တစ်နေ့တာကို လေ့ကျင့်ခန်း ၅ မိနစ်လောက် ပုံမှန်လုပ်ပေးရုံနဲ့ ကင်ဆာဖြစ်နိုင်ခြေလျှော့ချနိုင်
ကိုယ်လက်လှုပ်ရှားမှုက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် အတော်လေး အရေးပါပါတယ်။ သုတေသန လေ့လာချက်တွေအရ သိရတာက လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးတာက နှလုံးသွေးကြောဆိုင်ရာရောဂါတွေ၊ ဆီးချို နဲ့ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေကို ကာကွယ်ပေးနိုင်တယ် ဆိုတာပါ။ အခုတစ်ခေါက် ပြောပြပေးချင်တာကလည်း တစ်နေ့တာကို လေ့ကျင့်ခန်း ၅ မိနစ်လောက် ပုံမှန်လုပ်ပေးရုံနဲ့ ကင်ဆာဖြစ်နိုင်ခြေလျှော့ချနိုင် တယ်ဆိုတဲ့ အကြောင်းလေးပါ။ လေ့ကျင့်ခန်း လုပ်ဖို့ ပျင်းသူတို့အတွက် သတင်းကောင်း တကယ်ကတော့ နေ့စဉ်ဘဝမှာ ကိုယ်လက်လှုပ်ရှားမှု လုံလောက်အောင် လုပ်ဆောင်မိသူတွေက ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့ သူတွေနဲ့ နှိုင်းစာရင် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေ ၂၀% ကနေ ၃၀ % လောက်အထိ နည်းတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO ) က ဖော်ပြထားပါတယ်။ ကိုယ်လက်လှုပ်ရှားမှုက ကျန်းမာစေဖို့ […]