backup og meta

နှလုံးကျန်းမာစေဖို့ သောက်ပေးသင့်တဲ့ဖျော်ရည်တစ်ခု


Aye Thi Mon မှ ရေးသားသည်။ · 09/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးကျန်းမာစေဖို့ သောက်ပေးသင့်တဲ့ဖျော်ရည်တစ်ခု

    အသက်ရှင်ဖို့အတွက် အရေးပါတဲ့ အစိတ်အပိုင်းလေးက ဘာများဖြစ်မလဲ။ ပြန်တွေးကြည့်လိုက်လေ ခန္ဓာကိုယ်မှာ ရှင်သန်မှုကို ဖော်ပြနေတဲ့ အစိတ်အပိုင်းလေးတစ်ခုရှိပါတယ်။ ဒီအစိတ်အပိုင်းလေးကတော့ စည်းချက်မှန်မှန်နဲ့ တဒုတ်ဒုတ်ခုန်နေတဲ့ နှလုံးလေးပါ။ နှလုံးကျန်းမာဖို့ အစားအသောက်ဂရုစိုက်ဖို့သလို အနေအထိုင်ကိုလည်း ဂရုစိုက်ဖို့လိုပါမယ်။

    အရောင်အသွေးကျတဲ့ နှလုံးကျန်းမာစေမယ့် ဖျော်ရည်တစ်ခု

    နှလုံးကျန်းမာစေဖို့ သောက်ပေးသင့်တဲ့ ဖျော်ရည်လေးတစ်ခုရှိပါတယ်။ ဒါကတော့ အနီရောင်စိုစိုဖျော်ရည်လေးဖြစ်တဲ့ သလဲသီးဖျော်ရည်ပါ။ သလဲသီးဖျော်ရည် လတ်လတ်ဆတ်ဆတ်လေးမှာ

  • ဗီတာမင် K
  • ပိုတက်ဆီယမ်
  • ဖောလိတ်
  • ဗီတာမင် B6
  • ဗီတာမင် B5
  • ဗီတာမင် E
  • ဓာတ်တိုးဆန့်ကျင်အာနိသင် တို့ကြွယ်ဝစွာပါဝင်နေပါတယ်။
  • နှလုံးအတွက် သလဲသီးဖျော်ရည်သောက်ပေးသင့်တဲ့ အကြောင်းအရင်း

    သလဲသီးဖျော်ရည်သောက်ပေးတာကြောင့်

    သွေးတိုးကျစေနိုင်တယ်

    သွေးတိုးက သွေးကြောလေးတွေကို ပိတ်ဆို့စေနိုင်သလို သွေး​ကြောလေးတွေကို ပျက်စီးစေနိုင်ပါတယ်။ ဒီလိုသွေးကြောလေးတွေ ပိတ်ဆို့မှုက သွေးစီးဆင်းမှုမကောင်းတာမျိုးဖြစ်ရာကနေတဆင့် လေဖြတ်တာ၊ ရုတ်တရက်နှလုံးရပ်တာတွေကို ခံစားရနိုင်ပါတယ်။ သွေးကြောတွေပိတ်ဆို့မှုက သွေးစီးဆင်းရောက်ရှိမှုကိုတင်အဟန့်အတားဖြစ်စေတာမဟုတ်ပါဘူး။ နှလုံးကို ဝန်ပိစေနိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့ဆိုရင်တော သလဲသီးဖျော်ရည်သောက်ပါ။ သလဲသီးက သဘာဝ သွေးပေါင်ကျဆေးတစ်မျိုးပေါ့။

    သွေးကြောကျဉ်းပြဿနာကင်းစေနိုင်တယ်

    သွေးကြောထဲမှာ အနယ်အနှစ်တွေများလာတဲ့အခါ သွေးကြောတွေက တဖြည်းဖြည်းကျဉ်းလာပြီး သွေးကြောတွေတောင့်တင်းတာကနေတဆင့် သွေးကြောတွေ ပိတ်သွားပြီး ရုတ်တရက်နှလုံးရပ်တာ၊ လေဖြတ်တာတွေဖြစ်နိုင်ပါတယ်။ သလဲသီးကတော့ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်ပါတယ်။ သလဲသီးဖျော်ရည်ကို တစ်နေ့နှစ်ခွက် ပုံမှန်သောက်ပေးပါ။

    နှလုံးဆီ သွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေတယ်

    နှလုံးထိခိုက်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခုက သွေးကြောတွေကျဉ်းပြီး နှလုံးဆီ သွေးစီးဆင်းရောက်ရှိမှုနည်းတာက နှလုံးကို အောက်ဆီဂျင်ရောက်ရှိမှုနည်းစေနိုင်ပါတယ်။ နှလုံးသွေးကြောတွေဝန်ပိတာကို အကောင်းဆုံးဖြေရှင်းပေးနိုင်မှုက နှလုံးဆီကို သွေးစီးဆင်းရောက်ရှိမှုကောင်းစေဖို့ပါ။ နှလုံးဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ရုတ်တရက်နှလုံးရပ်တာကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုမဖြစ်အောင် ကာကွယ်ဖို့ဆိုရင် သလဲသီးဖျော်ရည်လေးသောက်ပေးပါ။

    သွေးတွင်းကိုလက်စထရောကျဆင်းစေနိုင်တယ်

    ဓာတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေသလို ခန္ဓာကိုယ်ကျန်းမာစေဖို့လည်း အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 09/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement