လေ့ကျင့်ခန်း လုပ်တာကြောင့် ကြွက်သားတွေမှာ ပြဲစုတ်သွားတဲ့ အသေးစား စုတ်ပြဲတာလေးတွေကိုလည်း ပြန်လည်ပြုပြင်ပေးပါတယ်။ အမိုင်နိုအက်ဆစ် ပါဝင်မှုက ကျန်းမာတဲ့ ကြွက်သားတွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။
Protein Shakeဘယ်အချိန်သောက်မလဲ
Protein shakeကို လေ့ကျင့်ခန်း မလုပ်ခင်မှာ သောက်ကြတာမျိုး ရှိသလို လေ့ကျင့်ခန်း လုပ်ပြီးမှ သောက်တာမျိုးလည်း ရှိကြပါတယ်။ လေ့လာချက်တွေအရတော့ ကြွက်သားတက်စေရုံသက်သက်ဆိုရင်တော့ မလုပ်ခင်သောက်သောက်၊ လုပ်ပြီးမှ သောက်သောက် သိပ်တော့ မကွာလှပါဘူး။
Protein shake ရဲ့ အလုပ်က ခန္ဓာကိုယ်က ကြွက်သားတစ်ရှူးလေးတွေကို ပြန်လည် ပြုပြင်ပေးပါတယ်။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်လိုက်တာကြောင့် စုတ်ပြဲသွားတဲ့ ကြွက်သားတစ်ရှူးလေးတွေ အသစ်ဖြစ်ပေါ်စေဖို့ ထောက်ကူပေးသလို ကြွက်သားတွေကို ဒဏ် မဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။
ကြွက်သားတက်စေဖို့လည်း ထောက်ကူပေးပါတယ်။ ခန္ဓာကိုယ်မှာ အားအင်ပြည့်ဝစေဖို့လည်း ထောက်ကူပေးပါတယ်။ လေ့ကျင့်ခန်း လုပ်ချိန်မှာ ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည်ပြည့်ဝစေဖို့လည်း ထောက်ကူပေးနိုင်ပါသေးတယ်။
တချို့ကလည်း လေ့ကျင့်ခန်းလုပ်ချိန်မှာ သက်လုံကောင်းကောင်းနဲ့ လေ့ကျင့်ခန်း လုပ်နိုင်စေဖို့ Peotein shake တွေ ကြိုသောက်ကြတာလည်း ရှိပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။