၃။ မအိပ်တာ ၄၈နာရီ ကျော်တဲ့အခါ။
မအိပ်ဘဲနေတာ ၂ရက်ကျော်သွားပြီဆိုရင်တော့ extreme sleep deprivation လို့ခေါ်ပါတယ်။ ဆိုလိုတာကတော့ သာလွန်အဆင့်ဖြစ်သွားပြီပေါ့။ အဲဒီအဆင့်ကို ရောက်လာပြီဆိုရင်တော့ နိုးနိုးကြားကြားနေဖို့ ပိုခက်ခဲလာပြီး Microsleep လေးတွေ ပိုဖြစ်လာပါတယ်။ ဒါ့အပြင် hallucination လို့ခေါ်တဲ့ အမှန်တကယ်မရှိတဲ့အရာတွေကို စပြီး မြင်လာ၊ ကြားလာ၊ ခံစားလာရနိုင်ပါတယ်။ အားအင်ကုန်ခမ်းပြီး စိတ်ပူပန်လာမယ်၊ လူနဲ့ စိတ်မကပ်ဘဲ ဂယောင်ခြောက်ခြားတွေလည်း ဖြစ်လာနိုင်ပါတယ်။
၄။ မအိပ်တာ ၇၂နာရီ ကျော်လာတဲ့အခါ။
ဒီလို အချိန်မှာတော့ အရှေ့မှာ ဖော်ပြထားတဲ့ လက္ခဏာတွေက ပိုပိုဆိုးလာပြီး hallucination အပြင် ပိုရှုပ်ထွေးတဲ့ delusion (ထင်ယောင်ထင်မှား ယုံကြည်မှု) လို့ခေါ်တဲ့ မဖြစ်နိုင်တဲ့အရာ၊ မှားနေတဲ့အရာကို ဇွတ်ယုံကြည်နေတဲ့ လက္ခဏာ၊ Illusion လို့ခေါ်တဲ့ အမြင်မှားခြင်း လက္ခဏာတွေပါ ဖြစ်လာနိုင်ပါတယ်။
၅။ မအိပ်တာ ၉၆နာရီ ကြာတဲ့အခါ။
မအိပ်တာ ၄ရက်ရှိပြီဆိုရင်တော့ ခံစားရတဲ့ ပြသနာတွေ ပိုဆိုးလာတဲ့အပြင် sleep deprivation psychosis လို့ခေါ်တဲ့ အိပ်ရေးအပျက်လွန်ပြီး စိတ်မမှန်တော့တဲ့ အခြေအနေဖြစ်သွားနိုင်ပါတယ်။
များသောအားဖြင့်တော့ အိပ်ရေးပျက်တာကြောင့် ဖြစ်တဲ့ လက္ခဏာတွေဟာ အိပ်ရေး၀၀ပြန်အိပ်လိုက်မယ်ဆိုရင် သက်သာသွားနိုင်ပါတယ်။ ဒါပေမယ့် ဒီလို အိပ်ရေးပျက်တဲ့အတွက် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ ဆိုးကျိုးတွေ၊ အမှားလုပ်မိတာတွေ၊ မတော်တဆ ဖြစ်နိုင်ချေတွေ အရမ်းများတာကြောင့် လူတိုင်းလူတိုင်း ဘယ်လောက်ပဲ အလုပ်တွေရှုပ်ရှုပ် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အိပ်စက်ခြင်းကိုတော့ မဖြစ်မနေ အချိန်ပေးကြဖို့ သတိပေးချင်ပါတယ်။
ရေးသားသူ – Khine Phoo Ngon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။