backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ထမင်းလုံးတစ္ဆေခြောက်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ထမင်းလုံးတစ္ဆေခြောက်ခြင်း

အိပ်ယာ ဝင်တဲ့အချိန် အိပ်ပျော်ခါနီး ဖြစ်နေတဲ့ အချိန် အိပ်မက် လိုလိုနဲ့ ချောက်ထဲလိုမျိုး တစ်ခုခုထဲ ကျသွားသလို ဖြစ်ပြီး ရင်ထဲမှာ အေးခနဲဖြစ်သွား၊ ပြီးရင် ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေ ရုတ်တရက် ဆတ်ခနဲ ဖြစ်သွားပြီး လန့်နိုးသွားတာမျိုး လူတိုင်းနီးပါး ဖြစ်ဖူးတတ်ပါတယ်။ ဒါဟာ Hypnogogic jerk အရပ် အခေါ်အဝေါ် အရတော့ ထမင်းလုံးတစ္ဆေခြောက်ခြင်း ပဲ ဖြစ်ပါသည်။

ထမင်းလုံးတစ္ဆေခြောက်ခြင်း

ထမင်းလုံးတစ္ဆေခြောက်ခြင်း ဆိုတာက အိပ်ပျော်ခါနီး အချိန်မှာ ပြုတ်ကျသလို ခံစားရပါတယ်။ အဲဒီနောက် တကိုယ်လုံး ဆတ်ခနဲ ဖြစ်သွားပြီး လန့်နိုးသွားပါတယ်။ အဲလိုမျိုးအဖြစ်အပျက်ကို Hypnogogic jerk လို့ ခေါ်ပါတယ်။ ဖြစ်နိုင်ခြေ ရှိတာတော့ စိတ်ဖိစီးမှုတွေ၊ ကဖင်းနဲ့ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ မအိပ်ခင် လုပ်ထားရတာတွေနဲ့ သက်ဆိုင်ပါတယ်။ သူလည်း လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက် ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

အိပ်ပျော်ခါနီး အချိန်မှာ တကိုယ်လုံးမှာ ရှိတဲ့ လူရဲ့ ကြွက်သားတွေပါ ဖြေလျော့ပြီး အနားယူသွား ပါတယ်။ အဲဒါကို ဦးနှောက်က နားလည်မှုလွဲသွားပါတယ်။ ဦးနှောက်က အဲလို ကြွက်သားတွေ ဖြေလျော့ပြီး အနားယူ သွားတယ်လို့ မထင်ဘဲ တင်းတင်းရင်းရင်း ရှိမနေတော့တဲ့အတွက် ခန္ဓာကိုယ်ကြီး ပြုတ်ကျသွားတယ်လို့ ဘာသာပြန်လိုက် ပါတယ်။ အဲလို ဘာသာပြန်ရုံ တင်မကဘဲ ခန္ဓာကိုယ်ကိုလည်း ပြုတ်ကျတာကို တုန့်ပြန်မှုတွေ လုပ်ဖို့ စေခိုင်းလိုက်ပါတယ်။ အဲဒီအတွက် ခန္ဓာကိုယ်က ကြွက်သားတွေကလည်း balance ကို ထိန်းဖို့အတွက်ဦးနှောက် ပြောတဲ့အတိုင်း လိုက်လုပ်လိုက် ပါတယ်။

အဲဒီအတွက်ကြောင့် ကျနော်တို့ ပြုတ်ကျသလို ရင်ထဲမှာ အေးသွားပြီး ကြွက်သားတွေ အလုပ် ပြန်လုပ်သွားတဲ့အတွက် ဆတ်ခနဲ တုန်ပြီး လန့်နိုးသွားတတ်တာ ဖြစ်ပါတယ်။ သာမန် ဖြစ်တတ်ပေမယ့် မူးယစ်ဆေးတွေ ဖြစ်တဲ့ မော်ဖင်း၊ ပါရိုအင်း၊ မက်သဒုန်း စတဲ့ ဆေးဝါးတွေအသုံးပြုသူတွေမှာ ပိုဖြစ်တတ် ပါတယ်။ ဒီလိုမျိုး Hypnogogoic jerk ပါ အိပ်ပျော်ဖို့ ခက်တဲ့သူတွေ၊ အိပ်ယာ သက်တောင့်သက်သာ မရှိတဲ့သူတွေမှာ ပိုဖြစ်တတ် ပါတယ်။ အထူးသဖြင့် မအိပ်မနေ အလုပ်လုပ်နေရတဲ့ သူတွေ(စာမေးပွဲနီးလို့ စာကျက်နေရတာမျိုး၊ အလုပ် ပြီးအောင်လုပ်နေရတာမျိုး) မှာဆိုရင် ပြန်အိပ်တဲ့ အခါ အိပ်ပျော်ခါနီး အချိန်မှာ ဖြစ်တတ်ပါတယ်။

အဲလို ဦးနှောက်ကို အနားမပေးဘဲ အချိန် ကြာကြာ ခိုင်းထားတဲ့အခါ ဦးနှောက်က ပိုပြီး အမှားအယွင်းတွေ ဘာသာပြန်လို့ပါ။ ငယ်တဲ့ အချိန်မှာ ပိုဖြစ်တတ်ပြီး အသက်ကြီး လာတာ နဲ့အမျှ နည်းသွား တတ်ပါတယ်။ သူ့ရဲ့ အကြီးဆုံး ဆိုးကျိုးကတော့ အိပ်ရေးပျက်တာ ဖြစ်ပါတယ်။ ကျနော်လည်း တခါတလေ အရမ်း အိပ်ချင်လို့ အိပ်ပျော်ခါနီးမှာ အဲလိုမျိုး Hypnogogoic jerk ဖြစ်သွားရင် လန့်နိုးသွားပြီး ပြန်အိပ်ရခက်သွားတတ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တချို့ သူတွေမှာတော့ ခဏခဏ ဖြစ်တဲ့အခါ နောက်ပိုင်း အိပ်ရမှာကို ကြောက်လာပြီး စိတ်ရောဂါ လိုမျိုး ဖြစ်သွားတတ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement