လူတိုင်းဒေါသထွက်တတ်ကြပါတယ်။ ဒေါသအတိမ်အနက်နဲ့ ၊ ဒေါသ မထိန်းနိုင်တဲ့ အပေါ်မှာ မူတည်ပြီး ဒေါသကြီးတဲ့သူ၊ ဒေါသမကြီးတဲ့သူဆိုပြီး ကွဲပြားသွားတာပါ။ ဒေါသထွက် နေတဲ့အချိန် စကားတစ်ခွန်းမပြန်နဲ့ဆိုတဲ့အတိုင်း ဒေါသဆိုတာက အချင်းချင်းရဲ့ ပေါင်းသင်းဆက်ဆံရေးကို ပျက်စီးစေနိုင်သလို ကိုယ့်ရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေတတ်တာကြောင့် ထွက်နေတဲ့ ကိုယ့်ရဲ့ ဒေါသတွေကို လျှော့ဖို့လိုပါတယ်။ ဒါဆို ဘယ်လိုနည်းလမ်းနဲ့ ကိုယ့်ဒေါသတွေကို ချိုးနှိမ်ရမလဲ ။ ။