ငိုကြွေးသံကိုသာယာတဲ့ လွဲမှားသောလိင်စိတ် (Dacryphilia) ဆိုတာနဲ့ ပတ်သက်လို့
ပုံမှန်မဟုတ်တဲ့ လိင်စိတ်စွဲလမ်းမှု (Fetish) အမျိုးအစားတွေထဲမှာ ပါဝင်ပြီး တခြားသော Fetish တွေလို ခန္ဓာကိုယ် အစိတ်အပိုင်း၊ ရုပ်ဝတ္ထုပစ္စည်းတွေကို မဟုတ်ဘဲ လိင်နဲ့ မသက်ဆိုင်တဲ့ စိတ်ခံစားမှုအပေါ် လိင်စိတ်ဖြစ်ပေါ်လာတဲ့ စွဲလမ်းမှုလက္ခဏာ တစ်မျိုးပဲ ဖြစ်ပါတယ်။
ဘယ်လိုလူတွေမှာ ပိုဖြစ်တတ်လဲ။
ရက်စက်မှုကို သာယာခြင်း (Sadism) စွဲလမ်းမှုစိတ်ရှိတဲ့သူတွေမှာ အများဆုံးတွေ့ရပါတယ်။ မိမိကိုယ်ကိုယ် သခင်အဖြစ်ခံယူပြီး ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကို ညှင်းပန်းနှိပ်စက်ရတာကို သဘောကျတတ်တယ်။ မိမိကြောင့် တခြားသူ ငိုနေတဲ့အခါ၊ ငိုသံကို ကြားရတဲ့အခါ၊ မျက်ရည်တွေကို မြင်တွေ့၊ ထိမိတဲ့အခါ လိင်စိတ်ထကြွလာတတ်ပါတယ်။
မိမိကိုယ်ကိုယ် နာကျင်အောင် လုပ်ပြီး အဲ့ဒီနာကျင်မှုကိုပဲ သာယာတတ်တဲ့သူတွေမှာလည်း ဒီအမူအကျင့်ကို တွေ့ရပါတယ်။ မျက်ရည်ကျနေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်တွေးပြီး လိင်စိတ်ဖြစ်ပေါ်လာတယ်။ လိင်ဆက်ဆံရာမှာလည်း ပိုပြီး စိတ်ခံစားမှုကောင်းစေတယ်လို့ ခံယူထားကြပါတယ်။ ပြုသူတွေသာမက အပြုကျင့်ခံသူတွေမှာပါ တွေ့ရတတ်တဲ့ ပုံမှန်မဟုတ် လိင်စိတ်စွဲလမ်းခြင်း ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။