အိပ်စက်ခြင်း

ကျွန်ုပ်တို့ အားလုံးဟာ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ လိုပါမယ်။ ဒါပေမယ့် ယနေ့ခေတ်ရဲ့ မနားမနေ ကြိုးပမ်းနေရတဲ့ ဘဝနေထိုင်မှုပုံစံကြောင့် ကျန်းမာစွာ နေထိုင်မှုပုံစံ နဲ့ ပြည့်ဝတဲ့ အိပ်စက်အနားယူမှုတွေက စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ ဒီကဏ္ဍမှာ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွ နဲ့ ညဘက်တွေမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်း

နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာ ဘာကြောင့်လဲ

နေ့ခင်းဘက်တွေ၊ ညနေစောင်းတွေ အိပ်ပြီး နိုးလာရင် ငြီးစီစီဖြစ်ပြီး နေလို့ မကောင်းတာမျိုး ကြုံဖူးပါသလား။ လူက ငေါင်တောင်တောင်နဲ့ လန်းလည်း မလန်း၊ ခေါင်းကိုက်သလိုလို၊ နေမကောင်းချင်သလို ဖြစ်နေတာမျိုးပေါ့။ ဒီလိုမျိုး နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာ ဘာကြောင့်လဲ။ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးပါ့မယ်။ နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တဲ့ ပြဿနာဆိုတာ ဒါကို Sleep inertia လို့ ခေါ်ပါတယ်။ နေ့ခင်းဘက်ဆိုပေမယ့် ညနေစောင်းနဲ့ မနက်အိပ်ရာထချိန်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ရောဂါရယ်လို့တော့ မဟုတ်ပေမယ့် အိပ်ရာက နိုးလာတဲ့အခါ လူက လေးလေးကြီးနဲ့ နေလို့ မကောင်းတာမျိုးပါ။ Sleep inertiaက အိပ်ရာကနိုးပြီး နာရီဝက်၊ တစ်နာရီလောက်ထိ ဖြစ်တတ်ပေမယ့် တချို့သူတွေမှာ ၂နာရီလောက်ထိ ကြာတာကို တွေ့ရပါတယ်။ အကြာကြီး အိပ်ထားတာ၊ နေ့ခင်းမှာ မိနစ်၃၀ထက် […]

အိပ်စက်ခြင်း ကို ရှာဖွေမည်။

ညအိပ်မပျော်ခြင်း

ညဘက်မှာ အိပ်မပျော်တဲ့ ပြဿနာကို အဖြေရှာကြမယ်

ညဘက်မှာ အိပ်မပျော်တဲ့ ပြဿနာကို အဖြေရှာကြမယ် ..... လူတစ်ယောက်ရဲ့ တစ်နေ့တာ အလုပ်တွေကို တက်တက်ကြွကြွနဲ့ လုပ်ဆောင်နိုင်စေဖို့ စားသောက်နေထိုင်မှုပုံစံ မှန်ကန်ဖို့ လိုအပ်သလို အိပ်ချိန်ပြည့်ဝမှုဟာလည်း အလွန်အရေးကြီးပါတယ်။ လူတစ်ယောက်မှာ တစ်နေ့ကို အိပ်ချိန် အနည်းဆုံး ၇နာရီကနေ ၈နာရီအထိ ရှိသင့်ပါတယ်။ အိပ်ချိန်ပြည့်ဝမှသာ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်မယ်။ နေ့စဉ် ကုန်ဆုံးသွားတဲ့ အားအင်တွေကို ဖြည့်တင်းပေးနိုင်ပြီး စိတ်ရွှင်လန်းတက်ကြွစေတယ်။ အာရုံစူးစိုက်နိုင်စွမ်း မြင့်တက်လာပြီး ပိုပြီး တီထွင်ကြံဆနိုင်လာမယ်။ ကြုံတွေ့ရမယ့် အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်ကျော်လွှားသွားနိုင်ပြီး အောင်မြင်တဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီလောက်ဆိုရင် ညဘက်မှာ လူတစ်ယောက် ကောင်းကောင်းအိပ်ပျော်ဖို့အတွက် အလွန်အရေးကြီးတယ်ဆိုတာ သိလောက်မယ်ထင်ပါတယ်။ ညဘက်မှာ အိပ်မပျော်တဲ့ ပြဿနာကို အဖြေရှာကြမယ် ညဘက်မှာ အိပ်မပျော်တဲ့ ပြဿနာကို အဖြေရှာကြမယ် ဆိုရာမှာ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

နေ့လယ် တရေးမှေးတတ်တဲ့ အကျင့်ဟာ ကျန်းမာရေးအတွက် ကောင်းလား၊ ဆိုးလား။

နေ့ခင်းဆို တမှေး အိပ်လိုက်ရမှ၊ နေ့လည်စာလေးစားပြီး ထမင်းလုံးစီလိုက်ရမှ ဆိုတဲ့သူတွေ ရှိပါသလား။ တချို့ နေ့လယ်ခင်း တရေးအိပ်တာ ကို ကျန်းမာရေးအတွက် မကောင်းဘူးလို့ ပြောတဲ့သူရှိသလို တချို့ကျတော့လည်း ကျန်းမာရေးအတွက် အထောက်အကူပြုတယ်လို့ ပြောကြတဲ့သူတွေလည်းရှိပါတယ်။ ဒီလို နှစ်ခြမ်းကွဲနေတဲ့ အုပ်စုကြီး ဘယ်သူက မှန်လဲ ဘယ်သူမှားလဲ။ နေ့လယ်ခင်း တရေးအိပ်ခြင်း။  အရာရာတိုင်းက အကောင်းနဲ့ အဆိုးအမြဲဒွန်တွဲနေတာပါ။ အသွားမတော် တစ်လှမ်း အစားမတော်တစ်လုတ်ဆိုသလိုပဲ မှန်ကန်တဲ့ ဘောင်ထဲက လုပ်မှသာ ကောင်းကျိုးတွေ ပြည့်ပြည့်ဝဝ ခံစားရမှာပါ။ ဒီလိုပဲ နေ့လယ်ခင်း တရေးအိပ်တာ မှာ ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။ နေ့လယ် တရေးမှေးတတ်တဲ့ အကျင့်ဟာ ကျန်းမာရေးအတွက် ကောင်းလား၊ ဆိုးလား။ နေ့လယ်ခင်း တရေးအိပ်တာ ဟာ ညဘက်အိပ်မပျော်တဲ့သူတွေအတွက်တော့ တကယ်ကို အားပြည့်စေမယ့် […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်စက်မှုပုံစံနဲ့ ကျန်းမာရေး

လူတိုင်းမှာ သူတို့နှစ်သက်တဲ့ အိပ်စက်မှုပုံစံတွေရှိကြပါတယ်။ ကိုယ်အိပ်နေကျအိပ်စက်မှုပုံစံမဟုတ်ရင် အိပ်မပျော်တဲ့သူတွေတောင်ရှိတတ်ကြပါသေးတယ်။ တစ်နေ့တာလုံးပင်ပန်းလာသမျှကိုပြေလျော့စေဖို့ အိပ်စက်တဲ့အခါပြည့်ပြည့်ဝဝလေးဖြစ်ဖို့က မဖြစ်မနေလိုအပ်ပါတယ်။ အိပ်ရာကနိုးလာတော့ ခြေလက်တွေနာနေတယ်၊ တစ်ကိုယ်လုံးတောင့်တင်းနေတာပဲ၊ ဇက်ကြောကြီးကတင်းနေတယ်လို့ ကြုံဖူးမှာပေါ့။ ဒါက အိပ်စက်မှုပုံစံကြောင့်ဖြစ်ရတာပါ။ အိပ်စက်မှုပုံစံကလည်း ကျန်းမာရေးအပေါ်သက်ရောက်မှုလေးတွေရှိနေပါတယ်နော်။ ဒီတစ်ခေါက်တော့ အိပ်စက်မှုပုံစံက ကျန်းမာရေးအပေါ်ဘယ်လိုများသက်ရောက်နေသလဲဆိုတာကိုပြောပြပေးမယ်နော်။ တစ်နေ့တာလုံးမှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ရရှိစေဖို့အတွက် တစ်ညတာမှာ အိပ်စက်ချိန် ၇ နာရီ ကနေ ၈ နာရီရှိဖို့လိုပါမယ်နော်။ ဒီလိုအပ်စက်တဲ့အချိန်မှာလည်း အိပ်စက်မှုပုံစံမှန်မှန်လေးအိပ်စက်ပါမှ ခန္ဓာကိုယ်ကပြန်အားပြည့်လာမှာပါ။ အိပ်စက်မှုပုံစံမမှန်တဲ့အခါကျောနဲ့လည်ပင်းကနာကျင်တာ၊ ဗိုက်ထဲက မအီမသာဖြစ်တာ နဲ့ အရွယ်မတိုင်ခင် မျက်နှာမှာအရေးအကြောင်းပေါ်တာမျိုးတွေဖြစ်နိုင်ပါတယ်။ အိပ်စက်မှုပုံစံ ကကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေတာလဲ ပက်လက်အိပ်စက်မှုပုံစံ သင်ဟာ ပက်လက်အိပ်တယ်၊ လက်နှစ်ဘက်ကိုဘေးတစ်ဖက်စီမှာ ဆန့်ဆန့်လေးထားပြီး အိပ်တတ်တာဆိုရင်တော့ကောင်းမွန်တဲ့ အိပ်စက်မှုပုံစံလို့ဆိုရပါမယ်။ ဒီအိပ်စက်မှုပုံစံကကျောရိုးနဲ့လည်ပင်းအရိုးတွေကို ကျန်းမာစေနိုင်ပါတယ်။ အခြားသူတွေထက်တော့ ပိုဟောက်နိုင်ပါတယ်နော်။ Starfish အိပ်စက်မှုပုံစံ ဒီအိပ်စက်မှုပုံစံကတော့ ပက်လက်အနေအထားအိပ်တာဆိုပေမယ့် လက်နှစ်ဖက်ကို အပေါ်မြှောက်ထားတတ်ပါတယ်။ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်မပျော်သူတွေအတွက် အသုံးတည့်မယ့် ယောဂပို့စ်များ

သင်က စူပါဟီးရိုးမဟုတ်ပါဘူး။ ဒါကြောင့် အိပ်စက်ချိန်လိုအပ်မှာပါ။ အလုပ်အရမ်းများလို့ ရံဖန်ရံခါအိပ်ချိန်နောက်ကျတာက ကိစ္စမရှိပေမယ့်နေ့တိုင်းနောက်ကျနေတာကတော့မကောင်းပါဘူး။ ခန္ဓါကိုယ်မှာရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ရရှိတဲ့ အိပ်စက်ချိန်လေးမှာပြည့်ပြည့်ဝဝအိပ်စက်ပြီး အိပ်ရေးမဝတာ။ အိပ်မပျော်သူတွေအတွက် အသုံးတည့်မယ့် ယောဂပို့စ်များ အကြောင်း ပြောပြပေးပါရစေနော်။ အိပ်မပျော်သူတွေအတွက် အသုံးတည့်မယ့် ယောဂပို့စ်များ အိပ်မပျော်သူတွေအတွက်အသုံးတည့်မယ့် ယောဂပို့စ်များ ကတော့ နံရံကပ်ပြီးခြေထောက်နှစ်ဖက်စလုံးမြှောက်မယ် အရင်ဆုံးနံရံကို မျက်နှာမူပြီးထိုင်လိုက်ပါ နံရံနဲ့ ၆ လက်မခွာထားပါမယ် ပြီးရင်လှဲချလိုက်ပါ ခြေထောက်ကို နံရံမှီရင်း အပေါ်ကိုဆန့်ထုတ်ပေးပါ လက်တွေကိုဘေးဘက်မှာ လက်ဖဝါးဖြန့်ရက်အနေအထားနဲ့ သက်တောင့်သက်သာလေးချထားပါ အသက်ကိုဖြည်းဖြည်းချင်းရှုပေးပါ အကြောတွေပြေလျော့လာပါလိမ့်မယ် ဒီလေ့ကျင့်ခန်းကို ၂ မိနစ်ကြာလုပ်ပေးပါ။ ခါးလှည့်အကြောလျှော့မယ် ခြေထောက်ကို တင်ပျဉ်ခွေထိုင်လိုက်ပါ။ ညာလက်ကို ဘယ်ဘက်ဒူးခေါင်းပေါ်မှာထားပြီး ဘယ်ဘက်လက်ကို ခါးနောက်ဘက်မှာထားပေးပါ အသက်ရှုထုတ်ရင်း ခါးကိုဖြည်းဖြည်းချင်းအကြောလျှော့ပြီးလျည်ေ့ပးပါ။ခေါင်းကိုပါလိုက်လှည့်ပေးပါ လက်တင်ထားတဲ့ ဒူးရှိရာဘက်ကို မျက်နှာမူပြီး ပခုံးကိုကျော်ကြည့်ပါ။ အသက်ကိုခပ်ပြင်းပြင်းရှုသွင်းရှုထုတ်လုပ်ပေးပါ ပြီးရင်ခန္ဓါကိုယ်ကို တည့်တည့်ပြန်နေပါ နောက်တစ်ဖက်ကိုလည်း […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညအိပ်ခါနီး ဒါတွေမစားပါနဲ့

အိပ်ချင်လိုက်တာ၊ မျက်လုံးတွေ စပ်တယ်။ ညက အိပ်ရေးမဝဘူး၊ ကောင်းကောင်း အိပ်မပျော်ဘူး။ တစ်နေကုန် ဘယ်လို ကျော်ဖြတ်ရမလဲ မသိဘူး။ အလုပ်ထဲမှာ အိပ်ငိုက်တော့မှာပဲ ဆိုပြီး စိတ်ညစ်နေပြီလား။ ဒီလို ဖြစ်တဲ့အခါ အကြောင်းအရင်းကို စဉ်းစားမိရဲ့လား။ ညမအိပ်ခင်စားမိတဲ့ အစားအစာတွေကြောင့် ညအိပ်ချိန်မှာ ကောင်းကောင်း အိပ်မပျော်တာမျိုး ဖြစ်နိုင်တယ်ဆိုတာကို သိပါရဲ့လား။ ဒီတော့ ညဘက်မှာ ကောင်းကောင်း အိပ်မပျော်လို့ နောက်တစ်နေ့မှာ အလုပ် ထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် ညအိပ်ရာ မဝင်ခင် ဒါလေးတွေ ရှောင်ပေးပါနော်။ ညအိပ်ခါနီး ဒါတွေမစားပါနဲ့ ဒီတော့ ပြည့်ဝစွာ အိပ်စက် အနားယူနိုင်စေဖို့ ဘာတွေ မစားရဘူးလဲ ပြောပြမယ်နော်။ ညအိပ်ခါနီး ဒါတွေမစားပါနဲ့ အိပ်စက်မှုက လူတစ်ယောက်ရဲ့ ကိုယ်ရောစိတ်ပါ ကျန်းမာဖို့အတွက် တော်တော်လေး အရေးပါတဲ့ အရာပါ။ ဒီတော့ အဖိုးအခ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်တိုင်း ကျန်မားရေးအတွက် အကျိုးရှိသလား ။ ။

အိပ်တယ်ဆိုတာ လူတိုင်း မွေးကတည်းက နေ့တိုင်းလုပ်နေရတဲ့ မလုပ်မဖြစ် အလုပ်တွေထဲက တစ်ခုပါ။ ပြောကြတာတွေရှိပါတယ်။ အိပ်မှအားရှိတာ။ အိပ်ရေးပျက်ရင် မကောင်းဘူးစတာတွေပေါ့။ သူတို့တွေ ပြောကြသလိုမျိုး အိပ်တိုင်း ကောင်းတာလား။ ။ ဘယ်အရာမှ အလွန်အကျွံဆိုရင် မကောင်းပါဘူး။ ဒါကြောင့် တန်ဆေးလွန်ဘေးဆိုတဲ့ စကားလေး ပေါ်ထွက်လာရတာဖြစ်ပါတယ်။ ဒါဆို ဘယ်လိုမျိုး အိပ်စက်တာက အတော်အသင့်လဲ ။     အသက်အရွယ် မွေးကင်းစ ကလေးငယ် နို့စို့အရွယ်ကလေးငယ် လမ်းလျှောက်တတ်စအရွယ် ကလေးငယ် မူကြိုအရွယ် ကလေးငယ် ကျောင်းနေအရွယ် ကလေးငယ် ဆယ်ကျော်သက် အရွယ်ရောက်ပြီးတဲ့သူ သက်ကြီးရွယ်အို     တစ်နေ့တာ ရှိသင့်တဲ့အိပ်စက်ချိန် ၁၄ နာရီ ကနေ ၁၇ နာရီ ၁၂ နာရီ ကနေ ၁၅ နာရီ ၁၁ နာရီ ကနေ ၁၄ နာရီ ၁၀ နာရီ ကနေ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး ၆ ချက်

ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး တွေ ရှိပါတယ်။ လူအတော်များများသည် ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းမျိုးကို ကြားဖူးကြပါလိမ့်မည်။ ယင်းအပြုအမူသည် အာရှသားများအဖို့ ကြောင်တောင်တောင်နိုင်သော်လည်း အနောက်တိုင်းသားများအဖို့ မဆန်းတော့ပါ။ အောက်ပါတို့သည် ကိုယ်လုံးတီးအိပ်စက်ခြင်းမှ ရရှိနိုင်မည့် သင်မကြားဖူးသေးသော အကျိုးရလဒ်များ ဖြစ်ပါသည်။ ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး ၆ ချက် ကိုယ်လုံးတီးချွတ်ပြီး အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး တွေကို ကြည့်လိုက်ရအောင်လား။ နှစ်ဦးသားချစ်ခြင်းကို တိုးလာစေခြင်း အဝတ်အစားမပါဘဲ အိပ်စက်သူများသည် နှစ်ဦးသားချစ်ခြင်းကို တိုးလာစေကြောင်း ဗြိတိန်ရှိ အိပ်ရာခင်း ကုမ္မဏီတစ်ခုက အရွယ်ရောက်ပြီးသူ ၁၀၀၀ ကို သုတေသနပြုလုပ်ထားပါသည်။ အံ့အားသင့်စရာကောင်းလောက်အောင်ပင် ကိုယ်လုံးတီးအိပ်စက်သူများ၏ ၅၇ %သည် နှစ်ဦးသားချစ်ခြင်းတွင် စိတ်ပျော်ရွှင်မှုများ ရရှိကြပြီး ၄၈%သည် ကိုယ်လုံးတီးအိပ်စက်ခြင်းနှင့် သင့်တင့်ကြောင်း တွေ့ရပါသည်။ အိပ်ရေးဝခြင်း အိပ်ချင်စိတ်ဖြစ်လာရန်အတွက် သင့်ခန္ဓာကိုယ် အတွင်းပိုင်းအပူချိန်သည် ဒီဂရီတစ်ဝက်ခန့် […]


ညအိပ်မပျော်ခြင်း

အိပ်ရာဝင်နောက်ကျခြင်း၊ ကျန်းမာရေး နည်းလမ်း

နောက်ဆုံးစာမေးပွဲများ၊ ကျောင်း ပရောဂျက်များ၊ ကောလိပ် စာတမ်းများ၊ နောက်ဆုံး သတ်မှတ်ရက်များနဲ့ ရုံးမှာ အပြန် နောက်ကျတဲ့အထိ အလုပ်လုပ်ခြင်း၊ ဒါတွေအကုန်လုံးက လူတစ်ယောက်ကို ညထွက်တဲ့ ဇီးကွက်တစ်ကောင်လို ဖြစ်သွားစေပါတယ်။ အိပ်ချိန်နည်းတာက ကျန်းမာရေးအတွက် မကောင်းပါဘူး။ လူ့ခန္ဓါကိုယ်ဆိုတာ နေ့အချိန်မှာ နိုးနေပြီး ညအချိန်ဆို အိပ်စက်ဖို့ အစီအစဉ်ချထားတာပါ။ အိပ်ရာဝင်နောက်ကျတဲ့သူတွေမှာ ဆီးချိုရောဂါ၊ သွေးတွင်း သကြားဓါတ်များခြင်း၊ အဝလွန်ရောဂါ စတာတွေ ပိုဖြစ်လာစေတဲ့အပြင် တခြား ကျန်းမာရေး ပြဿနာတွေဆီကို ချိတ်ဆက်စေပါတယ်။ ဒါ့ကြောင့် အိပ်ရာဝင် နောက်မကျပါစေနဲ့။ ဒါပေမယ့် တခါတလေ ရှောင်လွဲလို့ မရပါဘူး။ တကယ်လို့ အိပ်ရာဝင် နောက်ကျဖို့ လိုပြီဆိုရင် သင်ရိုးရိုးရှင်းရှင်း လုပ်နိုင်တဲ့ ကျန်းမာရေးနည်းလမ်းတွေကို ဒီမှာ ဖော်ပြပေးပါမယ်။ ၁။ အိပ်စက်ခြင်းကို စုထားပါ နေ့ဖက်မှာ ၁၅မိနစ်၊ မိနစ် […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

ထမင်းလုံးတစ္ဆေခြောက်ခြင်း

အိပ်ယာ ဝင်တဲ့အချိန် အိပ်ပျော်ခါနီး ဖြစ်နေတဲ့ အချိန် အိပ်မက် လိုလိုနဲ့ ချောက်ထဲလိုမျိုး တစ်ခုခုထဲ ကျသွားသလို ဖြစ်ပြီး ရင်ထဲမှာ အေးခနဲဖြစ်သွား၊ ပြီးရင် ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေ ရုတ်တရက် ဆတ်ခနဲ ဖြစ်သွားပြီး လန့်နိုးသွားတာမျိုး လူတိုင်းနီးပါး ဖြစ်ဖူးတတ်ပါတယ်။ ဒါဟာ Hypnogogic jerk အရပ် အခေါ်အဝေါ် အရတော့ ထမင်းလုံးတစ္ဆေခြောက်ခြင်း ပဲ ဖြစ်ပါသည်။ ထမင်းလုံးတစ္ဆေခြောက်ခြင်း ထမင်းလုံးတစ္ဆေခြောက်ခြင်း ဆိုတာက အိပ်ပျော်ခါနီး အချိန်မှာ ပြုတ်ကျသလို ခံစားရပါတယ်။ အဲဒီနောက် တကိုယ်လုံး ဆတ်ခနဲ ဖြစ်သွားပြီး လန့်နိုးသွားပါတယ်။ အဲလိုမျိုးအဖြစ်အပျက်ကို Hypnogogic jerk လို့ ခေါ်ပါတယ်။ ဖြစ်နိုင်ခြေ ရှိတာတော့ စိတ်ဖိစီးမှုတွေ၊ ကဖင်းနဲ့ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ မအိပ်ခင် လုပ်ထားရတာတွေနဲ့ သက်ဆိုင်ပါတယ်။ […]


အိပ်-ဟောက်-အသက်ရှူပိတ်ရောဂါ

ဘီလူးစီးခြင်း

ဘီလူးစီးတယ်ဆိုတာကိုယ်တိုင်မကြုံဖူးရင်တောင် လူတိုင်းကြားတော့ကြားဖူးလိမ့်မယ်ထင်ပါတယ်။ လူကနိုးနေရက်နဲ့ ခြေတွေလက်တွေလှုပ်မရ၊ အော်မရပါစ်မရနဲ့ အတော်ကြီးကိုစိတ်ဒုက္ခရောက်ရတဲ့အချိန်ပါ။ အင်္ဂလိပ်လို Sleep Paralysis လို့ခေါ်ပြီးမြန်မာလိုဘီလူးစီးတယ်လို့ခေါ်တဲ့အခြေအနေတစ်ရပ်ကို တစ်ခါလောက်ကြုံဖူးသွားတာနဲ့ နောက်ထပ်ကြုံဖို့လန့်သွားလောက်တဲ့ အတွေ့အကြုံတစ်ရပ်ပါ။ Sleep Paralysis ကိုနှစ်မျိုးခွဲခြားနိုင်ပါတယ်။ Isolated Sleep Paralysis (ISP) နဲ့ Recurrent Isolated Sleep Paralysis (RISP) ဆိုပြီးတော့ပါ။ အလွယ်ပြောရရင် ISP ဆိုတာကလူတိုင်းဖြစ်နိုင်ပေမယ့် RISP ဆိုတာကတော့ အိပ်စက်ခြင်းနဲ့သက်ဆိုင်တဲ့မူမမှန်တဲ့ရောဂါတစ်မျိုးမျိုးရှိနေသူတွေမှာသာ ပိုဖြစ်တတ်ပါတယ်။ ISP ကလူတစ်ယောက်တစ်သက်မှာ တစ်ခါလောက်ပဲကြုံတတ်ပါတယ်။ RISP ကတော့ခဏခဏပြန်ဖြစ်နေတာပါ။ မြန်မာလိုပြောရရင်တော့ ဘီလူးစီးတယ်ဆိုတာက သာမန်လူမှာဆိုရင် တစ်သက်မှာတစ်ခါလောက်ပဲကြုံတွေ့နိုင်ပေမယ့် အိပ်စက်ခြင်းနဲ့သက်ဆိုင်တဲ့ရောဂါရှိသူတွေမှာဆိုရင် ခဏခဏဖြစ်နိုင်ပါတယ်။ တစ်ညတည်းကိုပဲ နှစ်ခါ သုံးခါပြန်ဖြစ်နိုင်ချေရှိပါတယ်။ ဘီလူးစီးတာဘာဖြစ်လို့ဖြစ်ရတာလဲဆိုတာကို ဖြေရှင်းဖို့ကတော့ အတော်လက်ဝင်ပါတယ်။ ဒါပေမယ့်လည်း ဘာကြောင့်လည်းဆိုတဲ့ အဖြေအတိအကျတော့မရှိဘဲ သီအိုရီသဘောတရားအရပဲရှိပါသေးတယ်။ လူတစ်ယောက်ရဲ့အိပ်စက်ခြင်းကို REM […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်