(၂) မိသားစုထမင်းဝိုင်း
ဒီနေ့ခေတ် ကလေးအများစုက မိသားစုထမင်းဝိုင်းရဲ့ အဓိပ္ပာယ်ကို မသိကြတော့ပါဘူး။ စားပွဲမှာအတူထိုင်ပြီး ထမင်းတစ်နပ်စားရုံပဲလို့ ထင်နိုင်ကြပေမယ့် တကယ်တမ်းမှာ မျက်နှာစုံညီထမင်းစားဖြစ်ရင် စကားစမြည်ပြောဆိုမိကြမယ်၊ ရင်းနှီးချစ်ခင်မှုတွေတိုးမယ်၊ အဲဒီတော့မှပျော်ရွှင်ကျန်းမာတဲ့ မိသားစုတွေဖြစ်လာမှာပါ။
ထမင်းစားရင်း တစ်ယောက်အကြောင်း တစ်ယောက်ပြောပြကြ၊ နားထောင်ပေးကြ၊ မိဘတွေက အကြံပြုအားပေးပြီး သွန်သင်ဆုံးမရင်း ပွင့်လင်းတဲ့ဆက်ဆံရေးဖြစ်လာစေမှာပါ။ ဒါ့ကြောင့် ညစာအတွက် မဖြစ်နိုင်ရင်တောင် ပိတ်ရက်မှာ ထမင်းဝိုင်းမှာ လူစုံဖို့ ကြိုးစားစီစဉ်ပါ။
(၃) အိမ်အလုပ်တွေကို အတူလုပ်ပါ
အိမ်မှာလုပ်ရတဲ့ တချို့ဗာဟီရကိစ္စတွေက အဖွဲ့လိုက်လုပ်ရတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ မိသားစုဘဝဆိုတာ အချင်းချင်းရိုင်းပင်းကူညီပြီး ချစ်ခင်စောင့်ရှောက်ရမှာပါ။
အိမ်မှုကိစ္စတွေ အတူဝိုင်းလုပ်တာ၊ ဟင်းအတူချက်တာတွေက တာဝန်ယူစိတ်ရှိအောင်၊ သိတတ်တဲ့စိတ်ရှိအောင် သင်ပေးတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။