(၂)ခင်ပွန်းသည်မဖြစ်ချင်သည်များကို ပုံသွင်းရန်ကြိုးစားခြင်း
သင့်အနေဖြင့် သင်၏အမျိုးသားကို အခြားသူတို့၏ခင်ပွန်းသည်တို့ကဲ့သို့တည်တံ့ခန့်ညားစွာနေရန်စေခိုင်းခြင်း(သို့မဟုတ်) အခြားသူများနှင့် သူ့ကိုနှိုင်းယှဉ်ခြင်းက အတော်ဆိုးသောအမူအကျင့်ဖြစ်သည်။ ထိုကဲ့သို့သောစိတ် သင့်တွင်ရှိပါက ဆက်ဆံရေးသည် အချိန်တစ်ခုရောက်လျှင် အဆုံးသတ်သွားလိမ့်မည်။ သင်ဆန္ဒရှိ၍ ဖြစ်ချင်သည့်အတိုင်း အလုံးစုံမဖြစ်နိုင်သည်ကို သင့်အနေဖြင့်သတိရသင့်သည်။ သင့်သူငယ်ချင်းများက သင့်ခင်ပွန်းကို အားကျ၊ မနာလိုခြင်းမျိုးပင်ရှိနေနိုင်ပါသည်။ သို့ဖြစ်၍ သင်သဘောမကျ စိတ်မတွေ့၍ ဗိုက်ခေါက်ဆွဲလိမ်ချင်သော အမူအကျင့်မျိုးပင်ပြုမူပါစေ၊ ပြဿနာမရှာပါနဲ။ နူးညံ့ညင်သာသော နည်းကိုသာသုံး၍ အကောင်းဘက်ရောက်အောင် အားထုတ်ပါ။
(၃) မိမိအိမ်ထောင်ဖက်၏နေရာမှ နေ၍ တစ်ခါမှမစဉ်းစားခြင်း
အမျိုးသားများအနေဖြင့် အခြားသူများ၏သဘောထားကို နားလည်ခြင်းသိပ်မရှိဟုဆိုပါက သင်လက်ခံနိုင်ချင်မှ လက်ခံလိမ့်မည်။ ကျွမ်းကျင်သူများကမူ အမျိုးသမီးများက ကိုယ်ချင်းစာတရား ပိုရှိကြပြီး အမျိုးသားများက ထိုစွမ်းရည်တိုးတက်လာအောင် လေ့ကျင့်ဖို့လိုအပ်သည်ဟု ဆိုပါသည်။ ထိုသို့ဆိုခြင်းဖြင့် အမျိုးသမီးများကပဲ အမြဲနားလည်ပေးနေရမည်ဟု မဆိုလိုပါ။ အမျိုးသားများကလည်း သူတစ်ပါးခံစားချက်ကို နားလည်လိုကြပါတယ်။ ပြဿနာတစ်ခုကို နှစ်ယောက်နှစ်လုံး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကိုယ်ချင်းစာနားလည်ပြီး ဖြေရှင်းဖို့ကြိုးစားပါ။
(၄) ရန်လိုရန်ထောင်ခြင်း
အမျိုးသမီးများသည် ကိစ္စတစ်ခုဖြေရှင်းရာတွင် အမျိုးသားများထက် ပို၍ရန်လိုတတ်သည်။ အဘယ်ကြာင့်မူအမျိုးသားများသည် စိတ်ပြေငြိမ်းလွယ်ပြီး အခြေအနေ တစ်ခုကိုဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိကြသော်လည်း အမျိုးသမီးများကမူ မပြီးနိုင်မစီးနိုင် ခံစားတတ်ကြသည်။ ထို့ကြောင့်ပဋိပက္ခ္ခဖြစ်တိုင်း ဆူပူအော်ဟစ်ခြင်းကိုလျှော့ပါ။ သူကသင့်ဘက်တွင်ဘာကြောင့်မရှိရခြင်းကိုသာ အဖြရှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။