ကိုယ်ရောစိတ်ပါ ကျန်းမာ၊ ပျော်ရွှင်ဖို့ လူတိုင်းလူတိုင်း ကိုယ်လက်လေ့ကျင့်ခန်းကို လုပ်ဆောင်သင့်ပါတယ်။ တချို့က gym သွားပြီး ခန္ဓာကိုယ်ကို fit ဖြစ်အောင် exercises အမျိုးမျိုးလုပ်ကြတယ်။ တချို့က အိမ်မှာပဲ လေ့ကျင့်ခန်းတွေလုပ်တယ်။ တချို့က ပြေးတယ်၊ လမ်းလျှောက်တယ်၊ ကခုန်တယ်၊ ဘောလုံးကန်တယ်၊ စသည်ဖြင့် ကိုယ်ကြိုက်နှစ်သက်တဲ့ အားကစားတွေ လုပ်ကြပါတယ်။