backup og meta

အိမ်ရှင်မများ လင်ယောကျ်ားကို မပြောဖြစ်တဲ့ လျှို့ဝှက်ချက် ၁၁ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 11/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်ရှင်မများ လင်ယောကျ်ားကို မပြောဖြစ်တဲ့ လျှို့ဝှက်ချက် ၁၁ချက်

    ကမ္ဘာပေါ်မှာရှိတဲ့ ယောက်ျားအတော်များများအတွက် မိန်းမတွေဆိုတာ အမြဲဆန်းပြားပြီး နားမလည်နိုင်တဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ဆီမှာ လင်ယောက်ျားကိုတောင် မပြောပြတဲ့ လျှို့ဝှက်တဲ့ အရာတွေ အများကြီးရှိနေတတ်ပါတယ်။ ဒါဟာ ဘာလို့လဲဆိုတော့ မိန်းမတွေဟာ သူတို့သာ အကုန်အမှန်အတိုင်းပြောလိုက်မယ်ဆိုရင် ဖြစ်လာမယ့် အရာတွေ အကုန်လုံးကို ဂရုစိုက်လို့ပါပဲ။ ဒါ့ကြောင့် သူတို့ဆီမှာ လျှို့ဝှက်ချက် တွေ အများကြီးရှိနေတယ်ဆိုတာဟာ နားလည်ဖွယ်ရာဖြစ်ပါတယ်။ ဒီလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ အမျိုးသားတွေဟာ အောက်ဖော်ပြပါ အချက်တွေကိုလေ့လာသင့်ပါတယ်။

    အမျိုးသမီးတွေ ထားလေ့ရှိတဲ့ လျှို့ဝှက်ချက် တွေကို ဖော်ထုတ်နိုင်ဖို့

    ၁။ သူတို့ဝယ်တဲ့ အရာတွေဟာ သူတို့သင်တို့ကို ပြောထားတဲ့ ဈေးနှုန်းထက် နှစ်ဆယ်ရာခိုင်နှုန်းလောက် ပိုမိုကုန်ကျပါတယ်။

    ဒါဟာ ရယ်စရာကောင်းပေမယ့် အမှန်ပါပဲ။ ရိုးသားခြင်းဆိုတာ ဆက်ဆံမှုတစ်ခုမှာအဓိကကျတယ်ဆိုတာ နားလည်ပေမယ့် သူတို့ဝယ်တဲ့ အရာတစ်ခုခု (ခေါင်းလျှော်ရည်၊ အဝတ်အစား၊ ဖိနပ်) ရဲ့ ဈေးနဲ့ ပတ်သက်ပြီး အငြင်းမပွားလိုကြပါဘူး။ အချို့အမျိုးသမီးတွေက သူတို့အဝတ်အစားတွေအတွက် တစ်ဝက်ကိုသာ ကတ်နဲ့ပေးပြီး ကျန်တဲ့တစ်ဝက်ကို ပိုက်ဆံနဲ့ လက်ငင်းရှင်းတတ်ကြပါတယ်။ ဒီလိုနည်းအားဖြင့် သူတို့ အမျိုးသားတွေဆီကနေ သူတို့ရဲ့ ဆိုးဝါးတဲ့ ဈေးဝယ်တဲ့ အကျင့်ကို ဖုံးကွယ်ထားတတ်ကြပါတယ်။

    ၂။ တကယ်တော့ မိန်းမတွေဟာလည်း ယောက်ျားတွေနည်းတူ လိင်ဆက်ဆံမှုအကြောင်းကို တွေးတောတတ်ကြပါတယ်။

    အချို့အမျိုးသမီးတွေဟာ လိင်ကိစ္စကို အချိန်တော်တော်များများမှာ တွေးတောနေတတ်ကြပါတယ်။ ဒါပေမယ့် ဒါက စိတ်ပဲ ရှိပြီး ညကျရင်တော့ သူတို့ဟာ ပင်ပန်းပြီး သူတို့ရဲ့ ယောက်ျားတွေ မျက်လုံးထဲမှာလည်း ပင်ပန်းနေတာကို မြင်နိုင်ပါတယ်။ ဒါကြောင့် သူတို့က “No”လို့ ပြောပြီးအိပ်ရာဝင်ပါတော့တယ်။ ဒါကြောင့် လက်တွေ့အလုပ်ဖြစ်ဖို့ဆို ကြိုတင်ညှိနှိုင်းထားသင့်ပါတယ်၊၊

    ၃။ အမျိုးသမီးတွေဟာလည်း အမျိုးသားတွေနည်းတူ လက်ထပ်ဖို့ စိုးရွံ့တတ်ကြပါတယ်။

    လက်ထပ်ခြင်းဆိုတာ ချစ်ခြင်းရဲ့ အဆုံးသတ်ဖြစ်တယ်လို့ ပြောတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ စုံတွဲတွေဟာ မိသားစုတာဝန်ဆိုတဲ့ မမြင်နိုင်တဲ့ ကြိုးနဲ့ ချည်ထားခြင်းခံရနိုင်လို့ပဲ ဖြစ်ပါတယ်။ သူတို့ဟာ လွတ်လပ်မှု ပျောက်ဆုံးပြီး ပါတီတွေ၊ ညဘက်အပြင်ထွက်ခြင်းတွေလည်း ပြုလုပ်နိုင်ကြတော့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အမျိုးသားရော အမျိုးသမီးပါ လက်ထပ်ဖို့ကို ကြောက်ရွံ့တတ်ကြပါတယ်။ အမျိုးသမီးတွေဟာ သူတို့အတွက် အသင့်လျော်ဆုံးနဲ့ စိတ်ကူးယဉ်ဆန်တဲ့ လက်ထပ်ပွဲ၊ လှပတဲ့ အိမ်လေးနဲ့ ပျော်စရာကောင်းတဲ့ ဘဝကိုစိတ်ကူးယဉ်တတ်ကြပေမယ့် တကယ့်တကယ် လက်ထပ်ရမယ်ဆိုရင်တော့ သူတို့လည်းထိတ်လန့်နေတတ်ကြပါတယ်။

    ၄။ အမျိုးသမီးတွေဟာ ခေတ်မီပြီး အမှီအခိုကင်းတာ ဖြစ်ကောင်းဖြစ်ပေမယ့် သင့်ကိုတော့ ယောက်ျားပီသစေချင်ကြပါတယ်။

    အမျိုးသမီးတွေဟာ လျှို့ဝှက်တတ်တဲ့ သတ္တဝါတွေပါ။ သူတို့ဟာ သူတို့ကိုယ်သူတို့ အလုပ်ရှင်၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လမ်းပေါ်မှာတွေ့တဲ့ သူတွေရှေ့ရောက်ရင် ခေတ်မီပြီး အမှီအခိုကင်းတဲ့ ပုံပေါ်ချင်ကြပါတယ်။ ဒါပေမယ့် သူတို့ချစ်သူတွေ ရှေ့မှာတော့ အလွန်နုနယ် စိတ်ခံစားလွယ်၊ ပေါက်ကွဲလွယ်တတ်ကြပါတယ်။ အမျိုးသားတွေဟာ ကားပြင်တာ၊ ပင့်ကူသတ်တာ၊ အိတ်ဆွဲပေးတာ၊ တံခါးဖွင့်ပေးတာနဲ့ အခြားအရာတွေကို လုပ်ပေးသင့်ပါတယ်။ သင့်အမျိုးသမီးအတွက် ယောက်ျားဆန်တဲ့ ယောက်ျားတစ်ယောက် ဖြစ်ပါစေ။

    ၅။ မိန်းမတွေရဲ့ ရည်းစားဟောင်းတွေဟာလည်း အိပ်ရာပေါ်မှာထင်သလောက် မဆိုးကြပါဘူး။

    မိန်းမတွေဟာ သင်သာသူတွေ့ဖူးအမျှထဲမှာ အကြီးဆုံးပဲတို့၊ ဘယ်သူကမှ သင်လုပ်သလိုမလုပ်နိုင်ဘူးတို့ အမြဲပြောတတ်ကြပါတယ်။ သူတို့ဟာ သူတို့ရည်းစားဟောင်းတွေကိုလည်း လိင်ကိစ္စမှာ ကောင်းမွန်တယ်ဆိုတာကို ပြောဖူးကြမှာပါ။ ဒါပေမယ့် အမျိုးသားတွေ အနေနဲ့ ဒီစာကိုဖတ်ပြီးအထင်မလွဲပါနဲ့။ သူတို့ ရည်းစားဟောင်းတွေ တော်ကောင်းတော်နိုင်ပေမယ့် ဒါဟာ အခုအချိန်မှာ ဘာအဓိပ္ပာယ်မှ မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ သင်သာလျှင် သူမချစ်ခင်ပြီးရွေးချယ်ထားတဲ့သူ ဖြစ်လို့ပါပဲ။

    ၆။ အမျိုးသမီးတွေဟာ သူတို့ အမေပုံစံဖြစ်လာမှာကို ကြောက်ရွံတတ်ကြပါတယ်။

    ဘယ်တော့မှ သူမဟာ သူမအမေပုံစံ (သို့) သင့်အမေပုံစံအတိုင်းပဲလို့ သင့်ဇနီးကို မပြောဆိုပါနဲ့။ သူမဟာ ဘာမှမပြောဘဲ နေကောင်းနေနိုင်ပေမယ့် စိတ်ထဲမှာတော့ ဝမ်းနည်းနေမှာပါ။ သူမဟာ သင့်ချစ်သူဖြစ်ချင်တာပါ။ သင့်ကို အမေလိုမျိုး ဆက်ဆံချင်တာမဟုတ်ပါဘူး။ ဒါဆို သူမစိတ်ထဲမှာ သူမဟာ သင့်အမေနဲ့တူလို့များ သူမကို လက်ထပ်ခဲ့တာလားဆိုပြီး သံသယစိတ်ပေါ်လာနိုင်ပါတယ်။ ဒါ့ကြောင့် သင်တို့ချစ်ခြင်းကို ရှည်ကြာချင်ရင် သူမကို သင့်အမေနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်သင့်ပါဘူး။

    ၇။ သူမဟာ သင့်ကိုအနည်းငယ်တော့ သဝန်တိုစေချင်ပါတယ်။

    သင့်ဇနီးဟာ အခြားအမျိုးသားတစ်ယောက်နဲ့ အီနေတဲ့အခါ သဝန်တိုတယ်ဆိုတာ ချစ်ခြင်းရဲ့ လက္ခဏာတစ်ခုပါပဲ။ ဒါဟာ သင့်ဇနီးကိုချစ်တယ်၊ ဂရုစိုက်တယ်၊ သတိထားမိတယ်ဆိုတဲ့ စိတ်ခံစားမှုမျိုး ရရှိစေပါတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီး ပေါက်ကွဲတာမျိုး၊ အဲဒီအမျိုးသားကို လက်သီးနဲ့ထိုးတာမျိုး မလုပ်သင့်ပါဘူး။ ဒါဆိုရင်တော့ သင့်ဇနီးမယားက မကြိုက်မှာသေချာပါတယ်။

    ၈။ သူတို့ဟာ နာမည်ကြီးအမျိုးသားတွေကို စိတ်ကူးယဉ်တတ်ကြပါတယ်။ ဒါပေမယ့် ဒါဟာ သူမက သင့်ကို သူတို့လို ဖြစ်စေချင်တယ်လို့ မဆိုလိုပါဘူး။

    နာမည်ကြီးမင်းသားတွေဟာ မိုက်ပြီး ကြွက်သားတောင့်တင်းကာ လိင်ဆွဲဆောင်မှု ရှိတတ်ကြပါတယ်။ အမျိုးသမီးတွေဟာ သူရဲ့ မင်းသားတွေအကြောင်း အချိန်အကြာကြီးယူပြီး ပြောနိုင်ပါတယ်။ ဒါပေမယ့် သင်ဟာ အဲဒီမင်းသားတွေကို လိုက်မတုသင့်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ သူမအတွက် စိတ်ကူးယဉ်သက်သက်သာဖြစ်ပြီး သင်ကတော့ အမှန်တကယ် ဖြစ်ပါတယ်။

    ၉။ သူမတို့ဟာ အမျိုးသမီးသူငယ်ချင်းတွေနဲ့ သင့်ကို ဝန်ခံထားတာထက် ပိုပြီးပိုပြီးပြောတတ်ကြပါတယ်။

    ဒါဟာ ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ သူတို့ဟာ သူတို့အချစ်ဆုံးသူငယ်ချင်းတွေနဲ့ အိမ်ထောင်ရေးအကြောင်း၊ ယောက္ခမအကြောင်း၊ ဝါသနာတွေ အကြောင်းပြောတတ်ကြပါတယ်။ သူတို့ဟာ ဒီလိုမျိုးဝေမျှရတာ ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ သင့်ဇနီးဟာသူတို့ရဲ့ ကန့်သတ်ချက်ကို သူတို့သိပါတယ်။ သူမဟာ သင်နဲ့ သူမရဲ့ပျော်ရွှင်ဖွယ်အချိန်တွေကို စိတ်ထဲမှာသိမ်းထားမှာပါ။ ဒါဟာ သင်တို့နှစ်ယောက်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေမို့ပါ။

    ၁၀။ မိန်းမတွေဟာ သင်ကူညီတဲ့ အိမ်အလုပ်တွေကို သတိထားမိပြီး အသိအမှတ်လည်း ပြုတတ်ကြပါတယ်။

    အိမ်အလုပ်တွေက မိန်းမတွေအတွက်ဖြစ်တယ်ဆိုတာဟာ အင်မတန်ရှေးကျတဲ့ အယူအဆတစ်ခုဖြစ်ပေမယ့်လည်း အခုအချိန်အထိရှိနေတတ်ပါတယ်။ သင်ကတော့ ခုံပေါ်မှာလဲလျောင်းနေပြီး သင့်မိန်းမကို အိမ်အလုပ်တွေ တစ်ယောက်တည်းလုပ်နေတာကို ထိုင်ကြည့်နေမယ်ဆိုရင် တရားမျှတမှု မရှိပါဘူး။ ပုံမှန်မလုပ်နိုင်ရင်တောင် သေးငယ်တဲ့ အိမ်အလုပ်တွေကို သင့်မိန်းမကို ကူလုပ်သင့်ပါတယ်။ ဒါဟာ သင့်ရဲ့ ဂရုစိုက်မှုနဲ့ အချစ်ကို ပြသတာဖြစ်ပါတယ်။ သူတို့ဟာအကုန်လုံးကို သတိပြုနိုင်တာကြောင့် သူတို့ကိုစိတ်မပျက်ပါစေနဲ့။

    ၁၁။ သူတို့အနေနဲ့ သင့်ကို အလွန်ချစ်တယ်ဆိုတဲ့အကြောင်းကို ထုတ်ပြောတာမျိုး သိပ်လုပ်လေ့မရှိပါဘူး။

    ဇနီးမယားတွေဟာ ကြာရှည်တွဲခဲ့တဲ့ အချစ်ရဲ့ တန်ဖိုးကိုသိနားလည်ပေမယ့် အသစ်ယောက်ျားလေးတစ်ယောက်နဲ့ အရူးအမူးချစ်ရတဲ့ ခံစားမှုနဲ့ တူတာမရှိပါဘူး။ လက်ထပ်မှုနဲ့ ပတ်သက်ရင်လည်း အမျိုးသမီးတွေဟာ သူတို့ဘယ်တော့မှ ဒီလောက်ပျော်တော့မှာမဟုတ်ဘူးဆိုတာသိပြီး တစ်ခါတစ်ရံမှာ ဒီခံစားမှုကိုလွမ်းဆွတ်နိုင်ပါတယ်။ နောက်ဆုံးမှာတော့ သူမဟာ သင့်ကိုပဲရွေးမှာပါ။ ဒါ့ကြောင့် သူမဟာဘယ်အချိန်မှာရပ်ရမယ်ဆိုတာ သိတာကြောင့် သင့်မိန်းမကိုသင် ဒေါသမထွက်ပါနဲ့။

    ရေးသားသူ- Dr Phyu Mon Latt

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Hello Sayarwon Panel မှ ရေးသားသည်။ · 11/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement