နေမကောင်းတဲ့အခါလုပ်မိတတ်တဲ့အမှား (၅)မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

နေမကောင်းတဲ့အခါလုပ်မိတတ်တဲ့အမှား (၅)မျိုး

ကျွန်တော်တို့ အားလုံး နေမကောင်းဖြစ်ဖူးပါတယ်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဖျားရင် နေမကောင်းဖြစ်ရင် အလေ့အထတစ်ခုအဖြစ် ကျွန်တော်တို့လုပ်မိနေတဲ့အမှားတွေရှိပါတယ်။

၁။ စောင်အထူကြီးခြုံတာ၊ အက်ျီအနွေးထည် ထူထူဝတ်တာ။ နွေးနွေးထွေးထွေးနေမှရမယ်လို့ယူဆတာ။

ဒီအယူအဆက ဖျားတယ်ဆိုတာ ရာသီဥတုအေးလို့ဖြစ်ရတာဆိုတာကနေ လာပါတယ်။ တကယ်တော့ဖျားတယ်ဆိုတာ အများအားဖြင့်က ဗိုင်းရပ်စ်တစ်မျိုးမျိုးကြောင့်ဖြစ်တာဖြစ်ပြီး အေးတာနဲ့ တိုက်ရိုက်ကြီးမသက်ဆိုင်ပါဘူး။ တကယ်လို့ ဖျားနေတဲ့အချိန်မှာ ချမ်းနေလို့ဆိုရင်တော့ နွေးထွေးတဲ့အဝတ်အစားတွေဝတ်တာအဆင်ပြေပါတယ်။ ကျန်တဲ့အချိန်မှာတော့ သက်တောင့်သက်သာဖြစ်အောင် ဝတ်စားရင်ရပါပြီ။ ချွေးထွက်အောင်ဆိုပြီးအဝတ်အစားအထူကြီးတွေဝတ်တာက နဂိုမြင့်နေတဲ့ကိုယ်တွင်းအပူချိန်ကိုထပ်မြင့်စေနိုင်တဲ့အတွက် အန္တရာယ်ရှိတတ်ပါတယ်။ ဒါကြောင့် ဖျားပြီဆိုရင် သက်တောင့်သက်သာဖြစ်ရုံလောက်အဝတ်အစားဆိုရပါတယ်။

၂။ ရေမချိုးတာ သန့်ရှင်းရေးမလုပ်တော့တာ။

ဖျားပြီဆိုတာနဲ့ မလုပ်ကြတော့တဲ့အရာတစ်ခုက ရေချိုးတာပါ။ အဖျားက အေးတာကြောင့်ဖြစ်တယ်လို့ ယူဆထားတော့ ရေချိုးတာက ပိုဆိုးစေနိုင်တယ်လို့ ယုံကြည်ကြလို့ဖြစ်ပါတယ်။ တကယ်က သက်ဆိုင်မှုမရှိပါဘူး။ ရေချိုးချင်စိတ်ရှိရင် ချိုးနိုင်ပါတယ်။ မထနိုင်လောက်အောင်ဖြစ်နေတယ်ဆိုရင်တော့ မချိုးသင့်ဘူးပေါ့။ နေမကောင်းတဲ့အချိန်မှာ သန့်သန့်ရှင်းရှင်းနဲ့ လန်းလန်းဆန်းဆန်းဖြစ်နေအောင် ရေချိုးတာက အဖျားတာတိုစေနိုင်ပါတယ်။

၃။ အစားမစားတော့တာ။

နေမကောင်းဘူးဆိုရင် အစားရှောင်တော့တာပါပဲ။ အစားရှောင်တယ်ဆိုတဲ့နေရာမှာ အာဟာရဓါတ်မပြည့်ဝတဲ့ ပိုးမွှားတွေပါနေနိုင်တဲ့ လမ်းဘေးအစားအစာလိုမျိုးတွေက ပိုဆိုးစေနိုင်လို့ ရှောင်တာကောင်းပါတယ်။ နေမကောင်းတဲ့အချိန်မှာ ခန္ဓါကိုယ်က အာဟာရဓါတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ အဲဒီအချိန်မှာ အာဟာရဓါတ်ပြည့်ဝတဲ့အစားအသောက်တွေကို ရှောင်တာက ရောဂါပိုးကိုပြန်တိုက်ထုတ်ဖို့အတွက် ခန္ဓါကိုယ်အတွက် အားအင်မရှိဖြစ်သွားစေပါတယ်။

၄။ ကိုယ့်သဘောနဲ့ကိုယ်ဆေးတွေလျှောက်သောက်တာ။

နေမကောင်းတာ၊ ဖျားတာအများစုက ဗိုင်းရပ်စ်ကြောင့်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်တဲ့ဆေးဝါးတွေကိုသောက်နိုင်ပါတယ်။ ဥပမာ နာကျင်ကိုက်ခဲမှုတွေအတွက် ပါရာစီတမောသောက်တာမျိုးပေါ့။ ဒါပေမယ့် ပိုးသတ်ဆေးလို ဆေးပြင်းတွေကိုတော့ ကိုယ့်သဘောနဲ့ကိုယ်လုံးဝမသောက်သင့်ပါဘူး။ ဝမ်းကိုက်ရင် မက်ထရို၊ နော်ဗက်တင်သောက်တာမျိုးပေါ့။ ဒီပိုးသတ်ဆေးတွေက သူ့အချိုးအစားကို ပြည့်အောင်သောက်ရပါတယ်။ မသောက်ရင် ဆေးမတိုးတော့တာ ဆေးယဉ်ပါးတာတွေဖြစ်တဲ့အတွက် ကြီးမားတဲ့ရောဂါပိုးတွေဝင်ဖို့ အားပေးသလိုဖြစ်သွားပါလိမ့်မယ်။

၅။ အနားမယူတာ

နေမကောင်းတဲ့အချိန်မှာ အနားမယူဘဲ ဒီလောက်ကတော့ ခံနိုင်ပါတယ်ဆိုပြီး အလုပ်တွေဆက်လုပ်တာ၊ အပင်ပန်းခံတာတွေလုပ်ဖူးတယ်ဆိုရင်တော့ ပြန်စဉ်းစားဖို့သင့်ပါပြီ။ နေမကောင်းတဲ့အချိန် အနားမယူတာက အဖျားတာကို ပိုရှည်သွားစေနိုင်တဲ့အပြင် ကိုယ့်ဆီကနေ တခြားသူတွေဆီလည်း ကူးစက်ဖို့များပါတယ်။ ခန္ဓါကိုယ်က ရောဂါပိုးတွေကိုတိုက်ထုတ်နိုင်ဖို့အတွက် ပြည့်ဝတဲ့အနားယူမှုနဲ့ အားအင်တွေလိုအပ်ပါတယ်။

နောက်တစ်ခါ နေမကောင်းဖြစ်တယ်ဆိုရင် ဒီအမှားတွေကို မလုပ်မိဖို့ သတိထားရှောင်ကြဉ်ဖို့လိုအပ်ပါလိမ့်မယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နှင်းခူရှိသူ ကျန်းမာစေဖို့

နှင်းခူ ဖြစ်စေရတဲ့ အကြောင်းအရင်းက အတိအကျမရှိအပါဘူး။ မျိုးရိုးကြောင့်လည်းဖြစ်နိုင်သလို အခုလို အချက်တွေကလည်း နှင်းခူကို ဖြစ်စေနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝမ်းဗိုက်အဆီတက်အောင် လုပ်မိနေပြီလား။

ဗိုက်ပူရင် ဝတ်ရတာ အဆင်မပြေသလို ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု နည်းတယ်။ ဗိုက်ပူတာက အစားအသောက်ကြောင့်ပဲ မဟုတ်ပါဘူး။ မသိဘဲ လုပ်မိတဲ့ အလေ့အထကြောင့်လည်း ပါပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်ကိုယ်ခန္ဓာ အလေးချိန်အပေါ် သက်ရောက်မှုရှိသော ဟော်မုန်းများ

သင့်ကိုယ်ခန္ဓာအလေးချိန်ဟာ ဟော်မုန်းတွေအပေါ်များစွာ မူတည်ပါတယ်။ ဟော်မုန်းတွေရဲ့ ထိန်းချုပ်မှုကြောင့် သင်ဘယ်လောက်စားသောက်နိုင်သလဲ၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

လေ့ကျင့်ခန်း လုပ်တာက အမျိုးအစား (၂) ဆီးချိုကို ကာကွယ်နိုင်သလား။

အမျိုးအစား (၂) ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်တာက ဒီရောဂါအတွက် အထိရောက်ဆုံး ကုထုံးတစ်ခုပေါ့။ ဆီးချို ကာကွယ်ဖို့ လေ့ကျင့်ခန်း လုပ်ကြစို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဦးနှောက်ထိုင်းမှိုင်းသွားခြင်း (Brain Fog) ဖြစ်ပွားစေသော အကြောင်းများ

ဦးနှောက်ထိုင်းမှိုင်းသွားခြင်း (Brain Fog) ဖြစ်ပွားစေသော အကြောင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 2 mins read
ဆယ်ကျော်သက်နဲ့အရေပြား ပြဿနာ

ဆယ်ကျော်သက်နဲ့အရေပြား ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 28, 2020 . 2 mins read
ကျန်းမာလှပတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်စေဖို့ နေ့စဉ်လိုက်နာရမယ့် အချက် ၉ ချက်

ကျန်းမာလှပတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်စေဖို့ နေ့စဉ်လိုက်နာရမယ့် အချက် ၉ ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
Micronutrient များ

Micronutrient များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read