backup og meta

အိမ်တွင်းအကြမ်းဖက်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်တွင်းအကြမ်းဖက်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ။

    အိမ်တွင်းအကြမ်းဖက်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ။ အိမ်တွင်းအကြမ်းဖက်ခြင်း ဆိုတာက ခင်ပွန်းသည်၊ လက်တွဲဖော်၊ ကလေး၊ အသက်ကြီးသူ(သို့) အခြားမိသားစုဝင်တို့အတွင်း တွေ့ရသည့် အရာတစ်ခုဖြစ်ပါတယ်။ ဒါက ဘယ်သူ့ဆီမှာမဆို ဖြစ်နိုင်ပြီးထိခိုက်ခံရသူရဲ့ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ သက်ရောက်မှုရှိပါတယ်။ အကြမ်းဖက်သူများက ကြောက်ရွံခြင်း၊ အပြစ်ရှိခြင်း၊ ရှက်ရွံမှုတို့ကို အသုံးပြုပြီး သင့်ကို စိတ်ပင်ပန်းအောင် (သို့) ထိခိုက်အောင် လုပ်သလိုမျိုး သင်နဲ့ သင့်နားရှိလူများကိုလည်း ခြိမ်းခြောက်နိုင်ပါတယ်။ အိမ်တွင်းအကြမ်းဖက်ခြင်းရဲ့ ပြဿနာများနဲ့ လက္ခဏာများကို နားလည်ထားခြင်းက သင် အကြမ်းဖက်ခံရတဲ့အခါ ဘယ်လိုကိုင်တွဲမလဲနဲ့ ကိုယ့်ကိုကိုယ် ကူညီနိုင်ဖို့ အထောက်အပံ့ပေးပါတယ်။

    အိမ်တွင်းအကြမ်းဖက်ခြင်း ဆိုတာဘာလဲ။

    • ရုပ်ပိုင်းဆိုင်ရာ (ကာယပိုင်းဆိုင်ရာ) အကြမ်းဖက်ခြင်းနဲ့ အိမ်တွင်းအကြမ်းဖက်ခြင်း

    ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း ဆိုတာက လူတစ်ယောက်ကို ထိခိုက်စေလိုတဲ့ (သို့) အန္တရာယ်ရှိစေနိုင်တဲ့ ရည်ရွယ်ချက်များနဲ့ အင်အားသုံး အနိုင်ကျင့်ခြင်းဖြစ်ပါတယ်။ အကြမ်းဖက်ခံရသူရဲ့ ခန္ဓာကိုယ်မှာ အနာများ (သို့) ထိခိုက်မှုများ ဖြစ်စေနိုင်ပါတယ်။

    လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပြုခြင်းကလည်း ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းတစ်မျိုးဖြစ်ကြောင်း သိထားရပါမယ်။ အကယ်၍ သင်က သင်မလိုချင်တဲ့ (သို့) အရှက်ရတဲ့ လိင်ဆက်ဆံခြင်းတစ်ခုမှာ ပါဝင်ရန် အတင်းတိုက်တွန်းခံရပါက ဒါကို လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခြင်းလို့ သတ်မှတ်နိုင်ပါတယ်။

    သင့်ခင်ပွန်း (သို့) လက်တွဲဖော်က လုပ်ခိုင်းရင်တောင် တွန်းအားပေးတဲ့ ဆက်ဆံမှုက အကြမ်းဖက်တဲ့ အပြုအမူပဲ ဖြစ်ပါတယ်။ ဒါ့ပြင် ရုပ်ပိုင်းဆိုင်ရာ (သို့) လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူများမှာ ပြင်းပြင်းထန်ထန် ထိခိုက်ခြင်း (သို့) အသတ်ခံရခြင်းတို့တောင်ဖြစ်နိုင်ပါတယ်။

    စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း

    အိမ်တွင်းအကြမ်းဖက်ခြင်းကနေ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းက ရုပ်ပိုင်းဆိုင်ရာဘာမှမဖြစ်ပေမယ့် သင်တွေးထားသည်ထက်ပိုပြီး ကြီးမားတဲ့ ပြဿနာဖြစ်နိုင်ပါတယ်။

    အကြမ်းဖက်သူများက ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြိမ်းခြောက်ခြင်း (သို့) စူးစူးဝါးဝါးအော်ခြင်း၊ အပြစ်တင်ခြင်း၊ အရှက်ရစေခြင်းစတဲ့ ပါးစပ်ဖြင့် အကြမ်းဖက်ခြင်းကို အသုံးပြုနိုင်ပါတယ်။ နှုတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းကနေ သင့်ကို တန်ဖိုးမရှိတဲ့ သူတစ်ယောက်အဖြစ်၊ အသုံးမကျတဲ့ သူတစ်ယောက်အဖြစ် ခံစားရစေနိုင်ပါတယ်။ ဒါပေမယ့် သင့်မှာ သူပြောတာတာတွေ တစ်ခုမှမရှိကြောင်းကို သတိရရပါမယ်။

    အကြမ်းဖက်သူများက သင့်ကို သိမ်ငယ်ဝမ်းနည်းအောင် ပြုလုပ်ပြီး သူတို့ကိုယ်ကို အင်အားကြီးအောင်လုပ်ကြပါတယ်။ ဒါ့ပြင် အခြားလက္ခဏာများဖြစ်တဲ့ သီးသန့်ဖြစ်အောင်လုပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ထိန်းချုပ်ခြင်းတို့ ရှိပါသေးတယ်။

    စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ သူများက ကိုယ့်ကိုကိုယ် တန်ဖိုးမရှိ၊ အကူအညီမဲ့တယ်လို့ထင်နေပြီး  လွတ်လမ်းမရှိ ဖြစ်နေနိုင်ပါတယ်။ အဆိုးဆုံးရလဒ်မှာခံစားရသူများက ကိုယ့်ကိုယ်ကိုသတ်သေရန် တွေးကာ ပြုမူတတ်ကြပါတယ်။

    အိမ်တွင်းအကြမ်းဖက်ခြင်း ရဲ့ အချက်ပေးလက္ခဏာများကို သိရှိခြင်း

    တစ်ခါတစ်ရံမှာ သင်ကိုယ်တိုင်က အကြမ်းဖက်ခံရသူဖြစ်ပါက အိမ်တွင်းအကြမ်းဖက်ခြင်းပြုတဲ့ လက္ခဏာများကို သိရှိရန် ခက်ခဲပါတယ်။ အကြမ်းဖက်ခံရမှုများ ဖြစ်ပွားထားပေမယ့် သင့်အဖော်ကို ဆက်ချစ်နေပါလိမ့်မယ်။ ဒါက သင့်ကို အကြမ်းဖက်မှုမှာ ဖက်တွယ်နေစေပါလိမ့်မယ်။ အောက်ပါတို့က အိမ်တွင်းအကြမ်းဖက်ခြင်းရဲ့ သတိပေး လက္ခဏာများဖြစ်ပါတယ်။

    • သင့်အဖော်နဲ့ ပတ်သက်ပြီး ကြောက်ရွံခြင်း(သို့) စိုးရိမ်ခြင်း
    • သင့်အဖော်ပြောသမျှကို အမြဲလိုက်နာခြင်း
    • သူတို့အဖော်ရဲ့ စိတ်အခြေအနေနဲ့ တစ်ဦးတည်းပိုင်စိုးလိုခြင်းကို ဦးစားပေးခြင်း
    • မတော်တဆထိခိုက်တဲ့ ဆင်ခြေနဲ့ မကြာခဏထိခိုက်မှုရှိခြင်း
    • အလုပ်၊ ကျောင်း၊ လူမှုရေးလှုပ်ရှားမှုများမှာ ပျက်ကွက်ခြင်း
    • မိသားစုနဲ့ မိတ်ဆွေများကို တွေ့ခြင်းမှ တားမြစ်ထားခြင်း
    • ငွေ(သို့) ပိုင်ဆိုင်မှုတစ်ခုခုကို ကန့်သတ်ထားခြင်း
    •  စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ခြင်း(သို့) ကိုယ့်ကိုယ်ကို သတ်သေခြင်း
    • ပင်ကိုစရိုက် ပြောင်းလဲခြင်း(သို့) ယုံကြည်မှုမရှိခြင်း

    အိမ်တွင်းအကြမ်းဖက်ခြင်းဟု သံသယဝင်ပါက ဘယ်လိုစီမံမလဲ။

    ထုတ်ဖော်စကားပြောဖို့ မနှောင့်နှေးပါနဲ့။ သင်က အိမ်တွင်းအကြမ်းဖက်ခံရဖို့ မထိုက်တန်ပါ။ ဘယ်လို အကြမ်းဖက်မှုအတွက်မဆို ဆင်ခြေမရှိသင့်ပါ။ အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှုမှာ ဖြစ်ပါတယ်။ သင့်အဖော်ကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ မကြိုးစားပါနဲ့။

    ဒါက အိမ်တွင်းအကြမ်းဖက်ခြင်းကို ပိုပြီး ပြင်းထန်စေပြီး သူတို့ကိုပိုပြီး ဆိုးဝါးစေပါတယ်။ သင်နဲ့ အနီးစပ်ဆုံးသူငယ်ချင်းကို အရင်ဆုံးပြောပြခြင်းက အကူအညီဖြစ်ပါလိမ့်မယ်။ သူတို့က သင်ဘာလုပ်သင့်တယ်ဆိုတာကို လမ်းညွှန်မှုပေးနိုင်မှာပါ။

    အကြမ်းဖက်သူများက သင့်ကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာနဲ့ ကိုင်တွယ်ရမလဲဆိုတာကို သိကြပါတယ်။ အတိုင်ခံရတဲ့တိုင် သင့်ကို လူရှေ့သူရှေ့မှာ အကြမ်းဖက်နိုင်ပါသေးတယ်။ ဒါကြောင့် ဘေးနားမှာ သူမထိန်းချုပ်နိုင်တဲ့ သူတစ်ယောက်ပါရင် အကြမ်းဖက်မည့်သူက လက်လွတ်စပယ်လုပ်မှာ မဟုတ်ပါဘူး။

    သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို သတိရပါ။ သင့်မိတ်ဆွေနဲ့ မိသားစုက သင့်ကိုကူညီပြီး လုံခြုံစွာထားချင်ပါတယ်။ သူတို့ကို အဝေးကို တွန်းမထုတ်ပါနဲ့။ သင့်စိတ်ထဲမှာ အကြမ်းဖက်ခံနေရတယ်ဟု မထင်ပေမယ့် သင့်မိသားစုနဲ့ သူငယ်ချင်းများက ပြောလာတဲ့အခါ ပြန်စဉ်းစားကြည့်ပါ။ သင့်လုံခြုံမှုက ပထမဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement