လက်သန့်ဆေးရည် အသုံးပြုမယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 5 mins read
Share now

ဆေးကြောသန့်စင်မှုမရှိတဲ့လက်တွေကနေရောဂါပိုးတွေကူးစက်တယ်ဆိုတဲ့အချက်နဲ့လက်ကိုမကြာခဏဆေးကြောပေးတာက အရေးပါတဲ့ အချက်ဆိုတာကိုတော်တော်များများသိရှိလာကြပြီဖြစ်ပါတယ်။ သာမန်ဖျားနာမှု၊တုပ်ကွေးနဲ့ ဝက်တုပ်ကွေး (swine flu) လိုမျိုးရောဂါပိုးတွေကြောင့်ဖြစ်တဲ့ရောဂါတွေက ကိုင်တွယ်ထိတွေ့မှုတွေကနေတဆင့် ကူးစက်တတ်ပါတယ်။ တံခါးလော့ခ်တွေ၊ကားထိုင်ခုံတွေ၊ တံခါးလက်ကိုင်၊လှေကားလက်ရန်းတွေနဲ့ထိတွေ့မိတဲ့အခါ အဆိုပါနေရာတွေမှာ ပြန့်နှံ့နေတဲ့ရောဂါပိုးတွေက ကူစက်လာတာမျိုးတွေခံစားရနိုင်ပါတယ်။

အဆိုပါကူးစက်ရောဂါတွေကြောင့်ဖျားနာမှုတွေကနေကင်းဝေးစေဖို့အတွက်လူတွေက လက်မကြာခဏဆေးတာကို အလေ့အကျင့်တစ်ရပ်လိုမျိုး တက်တက်ကြွကြွလုပ်ဆောင်လာကြပါတယ်။ ရေရရှိနိုင်ဖို့ မလွယ်ကူတဲ့နေရာမျိုးမှာ လက်ဆေးကြောဖို့နဲ့ လက်မှာကပ်ညှိနေတဲ့ရောဂါပိုးမွှားတွေကို နှိမ်နှင်းဖို့နဲ့ရောဂါကူးစက်တာတွေကို ရပ်တန့်ဖို့အတွက် လက်သန့်ဆေးတွေကို အသုံးပြုလာကြပါတယ်။

လက်သန့်ဆေးရည်

လက်သန့်ဆေးရည်ဆိုတာက လက်ပေါ်မှာ အစက်ချပြီး ပွတ်လိုက်ရင်ရောဂါပိုး ၉၉.၉ ရာခိုင်နှုန်းအထိသေစေနိုင်တဲ့စေးပျစ်တဲ့အရည်တစ်မျိုးဖြစ်ပါတယ်။ သန့်ရှင်းတဲ့ရေနဲ့ဆပ်ပြာတွေမရရှိနိုင်တဲ့နေရာမှာ လက်သန့်စင်ဆေးကြောဖို့အတွက် တီထွင်ထားတာဖြစ်ပါတယ်။

ဘက်တီးရီးယားတွေသေစေနိုင်တဲ့အစွမ်းရှိတယ်ဆိုတဲ့Triclosan ကိုဈေးကွက်ထဲမှာရောင်းချနေတဲ့ လက်သန့်ဆေးရည်တော်တော်များများမှာတွေ့ရပါတယ်။Triclosan ကကောင်းကျိုးပြုတယ်ဆိုတာထက် အန္တရာယ်ဖြစ်စေတာက ပိုပါတယ်။ သည်ဓါတုဓါတ်က ဘက်တီးရီးယားတွေကိုဆေးယဉ်ပါးစေပါတယ်။

လက်သန့်ဆေးမသုံးခင် ဘာတွေသိထားသင့်သလဲ

  • အယ်လ်ကိုဟောပါဝင်မှုကိုစစ်ဆေးပါ – လက်သန့်ဆေးဗူးမှာ ဘက်တီးရီးယားအားလုံးကို သုတ်သင်ပစ်နိုင်တယ်၊လို့ပါရှိပါတယ်။ လ်သန့်ဆေးရည်က ထိရောက်မှုရှိစေဖို့ဆိုရင် အယ်လ်ကိုဟောက ၆၀ ရာခိုင်နှုန်းထည့်သွင်းလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ အယ်လ်ကိုဟောပါဝင်မှုက ၅၉ ရာခိုင်နှုန်းပဲရှိမယ်ဆိုရင် လက်ပေါ်ကပိုးမွှားတွေကို သန့်စင်ပေးနိုင်မှာမဟုတ်တာကြောင့် လက်သန့်ဆေးဝယ်ယူမယ်ဆိုရင် အယ်ကိုလ်ပါဝင်မှုကိုသေချာစစ်ဆေးဖို့လိုအပ်ပါတယ်။
  • ကလေးတွေအတွက် မသင့်တော်ပါဘူး – ကလေးတွေက မသန့်ရှင်းတဲ့အရာတွေကို ကိုင်တွယ်နိုင်မိချေပိုများသလို လက်တွေကို ပါးစပ်ထဲထည့်တာမျိုးတွေလုပ်လေ့ရှိတယ်ဆိုတာကို အားလုံးသိထားပြီးဖြစ်ပါတယ်။ လက်သန့်ဆေးရည်တွေရဲ့ နောက်ဘက်မှာဖော်ပြထားတဲ့ အညွှန်းထဲမှာ ကလေးတွေမမီတဲ့နေရာမှာထားပါဆိုတဲ့ စာတန်းလေးပါတာကိုတွေ့ရမှာဖြစ်ပါတယ်။ ကလေးတွေ အနေနဲ့ လက်သန့်ဆေးတွေကို ပါးစပ်ထဲထည့်မိမယ်ဆိုရင် ကလေးတွေအတွက်တော်တော်ကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ကလေးငယ်တွေမှာ လက်သန့်ဆေးမှာပါတဲ့ အယ်လ်ကိုဟောအဆိပ်သင့်မှုဖြစ်ပေါ်ခဲ့တဲ့ဖြစ်ရပ်တွေရှိပါတယ်။ အရွယ်ရောက်ပြီးသူတွေအနေနဲ့ လက်သန့်ဆေးကို ပမာဏတော်တော်များများစားမိတဲ့အခါ အန္တရာယ်ရှိတဲ့အနေအထားဖြစ်ပေါ်နိုင်ပြီး ကလေးငယ်တွေမှာတော့ နည်းနည်းလေးလောက်စားမိတာနဲ့ကို အန္တရာယ်ရှိတဲ့အနေအထားမျိုးဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ လက်သန့်ဆေးမှာပါတဲ့ အမွှေးနံ့က ကလေးငယ်လေးတွေကို စားစရာလို့ထင်ပြီးစားမိတာမျိုးဖြစ်စေနိုင်တာကြောင့် လက်သန့်ဆေးတွေကို ကလေးငယ်တွေနဲ့ခပ်ဝေးဝေးမှာထားပါ

လက်သန့်ဆေးဝယ်တဲ့အခါ ဘယ်လိုရွေးချယ်ဝယ်ယူမလဲ

မိသားစုအတွက်အသုံးပြုဖို့ လက်သန့်ဆေးဝယ်ယူတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လက်သန့်ဆေးကိုဝယ်ယူနိုင်ဖို့ လက်သန့်ဆေးမှာပါတဝင်တဲ့ ပစ္စည်းတွေကိုသေချာဖတ်ရှု့ပြီး ဝယ်ယူဖို့ကအရေးကြီးပါတယ်။ လက်သန့်ဆေးဝယ်ယူတဲ့အခါ သတိထားရမယ့်ပစ္စည်းတွေအကြောင်း လက်လှမ်းမိသလောက်ဖော်ပြပေးလိုက်ပါတယ်။

ဖန်တီးထားတဲ့ရနံ့ – လက်သန့်ဆေးမှာပါတဲ့မွှေးပျံ့တဲ့အနံ့က အဆိပ်အတောက်ဖြစ်စေနိုင်တာကြောင့် အမွှေးနံ့တအားပြင်းတာမျိုးကိုရှောင်သင့်ပါတယ်။

Parabens – အလှကုန်နဲ့ဆေးဝါးတွေကို တာရှည်ခံအောင်လုပ်ဆောင်ရာမှာအသုံးပြုတဲ့ အရာတစ်ခုပါ။ ဒီParabens ကရင်သားကင်ဆာဖြစ်စေနိုင်ပါတယ်။

Quaternary ammonia compounds – လက်သန့်ဆေးအချို့မှာပါဝင်တတ်တဲ့Quaternary ammoniaဒြပ်ပေါင်းက မျိုးပွားစနစ်ကိုထိခိုက်စေနိုင်ပြီးဖော်မယ်လ်ဒီဟိုက်တွေကို ထုတ်လွှတ်ပေးနိုင်ပါတယ်။

Triethanolamine -Triethanolamine ကအသက်ရှုလမ်းကြောင်းကိုဓါတ်မတည့်မှုဖြစ်စေနိုင်ပြီး ကိုယ်ခံအားစနစ်ကို အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။

Phenoxyethanol – လက်သန့်ဆေးရည်မှာပါတဲ့Phenoxyethanol ကဓါတ်မတည့်မှုကိုဖြစ်စေနိုင်သလို မျိုးပွားစနစ်ကိုလည်း အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။

Ammonia – လက်သန့်ဆေးရည်မှာပါတဲ့Ammonia ကလူသားတွေရဲ့ကိုယ်အင်္ဂါစနစ်တွေကိုအဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။

လက်သန့်ဆေးရည်ဝယ်ယူတဲ့အခါ အထက်မှာဖော်ပြထားတဲ့ ဓါတ်ပစ္စည်းတွေမပါတဲ့လက်သန့်ဆေးမျိုးကိုရွေးချယ်ဝယ်ယူမိဖို့လိုပါတယ်။

လက်သန့်ဆေးရဲ့ ထိရောက်အသုံးဝင်မှုများ

လက်တွေညစ်ပေနေတယ်ဆိုရင် လက်တွေကို သန့်ရှင်းနိုင်မယ့် အကောင်းဆုံးသောနည်းလမ်း လက်သန့်ဆေးရည်အသုံးပြုတာပဲဖြစ်ပါတယ်။ လက်ကို လက်သန်ပဆေးရည်သုံးပြီး သန့်ရှင်းတာထက် ဆပ်ပြာနဲ့ရေကို သုံးပြီး သန့်စင်တာက ပိုကောင်းတယ်ဆိုပေမယ့်ရေနဲ့ ဆပ်ပြာကို အလွယ်တကူမရရှိနိုင်တဲ့ အနေအထားမျိုးမှာ လက်သန့်ဆေးရည်ကိုသုံးပြီး သန့်စင်တာက ပိုးမွှားတွေမကူးစက်နိုင်အောင်ကာကွယ်ပေးနိုင်ပါတယ်။

လက်ကို ထိထိရောက်ရောက်သန့်ရှင်းနိုင်စေဖို့ဆိုရင် အယလ်ကိုဟော ၆၀ ရာခိုင်နှုန်းပါဝင်နေတဲ့ လက်သန့်ဆေးရည်ကို အသုံးပြုရမှာဖြစ်ပါတယ်။ အယ်လ်ကိုဟောပါဝင်နေတဲ့ လက်သန့်ဆေးရည်တွေက ရိုးရိုးဆပ်ပြာနဲ့ရေကို အသုံးပြုပြီး လက်ဆေးတာထက် ပိုးမွှားတွေ ကိုထိထိရောက်ရောက်နှိမ်နှင်းနိုင်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ လက်တွေကနေတဆင့် လူနာတွေဆီကိုရောဂါပိုးကူးစက်တာမျိုးမဖြစ်အောင် လက်သန့်ဆေးရည်အသုံးပြုပေးသင့်ပါတယ်။ လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကအကြံပြုထားပါတယ်။

လက်သန့်ဆေးရည်ကို နည်းစနစ်မှန်မှန်ဘယ်လိုအသုံးပြုမလဲ

လက်သန့်ဆေးရည်ကို ထိထိရောက်ရောက်အသုံးပြုချင်တယ်ဆိုရင်တော့ လက်သန့်ဆေးရည်မသုံးခင်မှာ လက်မှာ ကြီးကြီမားမား ညစ်ပတ်ပေရေနေတာမျိုးတွေမရှိအောင် အရင်လုပ်ရပါမယ်။ ထို့နောက် လက်ထဲကို လက်သန့်ဆေးရည်ထည့်ပြီး စက္ကန့် ၂၀ ကနေ ၃၀ အထိကြာအောင် လက်ချောင်းတွေ၊ လက်သည်းတွေနဲ့ လက်ဝတ်ရတနာတွေအောက်ဘက်ကိုပါသေချာရောက်အောင်ပွတ်တိုက်ပေးပါ။ လက်ကောက်ဝတ်နဲ့ လက်ဖမိုးတွေပေါ်ကိုပါပွတ်ပေးပါ။ လက်ကိုခြောက်အောင်ထားလိုက်ပါ။ လက်ကသန့်ရှင်းသွားတာကိုတွေ့ရမှာပါ။

လက်သန့်ဆေးသုံးပြီးတဲ့အခါ လက်ကိုရေနဲ့ဆေးတာမျိုး၊ တဘက်နဲ့သုတ်ပစ်တာမျိုးမလုပ်ပါနဲ့။ လက်သန့်ဆေးရဲ့ အာနိသင်မထိရောက်တာမျိုးဖြစ်သွားနိုင်ပါတယ်။

လက်သန့်ဆေးကြောင့် ဘာတွေထိခိုက်နိုင်သလဲ

ကလေးရဲ့ ကိုယ်ခံအားကို ကျဆင်းစေနိုင်ခြင်း

လက်သန့်ဆေးအသုံးပြုတာက ကလေးငယ်တွေရဲ့ကိုယ်ခံအားစနစ်အပေါ်မှာပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်တယ်ဆိုတာကိုNorthwestern Research Center ကလုပ်ဆောင်ပြီးScience Dailyမှာဖေြာ်ပခဲ့တဲ့လေ့လာမှုတစ်ရပ်မှာ ပါရှိပါတယ်။ လက်သန့်ဆေးကို အမြဲလိုလိုထိတွေ့မှုက ကလေးငယ်တွေကို နာမကျန်းဖြစ်စေသလို ကြိုတင်ကာကွယ်နိုင်တဲ့ရောဂါမျိုးတွေခံစားရစေနိုင်တယ်၊ လို့တွေ့ရှိခဲ့ပါတယ်။ အရမ်းကို သန့်ရှင်းလွန်းနေတဲ့ ပတ်ဝန်းကျင်က ကလေးငယ်တွေကို ကိုယ်ခံအားကျဆင်းစေတာမျိုးဖြစ်စေနိုင်ပြီး အသက်အရွယ်ကြီးလာတဲ့ချိန်အထိ ပတ်ဝန်းကျင်ကရောဂါပိုးတွေကို တိုက်ထုတ်နိုင်စွမ်းနည်းပါးပြီး ကိုယ်ခံအားနည်းတာ၊ ဓါတ်မတည့်မှုတွေကို တုံ့ပြန်မှုပြင်းထန်တာမျိုးတွေကို ခံစားရတာမျိုးဖြစ်စေနိုင်ပါတယ်။

လက်သန့်ဆေးရည်မှာပါတဲ့Triclosan ကကျန်းမာရေးကိုထိခိုက်စေနိုင်ခြင်း

လက်သန့်ဆေးအချို့မှာ အယ်လ်ကိုဟောအစား triclosan ကို အသုံးပြုကြပါတယ်။triclosan က ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့အာနိသင်နဲ့မှိုပိုးတွေကိုသေစေနိုင်တဲ့အာနိသင်ရှိပါတယ်။triclosan ကိုဆပ်ပြာတွေနဲ့ သန့်ရှင်းရေးအတွက် အသုံးပြုတဲ့ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုလေ့ရှိကြပါတယ်။ ဒီtriclosan ကပိုးမွှားတွေကိုသေစေနိုင်တယ်ဆိုပေမယ့် အမြဲတစေ ထိတွေ့တဲ့အခါ ဘက်တီးရီးယာတွေက ပဋိဇီဝဆေးတွေကို ယဉ်ပါးသွားတာမျိုးဖြစ်စေနိုင်ပါတယ်။triclosan ကိုအရေပြားကအလါယ်တကူစုပ်ယူပြီးသွေးကြောတွေထဲကိုရောက်ရှိသွားတဲ့အခါ ကင်ဆာ၊ ဓါတ်မတည့်တာတွေဖြစ်တာ (allergies)၊ဟော်မုန်းနဲ့အရုံကြောဆိုင်ရာ ထိခိုက်မှုတွေ ကြွက်သားတွေအားနည်းတာမျိုးတွေဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ မျိုးမအောင်တာမျိုးလည်းဖြစ်ပေါ်စေနိုင်ပါတယ်။

အဏုဇီဝပိုးတွေအပေါ်ထိခိုက်စေနိုင်ခြင်း

လက်သန့်ဆေးတွေမှာBenzalkonium Chloride ဆိုတဲ့ဒြပ်ပေါင်းတစ်မျိုးပါဝင်လေ့ရှိပါတယ်။ အဆိုပါဒြပ်ပေါင်းရဲ့ အဓိကတာဝန်က ဘက်တီးရီယားတွေကို သုတ်သင်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါဒြပ်ပေါင်းက ဆဲလ်တွေအတွက် မကောင်းသလို အကျိုးပြု အဏုဇီဝပိုးမွှားတွေအတွက်လည်းမကောင်းပါဘူး။ အဆိုပါဒြပ်ပေါင်းက အရေပြားပေါ်မှာ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ ဓါတ်မတည့်တာတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီဒြပ်ပေါင်းက ငါးတွေနဲ့ငှက်တွေကို အဆိပ်ဖြစ်စေပါတယ်။

လက်သန့်ဆေးရဲ့ချိုတဲ့အနံ့က အဆိပ်အတောက်ဖြစ်စေနိုင်

လက်သန့်ဆေးရည်တွေမှာ ပါတဲ့အနံ့က နှစ်သက်စရာကောင်းတာကphthalates လို့ခေါ်တဲ့ဒြပ်ပေါင်းတစ်မျိုးဖြစ်ပါဝင်တာကြောင့်ဖြစ်ပါတယ်။ ထိုဒြပ်ပေါင်းတွက အစားအသောက်တွေမှာ အလွယ်တကူပျော်ဝင်နိုင်ပြီး ခန္ဓါကိုယ်ထဲကိုရောက်ရှိသွားပါတယ်။ ဒါကြောင့် အစားအသောက်တွေမစားခင်မှာ လက်ကိုဆပ်ပြာနဲ့မဆေးဘဲ လက်သန့်ဆေးရည်နဲ့ဆေးကြောတာမျိုးမလုပ်ပါနဲ့။phthalates နဲ့အလွန်အကျွံထိတွေ့မှုက အမျိုးသမီးတွေမှာမေါးလာတဲ့ကလေးငယ်တွေမှာစအိုပေါက်အနေအထားပုံမှန်မဟုတ်တာမျိုးတွေ့ရှိခဲ့ရသလို အမျိုးသမီးတွေရဲ့ မျိုးအောင်နိုင်စွမ်းကိုကျဆင်းစေတာကိုလည်းတွေ့ရှိခဲ့ရပါတယ်။

လက်က လုံးဝသန့်စင်သွားတာမဟုတ်ပါဘူး

လက်သန့်ဆေးအသုံးပြုပြီးတဲ့အခါ လက်ကသန့်သွားပြီလို့ခံစားရပေမယ့် အညစ်အကြေးတွေအားလုံးသန့်စင်သွားတာမဟုတ်ပါဘူး။ သကြားနဲ့အဆီတွေကြောင့်လက်မှာ ညစ်ပေမှုတွေက ဆပ်ပြာသုံးပြီးသန့်ရှင်းရေးမလုပ်ရင် မသန့်ရှင်းပါဘူး။ထောပတ်အများကြီးပါဝင်တဲ့ပြောင်းဖူးပေါက်ပေါက်လိုမျိုး အစာတွေစားပြီးတဲ့အခါမျိုးမှာ လက်သန့်ဆေးနဲ့သန့်စင်တာက လုံလောက်တဲ့သန့်စင်မှုကိုမပေးနိုင်ပါဘူး။

အရေပြားကိုပျက်စီးစေနိုင်ခြင်း

လက်သန့်ဆေးရည်တွေမှာ အစိုဓါတ်ထိန်းပေးတဲ့အာနိသင်ပါတယ်လို့ဆိုပေမယ့် မကြာခဏနဲ့အလွန်အကျွံအသုံးပြုမယ်ဆိုရင်တော့ အရေပြားကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။ လက်သန့်ဆေးကို အလါန်အကျွံအသုံးပြုတာက အရေပြားခြောက်သွေ့ကြမ်းတမ်းမှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။

UV Sensitivityဖြစ်နိုင်ခြေကိုတိုးစေခြင်း

ပိုးမွှားတွေကိုသေစေနိုင်တဲ့ လက်သန့်ဆေးရည်က အရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်မခံနိုင်ခြင်း (UV Sensitivity)ဖြစ်နိုင်ခြေကို တိုးစေပြီး နေလောင်မှုကိုဖြစ်စေပါတယ်။ လက်သန့်ဆေးအသုံးပြုထားစဉ်အတွင်း သဘာဝနေရောင်ခံတာနဲ့နေရောင်ခံစက်က ထွက်တဲ့ အပူချိန်တွေကို ခံတာမျိုးမလုပ်ပါနဲ့။

ဟော်မုန်းဓါတ်ပြုခြင်း

ပိုးမွှားတွေကိုသေစေနိုင်တဲ့ လက်သန့်ဆေးက သိုင်းရွိုက်ဟော်မုန်းတွေနဲ့ အက်စထရိုဂျင်ပမာဏတွေအပေါ်မှာ ထိခိုက်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။ လက်သန့်ဆေးတွေမှာပါတဲ့ ဓါတုပစ္စည်းတစ်မျိုးဖြစ်တဲ့triclosan ကကျန်းမာရေးအတွက်ဘေးကင်းရဲ့လားဆိုတာကို စိုးရိမ်မှုတွေရှိနေဆဲပါ။

ဆောင်ရန်ရှောင်ရန်နဲ့သတိပြုစရာအချက်တွေကိုသိရှိပြီး ရောဂါပိုးတွေကို ကာကွယ်ဖို့အတွက် လက်သန့်ဆေးရည်တွေကို ထိထိရောက်အန္တရာယ်ကင်းကင်းအသုံးပြုနိုင်ပါစေကြောင်း

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

COVID-19 ရောဂါဆိုင်ရာ အယူအဆအမှားများအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ပြောပြထားတဲ့ အဖြေမှန်များ (၁)

ကိုရိုနာရောဂါ COVID-19 လက်ကို မကြာခဏဆေးပါ ခြင်ကိုက်ရင် အသက်ရှူလမ်းကြောင်း လက်သန့်စင်ဆေးရည်ရာသီဥတု ပိုးသတ်ဆေးတွေ လက်အခြောက်ခံစက်တွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

တစ်နေ့တာ Covid-19 ကူးစက်ခံရသူဦးရေ စံချိန်အသစ် စင်္ကာပူ ချိုးခဲ့ပြီ

Covid-19 ပိုးကူးစက်ခံရသူ ကပ်ဘေး အဆုတ်ရောင် မြန်မာနိုင်ငံ အရှေ့တောင်အာရှ မိသားစု ကျန်းမာရေး အလုပ်ခွင် ဘေးကင်း အလုပ်အကိုင် coronavirus Mask လက်သန့်စင်ဆေးရည်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

လက်ဆေးကြစို့

လက်ဆေးကြစို့ ရောဂါတွေ ပိုးမွှားတွေ အစားအစာတွေ အော့အန်ဖျားနာ ထိခိုက်ရှနာဒဏ်ရာ အမှိုက်သရိုက်တွေ ဆပ်ပြာ လက်သန့်စင်ဆေးရည် ပိုးမွှားတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ခဏခဏ လက်ဆေးနေရလို့ အရေပြားပျက်စီးမှာ စိတ်ပူနေပြီလား

လက်ဆေး အရေပြား အလှအပ အသားအရေ ကျန်းမာရေး အစိုဓာတ် လက်အိတ် အသားခြောက် Coronavirus COVID-19 ရေဓာတ် လက်သန့်စင်ဆေးရည် နှင်းခူ ညှင်း အရေပြားကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

စားသောက်ကုန် ပို့ဆောင်နေသူများနှင့် Covid-19 ကာကွယ်ရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 17, 2020 . 2 mins read

Face Mask တပ်ရင် ဒီအမှားတွေ လုပ်မိနေတုန်းပဲလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 mins read

Covid-19 ကပ်ဘေးကာလ မပြီးဆုံးသေးဘူးဆိုတာ အမြဲသတိကပ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020 . 2 mins read

ခုချိန်က ရုံးပြန်တက်သင့်တဲ့ အချိန်ရောက်နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 13, 2020 . 3 mins read