backup og meta

မိတ်ဖွဲ့ဖို့အတွက် နည်းလမ်းကောင်းများ

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


11/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိတ်ဖွဲ့ဖို့အတွက် နည်းလမ်းကောင်းများ

    မိသားစုလိုပါပဲ၊ သူငယ်ချင်းဘဝဆိုတာလည်း လူတိုင်းကဆုတစ်ဆုအနေနဲ့ ရထားတဲ့ အင်မတန်ပျော်စရာကောင်းတဲ့ ခံစားမှုတစ်ခုပါပဲ။ သူငယ်ချင်းတစ်ယောက်ဟာရုတ်တရက် ကိုယ့်နားကပျောက်ကွယ်သွားတာမျိုးမရှိနိုင်ဘဲချစ်စရာကောင်းတဲ့ သူငယ်ချင်းဘဝဆိုတာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိဖို့လိုပါတယ်။ စိတ်ပညာရှင်များကတော့ လူတစ်ယောက်ချင်းစီမှာအနည်းဆုံးတော့ ယုံကြည်စိတ်ချရပြီးစိတ်ဓါတ်ရေးရာတည်ကြည်မှုရှိတဲ့ သူငယ်ချင်းအရင်း(၃)ယောက်လောက် ရှိနေသင့်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်းအဲဒီလိုယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းမျိုးရဖို့ကတစ်ချို့အတွက်တော့ ရိုးရှင်းပေမယ့် တစ်ချို့အတွက်တော့ ခက်ပါတယ်။ အောက်မှာပြောပြထားတဲ့အချက်တွေကတော့ အပြန်အလှန်လေးစားပြီးယုံကြည်ရတဲ့ သူငယ်ချင်းမျိုးရစေနိုင်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။

    အချိန်ပေးပြီးဂရုစိုက်ပါ

    သူလုပ်တဲ့ကိစ္စတွေမှာအားပေးခြင်းဖြင့် ကိုယ့်ရဲ့ ဂရုစိုက်မှုကို ပြသဖို့ လိုပါတယ်။ သူနဲ့ အတူတူတစ်ပတ်ကိုသုံးခါလောက် အားကစားလုပ်တာတို့၊ ပိတ်ရက်တွေမှာကော်ဖီဆိုင်အတူတူထိုင်တာတို့၊ ကိုယ့်ရဲ့အိမ်ကိုဖိတ်ပြီးအင်တာနက်မှာတွေ့တဲ့ ဟင်းချက်နည်းတွေနဲ့ ဟင်းအတူတူချက်စားကြတာတို့ လုပ်ဖို့ လိုအပ်ပါတယ်။ ကိုယ်တွေရဲ့ ရင်းနှီးမှုပိုပြီးခိုင်မာအောင် ရက်တိုခရီးထွက်တာမျိုးတွေလည်းလုပ်နိုင်ပါတယ်။ အဲဒီနည်းနဲ့ သူငယ်ချင်းတွေဟာကိုယ့်ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့်လည်းသူငယ်ချင်းဆက်ဆံရေးမှာတစ်ဖက်သတ်တော့ မဆန်သင့်ပါဘူး။ ဥပမာရုပ်ရှင်အတူသွားကြည့်ရင် သူကြည့်ချင်တဲ့ကားနဲ့ ကိုယ်ကြည့်ချင်တဲ့ကားညှိနှိုင်းကြတာမျိုးလုပ်သင့်ပါတယ်။ ဒါမှသာသူ့အနေနဲ့ ကိုယ်နဲ့ပေါင်းသင်းရတာလွှမ်းမိုးခံနေရသလိုမျိုးမခံစားမိတော့မှာ ဖြစ်ပါတယ်။

    ဆက်သွယ်ပြောဆိုပါ

    ကိုယ့်ရဲ့အတွေးအမြင်တွေ၊ ရင်တွင်းခံစားချက်တွေကို မျှဝေဖို့ ရှက်မနေပါနဲ့။ တချို့လူတွေအတွက်တော့ ခက်ခဲကောင်းခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလိုလုပ်ခြင်းကသူငယ်ချင်းတွေကြားရင်းနှီးမှုကိုခိုင်မြဲစေပါတယ်။ အထူးသဖြင့် မိန်းကလေးတွေကြားထဲမှာဆိုရင်ပေါ့။ ကိုယ့်ကိုယ်ကိုယ် ရိုးသားစွာနဲ့ အမြဲတမ်းထုတ်ဖော်ပြသသွားမယ်ဆိုရင် ကိုယ့်ရဲ့ ရင်တွင်းခံစားချက်တွေကလည်းအမြဲလတ်ဆတ်နေတော့မှာပါ။

    အဲဒီအပြင် သူငယ်ချင်းတွေ ရင်ဖွင့်တာကိုနားထောင်ပေးဖို့လည်းလိုပါတယ်။ သူတို့ရဲ့ မျက်လုံးကိုသေချာကြည့်ပြိးသူတို့ပြောသမျှကိုရိုးသားစွာနဲ့ နားထောင်ပေးပါ။ တကယ်လို့ နှစ်သိမ့်တာမျိုးမလုပ်တတ်ဘူးဆိုတောင် တိတ်ဆိတ်စွာပဲကိုယ့်ရဲ့ ကြင်နာသနားမှုကို ပြသလို့ရပါတယ်။ မယဉ်ကျေးတဲ့ အပြုအမူမျိုးတွေကိုရှောင်ပါ။ ကိုယ့်အကြောင်းစကားရောက်သွားအောင် လမ်းကြောင်းပြောင်းကြည့်ပါ။ နောက်ဆုံးအနေနဲ့ လုပ်ဖို့လိုအပ်တာကတော့ချစ်သူရည်းစားပတ်သက်မှုလိုမျိုးကိုယ့်ရဲ့ ခံစားချက်နဲ့ လေးစားမှုတွေကိုအကောင်းဆုံးရှင်းရှင်းလင်းလင်းပြသလိုက်ဖို့ပါပဲ။ ဥပမာ ငါ မင်းကိုသတိရတယ်၊ မင်းနဲ့အတူရှိရတဲ့အချိန်တွေကသိပ်ပျော်စရာကောင်းတယ်၊ ငါ့ဘေးမှာအမြဲရှိနေတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆိုတာမျိုးဆိုပြီးမက်ဆေ့ပို့ပေးပါ။ နည်းနည်းတော့ ရှက်စရာကောင်းသလိုရှိပေမယ့် သူငယ်ချင်းကတော့ စိတ်ထဲခံစားရမှာအမှန်ပါပဲ။

    သူငယ်ချင်းကိုဖေးမပါ။ သစ္စာရှိပါ။

    သူငယ်ချင်းကကိုယ့်အကူအညီလိုတိုင်းကူညီပေးပါ။ သူငယ်ချင်းရဲ့ အောင်မြင်မှုကိုဂုဏ်ပြုပေးတာကလည်းသူတို့ကိုပိုပြီးပျော်ရွှင်စေပါတယ်။ သူငယ်ချင်းရဲ့ အောင်မြင်မှုအပေါ် ကိုယ်ကကြောက်လန့်မိတာမျိုး ဖြစ်တတ်ပါတယ်။ မနာလိုဖြစ်နေမယ့်အစားသူငယ်ချင်းရဲ့ အောင်မြင်မှုကို မျှဝေခံစားနိုင်ဖို့ အကောင်းဆုံး ကြိုးစားအားထုတ်လိုက်ပါ။ နောက်တစ်ခုအရေးကြီးတာကတော့ သူငယ်ချင်းကိုသူများတွေရဲ့ရှေ့မှာအမြဲတမ်းကာကွယ်ပေးဖို့ပါ။ သူငယ်ချင်းကိုယ်တိုင်ကရှိမနေတဲ့အချိန်မှာတောင်မှ သုူ့အကြောင်းတွေ လျှို့ဝှက်ထားပေးတာ၊ နောက်ကွယ်မှာမကောင်းမပြောတာ၊ ချစ်ကြောင်းခင်ကြောင်းပြောနေတာမျိုးတွေ လုပ်ပေးဖို့ လိုပါတယ်။

    တင်းတင်းကြပ်ကြပ် ဖက်ပေးပါ

    ဒီလိုပြုလုပ်ဖို့ နာမည်ကျော် မဂ္ဂဇင်းတွေ၊ ဝက်ဘ်ဆိုက်တွေကတော့ တက်ကြွစွာပဲတိုက်တွန်းထားပါတယ်။ အဲဒီလိုဖက်ခြင်းကကိုယ့်ကိုပျော်ရွှင်စေတယ်၊ ကျန်းမာစေတယ်၊ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးစေတယ်လို့ ဆိုပါတယ်။ ရိုးသားခင်မင်စွာဖက်ခြင်းနဲ့ ပတ်သက်တဲ့ ကောင်းကျိုးတွေကိုသုတေသနလုပ်ထားတာရှိပါတယ်။ ပထမလူအုပ်စု ၄ပတ်အတွင်း တစ်နေ့ကို ၅ကြိမ်အနည်းဆုံး ဖက်တာဖြစ်ဖြစ် အဖက်ခံတာဖြစ်ဖြစ် လုပ်ရပါတယ်၊ ပြီးတဲ့အခါ အဲဒါတွေကိုအသေးစိတ်မှတ်တမ်းတင်ထားရပါတယ်။ သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ပဲ ဖက်ရမှာဖြစ်ပြီးချစ်သူတွေ၊ သူစိမ်းတွေနဲ့ တရင်းတနှီးဖက်လို့မရပါဘူး။ အချိန်၊ တင်းကြပ်မှုနဲ့ လက်အနေအထားတို့ကအရေးကြီးပါတယ်။ ဒုတိယလူအုပ်စုကတော့ ဒီ၄ပတ်အတွင်း စာဖတ်တဲ့အချိန်တွေကိုသာမှတ်တမ်းတင်ထားရမှာ ဖြစ်ပါတယ်။

    ရလဒ်ကတော့ ဖက်တာ၊ ဒါမှမဟုတ် အဖက်ခံထားရတဲ့ လူအုပ်စု ၄၉ကြိမ်ဖက်ခြင်းနဲ့ ကြုံတွေ့ပြီးတဲ့နောက်မှာပိုပြီးပျော်ရွင်လာကြတာကိုတွေ့ရပြီးဒုတိယလူအုပ်စုကတော့ ဘာမှထူးခြားမနေတာကိုတွေ့ရပါတယ်။

    အနှစ်ချုပ်အနေနဲ့ ဖက်ခြင်းဟာကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုပိုပြီးရင်းနှီးစေတဲ့ အပြုအမူတစ်ခု ဖြစ်ပါတယ်။ စမ်းသပ်မှုစစချင်းမှာတချို့သောကျောင်းသားတွေဟာဖက်ရတာကိုစိတ်မသက်မသာ ဖြစ်နေကြပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ စိတ်လက်ပေါ့ပါးစွာ ပြုလုပ်လာနိုင်ကြပါတယ်။ ဒါကြောင့် ကိုယ့်သူငယ်ချင်း၊ ဒါမှမဟုတ် ကိုယ် သူငယ်ချင်း ဖြစ်ချင်တဲ့သူကို ကြိုးစားပြိးဖက်ကြည့်ပါ။ အဲဒီလိုဖက်ခြင်းဟာစိတ်ဖိစီးမှုတွေကိုလျော့စေရုံသာမကသူတို့နဲ့လည်းပိုပြီးရင်းနှီးလာစေမှာ ဖြစ်ပါတယ်။

    မှန်မှန်နေထိုင်ပါ။ ကွဲပြားစွာတွေးတောပါ။ ပိုပြီးချစ်ပါ။ နောက်ပြီးလူတွေကိုစိတ်ရင်းနဲ့ဆက်ဆံပါ။ ဒါတွေကတော့ သူငယ်ချင်းကောင်းတွေ ရစေပြီးသူတို့နဲ့အတူကိုယ့်ဘဝရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေကို အတူဝေမျှသွားနိုင်မယ့် နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Phio Thiha

    သားဖွားပညာ · Phyo Clinic (Pazundaung)


    11/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement