လူတိုင်းရဲ့ နှာခေါင်းထဲမှာ သဘာဝအရ အမွေးအမျှင်လေးတွေ ရှိကြပါတယ်။ များသောအားဖြင့် မိန်းကလေးတွေမှာ နှာခေါင်းမွေး လေးတွေက စိတ်အနှောင့်အယှက် မဖြစ်စေနိုင်ပေမယ့် ယောကျ်ားလေးတွေမှာ အဲဒီအမွေးအမျှင်တွေက အပြင်ကို အများကြီးရှည်ထွက်လာပြီး ကြည့်ရရုပ်ဆိုးစေတဲ့အပြင် တစ်ခါတလေမှာ စိတ်အနှောက်ယှက်ဖြစ်စေနိုင်ပါတယ်။ တချို့ကတော့ စိတ်အနှောက်ယှက်ဖြစ်လာတဲ့အခါမှာ အဲဒီအမွေးအမျှင်လေးတွေကို လက်နဲ့ ဆွဲနှုတ်ပစ်လေ့ရှိပါတယ်။