backup og meta

ပျော်ရွှင်ကျန်းမာဖို့ တောင်တက်ကြစို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပျော်ရွှင်ကျန်းမာဖို့ တောင်တက်ကြစို့

    ကျန်းမာဖို့အတွက် လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေက အမျိုးမျိုးပါ။ ဒီလိုလေ့ကျင့်ခန်းတွေထဲမှာမှ တောင်တက်တဲ့လေ့ကျင့်ခန်းက စိတ်ရောကိုယ်ပါကျန်းမာလန်းဆန်းစေမှာ အသေအချာပါ။ ဒါကြောင့် အပျင်းပြေဖြစ်ဖြစ် ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးတောင်တက်ရင်း အခုလိုကျန်းမာရေး အကျိုးကျေးဇူးတွေကို ရယူပါ။

    တောင်တက်ရင်းနဲ့ရမယ့် ကိုယ်စိတ်ကျန်းမာရေး……….

    တောင်တက်ရတာက ပင်ပန်းခက်ခဲတာမှန်ပေမယ့် ခန္ဓာကိုယ်အတွက်ရော စိတ်ကျန်းမာရေးအတွက်ပါတော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။

    ပေါင်းသင်းဆက်ဆံရေးကောင်းလာစေမယ် – တောင်တက်တာက တစ်ဦးတစ်ယောက်တည်း လုပ်လို့ရတဲ့ အားကစားနည်းမဟုတ်ပါဘူး။ လေ့ကျင့်ဖို့အတွက် အချိန်ပေးရသလို တောက်တက်တဲ့အခါမှာလည်း အသင်းအဖွဲ့နဲ့တက်ရတာပါ။ ဒီလိုလေ့ကျင့်မှုလုပ်တဲ့အခါ မကြာခဏတွေ့ဆုံရမှုက သင့်ကို အပေါင်းအသင်း အသစ်တွေတိုးစေမှာပါ။ အပေါင်းအသင်းများတာကလည်း သင့်ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲပေးနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ပါ။

    တီထွင်ဖန်တီးနိုင်စွမ်းကောင်းစေမယ် – တောင်တက်တာ ဒါမှမဟုတ် လမ်းလျှောက်တာ၊ ပြေးတာလိုမျိုး ပတ်ဝန်းကျင်နဲ့ထိတွေ့ရတဲ့ အားကစားနည်းတွေလုပ်ဆောင်တာက သင့်ကိုတီထွင်ဖန်တီးနိုင်စွမ်း ၅၀ ရာခိုင်နှုန်းလောက်အထိတိုးစေနိုင်ပါတယ်။ ဒါကြောင့်တီထွင်ဖန်တီးနိုင်စွမ်းကောင်းစေဖို့အတွက် တောင်တက်ပေးလို့ရပါတယ်။

    စိတ်ပျော်ရွှင်စေတယ်အားကစားလုပ်တဲ့အခါတိုင်း ခန္ဓာကိုယ်မှာ ပျော်ရွှင်ခြင်းဟော်မုန်းတွေကထွက်လာစမြဲပါ။ တောင်တက်တာကလည်း ဒီလိုပါပဲ ကိုယ်လက်လှုပ်ရှားမှုအားကစားတစ်ရပ်ဖြစ်တာရယ်။ ပတ်ဝန်းကျင်ရဲ့ အလှအပတရားတွေနဲ့ထိတွေ့ရတာရယ်တို့က သင့်ကို ပျော်ရွှင်လန်းဆန်းစေနိုင်မှာပါ။

    စိတ်ဓာတ်ကျတာကို သက်သာစေနိုင်တယ် – တောင်တက်တာက ကိုယ်လက်လှုပ်ရှားမှုကောင်းတစ်ရပ်ပါ။ ပျော်ရွှင်ခြင်းဟော်မုန်းတွေထွက်ရှိစေနိုင်တာကြောင့် စိတ်ဓာတ်ကျမှုကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ စိတ်ဓာ်ကျမှုကနေ ကင်းဝေးပြီးနေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းချင်တယ်ဆိုရင်တော့ တောင်တက်လေ့ကျင့်ခန်းစဆင်းလိုက်တော့ လို့ပြောပါရစေ။

    သဘာဝနဲ့ထိတွေ့ခွင့်ရတယ် -သဘာဝတရားက ရောဂါတွေကို ကုသပေးနိုင်စွမ်းရှိပါတယ်။ သဘာဝနဲ့ ထိတွေ့မှုက စိတ်ရောကိုယ်ပါကျန်းမာလန်းဆန်းစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာပျော်ရွှင်ဖို့ သဘာဝနဲ့ထိတွေ့လိုက်ပါ။

    ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းစေတယ်လမ်းပုံမှန်လျှောက်တာကတောင် ခန္ဓာကိုယ်ကို ကျန်းမာစေသလို အချိုးအစားကျစေဖို့ရော ဟန်ချကfညီစေဖို့ပါ အဆင်ပြေစေနိုင်ပါတယ်။ ဒါကြောင့် စမတ်ကျကျလေးလှချင်ရင် တောင်တက်ပေးလို့ရပါတယ်။ တောင်တက်တာက အင်အားသုံးရတယ်ဆိုပေမယ့် ဒူးဆစ်တွေ၊ ခြေချင်းဝတ် တွေပေါ်ကို ဖိအားဖြစ်စေနိုင်ခြေ ထိခိုက်စေနိုင်ခြေကတော့ ပြေးတဲ့အားကစားထက် တော်တော်လေးနည်းပါတယ်။ ဒါကြောင့် အဆစ်တွေထိခိုက်မှုနည်းစေတဲ့အားကစားနည်းတစ်ခုလို့လည်း သတ်မှတ်လို့ရပါတယ်။

    ဝိတ်ကျစေနိုင်တယ်ကယ်လ်လိုရီလောင်ကျွမ်းမှုတော်တော်လေးများတဲ့ အားကစားနည်းတစ်ရပ်ဖြစ်တာကြောင့် ဝိတ်ကျချင်သူတွေ စမ်းကြည့်သင့်တဲ့အားကစားနည်းတစ်ရပ်ဆိုလည်း မမှားပါဘူး။ တစ်နာရီတောင်တက်တာက ကယ်လ်လိုရီ ၅၀၀ ကျော်လောင်ကျွမ်းစေနိုင်တာကြောင့် လေကော်းလေသန့်ရှူရင်း တောင်တက်ပေးတာက ဝိတ်လည်းကျ စိတ်လည်းကြည်၊ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုတိုးစေတယ်ဆိုတော့ ဝိတ်ကျချင်သူတွေ စမ်းကြည့်ဖို့ပြောပါရစေ။

    ဆီးချိုရောဂါ ကာကွယ်ပေးနိုင်တယ် – ပုံမှန်တောင်တက်ပေးတာက ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်သလို ကုသမှုလုပ်ဖို့လည်း အကောင်းဆုံးထိရောက်တဲ့နည်းလမ်းတစ်ရပ်ပါ။ တောင်တက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ကြွက်သားလှုပ်ရှားမှုက သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံးလျှော့ချပေးနိုင်ပါတယ်။

    သွေးတိုးကျစေနိုင်တယ်တောင်တက်တာကို ပုံမှန်လုပ်ပေးရင် သွေးပေါင်ကျစေနိုင်သလို သွေးတွင်းကိုလက်စထရောကိုလည်း ကျစေနိုင်ပါတယ်။ သွေးပေါင်ချိန်ပုံမှန်ရှိတာနဲ့ သွေးတွင်းကိုလက်စထရော အခြေအနေအကောင်းဆုံးဖြစ်နေမှုက နှလုံးရောဂါ။ ဆီးချိုသွေးချို နဲ့ လေဖြတ်တာလိုမျိုးရောဂါတွေမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်တယ်။ တောင်ကုန်းပြေပြေလေးတွေကို တက်ရင်တောင်မှ ပုံမှန်လေ့ကျင့်ခန်းတွေထက် သွေးတွင်းသကြားဓာတ်ကျဆင်းနိုင်ခြေ ၂ ဆလောက်ပိုများပါတယ်။

    ဒါကြောင့် ကျန်းမာပျော်ရွှင်နေစေဖို့ နဲ့ စိတ်အပန်းပြေစေဖို့ အသင်းအဖွဲ့နဲ့လေ့ကျင့်ခန်းလေးလုပ်ချင်တယ်ဆိုရင် တောင်တက်ပါလို့ အကြံပြုပါရစေ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement