REM လို့ခေါ်တဲ့ အိပ်စက်ခြင်းကနဦးအဆင့်ကို စတင်နိုင်ဖို့ လဲလျောင်းအိပ်စက်ဖို့ လိုအပ်ပါတယ်။ အဆိုပါအဆင့်မှာ ကြွက်သားများလည်း မလှုပ်ရှားတော့ပါဘူး။ လူအများစုဟာ မွေ့ရာပေါ်မှာ၊ ခုတင်ပေါ်မှာ အိပ်စက်ကြပေမယ့် နောက်ပိုင်းမှာ ကြိုးပုခက်နဲ့ အိပ်စက်ခြင်းဟာ ခေတ်စားလာပါတယ်။

သက်သောင့်သက်သာဖြစ်စေမယ့် မွေ့ရာခုတင်မျိုးမရှိရင် ပုခက်ပေါ်အိပ်ခြင်းက အကောင်းဆုံးပဲလို့ ညွှန်းလာကြပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြသွားမှာကတော့ ကြိုးပုခက်နဲ့ အိပ်စက်ခြင်းကြောင့် ရရှိလာနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးများအကြောင်း ဖြစ်ပါတယ်။

အကျိုးကျေးဇူးများ

ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်ခြင်း

ကြိုးပုခက်ရဲ့လှုပ်ရှားမှုဟာ လူကို ပိုပြီး နှစ်ခြိုက်စွာ အိပ်ပျော်နိုင်အောင် ကူညီပေးပါတယ်။ သုတေသနတစ်ခုမှာ လူ ၁၂ ဦးကို နှစ်ဖွဲ့ခွဲပြီး ရိုးရိုးအိပ်ရာပေါ်မှာနဲ့ ကြိုးပုခက်ပေါ်မှာ အသီးသီးအိပ်စက်စေပါတယ်။ အဲ့ဒီနောက် သူတို့ရဲ့ ဦးနှောက်လှိုင်းများကို လေ့လာရာမှာ ကြိုးပုခက်ပေါ် အိပ်စက်သူများဟာ အိပ်စက်ခြင်းဒုတိယအဆင့်ကို ရောက်ဖို့ ပိုမိုမြန်ဆန်ကြောင်း တွေ့ရပါတယ်။ သဘောကတော့ နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ ပိုမြန်သွားတဲ့ သဘောပါပဲ။ ကလေးများကို ငယ်စဉ်မှာ ပုခက်နဲ့သိပ်တာ ဒီသဘောပါပဲ။

ဖိအားများကို လျော့နည်းသက်သာစေခြင်း

ရိုးရိုးမွေ့ရာပေါ်အိပ်စက်ရင် ပုခုံး၊ ကျော၊ တင်ပါး စတဲ့နေရာတွေမှာ ဖိအားပိုမိုသက်ရောက်နိုင်ပါတယ်။ အဆိုပါနေရာတွေမှာ နာကျင်ကိုက်ခဲရင် ပိုဆိုးစေနိုင်ပါတယ်။ ကြိုးပုခက်ပေါ် အိပ်မယ်ဆိုရင်တော့ အဆိုပါနေရာတွေအပေါ် ဖိအားသက်ရောက်မှုကို သက်သာစေပါတယ်။ ထိတွေ့တဲ့ မျက်နှာပြင်အနေအထားအရ တစ်ကိုယ်လုံးအပေါ်ကို ဖိအားက မျှတစွာ သက်ရောက်သွားစေပါတယ်။

ပိုးမွှားများရန်မှ ကာကွယ်ခြင်း

ဒါကတော့ တောတွင်းစခန်းချ ဒါမှမဟုတ် ပျော်ပွဲစားထွက်ချိန်မျိုးအတွက် ရည်ရွယ်ပါတယ်။ တောတွင်း ဒါမှမဟုတ် မြက်ခင်းပြင်ပေါ်တဲထိုးအိပ်တဲ့အခါ ပိုးမွှားများကြောင့် အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ကြိုးပုခက်ဆင်ပြီး အိပ်ရင် ပိုးမွှားများရဲ့ဒဏ်ကနေ အတော်လေးသက်သာသွားနိုင်ပါတယ်။ အခန်းထဲမှာဆိုရင်တောင် ကြိုးပုခက်နဲ့အိပ်တဲ့အခါ မြေပြင်ပေါ်က ပိုးမွှားများရဲ့ ဒဏ်ကို အတော်လေးသက်သာစေပါလိမ့်မယ်။

ဘာဆိုးကျိုးတွေရှိသလဲ

ကြိုးပုခက်ဟာ လူတိုင်းအတွက်တော့ အဆင်မပြေနိုင်ပါဘူး။ တစ်ခါတရံမှာ ကြုံရနိုင်တဲ့ ဆိုးကျိုးတွေကတော့

– လည်ပင်း၊ ဇက်နာခြင်း။ အိပ်စက်ချိန်မှာ ပုံမကျရင် လည်ပင်းကို နာကျင်ကိုက်ခဲခြင်း ဖြစ်စေနိုင်ပါတယ်။

– ခါးနာခြင်း။ ခါးကွေးနေတာကြောင့် ပုံစံမမှန်ဘဲ ခါးနာတတ်ပါတယ်။

– ပုံစံပြောင်းရန် ခက်ခြင်း။ နေရာအကန့်အသတ်ကြောင့် ဘယ်ညာလှည့်ဖို့ ခက်ပါတယ်။

– ပြုတ်ကျနိုင်ခြင်း

– ဝင်ရထွက်ရ ထရခက်ခြင်း

– တောင့်တင်းခြင်း စတာတွေ ဖြစ်ပါတယ်။

ကြိုးပုခက်ပေါ် အဆင်ပြေအောင် ဘယ်လိုအိပ်မလဲ

– လည်ပင်း/ဇက်မနာအောင် ခေါင်းအုံးခံအိပ်ပါ

– ကြိုးပုခက်ကို အကျယ်ပြန့်ဆုံးအနေအထားထားရှိပြီး အိပ်ပါ

– နူးညံ့တဲ့စောင်ကို သုံးပြီး ပုခက်အတွင်း ကိုယ်နေဟန်ထားကို သက်သောင့်သက်သာဖြစ်အောင် ညှိယူပါ

– ဒူးခေါင်းအောက်မှာလည်း ခေါင်းအုံးအသေးစား သို့မဟုတ် စောင်ခေါက်ခံထားပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဖေ့စ်ဘုတ်ပွတ်ရင်း စိတ်ပင်ပန်း နေကြပြီလား

ဖေ့စ်ဘုတ်ခေတ်ကြီးမှာ စိတ်ချမ်းသာနေဖို့က မလွယ်ကူလှပါဘူး။ စိတ်ပင်ပန်း စရာ စိတ်ဖိစီးစရာအကြောင်းအရာတွေ အလွန်မှကို များလှတယ်မဟုတ်လား။

ရေးသားသူ Ye Zon Aung

စိတ်အရမ်းဖိစီးနေလည်း အိပ်ပျော်ဖို့ လိုပါတယ်

စိတ်အရမ်းဖိစီးနေပေမဲ့ အိပ်ပျော်ဖို့ လိုပါတယ်။ဘာကြောင့် ဒီလို ပြောရတာလဲ။ စိတ်ဖိစီးချိန်မှာ အိပ်မပျော်ရင် ဘာတွေ ဖြစ်လာမလဲ။ စိတ်ဖိစီးနေချိန်မှာ အိပ်ပျော်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။

မှတ်ဉာဏ်ကောင်းစေဖို့ စားပေးသင့်တဲ့ အစားအစာလေးတွေ ရှိပါတ်။ ဒါတွေက ဘာတွေ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ရနံ့ကုထုံး (Aromatherapy) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ရနံ့ကုထုံး (Aromatherapy) ကို essential oil therapy လို့လည်း ခေါ်ကြပါတယ်။ ရှေးရိုးရာနည်းလမ်းတစ်ရပ်ပေါ့။ စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေဖို့ အသုံးပြုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
ညဘက်ရောက်တိုင်း ကြောက်စိတ် ဝင်တာ ဘာကြောင့်လဲ။

ညဘက်ရောက်တိုင်း ကြောက်စိတ် ဝင်တာ ဘာကြောင့်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 3 mins read
တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
ယာယီလေဖြတ်ခြင်း အကြောင်း သိထားသင့်သမျှ

ယာယီလေဖြတ်ခြင်း အကြောင်း သိထားသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read