အိပ်စက်ခြင်း

ကျွန်ုပ်တို့ အားလုံးဟာ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ လိုပါမယ်။ ဒါပေမယ့် ယနေ့ခေတ်ရဲ့ မနားမနေ ကြိုးပမ်းနေရတဲ့ ဘဝနေထိုင်မှုပုံစံကြောင့် ကျန်းမာစွာ နေထိုင်မှုပုံစံ နဲ့ ပြည့်ဝတဲ့ အိပ်စက်အနားယူမှုတွေက စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ ဒီကဏ္ဍမှာ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွ နဲ့ ညဘက်တွေမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်း

နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာ ဘာကြောင့်လဲ

နေ့ခင်းဘက်တွေ၊ ညနေစောင်းတွေ အိပ်ပြီး နိုးလာရင် ငြီးစီစီဖြစ်ပြီး နေလို့ မကောင်းတာမျိုး ကြုံဖူးပါသလား။ လူက ငေါင်တောင်တောင်နဲ့ လန်းလည်း မလန်း၊ ခေါင်းကိုက်သလိုလို၊ နေမကောင်းချင်သလို ဖြစ်နေတာမျိုးပေါ့။ ဒီလိုမျိုး နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာ ဘာကြောင့်လဲ။ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးပါ့မယ်။ နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တဲ့ ပြဿနာဆိုတာ ဒါကို Sleep inertia လို့ ခေါ်ပါတယ်။ နေ့ခင်းဘက်ဆိုပေမယ့် ညနေစောင်းနဲ့ မနက်အိပ်ရာထချိန်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ရောဂါရယ်လို့တော့ မဟုတ်ပေမယ့် အိပ်ရာက နိုးလာတဲ့အခါ လူက လေးလေးကြီးနဲ့ နေလို့ မကောင်းတာမျိုးပါ။ Sleep inertiaက အိပ်ရာကနိုးပြီး နာရီဝက်၊ တစ်နာရီလောက်ထိ ဖြစ်တတ်ပေမယ့် တချို့သူတွေမှာ ၂နာရီလောက်ထိ ကြာတာကို တွေ့ရပါတယ်။ အကြာကြီး အိပ်ထားတာ၊ နေ့ခင်းမှာ မိနစ်၃၀ထက် […]

အိပ်စက်ခြင်း ကို ရှာဖွေမည်။

ညအိပ်မပျော်ခြင်း

အိပ်ချိန်မှန်ရဲ့သားနဲ့ ဘာလို့ အိပ်ရေးမဝသလို ခံစားနေရတာလဲ

အိပ်ချိန်ပြည့်ဝမှုဆိုတာ လူတွေရဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ အသက်အရွယ်မရွေး တစ်နေ့အိပ်ချိန် အနည်းဆုံး ၇နာရီ ရှိဖို့ လိုအပ်ပါတယ်။ အိပ်ချိန်ပြည့်ဝမှ ကျန်းမာမယ်။ တစ်နေ့တာလုံး လန်းဆန်းတက်ကြွပြီး ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်နေမယ်။ အားအင်ပြည့်ဝနေမှာပါ။ ဒါဆို တချို့လူတွေက အိပ်ချိန်မှန်ရဲ့သားနဲ့ ဘာလို့ မနက်နိုးလာတဲ့အချိန်မှာ ပင်ပန်းပြီး အိပ်ရေးမဝသလို၊ ခေါင်းမူးနေသလို၊ မောပြီး အားမရှိသလို လန်းလန်းဆန်းဆန်း မဖြစ်တာ ဘာကြောင့်လဲ တွေးမိပါလား။ ဒီလို အိပ်ချိန်မှန်ရဲ့သားနဲ့ အိပ်ရေးမ၀ ဖြစ်နေတဲ့သူတွေအတွက် ဗဟုသုတ ဝေမျှပေးချင်ပါတယ်။ အိပ်ရေးမဝသလို ခံစားနေရတဲ့ အကြောင်းရင်းတွေ တစ်နေ့ကို အိပ်ချိန် ၇-၈နာရီ ပြည့်အောင်လည်း အိပ်ထားတယ်။ မနက်အိပ်ရာနိုးလို့ မလန်းဆန်းဘူး၊ ခေါင်းမူးနေတယ်၊ အိပ်ရေးမဝသလို ဖြစ်နေတာဟာ ဒီအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ ၁။ အိပ်ချိန်နဲ့ ၆နာရီအတွင်းမှာ ကဖင်းဓါတ်ပါဝင်တဲ့ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အလုပ်ခွင်မှာ ငိုက်မနေစေဖို့ ဒီအချက်လေးတွေ လုပ်ကြည့်ပေးပါ



ညအိပ်မပျော်ခြင်း

အတွေးများပြီး ညည အိပ်မပျော်ဖြစ်နေပါသလား ။ ။

အိပ်ခါနီး တောင်တွေးမြောက်တွေးနဲ့ တော်တော်နဲ့ အိပ်မရတဲ့သူတွေ ရှိပါသလား။ အိပ်ရာထဲရောက်ပြီဆိုတာနဲ့ နဖူးပေါ်လက်တင်ပြီး စဉ်းစားခန်းဖွင့်တဲ့ သူအများစုဟာ ညဘက်အိပ်မပျော်တဲ့ ဝေဒနာကို အခြားသူတွေထက်ပိုခံစားရလေ့ရှိပါတယ်။ ဒီလိုနဲ့ အိပ်မပျော်တဲ့ ဝေဒနာကို ခံစားရပြီးအိပ်ရာထဲ လူးလွန်နေရတဲ့သူတွေ အတွက် ကောင်းကောင်းအိပ်ပျော်စေမယ့် နည်းလမ်းကောင်းလေးတွေ ဝေမျှ ပေးချင်ပါတယ် ။ ။ ဒီလို အတွေးလွန်ပြီး အိပ်ချင်စိတ်တွေ ပျောက်ကုန်တဲ့အခါ အိပ်ရာထဲက ထွက်လိုက်ပါ။ ။ အိပ်ရာထဲမှာ လူးလွန့်ပြီး အတင်းအိပ်ပျော်အောင် ကြိုးစားနေမယ့်အစား အိပ်ရာထဲက ထွက်ပြီး သက်တောင့်သက်သာရှိတဲ့ ခုံတစ်ခုမှာ သီချင်း အေးအေးလေးတွေ နားထောင်လိုက်ပါ။ အိပ်ရာထဲမှာ မရှိလေ အချိန်ကြာလာတာနဲ့ အိပ်ချင်လာလေဖြစ်မှာပါ။ အိပ်ခါနီး အလုပ်အကြောင်းလုံးဝ မစဉ်းစားပါနဲ့ ။ ။ သင့်ကို စိတ်ဖိစီးစေတဲ့ အလုပ်အကြောင်၊ အကြွေးအကြောင်း ငွေရေးကြေးရေး အ ကြောင်းကို အိပ်ခါနီးလုံးဝကို မစဉ်းစားပါနဲ့။ […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

ကလေးဘဝကလို အိပ်မက်ဆိုးတွေ မက်နေတုန်းလား

အိပ်မက်....အိပ်မက်လှလှမက်ပါစေလို့သာ ဆုတောင်းကြတာ။ အိပ်မက်ဆိုးတွေက ဝေးပါစေလို့လည်း အမြဲစိတ်ထဲကတွေးကြရဲ့။ ဒါပေမယ့် အိပ်မက်ဆိုတာ ကိုယ်လိုရာစေစားလို့မှမရတာ။ စိတ်စွဲတာတွေ၊ တစ်နေ့တာမှာ မသိစိတ်အတွင်းရှိနေတာတွေ၊ ပတ်ဝန်းကျင်က သက်ရောက်မှုတွေ၊ စိတ်ဖိစီးမှုတွေ စတဲ့အရာတွေအများကြီးကြောင့် ညအိပ်ချိန်မှာ အိပ်မက်အဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ငယ်ငယ်ကဆို သရဲအိပ်မက်တွေ ခဏခဏမက်တတ်ကြတယ်။ ကလေးဆိုတော့ ကြောက်စိတ်ကများခဲ့တာလည်းပါမှာပေါ့။ အိပ်မက်တွေမက်ပြီး လန့်နိုးလာချိန်ဆို အဖေအမေတွေအလယ် ဝင်အိပ်လိုက်ရင် ကြောက်စိတ်ပြေသွားခဲ့တာပဲ။ အဲ..ကြီးတောင့်ကြီးမားအရွယ်ရောက်မှ အိပ်မက်ဆိုးကြောင့် လန့်နိုးရတာတွေကျ အတော်ဒုက္ခရောက်ရပါတယ်။ လူကြီးတွေရော အိပ်မက်ဆိုးမက်ကြတယ်လား ပေါက်ကရအိပ်မက်တွေမက်နေတာများ ဘာဖြစ်လဲ၊ ကလေးကျနေတာပဲဆိုတဲ့ ဝေဖန်မှုတွေကြောက်လို့ မပြောကြတာပဲရှိမှာ။ အိပ်မက်ဆိုးမမက်ဖူးတဲ့သူ မရှိသလောက်ပါပဲ။ အိပ်မက်ပဲ ဆိုပေမယ့် ကျန်းမာရေးမှာရော ဘယ်လိုပတ်သက်မှုရှိနေလဲဆိုတာ သိကြရင် စိတ်ဝင်စားလာကြမှာနော်။ တစ်ခါတလေမက်တာ ပြဿနာမရှိပေမယ့် ကိုယ့်ရဲ့အိပ်စက်မှုတွေကို အနှောင့်အယှက်ဖြစ်လာလောက်အောင် ဆက်တိုက်ဖြစ်နေရင်၊ မကြာမကြာဖြစ်နေရင်၊ ပုံမှန်ဖြစ်လာရင် တစ်ခုခုပါပဲ။ ဘာကြောင့်ဒီလိုဖြစ်လာရသလဲဆိုတာ အဖြေရှာသင့်ပါတယ်။ ဒါမှ ကျန်းမာရေးကိုမထိခိုက်ခင် […]


ညအိပ်မပျော်ခြင်း

နေ့နဲ့ည အိပ်ချိန် မှားနေတဲ့သူတွေ သတိပြုသင့်တဲ့ ကျန်းမာရေး အန္တရာယ် .။ ။

ခုခေတ် လူနေမှု ပုံစံအရ ညဘက်စောစော အိပ်ကြတဲ့ အလေ့အကျင့်က တော်တော်ကြီးကို ရှားသွားပါပြီ။ အရင်တုန်းကဆို ည ၉ နာရီကား ပြီးတာနဲ့ မီးပိတ် အိပ်ကြပေမယ့် ခုကတော့ ည ၉ နာရီကားဆိုပြီး သတ်သတ်မှတ်မှတ် မရှိလောက်အောင် ၂၄ နာရီ ကြိုက်တဲ့အချိန် အင်တာနက်ပေါ်မှာ ရုပ်ရှင်တွေ တက်ကြည့်ရုံပါပဲ။ ဒီလိုနဲ့ပဲ အိပ်ချိန်တွေ အကုန်လုံး ကပြောင်းကပြန်ဖြစ်ကုန်ပြီး နေနဲ့ည မှားကုန်ကြပါတယ်။ ဒီလို အိပ်ချိန် နေ့နဲ့ ည မှားနေရင် ဘယ်လို ကျန်းမာရေးပြဿာနာတွေ သင်ကြုံလာနိုင်သလဲ ။ ။ ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ ။ ညဘက် အိပ်ရာဝင်တာ နောက်ကျတဲ့သူတိုင်း ညဘက် ဗိုက်ဆာတဲ့ အရသာကို သိကြမှာပါ။ ဘာကြောင့်လဲဆိုတော့ ပုံမှန်ဆို ကိုယ်ခန္ဓါက အိပ်စက်အနားယူရမယ့်အချိန်မှာ နိုးကြားနေရတဲ့အတွက် […]


ညအိပ်မပျော်ခြင်း

အိပ်ရေးပျက်တာက ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်

ခန္ဓာကိုယ် ကျန်းမာဖို့အတွက် ပြည့်ဝတဲ့ အိပ်စက်အနားယူမှု၊ သင့်တင့်မျှတတဲ့ အာဟာရနဲ့ လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ၊ တစ်ကိုယ်ရေသန့်ရှင်းမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါမယ်။ အိပ်ရေးဝဝအိပ်မှ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာမှာဖြစ်ပါတယ်။ အိပ်ရေးဝဝအိပ်တဲ့အခါ တစ်နေ့တာမှာ ခွန်အားပြည့်ပြည့်ဝဝနဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။ အိပ်ရေးပျက်တာက ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ် ။ ဒီတော့ ညတိုင်းပြည့်ဝတဲ့ အိပ်စက်ချိန်ထားရှိကြဖို့ ဒီဆောင်းပါးလေးကနေတဆင့် တိုက်တွန်းလိုက်ပါရစေ။ အိပ်ရေးပျက်တော့ ဘာဖြစ်မလဲ အိပ်ရေးပျက်တာ များလာတဲ့အခါ စိတ်တိုလွယ်လာပြီး အလုပ်တွေကိုလည်း ကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ ဒါကတော့ လူတိုင်းလိုလို သိထားပြီးဖြစ်မယ့် အချက်တစ်ခုပါ။ ဒါပေမယ့် အိပ်ရေးပျက်တာကြောင့်ဖြစ်လာတဲ့ အကျိုးဆက်တွေက ဒီလောက်နဲ့ ပြီးမသွားပါဘူး။ အိပ်ရေးပျက်တာကြောင့် အဝလွန်တာ၊ နှလုံးရောဂါ နဲ့ ဆီးချိုရောဂါအပါအဝင် လူ့သက်တမ်းတိုတာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ အိပ်ရေးပျက်တာက ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ အိပ်ရေးပျက်တာကြောင့် ခံစားရနိုင်တဲ့ […]


အိပ်-ဟောက်-အသက်ရှူပိတ်ရောဂါ

သင် အိပ်ရင် ဟောက်တတ်ပါသလား။ ဒါလေးတွေ စမ်းကြည့်ပါ။ သက်သာပါလိမ့်မယ်။ ။

အိပ်ရင် ဟောက်တတ် တဲ့သူတွေကို အနားမှာ ထားမအိပ်ချင်ကြတာ လူတိုင်းပါ။ သူကတော့ အိပ်မောကျပြီး ကိုယ်ကတော့ သူ့ အသံကြားပြီး တစ်ညလုံး မအိပ်နိုင်ဘဲနဲ့ လူးလိမ့်နေရရော။ ဒီလို ဟောက်တတ်တဲ့သူတစ်ယောက် ကိုယ့်အနားမှာ ရှိနေပြီ ဆိုလို့ကတော့ ညအိပ်ပျော်ဖို့ ခက်ပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင်လည်း ဟောက်တတ်နေရင် ဘေးကလူကို အနှောင့်အယှက်ဖြစ်စေပါလိမ့်မယ်။ သင် အိပ်ရင် ဟောက်တတ်ပါသလား။ ဒါလေးတွေ စမ်းကြည့်ပါ။ သင် အိပ်ရင် ဟောက်တတ်ပါသလား။ ဒါလေးတွေ စမ်းကြည့်ပါ။ ဟောက်တာကို သက်သာစေမယ့် နည်းလမ်းလေးတွေကတော့ ၁။ ကိုယ့်ရဲ့ အိပ်နေတဲ့ ပုံစံကို ပြောင်းပြီးအိပ်ပါ။  ပက်လက်လှန် အိပ်ရင် လျှာက လည်ချောင်းနားကို သွားပိတ်နေသလိုဖြစ်ပြီး လေဝင်ပေါက်ကျဉ်းသွားတတ်လို့ ဟောက်တာဖြစ်ပါတယ်။ ဒါကြောင့် စစချင်းအိပ်တဲ့အချိန်မှာတည်းက စောင်းအိပ်ရင် ဟောက်တာ သက်သာပါလိမ့်မယ်။ ဒါမှမဟုတ် အိပ်တည်းက ကိုယ့်ကျောဘက်မှာ ဖက်လုံးကို […]


အိပ်-ဟောက်-အသက်ရှူပိတ်ရောဂါ

သူများတွေ အိပ်ရင် မဟောက်ဘဲ ကိုယ့်ကျမှ ဘာလို့ ဟောက်ရတာလဲ ။ ။

သူများတွေ အိပ်ရင် မဟောက်ဘဲ ကိုယ့်ကျမှ ဘာလို့ ဟောက်ရတာလဲ ။ ။ အိပ်ရင် ဟောက်တတ်တဲ့သူ တွေကို တွေ့ဖူးကြမှာပါ။ အိပ်ရင် ဟောက်နေတဲ့သူကတော့ ဘာမှမသိပေမယ့် သူ့ ဟောက်သံကို ကြားနေရတဲ့သူတွေ အတွက်ကတော့ တော်တော်ကို အဆင်မပြေဖြစ်ရပါတယ်။ ကိုယ့်အိပ်ရာနားမှာ ဟောက်တတ်တဲ့သူတစ်ယောက်ရှိလို့ကတော့ တစ်ညလုံး အိပ်လို့ ရမှာ မဟုတ်ဘူးလို့သာ မှတ်လိုက်ပေတော့။ ဒီတော့ ဘာကြောင့် ဟောက်ရတာလဲ။ ဟောက်ရတဲ့ အကြောင်းအရင်းကို သိမှ ဘယ်လိုရပ်အောင် လုပ်လို့ရမှာလဲဆိုတာကို သိမှာဖြစ်ပါတယ်။ သူများတွေ အိပ်ရင် မဟောက်ဘဲ ကိုယ့်ကျမှ ဘာလို့ ဟောက်ရတာလဲ ။ ။ သူများတွေ အိပ်ရင် မဟောက်ဘဲ ကိုယ့်ကျမှ ဘာလို့ ဟောက်ရတာလဲ ဆိုတော့ အိပ်နေစဉ် ပါးစပ်နဲ့ အသက်ရှူလိုက်တဲ့အခါ ဝင်လာတဲ့ လေတွေက […]


ညအိပ်မပျော်ခြင်း

ညဘက်အိပ်ရေးပျက်ထားသူတွေအတွက် ဆောင်ရန်ရှောင်ရန်များ

ညဘက်အိပ်ရေးပျက်ထားသူတွေအတွက် ဆောင်ရန်ရှောင်ရန်များ က ဘာတွေလဲ အတူတူ ကြည့်လိုက်ရအောင်နော်။ ဟိုးခေတ်က ညမှောင်တာနဲ့ စောစောအိပ်ကြတယ်။ မနက်အာရုံတက်မှာ အိပ်ရာထပြီး ဆွမ်းချက်တာကစလို့ တစ်နေ့တာအလုပ်တွေ စတင်ကြတာ အိမ်တိုင်းလိုလိုပါပဲ။ တိုးတက်လာတဲ့ ဒီဘက်ခေတ်မှာတော့ ညအစောပိုင်း အိပ်ဖို့ နေနေသာသာ အချိန်တောင် မလောက်လို့ အိပ်ချိန်တွေ ဖဲ့ပေးနေကြရတာ အများကြီးရယ်။ အလုပ်တွေရှိလို့ ညနက်သူတွေရှိသလို ညဘက်အပြင်ထွက်ကြတဲ့ night out အစီအစဉ်တွေကလည်း လူငယ်တွေအတွက် ရေပန်းစားနေကြပြီပေါ့။ အိပ်ချိန်နောက်ကျတဲ့ နောက်တစ်မျိုးကတော့ ညဘက် အိမ်မှာရုပ်ရှင်ကြည့်၊ ဂိမ်းဆော့၊ အင်တာနက်သုံးကြတဲ့ ဇီးကွက်လေးတွေပါ။ ဒီထဲက ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် အိပ်ချိန်မမှန်၊ အိပ်ချိန်မလုံလောက်ရင် ကျန်းမာရေးကို အနည်းနဲ့အများထိခိုက်မှာပါပဲ။ ဒါ့ကြောင့် အိပ်ရေးပျက်ထားတယ်ဆို ပြန်ကုစားမှ နောက်ပိုင်းကျန်းမာရေးကို စိတ်မပူရမှာဖြစ်ပါတယ်။ ညက ကောင်းကောင်းအိပ်မပျော်ခဲ့ရတဲ့အခါ နောက်တစ်နေ့ကျ အလုပ်မှာ ဘာမှမလုပ်နိုင်တော့ဘူး။ ခေါင်းတွေကိုက်တာ၊ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

နေ့ခင်းတစ်ရေးအိပ်ကြမယ်

ထမင်းစားပြီးသွေးလေးလိုက်တာ၊ အိပ်ချင်လာပြီလို့ ခံစားနေရတာကို တင်းခံနေမယ်လို့များတွေးနေလား။ တင်းခံမနေပါနဲ့။နေ့လယ်ခင်း အိပ်ချင်လာရင် အိပ်သာအိပ်လိုက်ပါ။ အိပ်စက်မှုက ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ အကျိုးရှိစေတဲ့အရာပါ။နေ့ခင်းဘက်မှာ နာရီဝက် ၄၅ မိနစ်လောက် အိပ်စက်မှုက ဦးနှောက်အတွက်ရော၊ ကိုယ်ခန္ဓါအတွက်ပါအထောက်အကူပြုပေးနိုင်ပါတယ်။ နေ့လယ်ခင်းအိပ်စက်မှုက ဒီလိုမျိုးကောင်းကျိုးတွေရရှိနိုင်ပါတယ် နေ့လယ်ခင်း တစ်ရေးတစ်မောအိပ်စက်မှုက မှတ်ဉာဏ်တိုးစေနိုင်တယ် လေ့လာမှုတွေအရနေ့ခင်းဘက်မှာ အိပ်စက်တာက မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ သတိမေ့တာမျိုး၊ နှုတ်ဖျားလေးတင်မေ့နေတယ်ဆိုတာမျိုးမဖြစ်အောင်နေ့လယ်ခင်းအိပ်စက်ပေးပြီး ဦးနှောက် စွမ်းရည်ကိုမြှင့်တင်ပေးပါ။ ခွန်အားပြည့်စေနိုင်တယ် နေ့ခင်းအိပ်စက်မှု ခန္ဓါကိုယ်ကို ခွန်အားပြည့်စေပြီး ခန္ဓါကိုယ် လှုပ်ရှားမှုကိုပိုကောင်းစေနိုင်ပါတယ်။ ဒါကြောင့်နေ့ခင်းပိုင်းမှာ တစ်နေ့ကို မိနစ် ၂၀ ခန့်အိပ်စက်ပေးပါ။ ပင်ပန်းနေတဲ့ ခန္ဓါကိုယ်ကို အားပြန်သွင်းပေးရာလည်းရောက်ပါတယ်။ ထမင်းစားပြီး ခဏလောက်တော့ အိပ်စက်အနားယူပေးပါ။ စိတ်ဖိစီးမှုကိုလျော့ပါးစေနိုင်တယ် နေ့ခင်းပုံမှန်အိပ်စက်တဲ့သူတွေက စိတ်ဖိစီးမှုဒဏ်ကနေ ကင်းဝေးကြပါတယ်။နေ့ခင်း ၁ နာရီ ကနေ ၃ နာရီအတွင်းမှာ တစ်ရေးလောက်အိပ်တာက တစ်နေ့တာမှာ ကြုံတွေ့ရတဲ့ အခြေအနေတွေကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။နေ့ခင်းပိုင်းမှာ နာရီဝက်လောက် […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်